Thursday, October 18, 2012

We don't cheat!!! ကျွန်တော်တို့ ... မသမာနည်းတစ်ခုမှ မသုံးခဲ့ပါ



ဟိုတစ်လောက တော့ နန်းခင်ဇေယျာ ကိစ္စ ကို အားမပေးပဲ ... ယဉ်ကျေးမှု မရှိဘူးဆိုပြီးဖင်ပိတ်ငြင်းနေတဲ့ .. တတ်ယောင်ကာ
း တစ်စုကိုပြောပြီးတော့ ... အခု နောက်တစ်မျိုးပေါ်လာပြန်ပါတယ်....

ဒါကတော့ အားပေးသူများထဲကမှ ... နန်းခင်ဇေယျာဓာတ်ပုံကို အကြိမ်ရေများစွာ Click လုပ်နေခြင်းဟာ .. မသမာ နည်းနဲ့ ... အနိုင်ယူနေတယ်လို့ ဆိုလာလို့ ပါပဲ ..... ရှင်းရှင်းပဲပြောမယ်.. အဲဒီလိုပြောတဲ့လူတွေကို အတော်ရယ်ချင်မိပါတယ်.... ဘာလို့ အဲဒီလောက်လေးတောင်မတွေးတတ်တာပါလဲ ... ကဲ ဒီတော့ အဲဒီ မသမာနည်းသုံးပါတယ်လို့ စွပ်စွဲလာတဲ့ အုပ်စုကို ကျွန်တော်ရှင်းပြပါ့မယ်...

အခု ကျင်းပတဲ့ ... Miss International ပြိုင်ပွဲဟာ .. မက်ကာအိုတို့ ဂူအန်တို့လို .. လူသိန်းဂဏန်းသာ ရှိတဲ့ နိုင်ငံငယ်တွေကနေ... အိန္ဒိယတို့ တရုတ်တို့လို ကမ္ဘာလူဥိးရေ အများဆုံးနိုင်ငံများ အထိပါဝင်ပါတယ်.... ဒီတော့ .. ခင်ဗျား တို့ပြောသလိုသာ .. လူတစ်ယောက်ကို Vote တစ်ခုပဲပေးရမယ်.. ဆို... ဟိုတစ်ဘက်က နိုင်ငံငယ်တွေဟာ ပြိုင်စရာမလိုအောင်ကို ရှုံးနေပါပြီ...... ယှဉ်ကြည့်လိုက်လေ လူဦးရေကို ...

ပြီးတော့ ဒါဟာ ရွေးကောက်ပွဲလုပ်သလို လူဥိးရေ နံပါတ်ကိန်း တစ်ခုတဲ့ ရှိတဲ့ နိုင်ငံက နေ .. လူ ၅၇ ယောက် ထဲက တစ်ယောက်ကို ရွေးချယ်နေတာ မဟုတ်ပါဘူး ... သဘောကတော့.... ရွေးကောက်ပွဲဆိုတာ ... နိုင်ငံတစ်နိုင်ငံမှာ ရှိတဲ့လူဦးရေ ကို ကိန်းသေထားပြီး .... ရွေးကောက်တာပါ..... ဥပမာ .. လူ ၅၀၀၀ ရှိတဲ့ ပြည်နယ်က နေ.. ခေါင်းဆောင်နှစ်ယောက်ကို မဲပေးတယ်... ဒါကို တစ်ဘက်ကို ဘယ်လောက်ဆိုပြီးထွက်လာတယ်.... လူဦးရေ ငါးထောင်ဟာ ကိန်းသေပဲ ... ဒါပါပဲ ......

ဒါကြောင့်လည်း ... Miss InterPhoto က .. View Count ကို မူတည်ပြီး လုပ်ထားတာပါ.....လူဦးရေနည်းတဲ့ နိုင်ငံများအတွက် .... Support လုပ်နိုင်အောင်... လူတစ်ဦးကို အကြိမ်ရေများ စွာ ဒီပုံကို ကြည့်လို့ ရအောင်လုပ်ထားတာပါ...... တစ်ဘက်က ပြိုင်ပွဲစည်းကမ်းသတ်မှတ်တဲ့လူကြီးတွေက ခင်ဗျား တို့ တွေးမိတာလောက်ကို မတွေးမိဘူးလို့ များ ထင်နေပါသလား .....

ဒီတော့ ကျွန်တော်တို့ မြန်မာ တွေ... စည်းစည်းလုံးလုံးနဲ့ ... ကိုယ့် နိုင်ငံက မယ်ကို မဲရအောင် အင်တိုက်အားတိုက်လုပ်ပေးနေချိန်မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို .... လူသိလူတတ်လိုလို လုပ်ပြီး ..... ကိုယ့်လူမျိုး သိက္ခာ ကိုယ်ချနေတဲ့ လူတွေကိုတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်... တွေးကြည့်ပါ ဥိးနှောက်များ ရှိရင် ရေးရေးကလေးပေါ်လာပါလိမ့်မယ်...

တစ်ချို့များလည်း vote သုံးခါလုပ်မိ လို အရှက်ကြီးရှက်နေပါသတဲ့ .... မရှက်ပါနဲ့ .. ကိုယ့်လူမျိုးအတွက် ကိုယ်တွေ တရားဝင်လှုပ်ရှားခွင့်ထဲကနေ.. အင်တိုက်အားတိုက်ပံ့ပိုးနေတာ ပဲ .. ဘာများ ရှက်စရာရှိပါသလဲ .....

ကဲကဲ .. ဒီတော့ ...Supporter များ အားပေးသူများ အနေနဲ့လည်း ဆက်လည်း ... အားပေးနိုင်ပါတယ်..... နိုပ်နိုင်ပါတယ်.. ခင်ဗျာ ..... လိပ်ပြာသန့်သန့်နဲ့ကိုနိုပ်ပါ.. ကျွန်တော်တို့ အားလုံး တရားမျှတစွာကြိုးစားနေတာပါ..... ခပ်ချာချာ လူတွေပြောသလို ဒါဟာ မသမာနည်းသုံးတာလည်း မဟုတ်သလို... ရှက်စရာလည်းမဟုတ်ပါဘူး .... ကိုယ့်နိုင်ငံက ဒီမိုကရေစီ ခေတ်မှာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင်နိုင်တဲ့ နန်းခင်ဇေယျာ လို ဂုဏ်ယူဖွယ် အမျိုးသမီးတစ်ဦး ကို မဲပေးခြင်းဟာ ... နိုင်ငံရဲ့ မျက်နှာပန်း ပွဲဦးထွက်မှာ လှဖို့ သာဖြစ်ပါတယ်....

ဘာမှ အားမနာပါနဲ့ .... ဆက်လက် vote လိုက်ကြပါဦးစို့ ဗျာ ..... အတွေးခေါင်သူများ ဘေးမှာ ကျန်နေခဲ့ပါလိမ့်မယ်..... လှည့်တောင်ကြည့်မနေပါနဲ့ လား .. ဗျာ ..... ကြိုးစားအားပေးလိုက်ကြပါစို့ ရဲ့ .... မြန်မာ အပေါင်း တို့ ရေ...

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

လကျာင်္ထွန်းကို အခုလွှတ်ပါ...

သမ္မတကြီးအနေနဲ့လူသားချင်းစာနာစိတ်ကလေး နည်းနည်းလေးများ ရှိခဲ့မယ်ဆိုရင်... ဒီလောက်အထိပြောနေရတယ်ဆိုတာ ... ရှက်သင့်နေပြီထင်ပါတယ်........

နိုင်ငံရေး အကျဉ်းသားများကို မတောင်းပန်သေးတဲ့အပြင် ခုထိ ထောင်ချထားတုန်း ဆိုတော့ ..... မြန်မာနိုင်ငံကြီးဟာ ဒ

ီမိုကရေစီနိုင်ငံ စစ်စစ်မှ ဟုတ်ပါလေစ လို့ တွေးမိပါတယ်.....

မိတ်ဆွေ များအနေနဲ့လည်း .. အပြစ်မဲ့စွာ နိုင်ငံအတွက် ပေးဆပ်နေသူများ ထောင်ထွင်းမှာ ကျန်ရှိနေသေးတာကို ... သမ္မတကြီးတို့ မေ့မသွားအောင် .. ( မေ့ချင်ယောင်ဆောင်နေရင်တော့ မပြောတတ်ဘူးပေါ့ဗျာ ) ... ၀ိုင်းဝန်း သတိပေး... သင့်တယ်လို့ မြင်ပါတယ်.....

လင်းလွန်းညို

Photo credit 2 Freedom News Group Of Myamnmar

ကိုယ့် အမှားကိုယ် တောင်းပန်သင့်ပါတယ်...

အခုဆို နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ လွတ်လာသလို ... နိုင်ငံရေး အကျဉ်းသား များလည်းထောင်တွင်းမှာ... ဆက်လက်ရှိနေဆဲပါပဲ ..... ကျွန်တော်တစ်ခု သဘောမတွေ့တာလေး ပြောပါရစေ ....

ဒီနိုင်ငံရေး အကျဉ်းသား တွေဟာ ဘာအပြစ်မှ မရှိပဲ ထောင်ထဲမှာ နှစ်ပေါင်းများ စွာ ဒုက္ခ ခံနေခဲ့ ပြီးမှ လွတ်မြောက်လာသူတွေပါ...... သူတို့ ဟာ အပြစ်သားတွေမဟုတ်ပါဘူး ..... အဲဒါကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ သမတ္တကြီးက ပဲ သနားညှာတာလို့ လွှတ်ေ

ပးနေသယောင်ယောင်လုပ်နေတာဟာ .... အတော်တော့ ရွံစရာကောင်းနေတာပါပဲ .....

တကယ်ဆို ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို .... စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းများ အားလုံးက ... တရားဝင်တောင်းပန်သင့်ပါတယ်..... ကိုယ့် ဟာ ကိုယ် ဘောင်းဘီကို ပုဆိုးပဲလဲလဲ .... လုပ်ခဲ့တာ ကလုပ်ခဲ့ပြီးသားမို့ ...... ဟိုက တစ်ပြန်တရားပြန်မဆွဲတာကိုတောင်..... တရားဝင်တောင်းပန်သင့်ပါတယ်.....

အခုတော့ နေခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွက်... အတောင်းပန်မခံရတဲ့ အပြင်... လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကိုပဲ ... ကျေးဇူးတင်ရမလိုလို လုပ်နေတာ ဟာ .... စိတ်ပျက်စရာအတော်ကောင်းပါတယ်ဗျာ ...

လင်းလွန်းညို

Wednesday, October 17, 2012

ပန်းမပျိုး .. ပန်းချိုးတဲ့လက်

ဒီစာ ကို မရေးခင် ကျွန်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာ စတဲ့ ကန်တော့ ထိုက်သော ဆရာ အားလုံး ကို အရင်ကန်တော့ ပါတယ်..... ဆရာ ဆရာမ ဆိုတာ အနန္ဒ ဂိုဏ်းဝင် ပါ ..... နေတိုင်းရှိခိုး ကန်တော့ ကြရတာပါ...... ကျေးဇူး ဟာ လည်း ပူဇော် အထူး ထားပြီး ... ဆပ်နိုင်သလောက် ဆပ်ကြရပါတယ်..... ဒါပေမယ့် ... ဒီလို ကန်တော့ ခံ ..အရိုအသေခံ ... အကြည်ညို ခံနိုင်ဖို့ ဆိုတာကလည်း
.... ဆရာ ပီသ မှသာ ဖြစ်ပါလိမ့်မယ်..... ဆရာ တစ်ယောက်ပီပီ တပည့်တွေ အပေါ် မေတ္တာ ထား ရပါလိမ့်မယ်.......

ကျွန်တော်တို့ ဒီဘက် ခေတ်ကာလမှာ ... ဆရာ ဆရာမ များထဲမှာ ... အတော်ကလေး စိတ်ပျက်ဖွယ် ကိစ္စ ရပ်တွေ တွေ့လာရပါတယ်....ဒါတွေဟာလည်း .... ပညာရေး စနစ်ညံ့ဖြင်းလို့ ပါပဲ .....ထားပါလေ..... အဲဒီ ထဲက .. ပြဿနာလေး တစ်ခုကိုပြောပြချင်တာပါ....

မနေ့က ကျွန်တော့ အဖွားလေး ဆုံးတော့ .. အသုဘ သွားရင်း .. ကျွန်တော့ အဒေါ်တစ်ယောက်ဆီက ... ကြားလာရတာ ပါ...... သူ့ တူကလေး တစ်ယောက် ..... ဖြစ်တာ ပါတဲ့ဗျာ ..... သိပ်မကြာသေးပါဘူး
ပြီးခဲ့တဲ့ ၁၁.၁၀.၂၀၁၂ က မှဖြစ်တဲ့ ကိစ္စ ပါ...

ကလေး နာမည်က လမင်းခန့် ပါ.... အ.ထ.က (၂) စမ်းချောင်း မှာ သူငယ်တန်းတက်နေပါတယ်......တန်းခွဲ (A) မှာပါ..... သူ့ အတန်းပိုင်ဆရာမ နာမည်က ဒေါ်ခင်မျိုးလွင်ပါ......

ပြဿနာ ရဲ့ အစကတော့ .. ဆရာမ က White Board မှာ ... စာရေးပြီး သူငယ်တန်းကလေးများကို စာကူးစေပါတယ်... ( အတော်စဉ်းစားမရတဲံ့ကိစ္စ ပါ... အဲဒီလို သင်ကြားနည်းကို ... ဘယ်က သင်ပေးလိုက်သလဲ မသိပါဘူး ..... သူငယ်တန်းကလေးကို ....စာကူးခိုင်းသတဲ့ .... သြော် ကောင်းလိုက်တဲ့ ပညာရေး .. ထားပါလေ) အဲဒီလို စာကူးတဲ့ အခါ.. မောင်လမင်းခန့်က စာမကူးပါဘူး တဲ့ ..... ဒီတော့ ... ဒေါ်ခင်မျိုးလွင် က မောင်လမင်းခန့်ကို စာမကုးရကောင်းလားဆိုပြီး .... အမှောင်ခန်းထဲမှာ ထည့်ပိတ်ထားဖို့ ဆွဲခေါ်ပါသတဲ့ .....

ဒီတော အမှောင်ခန်းဆိုတဲ့ ကိစ္စ ကိုပြောပါမယ်..... အဲဒီ အမှောင်ခန်းဆိုတာလည်း ခုမှ ပေါ်လာတာမဟုတ်ပါဘူး.... အရင်ကတည်းက ... ကလေးတွေကို အပြစ်လုပ်ရင်.. အဲဒီထဲ ထည့်ပြီး ပိတ်ထားပါသတဲ့ ... ခြောက်နှစ်အရွယ် ကလေး တစ်ယောက် အမှောင်ခန်းထဲမှာ ဘယ်လောက်ကြောက်နေလိုက်မလဲ .....ဘယ်လောက်ငိုယိုတောင်းပန်တောင်းပန် .... မဖွင့်ပေးပါဘူး တဲ့ဗျာ ..... ဒေါ်ခင်မျိုးလွင်လုပ်ရပ် က... လူမဆန်ဘူးလို့ တောင်ပြောလို့ ရပါတယ်... နောက်တစ်ချက်က ... အ.ထ.က (၂) စမ်းချောင်းဆိုတာ .... အစိုးရကျောင်းပါ... ဒီလို အစိုးရကျောင်းမှာ .... ဒီလို ခြောက်နှစ် အရွယ်ကလေးငယ်တွေကို အမှောင်ခန်းထဲ ပိတ်ပြီး ဆုံးမတဲ့ စနစ်ရှိနေတာ ကို ....အတော်အံ့သြရပါတယ်.... ကျောင်းအုပ်ဆရာမကြီးကလည်း ဒါကို ခွင့်ပြုထားပါသတဲ့ ... ပိုပြီး အံ့သြရပြန်ပါတယ်.... ဆရာဖြစ်သင်တန်းများမြှ .... ကလေးစိတ်ပညာ မသင်ပေးလိုက်ဘူးလား....... ဒီလိုသာလုပ်နေရင်... ကလေးတွေဟာ နောင်တစ်ခေတ်ရဲ့ လူကြောက်ကလေးတွေ အဖြစ် မွေးဖွားလာတော့မှာပေါ့ ....... အဲဒီ ဆရာမတွေ ... ကို ဘယ်လို ဆရာဂိုဏ်းထဲသွင်းရမလဲ ... ကျွန်တော် အတော်စိတ်ထဲမကောင်းပါဘူး .. ညံ့ဖျင်းလှတဲ့ ပညာရေး စနစ်ရှိနေရတဲ့ အထဲ ... ဒီလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့် ကိစ္စမျိုးတွေ.... ခြိမ်းခြောက် ... ညှင်းပန်း နှိပ်စက်နည်းမျိုးတွေဟာ ..... မရှိကို မရှိသင့်တောပါဘူး .... ဒေါ်ခင်မျိုးလွင် .. ဟာ အတော်လူမဆန်သော ဆရာမ လို့သာပြောပါရစေ ........ ဒါတောင် သူ့ ဆီမှာ ကလေးကို တစ်လ တစ်သောင်းခွဲနဲ့ ကျူရှင်ပုံမှန်ထားပြီး ...... လစဉ် ကန်တော့ ပစ္စည်း အမျိုးမျိုးနဲ့ ကန်တော့ နေတာပါ........ အဲဒီလို ကျူရှင်ထားတော့လည်း .. သူ့ကျူရှင် တစ်ခုတည်းမဟုတ်ပဲ .. နောက်ထပ်ကျူရှင်တစ်ခုပါတွဲယူခိုင်းပါသေးတယ်......ကဲ ထားပါလေ...

ကိစ္စ က အဲဒီလောက်နဲ့ မပြီးသေးပါဘူး .... ဒီတော့ ... ကလေးကို အဲဒီလိုဆွဲခေါ်တဲ့ အခါ.. မောင်လမင်းခန့်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း အဲဒီအမှောင်.ခန်း ထဲမှာ အခြား ကလေးနှစ်ယောက်နဲ့ အတူ အပိတ်ခံရဖူးပါတယ်...... ဒါကြောင့်ကြောက်လွန်း လို့ သူစာကူးပါတော့ မယ်ဆိုပြီး ငိုယိုတောင်းပန်ရှာပါတယ်... ဒါကိုဒေါ်ခင်မျိုးလွင်က .. မရမက... အတင်း ဆွဲခေါ်တာကြောင့် လက်ထဲမှာ ပါလာတဲ့ ခဲတံ နဲ့ ဆရာမ ရဲ့ တင်ပါးကို ထိုးမိပါတယ်...... အဲဒီ အခါ... ဒေါ်ခင်မျိုးလွင်လည်း အတော်နာသွားမယ် ထင်ပါတယ်..... ဒေါသတကြီးနဲ့ ကလေးကို ဆွဲဆောင့် ရိုက်နှက်တော့တာ ပါပဲ ........ ပြောစရာကျန်ခဲ့တာက .. ကလေးက ပန်းနာရင်ကျပ်ရှိပါတယ်.. ဒီလိုပန်းနာရင်ကျပ်ရှိတဲ့ ကလေးကို .... ဒီလိုလုပ်တယ်ဆိုတာ အတော်တော့ ... စိတ်ပျက်ဖို့ ကောင်းပါတယ်.......

နောက်ဆုံး ကလေးမှာ .... မျက်နှာမှာ လက်ငါးချောင်းနဲ့ ရီုက်ထားတဲ့ အရာနဲ့ .. အစင်းခြစ်ရ နှစ်ရာ ... (ကလေးကို ပါးပိတ်ရိုက်တဲ့ အခါ ... လက်သည်းနဲ့ ပါခြစ်မိပုံရပါတယ်... )နားရွက် တစ်ဘက် နီယောင်နေခြင်း .... လက်ဝဲဘက်မျက်စိနားမှာ .... ညိုမည်းဒဏ်ရာ တစ်ချက်..... နဲ့ လက်ဖျံမှာ ... သွေးစိုးနေတဲ့ အပေါက် တစ်ခုတို့ စတဲ့ ဒဏ်ရာတွေ ရလာပါတော့တယ်.......

ဒါတောင် အဲဒီဖြစ်တဲ့ နေ့ က ကျောင်းလာကြိုတဲ့ ကလေးမိဘကို ဒေါ်ခင်မျိုးလွင်က .... (ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ် )လို့ ကျောင်းကြိုလာတဲ့
မိဘများနှင့် ကလေးများရှေ့မှာ ပြောပါတယ်..
နောက်ပြီး .....

“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး”

လို့လည်း ပြောလိုက်ပါတယ်....(

(.နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ် ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုဘူး )

စဉ်းစားကြည့်စေချင်ပါတယ်... ဒါဟာ ကျောင်းဆရာမ ပြောရမယ့် စကားပါလား ......... ဒေါ်ခင်မျိုးလွင်လို နှုတ်ကြမ်းတဲ့ ဆရာမ မျိုး.... စိတ်ဓာတ်အောက်တန်းကျတဲ့ ဆရာမ မျိုးကတော့ ..... အတော်လေး ... ရှာမှ ရှားပါပဲ ....

ဒီကိစ္စ ကို ... ဆရာမကြီး ကိုတိုင်တဲ့ အခါလည်း ... ဆရာမကြီး က .. အရေး ယူပါမယ်လို့ ပြောပါတယ်..... အခုထိတော့ ဒေါ်ခင်မျိုးလွင်ဟာ ပိုနေမြဲ ကျားနေမြဲပါပဲ ..... ဘယ်လိုတွေများ အရေးယူလိုက်တယ်ဆိုတာ မေးခွန်းထုတ်စရာပါ...... မေးလည်း မေးပါတယ်.. ဆရာမကြီး အနေနဲ့ ဘယ်လိုများ အရေးယူပါသလဲ ဆိုတော့ .. ဒါက ဌာနတွင်းက ကိစ္စ မို့ အပြင်လူသိခွင့် မရှိပါဘူးတဲ့ ဗျာ ...... ကဲ ......စမ်းချောင်း (၂) က ဆရာမကြီးလည်း အတော်ရယ်စရာကောင်းတာပါပဲ ..... တရားဥပဒေမှတောင်.. .တရားခံကို ဘာပြစ်မှုချသလဲ ဆိုတာ..... ပွင့်လင်းမြင်သာစွာ အများပြည်သူက သိစေရပါတယ်.... အခု ဒီ ဆရာမ ဒေါ်ခင်မျိုးလွင်ရဲ့ အောက်တန်းကျပြီးရိုင်းစိုင်းတဲ့ .. အကြင်နာမဲ့ တဲ့ ... ကလေးတွေအပေါ်ရက်စက်တဲ့ အပြုအမှုတွေ အတွက်..... အရေးယူမှုကို ကာယကံရှင် မိသားစုကတောင် သိခွင့်မရှိဘူးတဲ့လား ....... စမ်းချောင်း (၂) မှ ကျောင်းအုပ်ဆရာမကြီး ဟာ ဒီလောက်ပဲ အသိပညာရှိသလား ..... အတော်ကလေး အံ့သြယူရပါတယ်...... ဒီတစ်ကျောင်းလုံးက ကလေးတွေ ဘ၀က ရင်လေးစရာပါပဲ .....

အခု ကလေးကိုလည်း ကျောင်းမလွှတ်ရဲတော့ပါဘူး ..... တိုင်သင့်တာတွေတော့လည်း တိုင်ထားပါတယ်....... အဓိ ကက တော့ ဗျာ .... ဆရာ ဆရာမ ဆိုတိုင်း ကျွန်တော်တို့ လေးစားမပေး.. ကြည်ညိုမပေး ...အနန္ဒ ဂိုဏ်းဝင်အဖြစ် မသတ်မှတ်ပေးနိုင်တော့ ပါဘူး .... ဒီလို ဒေါ်ခင်မျိုးလွင်လို ...ဆရာမ မျိုးကို .... ဘယ်လို စိတ်နဲ့ ကန်တော့ ရမလဲ ... လေးစားကြည်ညိုရမလဲ .. ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရမလဲ .. ..... မစဉ်းစားတတ်အောင်ပါပဲ .....

ဒီလို ဆရာမမျိုးကို .... ကျွန်ေတာ်တို့ ဆရာမ အဖြစ် ဆက်ခေါ်သင့်ပါသေးလား?

မေးခွန်းတွေရဲ့ အဖြေကို ဒေါ်ခင်မျိုးလွင်ဘယ်လိုဖြေမလဲ ကျွန်ေတာ် တကယ်နားထောင်ကြည့်ချင်ပါတော့တယ်ခင်ဗျာ ...........

BY :လင်းလွန်းညို

စာကြွင်း...

ကျွန်တော် ဒီစာကိုရေးတာ ဖွတယ်လို့ ထင်ကြပါလိမ့်မယ်.... ဟုတ်ပါတယ်.. ဖွပါတယ်....

သမ္မတကြီးနဲ့ ... ဒေါ်အောင်ဆန်းစုကြည်စကားအရ .... နိုင်ငံရဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ... ပြည်သူတွေက ပါ ၀ိုင်းဝန်းပြုပြင်ပေးဖို့ ... ပြောဖူးပါတယ်....

ဒါကျွန်တော့် တော် ပြုပြင်ပေးတာပါပဲ ....

ဖြစ်စဉ်အားပြောပြပေးသော ... ဒေါ် ခင်အိအိတင် အား အထူးကျေးဇူး တင်ပါတယ်.....

သတင်း... သတင်း... တကယ့် သတင်း

ရန်ကုန် ဆိပ်ကမ်းတစ်ခု က ကွန်တိန်နာထဲမှာ လက်နက်များ မိတယ်ဆိုတဲ့သတင်းကိုကြားမိပြီးနောက် ဘာဆိုဘာမှ ထပ်မကြားရတောပါဘူး ...... မြန်မာပြည်က အရေးကြီးသတင်းတွေဟာ ဇာတ်သိမ်းခန်း မပါတဲ့ ရုပ်ရှင်တစ်ကားလိုပဲ အစကလေးကြားရပြီးပျောက်ပျောက်သွားတတ်တဲ့ အစဉ်အလာက ခုထိရှိနေတုန်းပါပဲ ...

ကွန်တိန်နာဆိုတာ .... ပင်လယ်ကုးပြီးပို့ ပေးရတာမို့ တစ်ဘက်က ပို့ တဲ့လူ သို့ မဟုတ် ကုမ္ပဏီရဲ့ အမည် ... လိပ်စာ အကုန်ပါရမှာပေါ့ ... ဒီဘက်က လက

်ခံသူရဲ့ .. အမည်တွေ လိပ်စာတွေလည်း ပါရမှာပါပဲ .... မည်သူက မည်သူ့ကို မသိပို့လိုက်လေသတည်းလည်း လုပ်ရအောင်.... လက်တစ်ဆုပ်စာလောက်ပစ်လိုက်လို့ ရတဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး ......

ဒီတော့ သတင်းတွေ အမှောင်ချနေသ၍ ဒါ ဟာ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံပါလို့ .... လက်ခံထားလို့ မရသေးပါဘူး ....... ကိုယ်စကားနဲ့ ကိုယ့်အလုပ် ညီကြပါစေဗျာ ......

လင်းလွန်းညို

နေနိုင်ရင်နေ.. မနေနိုင်ရင်သွား ..

တစ်ချို့ မူဆလင်မိတ်ဆွေများ (အားလုံးမဟုတ်ပါ တစ်ယောက်စ နှစ်ယောက်စ ) က လည်း ဒီလိုပြောတယ်....

(ငြိမ်းချမ်းရေး အတွက် ဆန္ဒပြတော့ တရားစွဲတယ်..... လူသားချင်းစာနာစိတ်နဲ့ လာရောက်ကူညီချင်သူတွေကို ကန့်ကွက်ဆန္ဒပြတာကျ.... ခွင့်လွှတ်သတဲ့ )

ဒီတော့ .... ဒီလိုမျိုးနောက်နောင်လာပြောကြဦးမယ့် မိတ်ဆွေ တွေကို ပြောပါရစေ ..... ကျွန်တောတို့ ကန့်ကွက်နေတာ အကူအညီပေးမှုကို မဟုတ်ဘူး ရုံးစိုက်တာကို ကန့်ကွက်နေတာဖြစ်တယ်...... ရုံးစိ

ုက်စရာမလိုပဲ .... လူသုံးဆယ်လောက် သေတဲ့ ဒီကိစ္စ ကို ရုံးစိုက်ပြီး ထိုင်စောင့်ကြည့်ချင်တယ်ဆိုတော့ ... ဒီနိုင်ငံက OIC လာပြီးစောင့်ကြည့်ရလောက်အောင်... အချုပ်အချာ အာဏာ မဲ့နေတာ မဟုတ်ပါဘူး ..... နောက်တစ်ချက်ကတော့ ... OIC က ရိုဟင်ဂျာ တိုင်းရင်းသားသတ်မှတ်ရေးနဲ့ ခွဲထွက်ရေး မတောင်းပါဘူး လို့ ဘယ်သူက အာမခံနိုင်ပါသလဲ ..... (မင်းက ဒါကို ဘာသက်သေနဲ့ ပြောနိုင်သလဲ) လို့ မေးလာရင်.... ပြစရာက လွယ်လွယ်လေး .... ထိုင်းနိုင်ငံ တောင်ပိုင်း က .... ခွဲထွက်ရေးတောင်းနေသူ(Abu Yasir Fakri)ကို ပံ့ပိုးပေးနေတာ ကို သွားကြည့်ရင် အသိသာဆုံးပါပဲ ... ဒါထက်ကောင်းတဲ့ သက်သေ ဘယ်မှာသွားရှာမလဲ..... ဒီတော့ ကိုယ်လိုတာတွေ ဆွဲမပြောနဲ့ ဗျာ .... ကျွန်တော်က မြန်မာမွတ်ဆလင်တွေကို အသလွတ်လိုက်တိုက်ခိုက်နေရင်တောင်.... ၀င်ကာကွယ်ပေးခဲ့သူပါ....... အေး တစ်ခုတော့ ရှိတယ်.... ဒီနိုင်ငံမှာနေရင်.. .ဒိနိုင်ငံက ပြည်သူအများစုရဲ့ ဆန္ဒ အတိုင်း ရေးဆွဲထားတဲ့ လူ့ အခွင့်အရေး ဥပဒေနဲ့ ပဲနေရမယ်..... မကျေနပ်ရင်မနေကြနဲ့ ဗျာ ... ဒါပါပဲ ..... ဘယ်သူက မှ တားမထားပါဘူး ......

OIC ရေးဆွဲထားတဲ့ CDHRI ( Cairo Declaration on Human Rights in Islam) ဖတ်ပြီးကြပြီလား ..... သွားဖတ်ကြည့်လိုက်ပါဥိး ..... ပြီးမှ အဲဒီ အတိုင်းနေနိုင်မယ်ဆို .... ခင်ဗျားတို့ ကို ဆော်ဒီ ကနေ ကြိုဆိုနေလား သွားကြည့်လိုက်ဦးပေါ့ ..... ဒါပါပဲ ဗျာ ....

ပြည်သူ့ ဆန္ဒ

ကျွန်တော်တို့ တစ်မျိုးသားလုံး တစ်နိုင်ငံလုံးရဲ့ ကြိုးစားမှု ရလဒ်လို့ ပဲမြင်ပါတယ်... ပြည်သူဆန္ဒသာ အဓိက ဖြစ်ပါတယ်........ တစ်ခုပါပဲ ... မလှိမ့်တပတ်တော့မလုပ်ပါနဲ့ .... ပြည်သူမှာလည်း မျက်စိတွေ နားတွေ.. ဦးနှောက်အကြီးကြီး တွေနဲ့ ပါပဲခင်ဗျာ .... အခုလို ချက်ချင်းထုတ်ပြန်ကြေငြာပေးတာ ..... ၀မ်းသာပါတယ်......