စာဖတ်သူအား....အကျိုးယုတ်စေသော အဆိပ်အတောက်ဖြစ်စေမည့် စာများ မရေးပါ...အကျိုးရှိမည့် ပြောသင့်ပြောထိုက်သည်များ ရေးသင့်ရေးထိုက်သည်ကိုလည်း လူအမုန်းခံရေးဖို့ .. လုံး၀၀န်လေးလိမ့်မည်မဟုတ်ပါ... အဲဒါကျွန်တော့ သစ္စာပါပဲ
Pages
▼
Thursday, August 16, 2012
ရင်နှစ်သွေး
နောင်တော်တို့
ညိတော်တို့ ကိုယုံပါ
အဲဒီအချိန်က
အသက်နှစ်နှစ် လူမှန်းသိတတ်စပေမယ့်
ခုတော့ .. လူသက်တမ်းနှစ်ဆယ်စွန်း…. လူမည်လို့ ထွန်းနေပါပြီ
နောင်တော်တို့
ညီတော်တို့ ကိုယုံပါ
အဲဒီ အချိန်က
နောင်တော်တို့ သွေးနဲ့ ရေးခဲ့တဲ့သမိုင်း….
ညီတော်တို့ နှလုံးသားတွေတိုင်းအထိ ကဗ္ဗည်း တင်ထားပါတယ်
နောင်တော်တို့
ညီတော်တို့ ကိုယုံပါ…
အဲဒိအချိန်က
မြေခဖူးတဲ့ သွေးစက်တိုင်းအတွက်
သည်းခြေမှာ အသည်းကြွေအောင်မှတ်ထားပါတယ်……
နောင်တော်တို့
ညီတော်တို့ ကိုယုံပါ
အဲဒီအချိန်က
တိုင်းပြည်ကိုလှူခဲ့ဖူးတဲ့ ရဟန်းရှင်လူ..ကျောင်းသားပြည်သူတို့ရဲ့ အသက်တိုင်းအတွက်
ပေးဆပ်ရကြိုးနပ်အောင်…..ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ တာဝန်ဆက်ထမ်းပါမယ်…..
နောက်ဆုံးတစ်ကြိမ်ပြောပါရစေ
ကျေးဇူးပြု၍
ညီတော်တို့ ကို ယုံပါ….
သမိုင်းဟာသမိုင်းပဲ... ဒါဟာ ရာဇ၀တ်မှုပဲ
သိကြားမင်းဆင်းဖျက်တောင် မပျက်စေရပါဘူး
နောင်တော်တို့ တိုက်ပွဲဝင်ခဲ့ တဲ့ အနာဂတ်အတွက်
ညီတော်တို့ ရင်ဘတ်တိုင်းမှာလည်း ပေးဆပ်ဖို့ သွေးအပြည့်ရှိတယ်…
By: လင်းလွန်းညို
No comments:
Post a Comment