Pages

Tuesday, July 31, 2012

ရယ်စရာကောင်းတဲ့ သတင်း


အတော်ရယ်ချင်စရာကောင်းတဲ့ ကိတ်စပါပဲ.... ဒီနေ့ ပို့စ်တစ်ခုဖတ်လိုက်ရပါတယ်.. တင်တဲ့လူကတော့ ရဲသူရိန်မင်းဆိုလား ဘာလား မသိပါဘူး ..... အကြောင်းကတော့ .... ကုလားတွေ ယုတ်မာတတ်ကြောင်း ... မဆလာ တို့ ဟင်းခတ်အမွေးအကြိုင်တို့ ကွမ်းယာတို့ ... စတာတွေ ဟာ ဘဂ်လားဒေ့ရှ်နဲ့ အိန္ဒိယ က သွင်းလာတာမို့ အဆိပ်ဆေးတွေ ခပ်ထားနိုင်ကြောင်း စားလိုက်ရငိ ချက်ချင်းမသေပဲ ...တမြေ့ မြေ့သေမှာဖြစ်ကြောင်း အားလုံး သံသယနဲ့ အစဉ်သဖြင့် နေထိုင်ကြဖို့ နှိုးဆော်လိုက်ပါကြောင်း စသဖြင့် စေတနာတွေ ဘလဘွနဲ့ စီကာပတ်ကုံးရေးထားလိုက်တာ ..... ဖတ်ရသူတောင် အသဲငယ်သွားတယ်... လက်ထဲစားနေတဲ့ စမူဆာပဲ လွင့်ပစ်ရတော့ မလိုလို .... ပလာတာကုလား ပဲ သွားဖမ်းခိုင်းရတော့ မလိုလို ကွမ်း ယာဆိုင် က ဆေးကို ပဲ မှန်ဘီလူးနဲ့ မစားခင် မယာခင် ဖြဲ့ရှာရမလို ဖြစ်သွားပါတယ်......


ဒီတော့ ကျွန်တော့ လိုလူပြိန်ကတော့ လူပြိန်းတွေးပဲတွေးလိုက်ပါမယ်..... မဆလာနဲ့ ဟင်းခတ်အမွှေးအကြိုင်လို့ ဆိုထားတော့ .... စဉ်းစားမိပါတယ်... ယနေ့ မြန်မာပြည်တလွှားမှာ မဆလာကို ဘယ်သူကများ အိန္ဒိယက တိုက်ရိုက်မှာသုံးနေပါသလဲ .... ဒါနဲ့ စိတ်ပူပြီး...မီးဖိုချောင်ထဲဝင်ကြည့်တော့ ကုလားလေး မဆလာ ထုတ်နဲ့ ..... KSS ဟင်းခတ်မှုန့်ထုတ်ကို ယူကြည့်လိုက်ပါတယ်... တော်ပါသေးရဲ့ မိတ်အင် ဗားမားတဲ့ အဲမှားလို့ (မြန်မာတဲ့) ဒါနဲ့ အသိမိတ်ဆွေတွေကိုလည်း မေးပါတယ်.. မင်းတို့ အိမ် ဘာမဆလာသုံးသလဲပေါ့ .. အတော်များများ ကတော့ အထက်မှာပါတဲ့ တံဆိပ်တွေပါပဲလေ..... ဒီတော့ မဆလာဆိုတာ ... ဘယ်သူမှ ပြည်ပက တိုက်ရိုက်မှာယူစားသုံးရလောက်တဲ့ ပစ္စည်းတွေမဟုတ်ပါဘူး .... ဒီနိုင်ငံမှာတင်ပေါပေါ ပဲပဲရောင်းစားနေတဲ့ ပစ္စည်းပါ... ပြောရရင်တော့ ပြည်တွင်းထုတ်ကုန်ပါ... ပြည်တွင်း စားသောက်ကုန်တိုင်းမှာ .. ကျန်းမာရေး ၀န်ကြီးဋ္ဌာန ရဲ့ ခွင့်ပြုမိန်ဆိုတာလိုမျိုးကို ယူကြရပါတယ်..... ဒီတော့ ..... ဒီအစားအသောက်တွေကို စိတ်မချဘူးဆိုရင်လည်း .. ကျန်းမာရေးဝန်ကြီးဋ္ဌာနကို ... လက်မှတ်ထိုးပြီး အကြောင်းကြားစာ စစ်ဆေးပေးဖို့ စာတင်နိုင်ပါတယ်... ပို့ နိုင်ပါတယ်.. သမ္မတဆီလည်း ပို့ နိုင်ပါတယ်... သမ္မတ ရုံးလို့ လိပ်မူတပ် ပို့ လို့ရပါတယ်.... ဒါကို မှ အစိုးရက action မယူဘူးဆိုရင်. .... သံသယနဲ့ နေထိုင်သူတွေ အားလုံး ဆန္ဒထုတ်ဖော်လို့ရပါတယ်..... စိတန်းလမ်းလျှောက်လို့ ရပါတယ်..... ဘာမှ သံသယနဲ့ နေထိုင်သွားစရာမလိုပါဘူး...နောက်တစ်ချက် ကွမ်းစားဆေးဖြစ်ပါတယ်.... ကွမ်းယာဆိုင်တွေက မူးယစ်ဆေး ထည့်ရောင်း အဆိပ်အတောက်ထည့်ရောင်းမှာကြောက်ရင် .. ကုလားဆိုင်မှာ မစားနဲ့ပေါ့ဗျာ........ ကျုပ်တို့ မြန်မာတွေ ကွမ်းရောင်းကြတာ ပုံလို့ပါ... ကျွန်တော့ ရပ်ကွက်ထဲမှာ ကွမ်းယာဆိုင်ချည်း ခြောက်ဆိုင်ရှိပါတယ်.... ငါးဆိုင်က ဗမာဆိုင်ဖြစ်ပြီး တစ်ဆိုင်ကတော့ ကလယ် ကုလား .. (ဟိန္ဒူ) ဆိုင်ဖြစ်ပါတယ်..... ကဲဒီတော့ ကွမ်းယာထဲ မူးယစ်ဆေးထည့် မယ့် အန္တရယ်ကတော့ ပြီးသွားပြီပေါ့ ... ဒါဆို .... ကွမ်းဆေးကရောဆိုရင်..... မြန်မာဆေးနဲ့ ကွမ်းစားသူတွေက ဘာမှပြသနာ မရှိပါဘူး .. ဒီနိုင်ငံမှ ထုတ်တဲ့ဆေးပဲလေ..... ၉၂..၁၀၀...၄၅... signal အစရှိတဲ့ ပေါင်းဆေးတွေ နဲ့ စားသူတွေ အနေနဲ့ ကတော့ ... တွေးလာနိုင်စရာရှိပါတယ်...

သိထားသင့်တာကတော့ ဒီဆေးတွေ အကုန်လုံးဟာ .... ဘင်္ဂလားဒေရှ်က လာတာမဟုတ်ပါဘူး ... အိန္ဒိယက လာတာပါ... ပြီးတော့ ဒီဆေးတွေ ဟာ မြန်မာပြည်ထဲကို သီးသန့်သွင်းဖို့ ထုတ်ထားတာ မဟုတ်ပါဘူး .... နိုင်ငံတကာ ကိုဖြန့်တာပါ...... အိန္ဒိယ ဟာ မူဆလင်နိုင်ငံတစ်ခုမဟုတ်သလို သူကိုယ်တိုင်တောင် အကြမ်းဖက်သမားတွေကိုပြန်လန့်နေရသူပါ..... (မွန်ဘိုင်း ဗုံးပေါက်ကွဲမှု ကို ကြည့်ပါ) ရိုဟင်ဂျာ အရေးမှာလည်း .. ၀င်ရောက်မပတ်သက်ပဲ နေတဲ့ နိုင်ငံပါ.... ဒီတော့ ... ဒီနိုင်ငံက ထုတ်ကုန်ဖြစ်တဲ့ အဲဒီ ကွမ်းစားဆေးမှာ မူးယစ်ဆေး အဆိပ်အတောက် ဆေး စတာတွေ ထည့် ဖို့ ကို ဖြစ်နိုင်ပါမလား စဉ်းစားကြည့်ပါတယ်.... ဒါမြန်မာပြည်ထဲသွင်းမှာဟေ့ ဒီဆေးတွေ သီးသန့် ထားလို့ ပြောမယ်လို့ များ သင်ထင်ပါသလား ......

နောက်ဆုံးအချက်ကတော့ ...ကျွန်တော်သာ ရိုဟင်ဂျာဖြစ်ရင်..... အဲဒီလို ဖြေးဖြေးလေး သေစေမယ့် ဆေးတွေ ..ဈေးအင်မတန်ကြီးတဲ့ မူးယစ်ဆေးတွေ ထည့်မယ့် အစား ..... တခါတည်းကိတ်စပြတ်အောင် .... ဗုံးချည်း လိုက်ခွဲ မီးချည်း လိုက်ရှို့ လုပ်နေမှာပါပဲ .... ဘာလို့ အဲဒါတွေလုပ်တော့ မလဲ .....

ကျေးဇူးပြုပြီး အကျိုးပြုတဲံ စာပဲရေးစေချင်ပါတယ်..... နာမည်ကြီးချင်ရင် ..ကိုယ့် ပို့စ်မှာ .like များများ လိုချင်ရင်....တခြားလုပ်စရာ အများ ကြီးရှိပါတယ်.... ဒါမျိုါ် ပြည်သူကို ကျီးလန့်စာစားဖြစ်အောင်သတင်းအမှားတွေ တင်ရင်းနဲ့တော့ နာမည် မကြီးချင်ပါနဲ့ ...... အခြေအမြစ်မရှိတာတွေ ပြောနေတာ ကို သဘောကျစွာထောက်ခံသူတွေကိုလည်း စိတ်ပျက်မိပါတယ်... လူတွေ မှာ ဦနှောက်ရှိပါတယ်.... တွေးပါ...... ရေးပါ....... ဒါပေမယ့် မှန်ကန်သော သတင်းသာဖြစ်ပါစေ...... ပြည်သူကို အဆိပ်မသင့်စေချင်ရင် ကိုယ်ကိုယ်တိုင် အဆိပ်မခပ်မိပါစေနဲ့ ဗျာ ...

လေးစားလျက်
လင်းလွန်းညို


No comments:

Post a Comment