Pages

Tuesday, July 31, 2012

သင်သည်မြေဆွေးသာဖြစ်ပါလိမ့်မည်.... သို့ သော်


ပြီးခဲ့ တဲ့ သုံးလေးရက်ခန့်ကပဲ .. ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်…

ဖတ်ဖြစ်သူများသတိထားမိပါလိမ့်မယ်…. မှန်တစ်ချပ်ပဲလိုတဲ့ ဒီမေးခွန်းလေးတစ်ခု မေးဖူးပါသလား..ဆိုတဲ့

ခေါင်းစီးနဲ့ ဖြစ်ပါတယ်… အဓိကကတော့ ကျွန်တော်တို့ နိုင်ငံသားတွေ စိတ်ဓာတ်အဆင့်အတန်းမြင့်မားရေး

တစ်နည်း… နိုင်ငံကြီးသားပီသစေချင်တဲ့စေတနာတစ်ခုနဲ့ရေးဖြစ်ခဲ့တာပါ… ဒီအကြောင်းလေးကို ဆက်ချင်လို့

စကားဦးသန်းနေရတာပါ…



ကျွန်တော်တို့ နိုင်ငံမှာ ..အခုဆို ဒီမိုကရေစီလမ်းကြောင်းပေါ်အနည်းနဲ့ အများ လျှောက်လှမ်းလာနေပြီလို့

ဆိုနိုင်ပါတယ်… အချို့ အချို့သော နေရာများ ကို မပြင်ရသေးတာကလွဲရင်… အတော်လေးတော့

ခရီးရောက်စပြုနေပါပြီ….. ဒီလိုဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေကြတဲ့ အချိန်မှာ… တစ်ချို့ကလည်း

ဒီမိုကရေစီ.. ရလိုက်ရင်ပဲ ပဒေသာပင်ကြီးသီးသလိုဖြစ်လာလိမ့်မယ်လို့ ပြောကြပါတယ်… တစ်ချို့ကလည်း…

လွတ်လွတ်လပ်လပ်နေနိုင်ပြီ.. လုပ်ချင်တာလုပ်လို့ရပြီ..လို့ ထင်နေကြပါတယ်… ဒါတွေဟာ

တကယ်ဖြစ်လာမှာလားလို့ မေ့းရင်တော့ ပြောစရာရှိပါတယ်… တကယ်လည်းဖြစ်လာနိုင်ပါတယ် …

ဖြစ်လာအောင်လည်း လုပ်ယူဖို့ လိုပါတယ်….. ဒါနိုင်ငံသားတိုင်းရဲ့တာဝန်ပါ.. ကျွန်တော်ပြောတဲ့ထဲမှာ..

လုပ်ချင်တာလုပ်လို့ရပြီလို့ မပါပါဘူး…..



ဒီမိုကရေစီရဲ့ အဓိက အခြေခံကတော့ လူ့ အခွင့်အရေးပါပဲ… နိုင်ငံသားတိုင်းဟာ ကိုယ် ကံ ကြမာကို

ကိုယ်ဖန်တီးနိုင်စွမ်းရှိရမယ်… ကိုယ့်နိုင်ငံကို ပြည်သူများက ပဲအုပ်ချုပ်ကြရမယ်… နိုင်ငံရဲ့ အာဏာဟာ

..တစ်ပါတီ.. တစ်ဦးတစ်ယောက်ဆီမှာ မူတည်မနေပဲ… ပြည်သူတွေ အားလုံးရဲ့ ဆိမှာပဲ အာဏာရှိရမယ်…

ပြည်သူအများစုက မထောက်ခံပဲ ဘယ်အရာမှ လုပ်လို့ မရနိုင်ဘူးဆိုတဲ့ အခြေအနေထိကျွန်တော်တို့

သွားကြရပါမယ်…



ဒီမှာ ပြောစရာစကားဖြစ်လာပါတယ်… ကျွန်တော်တို့ ပြည်သူတွေလက်ထဲကို

အာဏာရောက်လာပါပြီ..လုပ်ပိုင်ခွင့်တွေ ရောက်လာပါပြီတဲ့…. ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရဲ့

သဘောထားနဲ့ အညီရေးစွဲပါပြီ….. ကျွန်တော်တို့ ပြည်သူတွေ အသင့်ဖြစ်ပြီလား…. ရလာတဲ့ အခွင့်အရေးကို

အကျိုးရှိစွာအသုံးချဖို့ ….. အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ အချက်ပါပဲ…..



လုပ်ပိုင်ခွင့်တစ်ခုကို … အကျိုးရှိစွာအသုံးချဖို့ ကျွန်တော်တို့ ဘာတွေလိုအပ်ပါသလဲ….

၁) ကျိုးကြောင်းဆင်ခြင်နိုင်သော အသိဥာဏ်.. (တစ်နည်း) ဥာဏ်ရည်ဥာဏ်သွေး



၂) စိတ်ဓာတ်အဆင့်အတန်းမြင်းမားခြင်း…. (တစ်နည်း) နိုင်ငံကြီးသားပီသခြင်း



တို့ လိုအပ်နေပါတယ်.. ကျွန်တော်တို့ ဆီမှာ ဒါတွေရှိပြီလား…



သင်.. က ဒီမေးခွန်းကို အမေးခံရတဲ့အခါ.. သင့်ဘေးပတ်ဝန်းကျင်ကလူ တွေကို ပထမဦးဆုံး…

ပြေးမြင်ကြည့်ပါလိမ့်မယ်….သင်မြင်ဖူးကြုံဖူးသမျှ… အဆီအငေါ်မတည့်တဲ့ လူတွေဆီကို

စိတ်ရောက်ကောင်းလည်းရောက်သွားနိုင်ပါတယ်.. ဒါမှ မဟုတ်.. သင် တွေဖူးကြုံဖူးတဲ့ …

လူကြီးလူကောင်းဆန်သူတွေဆီ ကို လည်း စိတ်ရောက်သွားနိုင်ပါတယ်…



ဘယ်သူတွေ ဘာဖြစ်နေပြီဆိုတာကို အရင်တွေးမယ့် အစား.. ကိုယ့်ကိုယ်ကို အရင်ဆုံးကြည့်တာ

အကောင်းဆုံးဖြစ်လိမ်ပမယ့်လို့ ကျွန်တော်ထင်ပါတယ်….



သင်လည်း ပြည်သူတစ်ယောက်ပဲ… သင့်ဆီမှာ အစကပြောတဲ့ နှစ်ချက်ပြည့်စုံပါပြီလား…………..



ဒီအချက်တွေ ဘာကြောင့်လိုအပ်သလဲဆိုတာကို ကျွန်တော်အရင်စရှင်းပါမယ်…





၁) ကျိုးကြောင်းဆင်ခြင်နိုင်သော အသိဥာဏ်…



ဒါက အရေးကြီးတယ်လို့ ဆိုရပါမယ်… ဒီဥာဏ်ရည်ဥာဏ်သွေးမရှိပဲ… ဘယ်အရာမှ မလုပ်နိုင်ပါဘူး…. ဘာကို

မှ မသိပဲ ခေါင်းငြိမ့်နေရတာဟာ… မျက်စိမှိတ်ပြီး လမ်းလျှောက်တာနဲ့ ဘာမှ မခြားနားပါဘူး….. တစ်နည်းဆို…

ဒါကို ပညာလို့လည်းခေါ်နိုင်ပါတယ်…. ပညာမဲ့သူတွေနဲ့ နေထိုင်ရတဲ့ လူအဖွဲ့ အစည်းတစ်ခုကို

သင်မြင်ယောင်ကြည့်နိုင်ပါတယ်….



ဗိုလ်ချုပ်လက်ထက်က ပြောသွားတဲ့ ဆေးရိုးတွေလမ်းမမှာလှမ်းတဲ့ သူဟာ .. နံပါတ်တစ် ပညာမဲ့လို့ ပါပဲ….

သူ့မှာ လူအခွင့်အရေး…. လွတ်လပ်ခြင်းဆိုတဲ့စည်းဘောင်ကို ကျော်လွန်နေမှန်းတောင်

သူ့ကိုယ်သူမသိလိုက်ပါဘူး… မသိလိုက်ခြင်းက .. ပညာမဲ့လို့ ပါ…. လူ့ အခွင့်အရေးဆိုတဲ့ အဓိပါယ်

အစစ်အမှန်ကို နားမလည်လို့ ပါ….. လူ့အခွင့်အရေး… ကို မသင်ကြားခဲ့ရလို့..

အတန်းပညာကောင်းစွာမတတ်လို့… လောကနီတိကို နားမလည်လို့ဖြစ်ပါတယ်…





ဒါဆို လူအခွင့်အရေးဆိုတာ ဘာလဲ…. လူပြိန်းနားလည်အောင်ပြောရရင်တော့… လုပ်ချင်တာလုပ် သူတပါး

အကျိုးစီးပွားကိုတော့ မထိခိုက်စေနဲ့….ဒါပဲဖြစ်ပါတယ်…အရက်သောက်ချင်သောက်နိုင်ပါတယ်…

ဒါကိုယ်ပဲထိခိုက်မှာပါ…. ဒါပေမယ့် အော်မဆဲနဲ့…. မရမ်းနဲ့… ရန်မဖြစ်နဲ့…. အဲ

ဆေးလိပ်သောက်ချင်သောက်နိုင်တယ်.. ဒါပေမယ် လူအများ ရှိတဲ့ နေရာမှာ မသောက်နဲ့…. ဆေးလိပ်တိုကို

ကြုံရာတောက်မထုတ်နဲ့…… ဒါမျိုးပေါ့….



အကျယ်ရှင်းရင်… ပြီးမှာ မဟုတ်တော့ လို့ .. ဆက်သွားလိုက်ပါမယ်…



၂) စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်း…



ဒါဟာ ပင်ကို ဗီဇနဲ့ ဆိုင်သလို.. ပြုပြင်မယ်ဆိုလည်းရပါတယ်….. ဂျပန်ဆူနာမီတုန်းက…. ခိုးဆိုးမှုတွေဘာမှ

မဖြစ်ပဲ…. စည်းကမ်းတကျ.. လုပ်ကိုင်သွားတာ… အမေရီကားမှာ 9/11 တုန်းက…

အချင်းချင်းကူညီ..ရိုင်းပင်းပြီး…. နိုင်ငံအတွက်သွေးစည်းသွားတာ…. ဒါတွေဟာ

စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်းပါပဲ…



ကျွန်တော်တို့ နိုင်ငံမှာတော့့ ရေကြီးတော့ မယ်ဟေ့ဆို လှေနဲ့ဝါးရင်းဒုတ်နဲ့

ထိုင်စောင့်နေသူတွေရှိနေပါသေးတယ်… ဘာလုပ်မလို့ လဲဆိုတော့.. ပြေးလာတဲ့ လူတွေဆီက

လုမလို့ပါတဲ့….ကဲ့… မီးလောင်ပြီဆိုရင်…. တွေ့ရာအထုတ်ဆွဲပြေးသူတွေဒုနဲ့ ဒေးပါပဲ…

ဘတ်စကားပေါ်တက်တာတောင်မှ… သူ့ထက်ငါအရင်လုယက်တက်တဲ့ အကျင့် ထိုင်ခုံနေရာဦးတဲ့ အကျင့်က

မပျောက်နိုင်သေးပါဘူး…. ဘတ်စကားတွေကိုယ်တိုင်ကလည်း .. ထိုင်ခုံကို လူများများ တင်နိုင်ဖို့ သာ

စီစဉ်ထားပြီး.. ထိုင်တဲ့လူ ဒူးမလွတ်ရုံမကလို့ ဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံပါပဲ…..



ဒါတွေဟာ စိတ်ဓာတ်အောက်တန်းကျတယ်ခေါ်ပါတယ်….. ဒီလိုပြည်သူတွေလက်ထဲ …

အာဏာဘယ်လိုထည့်မလဲ…. စဉ်းစားစရာပါပဲ…





ဒါတွေဟာ ဘာကြောင့် ဖြစ်လာရလဲဆိုတော့…. အဓိက ကတော့ ပညာရေးချို့တဲ့ တာရယ်….

နိုင်ငံစီးပွားရေးကျဆင်းတာရယ်ကြောင့်ဖြစ်ပါတယ်…



ဘတ်စ်ကားပြသနာကို အရင်ကြည့်ကြပါစို့….. နိုင်ငံမှာသာဘတ်စ်ကားအလုံအလောက်ရှိပြီး… စနစ်တကျ..

ဘယ်နှစ်မိနစ်ခြားတစ်စီးဆိုတဲ့ .. စည်းကမ်းကို သာ လိုက်နာမယ်ဆို…. ကျွန်တော်တို့ ဘတ်စ်ကားကို

လုတက်စရာမလိုတော့ပါဘူး…..



မီးလောင်သွားလည်း…. နိုင်ငံတော်က ထောက်ပံ့နိုင်တယ်… ဆုံးရှုံးသွားတာတွေအတွက်လည်း ကာမိအောင်..

လုပ်ပေးနိုင်တယ်…. ကိုယ့်ပြည်သူအချင်းချင်းကလည်း.. ကူညီမယ့် စိတ်ထားရှိနေမယ်ဆိုရင်…ဘယ်သူမှ …

ကြုံရာအထုတ်ကို ဆွြဲေ့ပးမှာ မဟုတ်ပါဘူး



ကျွန်တော်တို့ နိုင်ငံဟာ စစ်ဒဏ်ကို အကြီးအကျယ်ခံစားရတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်…

စစ်ကြီးပြီးတော့ လည်း နိုင်ငံတော်ထူထောင်ရေးအတွက် အတော်ကြီးကြိုးပမ်းခဲ့ ရပြီး အောင်မြင်လုဆဲဆဲမှာပဲ…

ဦးနေ၀င်းအစိုးရက… အာဏာသိမ်းပါတယ်.. သူအာဏာသိမ်းရတဲ့ အကြောင်းရင်းလည်းရှိပါတယ်..

လွတ်လပ်ရေးရပြီး… ဆယ်နှစ်အကြာမှာ…. ပင်လုံစာချုပ်မှာပါရှိတဲ့ အတိုင်း ရှမ်းစော်ဘွားတွေက ခွဲထွက်ရေးကို

တောင်းပါတော့တယ်… ဒီနေရာမှာခုထိကျွန်တော် မသိသေးတာက… ပင်လုံစာချုပ်မှာ

ဗိုလ်ချုပ်ချုပ်ဆိုခဲ့တနုးက…. တောင်တန်းဒေသတွေကို ခွဲထွက်ခွင့် ပေးမယ်.. ပြောခဲ့တာလား…FEDERAL

အုပ်ချုပ်ရေး ပေးမယ်ပြောခဲ့တာလားဆိုတဲ့ အချက်ပါပဲ… ထားပါလေ.. ဒါကိုလည်း ရှာပေးပါဦးမယ်..

အဓိကကတော့..ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းပြီးတဲ့အချိန်က စလို့ .. နိုင်ငံစီးပွားရေးဟာ ဟိုးအောက်ကို

ထိုးဆင်းသွားတော့တာပါပဲ…… ပညာရေးကတော့ ဆိုဖွယ်ရာပင်မရှိတော့ပါဘူး…..



ဒီတော့…. နိုင်ငံသိပ်ဆင်းရဲတဲ့ အတွက်… လူတွေငတ်လာပါတယ်… လူဆိုတာ က အတ်တ သမားဆိုတော့..

ကိုယ်ငတ်နေလို့ ကတော့ ခိုးမှာ ၀ှက်မှာပါပဲ….. အခု လက်ရှိဝန်ထမ်းတွေ… (အောက်ခြေ) သူတို့

လစာနဲ့တစ်လတစ်လစားလောက်သောက်လောက်ဖြစ်မယ်ထင်ပါသလား….. လက်ရှိကုန်ဈေးနှုန်းနဲ့ လစာ

လိုက်လျောညီထွေဖြစ်ပါရဲ့လား…. ဒီတော့ဝန်ထမ်းဆိုတာ ငတ်ရင်ခိုးတာပါပဲ….. ခိုးတော့ ခိုးစားတဲ့ အရသာကို

သိလာပါတယ်… အလုပ်လုပ်စားတာထက် ခိုးစားတာက ပိုစားပေါက်ချောင်တာကိုး…ပိုလည်း

သက်သာတယ်မဟုတ်လား… ဒီတော့ ….. ခိုးစားရတာကို ပိုမက်မောလာပါတယ်



ပညာရေးအဆင့်အတန်းကလည်း နိမ့်ပါးပြန်တော့… .ခိုးစားတာဟာ ရှက်ဖို့ကောင်းတယ်…

လာဘ်ပေးလာဘ်ယူတာဟာ ရာဇ၀တ်မှုမြောက်တယ်…နိုင်ငံကြိးသားမပီသဘူး… ဆိုတာတွေလည်း မသိတော့

ပါဘူး….. သင်လည်း မသင်ပေးခဲ့ပါဘူး….. ကိုယ်နံဘေးကလူလည်းယူ… ကိုယ်မယူရင်

ကိုယ်မရတာပဲရှိမယ်ဆိုတာတွေဖြစ်လာပြီး… သူများ မိုးခါးရေသောက်လိုက်သောက်တော့ တာပါပဲ……

ဒါဆို ၀န်ထမ်းတွေပဲလားဆိုတော့ မဟုတ်ပါဘူး… ပြည်သူတွေထဲမှာလည်း

စောစောကလို…..စီးပွားရေးမကောင်းလို့….. သူခိုးဖြစ်သွားသူတွေ.. လမ်းပေါ်က မိန်းကလေးတွေ…

မီးမှိန်မှိန်အောက်ရောက်ကုန်တဲ့ အမျိုးကောင်းသမီးတွေ… ဒုနဲ့ ဒေးပါပဲ…..



၁၉၉၀ ၀န်းကျင်က ဦးသူရ( ဇာဂနာ) တို့ ထိုးခဲ့ ဖူးသည် သံချပ်ထဲကလို

စိန်ကြည်ဘ၀ရောက်သွားကြတော့တာပါပဲ…ငတက်ပြားဘ၀ရောက်သွားကြတော့တာပါပဲ….



ကဲ ဖြစ်ပြီးတာတွေကို ပြန်သုံးသပ်ပြီးရင်…ဘယ်လိုပြင်မလဲဆိုတာကို နည်းလမ်းရှာကြပါစို့…







ဒီတော့ အရင်ဆုံးနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကို ပြင်ဆင်ကြဖို့ လိုပါတယ်….. အသားကျနေတဲ့ ခိုးတဲ့ အကျင့်..

ကိုဖျောက်မယ်ဆို….. ခိုးတာကို မရှက်တတ်တဲ့ စိတ်ကိုအရင်ပြင်ရပါမယ်….. လာဘ်ပေးလာဘ်ယူမှုကို

ဖျောက်မယ်ဆို…. လာဘ်ယူတာ လာဘ်ပေးတာ…လက်ဘက်ရည်ဖိုးတောင်းတာဟာ ရှက်စရာဆိုတာ

သိအောင်လုပ်ရပါမယ်…..



နံပါတ် ၁) ကတော့ ပညာရေးပါပဲ



လူတွေရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်းအတွက် အဓိက လိုအပ်ချက်က…… အသိဥာဏ်ပါ…

အသိဥာဏ်တိုးတက်လာတာနဲ့ အမျှ… စိတ်ဓာတ်အဆင့်အတန်းမြင့်မားလာတာပါပဲ……. ဒိတော့

အသိဥာဏ်တိုးတက်မှုရဲ့ အခြေခံဟာ…ဗဟုသုတကြွယ်ဝခြင်း….ကျိုးကြောင်းဆင်ခြင်နိုင်မူအားကြီးခြင်းဆိုတဲ့

အချက်ပေါ်မူတည်လာပါတယ်…. ဒီနှစ်ခုလုံးကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဟာ…



ပညာရေးပါပဲ….



ကျွန်တော်တို့ ပညာရေးစနစ်ကို စတင်ပြင်ဆင်ရပါမယ်

ဒါကို လည်း နိုင်ငံတော်အစိုးရက ပြင်ပေးမယ်လို့ အာမခံပါတယ်…. ခက်တာ က ပိုက်ဆံ.. ဘတ်ဂျက်ပါ…..

ပြီးခဲ့ တဲ့ တစ်လောက ဖတ်ဖြစ်တဲ့ သတင်းတစ်ပုဒ်မှာ…. နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ

ပညာရေးအတွက်ဖယ်ထားတာဟာ… ၂% ပဲရှိပါတယ်……

ဂျပန်နိုင်ငံရဲ့ ပညာရေးကုန်ကျစရိတ်ဟာ နိုင်ငံတော်ဘတ်ဂျတ်ရဲ့ ၄၀% ဖြစ်ပါတယ်…..

နိုင်ငံတစ်နိုင်ငံဟာ ပညာရေးအတွက်ကုန်ကျစရိတ်ကို…. အနည်းဆုံး ၂၀% ကနေ ၃၀% အထိတော့

ထားသင့်ပါတယ်…



ကဲ ဒိတော့ ကျွန်တော်တို့ လွှတ်တော်မှာ ပညာရေးကို စတင်ပြင်ဆင်ဖို့ ဆွေးနွေးတဲ့ အခါ…..

မူလတန်းကနေစမယ်… မျိုးဆက်အသစ်တစ်ခုကို စတင်မယ်… ပေါ့….. ပြီးရင် အဲဒီ မျိုးဆက်ရဲ့ အလယ်တန်း…

နောက်အထက်တန်း ဒီအတိုင်းသွားကြမယ်လို့ ဆိုပါတယ်…. ဟုတ်ပါပြီ… ဒိတော့ မူလတန်းကနေ

စတင်ပြင်ဆင်ဖို့…. အဆိုကိုရပါပြီ…

ဒါပေမယ့် ထုံးစံအတိုင်းဘတ်ဂျက်ကမလောက်ပါဘူး…….

မြို့နယ်တစ်ခု မှာ မူလတန်းကျောင်းလေးကျောင်းကို … အထက်တန်းကျောင်းတစ်ကျောင်းနှုန်းဖြစ်နေပါတယ်…

ဒါက ပျမ်းမျှပါ…. အချို့ မြို့နယ်တွေမှာ .. အဲဒိအချိုးထက်တောင်များပါသေးတယ်…

ဒီတော့ များပြားလှတဲ့ မူလတန်းကျောင်းနဲ့ ကျောင်းသားဥိးရေအတွက်… ပညာရေးစနစ်သစ်ကို

ထူထောင်နိုင်ဖို့…. ကျွန်တော်တို့ မြန်မာပြည်မာ ဘတ်ဂျက်မလုံလောက်ပါတဲ့…..

ဒါကြောင့် အထက်တန်းကျောင်းတွေကပဲစဖို့ အတည်ပြုလိုက်ကြပါတယ်….

အဲဒီမှာကို က စမှားနေတာ ပါပဲ….. ပြုပြင်လိုက်တဲ့ အထက်တန်းကျောင်းပညာရေးကို…. တသက်လုံး

ကျက်တူရွေးကျက်နဲ့ တက်လာတဲ့ ကလေးတွေ ဘယ်လိုရင်ဆိုင်ကြမလဲ…..

စာကြည့်တိုက် ( library )ကို အသုံးပြုတတ်သူ ကျောင်းသား တက်ကသိုလ်မှာတောင်ရှာမတွေ့သေးပါဘူး….

activity club တွေလုပ်ဖို့ ဆိုတာ ဝေလာဝေးပေါ့….

ထားပါလေ… ဒါက အခုလက်ရှိဖြစ်နေတဲ့ အခြေအနေပေါ့…

ကဲ ပညာရေးစနစ်ကြီးကို ကျွန်တော်တို့ မျိုးဆက်တစ်ခုအသစ်ထူထောင်နိုင်ပြီလို့ပဲသဘောထားကြပါစို့…..

ဘတ်ဂျက်လည်း ပေးလိုက်ပြီပေါ့လေ….

ကဲကျွန်တော်တို့ လိုမျိုးဆက်ဟောင်းတွေ ဘယ်နားသွားနေကြမလဲ……

ဒီလို စဉ်းစားကြည့်ရအောင်… မြေကြီးကို ဂေါ်ပြားနဲ့ ကော်ပြိး…. အောက်မှာရှိတဲ့

ရတနာကိုတူးလိုက်တယ်ဆိုပါဆို့….. ဒါဆိုကျွန်တော်တို့ က ..ဂေါ်ပြားပေါ်ပါသွားတဲ့ မြေသားအဆွေးအမြေ့တွေ

လား…….

ဟုတ်ပါတယ်.. ကျွန်တော်တို့ ဟာ မြေသားအဆွေးအမြေ့ တွေပါ….. ဒါပေမယ့် မြေဆွေးကို

အကျိုးရှိအောင်သုံးရင် အပင်စိုက်လို့ ရသလို….

ကျွန်တော်တို့ မျိုးဆက်ကသာ ကိုယ့်ကိုယ်ကို အကျိုးရှိအောင်လုပ်မယ်ဆို…. အများကြီးအသုံးဝင်နိုင်ပါတယ်..

ကျွန်တော်တို့ အရွယ်ဟာ အခု မှ လူလတ်ပိုင်းကို စ၀င်ဖို့

ခြေဦးတည်ရုံပဲရှိပါသေးတယ်…အနာဂါတ်နိုင်ငံတော်ဟာ ကျွန်တော်တို့ လက်ထဲမှာပဲရှိဥိးမှာပါ……

အောက်မှာကျွန်တော်တို့ ညိငယ်တွေလည်းရှိပါသေးတယ်…. သူတို့ကို လက်တွဲခေါ်ရပါမယ်….



ကဲဒါဆို ဘယ်လို လက်တွဲခေါ်မလဲ ဆိုတဲ့ ကိတ်စစလာပါပြီ…..

ပညာရေးကို ကျွန်တော်တို့ ဘွဲ့တစ်လုံးနဲ့ ဆုံးခန်းတိုင်ခဲ့ကြပါပြီ….

နောက်မျိုးဆက်ညီငယ်တစ်သုတ်နှစ်သုတ်လောက်ကလည်း ဒီပုံနဲ့ ပဲလာဦးမှာပါ… ဒီတော့

ကျောင်းပြီးတိုင်းပညာရေးက ဆုံးသွားတာလား….

မဟုတ်ပါဘူး….. ပညာဆိုတာ အသက်အရွယ်မရွေး.. ကိုယ်ရှာမယ်ဆိုရှာလို့ ရပါတယ်…. ကျွန်တော်တို့

မျိုးဆက်မှာ လည်း တတ်သိနားလည်သူတွေ အများကြီးပါဦးမှာပါ… ဒိလူတွေက စုစည်းပြီး….

စာကြည့်တိုက်ထောင်မယ်… အခမဲ့ ပညာရေးသင်တန်းတွေဖွင့်မယ်….

အသက်မွေးဝမ်းကျောင်းဆိုင်ရာအသုံးချသင်တန်းတွေဖွင့်မယ်…. နောက်ဆုံး အခမဲ့ မဟုတ်တောင်မှ…

သင့်တင့်လျှောက်ပတ်သော…. အခကြေးငွေနဲ့ … သင်တန်းတွေဖွင့်ပေးဖို့ လိုပါတယ်….

စာကြည့်တိုက်ဆိုတာလည်း .. စာအုပ်ရှိနေရုံနဲ့မပြီးပါဘူး… စာအုပ်ရှိနေရုံနဲ့ပြိးနေရင်.. စာအုပ်

အငှားဆိုင်ပဲဖြစ်သွားပါမယ်…

လူငယ်တွေ စာဖတ်လာအောင်… စာကြည့်တိုက်ထဲလာချင်အောင်… ကျွန်တော်တို့ ကြိုးစားရပါမယ်…

စတိတ်ရှိုးကို လူဝင်အောင်လို့ လက်ကမ်းစာဆောင်ကမ်းပါတယ်… ဒေးကလပ် .. ကပွဲခုန်ပွဲတွေ ပါတီတွေ

လူဝင်အောင်လို့ လက်ကမ်းစာဆောင်ကမ်းပါတယ်…. ကျွန်တော်တို့ စာကြည့်တိုက်တွေ… ဘာလို့

မကမ်းနိုင်ရမလဲ…

ကုန်ပစည်းတွေ ၀ယ်ချင်လာအောင် ကံစမ်းမဲဖောက်တယ်…. ကျွန်တောတို့ဘာလို့ မလုပ်နိုင်ရမလဲ….

စာကြည့်တိုက်ထဲမှာလည်း.. လူငယ်တွေအတွက် စာဖတ်ဂိုက်တွေ ထားပေးရမယ်….

စာကြည့်တိုက်ဆိုတာ ပျော်စရာနေရာတစ်ခုဖြစ်အောင်ဖန်တီးပေးရမယ်…

စာဖတ်တတ်လာအောင်လည်း လေ့ကျင့်ပေးနိုင်ရမယ်….

လူငယ်တစ်ယောက်ဖတ်လောက်တဲ့ အပျော်ဖတ်စာပေကနေ.. ရသစာပေ…သုတစာပေ….

နောက်ဆုံးဖတ်လာနိုင်သူတွေ အတွက် ကျမ်းတွေဖတ်နည်းကို ပါသင်ပေးနိုင်ရမယ်….

လူငယ်ဆိုတာက အပျော်အပါးမက်တတ်ပါတယ်…. တစ်နေ့ တစ်နေ့ ဂိမ်းဆော့ရင်းအချိန်ကုန်နေတဲ့

လူငယ်တွေ… စာကြည့်တိုက်ထဲရောက်လာအောင်လုပ်ကြရပါမယ်…ဂိမ်းဆော့တာကိ

ကျွန်တော်အပစ်ပြောတာမဟုတ်ပါဘူး.. ဂိမ်းဆော့တယ်ဆိုတာလည်း သူ့ အကျိုးကျေးဇူးနဲ့ သူပါပဲ.. ဒါပေမယ့်

နိုင်ငံမှာ ဂိမ်းဆော့သူလူငယ်ထက်… ဗဟုသုတရှာမှိးပြည့်စုံသူ လူငယ်တွေ ပိုလိုအပ်နေပါတယ်….



စာကြည့်တိုက်အတွက် နေရာကိုလည်း… သွားရလာရလွယ်ကူတဲ့နေရာမှာ…. ဖြစ်ရမယ်….

ကဲ.. ဒါတွေအားလုံးအတွက် အဓိက လိုအပ်တဲ့ ဘတ်ဂျက်ကရော

ကျွန်တော်တို့ တတ်နိုင်သမျှ အလှူခံရပါမယ်……

တတ်နိုင်သူတွေကို .. ကျွန်တော်တို့ ရဲ့ အစီအစဉ်တွေကို လက်တွေ့ချပြီး

အမှန်တကယ်လည်း လုပ်ဆောင်ပြရပါမယ်…. အခုလက်ရှိလုပ်နေကြတဲ့ လုပ်စားNGOတွေလိုတော့ အဖြစ်ခံလို့

မရပါဘူး..

နောက်ပြီး.. ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ထဲကရတဲ့ အကျိုးအမြတ်တွေကိုလည်း ..

ဒီစာကြည့်တိုက်လုပ်ငန်းထဲ…. ပညာသင်ကြားရေးလုပ်ငန်းထဲကို အနည်းနဲ့ အများ မြုပ်နှံနိုင်ပါတယ်….

ကြိုးစားရင်…. တစ်ချိန်ချိန်တော့ ဖြစ်မှာပဲဆိုတာ ကျွန်တော်ယုံကြည်ပါတယ်…

ကျွန်တော်ပြောတာတွေက အပြောလွယ်သလောက်အလုပ်ခက်မယ်ဆိုတာ တော့ အမှန်ပါပဲ….

နေ့ချင်းညချင်းတောာ့ဖြစ်မလာနိုင်ပါဘူး……

ကျွန်တော်တို့ ကြိုးစားရပါမယ်…..

အဲဒီလို ပြုပြင်ပေးနိုင်မှ…. ကျွန်တော်တို့ လူငယ်တွေ လဘက်ရည်ဆိုင်မှာ အချိန်မကုန်.. ဂိမ်းဆိုင်မှာ

အချိန်မကုန်ပဲ…. အနာဂါတ်အတွက် အဆင့်သင့်သော လူငယ်များ….

အရည်အသွေးပြည်မှိသောလူငယ်များဖြစ်လာပါလိမ့်မယ်….

စိတ်ဓာတ်အဆင့်အတန်းမြင့်မားသော …..ဥာဏ်ရည်ဥာဏ်သွေးပြည်မှိသော…

နိုင်ငံသားတွေဖြစ်လာပါလိမ့်မယ်…..

စီးပွားရေးကတော့ ..နိုင်ငံခြားရင်း်နှီးမြုပ်နှံမှုတွေ.. နဲ့…. ဒီမိုကရေစီလမ်းကြောင်းပွင့်လာတာနဲ့

အမျှတိုးတက်လာမှာပါ….. အခု တောင်လက်တွေ.. အချို့အကျိုးတွေ ခံစားနေရပါပြီ…

ဒါအကင်းပဲရှိပါသေးတယ်.. နောက်လာဦးမှာပါ…..

နောက်လာဦးမယ့် အခွင့်အလမ်းတွေ အတွက်.. ကျွန်တော်တို့ နိုင်ငံသားတွေ အဆင်သင့်ပြင်ဆင်ထားဖို့

သင့်တယ်လို့ မထင်ဘူးလား….



အပြစ်တင်ချင်လည်း တင်ပါ….. တင်နိုင်ပါတယ်… အမှားလုပ်ခဲ့ရင်တော့ အပြစ်တင်ရမှာပေါ့… ဒါပေမယ့်…

ကိုယ့်အချိန်တွေကို သူတစ်ပါးအကြောင်းပြောရင်းအချိန်ကုန်မယ့် အစား.. ကိုယ့်အကြောင်းကိုယ်ပြောရငး

အချိန်ကုန်တာ ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်….



ကဲ…… ဒိတော့…. အားလုံးကို မေတာရပ်ခံပါရစေ…

ကျွန်တော်တို့ အဆင့်သင့်ပြင်ဆင်ထားလိုက်ကြပါစို့………..

by: လင်းလွန်းညို

No comments:

Post a Comment