Showing posts with label ညဈေး. Show all posts
Showing posts with label ညဈေး. Show all posts

Sunday, August 5, 2012

ညဈေး အပိုင်း (၇) ဖာတ်သိမ်း

(၁၈)
July 25th ,2000 (MON)
3:00 (AM)
မြောင်းရေများ က …. အောင်မိုး ပါးစပ်တွင်းသို ဝေါကနည်းတိုးဝင်လာသည်…… ရေစီးက တအားသန်သဖြင့် သူဘယ်လိုမှကူးလို့ မရ……
(အား……ဖူး .. ဖရူး)
လူကရေထဲတွင် မြုပ်ချီတစ်ခါ ပေါ်ချီတစ်လှည့်ဖြင့် မျောပါနေရသည်…… မြုပ်သွားသော အချိန်တွေ မြောင်းရေညိုပုပ်ပုပ်များက ပါးစပ်ထဲဒလဟောတိုးဝင်လာပြီး….. ရေစီးနှင့်အတူ အောက်ခြေသို့ ဆွဲခေါ်သွားကြသည်…. ရုတ်တရက်ပြန်ပေါ်လာသော အချိန်ကျ မှထိုရေပုပ်များ ကို ပါးစပ်မှ အန်ထုတ်နိုင်သည်…. ဒါကလည်း ခဏပဲဖြစ်သည်မှုတ်အန်ထုတ်လိုက်ပြီးသိပ်မကြာ ရေပုပ်များ ပါးစပ်ထဲပြန်ဝင်လာကာ .. ပြန်မြုပ်သွားပြန်သည်….. အောင်မိုးကြောက်အားလန့်အားဖြင့်ရုန်းကန်သည်…. တဖြေးဖြေး မောလာသည်.. အသက်ရှုကျပ်လာသည်ရုန်းနိုင်စရာအားက မရှိတော့ ….. တစ်ချက်တစ်ချက်သတိလစ်ချင်သလိုဖြစ်လာသည်….. ထိုအချိန်သူခေါင်းထဲရုတ်တရက်ပေါ်လာသည်ကား ညဦးကတည်းက စိတ်ထဲမှ ရွတ်နေရင် အိပ်ပျော်သွားခဲ့သော သံဗုဒ္ဓေဘုရားရှိခိုးဂါထာပင်ဖြစ်တော့သည်….
စိတ်ထဲ ပေါ်လာသည်နှင့် အောင်မိုးချက်ချင်းရွတ်ပစ်လိုက်သည်နောက်ဆုံးအားကိုးကယ်ရာမဟုတ်လား ….. ဂါထာ တစ်ခေါက်အဆုံးတွင်…. သူ့ကို တစ်ယောက်ယောက်က ဆွဲတင်လိုက်သလို…. ရေပေါ်သို့ တက်လာတော့ သည်…….
(ဘွမ်း…..)
(အားအား .. …. )

Tuesday, July 31, 2012

ညဈေး အပိုင်း ၆

(၁၄)
July 24th ,2000 (SUN)
7:30 (PM)

လောကတွင်မည်သူ့ကို မှမစောင့်သူသည် နေမင်းကြီးသာဖြစ်လိမ့်မည်ထင်သည်…… နေသည် သူ့အချိန်အတိုင်းစောင်းလာခဲ့လေပြီ…… ဒေါ်မော်မော်တို့ သားအမိလည်းကြောက်ကြောက်လန့်လန့်နှင့် ပြန်သွားကြပြီ…..
အောင်မိုး အတော်စိတ်ညစ်နေသည်….. အိမ်တွင် သူ တစ်ယောက်တည်း လူကြီးလိုဖြစ်ကျန်နေခဲ့သည်မဟုတ်လား.......အမေဖြစ်သူက တစ်ချိန်လုံးငူငူငေါင်ငေါင်ဖြစ်နေသည်…… သူလည်း ဘာမှမတတ်နိုင် ကွန်ပျူတာ ရှေ့မှာသာ ထိုင်နေမိတော့ သည်… ဘာလုပ်ပေးရမှန်းလည်း မသိ…… ဒီတစ်ညတော့ အတော်ကလေးဖြတ်ကျော်ရပေဦးတော့မည်….

(သားရေ…. သားဘာတွေလုပ်နေလဲ )

ဒေါ်မေကြည်အောင်အမေးကြောင့် အောင်မိုး ဒေါ်မေကြည်အောင်ကိုလှည့်ကြည့်မိသည်….. တစ်နေကုန်ရေမချိုးထားသော …ဆံပင်များ ပွင်ယောင်းဆုတ်ဖွာနေသော ဒေါ်မေကြည်အောင်သည် .. သူ့အမေမှ ဟုတ်ပါလေစ…. ဟုတွေးမိသည်…

(သား.. ကျောင်းပြိုင်ပွဲအတွက် … ပုံဆွဲနေတာလေ အမေရဲ့ )


ညဈေး အပိုင်း ၅


(၁၁)

July 24th ,2000 (SUN)
10:33 (AM)

(တင်း…. တောင်)

(ဟော….. မော်မော်တို့ လာပြီထင်တယ်….)

ကျန်နေသေးသော ငါးခူများကို ဆေးကြောမနေတော့ပဲ…… ရေခဲသေတ္တာအတွင်း ပြန်ထည့်ခဲ့လိုက်ပြီး

(လာပြီ…..လာပြီ….. )

ဟုအော်ကာ …..သူမအိမ်ရှေ့ တံခါးနားသို့ရောက်သွားသည်…..ချောင်းကြည့်ပေါက်မှ တစ်ချက်တော့ ကြည့်လိုက်မိသေးသည်….. မော်မော်နှင့် သူ့သမီးလေး….သေချာ မှ ပဲ...တံခါးကို ဖွင့်ပေးလိုက်သည်….

(ဟယ်…….မေကြည်ရယ်….နင့်မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ)

ဝင်ဝင်ချင်း မော်မော့်စကားကြောင့် ဒေါ်မေကြည်အောင်ဘာပြန်ဖြေရမှန်းမသိ…….. ပြောမနာဆိုမနာသူငယ်ချင်းများ မို့ပင် ဒေါ် မော်မော်ကလည်း အားမနာစွာဝေဖန်ပစ်လိုက်ခြင်းဖြစ်သည်…..

(ဟင်.. ငါ့မျက်နှာ…..ငါ့မျက်နှာက ဘာဖြစ်နေလို့တုန်း)

(မသိဘူး ငါ့စိတ်ထဲ….. တစ်မျိုးကြီးပဲဟ…….ပိုရင့်လာသလိုပဲ…ရင့်လာတာလဲမဟုတ်ဘူး…မပြောတတ်ဘူးဟာ ….. အဘိုးကြီးတွေလို အိုအိုကြီးဖြစ်နေတယ်…. ငါ့စိတ်ထဲထင်နေတာ)


ညဈေး အပိုင်း ၎

(၉)

July 24th ,2000 (SUN)
8:20 (AM)

အေးခဲနေသော…ငါးခူများကို ရေခဲသေတ္တာထဲမှထုတ်လိုက်ပြီး……အိုးတစ်လုံးအတွင်းရေပျော်သွားစေရန် ရေစိမ်ထားလိုက်သည်….. ကြက်သားများကိုလည်း ထို့ အတူပဲ ရေစိမ်ထားရသည်…..
ညက ကောင်းကောင်းအိပ်မပျော်သဖြင့် …. ခေါင်းက သိပ်မကြည်လင်….. ရေခဲသေတ္တာမှ တစ်ညလုံး အသံမြည်လိုက် ရပ်လိုက်ဖြစ်နေခဲ့သည်….အိပ်မက်ဆိုးများကြောင့်လည်း ပါပါသည်…….ညက တွေ့ခဲ့သော အသားစကိစ္စကိုလည်း … သူမ ဘယ်သူ့ကို မှ မပြောရဲပေ……ပြောရအောင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးနှင့် ပြောရမည်ကို စဉ်းစားလို့ မရ…….သားနှစ်ယောက်ကို ပြောပြန်လျှင်လည်း … ပိုကြောက်ကုန်လျှင် ဘာမှမဟုတ်ပဲ ပြဿနာဖြစ်ဦးမည်….. ထို့ကြောင့်ပင်သူမ ဘယ်သူ့ကို မှပြောမပြဖြစ်ပဲ ဒီအတိုင်းထားလိုက်သည်….ယခုမနက်ကျတော့ ရေခဲသေတ္တာမှ အသံမမြည်တော့ပေ…..ပြီးသည့်ကိစ္စကိုဒီအတိုင်းပဲပြီးထားလိုက်ချင်သည်….အလုပ်မရှုပ်ချင်တော့…..

ထို့ကြောင့် ယနေ့လာမည် သူမသူငယ်ချင်း မော်မော်အတွက်သာ ဟင်းချက်ပြုတ်ရန်စီစဉ်ရတော့သည်…

(အမေ…… ဘာစားဖို့ ရှိလဲ…. သားဘာသွားဝယ်ပေးရမလဲ)

အောင်မိုးနိုးလာပြီး သူမကို အိပ်ချင်မူးတူးဖြင့် လာမေးနေခြင်းဖြစ်သည်…..

(သားဘာစားချင်လဲ စားချင်တာကို သွားဝယ်လိုက်လေသားရယ်…. အငယ်လေးကို လည်း တစ်ချက်မေးလိုက်ဦး…)

အောင်မိုးလည်း….. သားအငယ် သုထိုက်မောင် အိပ်နေရာ အိပ်ခန်းတွင်းသို့ ၀င်သွားသည်…..

(ညီသု… ထဦး….. ကိုကြီးအောက်ဆင်းပြီး မုန့်သွားဝယ်မလို့ ဘာစားမှာလဲ…...နန်းကြီးသုတ်စားမလား .. မုန့်ဟင်းခါးစားမလား)

(နန်းကြီးသုတ်စားမယ်ကိုကြီး……. )

(အေးအဲဒါဆိုလည်း ထတော့ သွားတိုက်မျက်နှာသစ်….. ပြီးရင် အိမ်ရှေ့
ဧည့်ခန်းမှာ ဖုန်သုတ်စရာရှိတာ သုတ်ထား…..တော်ကြာ နေ့လည် မပြီးရင် အမေက ပေးမကစားပဲနေဦးမယ်…)

ဟုပြောကာ ဗီဒို အံဆွဲအတွင်းမှ ပိုက်ဆံကို ယူလိုက်ပြီး အောင်မိုး မုန့်ဆင်းဝယ်ရန်ထွက်လာလိုက်သည်…….သူတို့ အိမ်တွင်…..အားလုံးကိုယ့်တာဝန်ကိုယ်ယူကြရသည်…. အိမ်သန့်ရှင်းရေးကိုလည်း … ဒေါ်မေကြည်အောင်မှပင် ခွဲတမ်းချပြီးလုပ်စေသည်…… ခြောက်နှစ်သားလည်း ကိုယ့်တာဝန်လေးနှင့်ကိုယ်ဖြစ်သည်…… အိမ်ရှေ့ ဧည့်ခန်းစားပွဲမှ ဓာတ်ပုံအယ်လ်ဘန်များနှင့် စာအုပ်များ စီခြင်းနှင့် ဖုန်သုတ်ခြင်းတို့ ကို လုပ်ကိုင်စေသည်……အလုပ်ပြီးမှ ကစားစေသည်…. ယောင်္ကျားလေးများချည်းမွေးထားပြီး ဘာမှမတတ်ဟု မဖြစ်စေရ… အချက်အပြုတ်က အစ ဒေါ်မေကြည်အောင်က သင်သည်…… ထိုသို့ ကိုယ့်တာဝန်နှင့်ကိုယ် ခွဲဝေယူထားသဖြင့်လည်း သူတို့ အိမ်လေတွင် အိမ်ဖော်ဒုက္ခကို မခံကြရပဲ….. အေးအေးလူလူ နွေးနွေးထွေးထွေးနေနိုင်ကြခြင်းဖြစ်သည်……

ဒေါ်မေကြည်အောင်…..ကြက်သားမျာ ကို ဆေးကြောနေလိုက်သည်……. မျက်လုံးများ က ကျိန်းစပ်နေပြီး….. ခေါင်းထဲမှာလည်း အတော်နောက်ကျိကျိဖြစ်နေ၏…… ကြက်သားကိုငရုတ်သီးစိမ်း စပါးလင်တို့ နှင့် ရခိုင်ချက်လေး ချက်ပြီး…ငါးခူကို တော့ ကြော်လိုက်မည်ဟု စိတ်ကူးထားသည်…….. ဒေါ်မေကြည်အောင် ကြက်သား တုံးများ မှ ကပ်ကျန်နေသည့် အမွှေးနုများ ကို နှုတ်ရင်း .. အရိ အယွဲများကို ဆေးကြောနေစဉ်…..
သူမစိတ်ထဲတစ်မျိုးဖြစ်လာသည်……. တစ်စုံတစ်ယောက်က သူမ နောက်မှရပ်ကြည့်နေသည်ဟုထင်ခြင်းဖြစ်သည်….. သူမစိတ်ကိုက ခြောက်ခြားနေတာလည်း ဖြစ်နိုင်သည်…. လှည့်ကြည့်လိုက်ဖို့ ကျတော့လည်း မကြည့်ရဲ….. မျက်လုံးကို တစ်ချက်မျှထောင့်ကပ်ပြီးကြည့်လိုက်၏….. ဟုတ်သည်….မီးဖိုချောင်တံခါးဝတွင်သူမကို ရပ်ကြည့်နေတာ သေချာနေပြိ…… မြင်နေရလို့ တော့ မဟုတ်…. သူမစိတ်က တပ်အပ်သိနေခြင်းဖြစ်သည်…..

(ရှပ်….. ရှပ်…. ရှပ်……ရှပ်)

ရပ်နေသူသည်…. သူမထံဖြေးဖြေးချင်းလျှောက်လာသည့်ခြေသံဖြစ်သည်…… သူမဇောချွေးများပျံလာသည်……. မတတ်နိုင်လှည့်ကြည့်မှကို ဖြစ်မည်……အနားသို့ အဆုံးကပ်လာလျှင်သူမအတွက်ကာကွယ်ချိန်မရှိဖြစ်သွားနိုင်သည်…..

(ရှပ်…. ရှပ်…. ရှပ်… ရှပ်)

. ဖြစ်ချင်ရာဖြစ်ဟု စိတ်ထဲတွေးကာ … သူမစိတ်ကို ဒုံးဒုံးချလိုက်သည်……အသက်ရှုရတာ ပိုခက်ခဲလာသည်….. သက်မြင်းမောများစွာက တဟူးဟူးနှင့် ဖြစ်နေသည်…… တွေ့ချင်ရာတွေ့စမ်းဟာ…

ကဲ…… ၀ုန်း….. ဂလုံး ဂွမ်း….. ဂျလွမ်း…..

သူမ အားနှင့်လှည့်ချလိုက်ခြင်းကြောင့် ဘေစင် ဘောင်ပေါ်တွင် တင်ထားသော ကြက်သား ဆေးပြီးသားများ ထည့် သည့် စတီးဇလုံအားလက်နှင့် တိုက်ချလိုက်မိခြင်းဖြစ်သည်…..

သူမမြင်လိုက်ရသည်က … သူမကို အိပ်ချင်မူးတုနှင့်ကြည့်နေသော သားအငယ် သုထိုက်ဖြစ်သည်….. နောက်ဖေးစီးရာဘာဖိနပ်ကြီးကို စီးထားသဖြင့်….. ဖိနပ်သံကို ကြားနေရခြင်းသာ…….သူမသက်ပြင်းကို မှုတ်ထုတ်လိုက်၏…..…

(မေကြီး… ဘာဖြစ်နေတာလဲ…. သားက ရှုးပေါက်မလို့ ၀င်လာတာ)

(ဘာမှမဖြစ်ပါဘူးသားရယ် … သားငယ်က အသံမပေးဘာမပေးနဲ့ လာတော့ မေမေ လန့်သွားတာပါ…..သားကဟိုဘက်ခန်းအိမ်သာမှာပေါက်လည်း ရလျက်သားနဲ့….ဘာလို့ ဒီမီးဖိုအိမ်သာကို လာတာလဲသားရဲ့)
သုထိုက်က မချိသွားဖြဲလေးဖြင့်…

(ဟီး… သားသား ကြောက်လို့ မေကြီးရဲ့… )

(ဟင်… သားက ဘာကိုကြောက်ရတာလဲ)

(ညက သားအိမ်မက်ထဲ သားအိပ်ရာကို လာလုတဲ့ အဖိုးကြီးနဲ့ မဲမဲကောင်ကြီးကိုလေ…. )

သူမ ကြက်သေသေ သွားမိသည်….. ဘာဆက်ပြောရမှန်းပင်မသိတော့ …… သူမအိမ်မှာ တစ်ခုခုဖြစ်နေတာတော့ သေချာနေပြီ……. သူမဘာလုပ်ရမည်နည်း…. ဒီလိုမျိုး အိမ်မက်ကို ဘယ်နည်းနဲ့ မှ သားအမိနှစ်ယောက်ပြိုင်တူမက်စရာမရှိ…….

(သားက .. အိမ်မက်ထဲမှာ ဘယ်လိုမက်လို့ တုန်း)

(သိပ်တော့ မမှတ်မိတော့ဘူးမေမေရဲ့ ….. သားအိပ်နေတုန်းသားကို လာနှိုးတာ….အကောင်မဲမဲကြီးကလေ…သူလည်း အိပ်ချင်လို့ဖယ်ပေးပါတဲ့…. သူအဖိုးကလည်း သားကိုဖယ်ခိုင်းတယ်…. ပြီးတော့ သူအဖိုးက တစ်ကိုယ်လုံး ရေတွေစိုရွဲနေတာပဲ မေမေရဲ့….. သားကလည်း ဒါငါ့အိပ်ရာမပေးဘူးလို့ ပြောလိုက်တယ်……လိုချင်ရင်… ငါ့မေကြီးဆီတောင်းလို့ပြောလိုက်တယ်တဲ့…. ဟဲဟဲ … သားက အိမ်မက်ထဲမှာ သတ္တိရှိတယ်နော်….အပြင်မှတော့ ရှိဘူးမေကြီးရဲ့ … ဟီး ကြောက်တယ်… )

ဒေါ်မေကြည်အောင်မောရပါပြီ………

သူမဘာဆက်လုပ်ရတော့မည်နည်း….. အရေးကြီးသည်က သားတွေမကြောက်ဖို့ ဖြစ်သည်… သူမသားတွေ မထိခိုက်အောင်တော့ သူမ အစွမ်းကုန်ကာကွယ်မှဖြစ်မည်….. ဘုန်းကြီးသွားပင့်ရင်ကောင်းမလား ….. မဖြစ်သေး ….. ခုဟာက ဘာမှ ဖြစ်သေးတာတော့ မဟုတ်…. ပြီးတော့ ဒိနေ့ မော်မော်တို့သားအမိကလည်း လာဦးမည်…. မနက်ဖြန်တင်္နလာနေ့မှပဲ ဘုန်းကြီးဆွမ်းကပ်ရင်း အန္တရယ်ကင်းပရိတ်ရွတ်ပေးဖို့ လျှောက်၇တော့မည်……ဟုတ်တယ် မနက်ဖြန် လုပ်မယ်….. ဟုတွေးလိုက်ပြီး….

(သားရယ်.. အိပ်မက်မက်တာပဲ .. တကယ်ရှိတာ မှမဟုတ်တာနော်….. သားသားကြောက်ရင်လည်း ဒီဘက်အိမ်သာပဲသွားလေနော်… ပြီးရင် မေမေ့နားမှာပဲနေ….မေမေရှိနေရင် သားတို့ကို ဘယ်သူမှထိလို့ မရဘူး နော်… သားမေမေ့ကို ယုံတယ်မဟုတ်လား.. )

(အင်း….. ယုံတယ်… ဒါပေမယ့် ခုတော့ သားရှုးသွားပေါက်လိုက်ဦးမယ်… ရှုရှုးက ထွက်တော့မှာမေမေရဲ့)

ဟုပြော၇င်း…သုထိုက်တစ်ယောက် ဖင်ကလေး လိမ်ကျစ်လိမ်ကျစ်နှင့် အိမ်သာဆီလျှောက်သွားတော့သည်…သူမ… သားငယ်လေ၏ ကျောပြင်ကိုကြည့်ရင်း… သက်ပြင်းချလိုက်မိ၏…. ထိုနောက်ပြုတ်ကျနေသော ကြက်သားဖတ်များကို ပြန်ကောက်ရေဆေးရန်လုပ်ရပြန်သည်…. ထိုစဉ်….

(တင်း.. တောင်)

အိမ်ရှေ့မှ ဘဲလ်တီးခြင်းဖြစ်သည်…… သားကြီး မုန့်ဟင်းခါးဝယ်ရာမှပြန်လာပြီထင်သည်….. အိမ်ရှေ့ တံခါးသို့ ထမင်းစားခန်းမှဖြတ်ကာ…သွားလိုက်သည်….. ထိုစဉ် water cooler နားအရောက်…. ဧည့်ခန်းသို့ လှမ်းကြည့်လိုက်စဉ်…. မနေ့ညက အိပ်မက်သော မြင်ကွင်းကို ပြန်မြင်လာပြန်သည်…အာ….. မဟုတ်ပါဘူး… မဟုတ်ဘူး….. ဒါအိပ်မက်ပဲ…. ဒီလိုပဲတိုက်ဆိုင်တာရောမဖြစ်နိုင်ဘူးလား…. ပြောနေရင်း ရေခဲသေတ္တာဘက်သို့ တစ်ချက်ကြည့်လိုက်မိသည်….. ရေခဲသေတ္တာမှ… ဘာသံမှတော့ မမြည်တော့……. ရေခဲသေတ္တာကြီးကို ကြည့်ရသည်မှာ…. ခေါင်းတလားကြီး လိုပင်စိတ်ထဲမှထင်လာမိသည်……. ဟင်… ငါစိတ်တွေဟာလေ….

(တင်း… တောင်)

ဘဲလ်ထပ်မြည်လာခြင်းဖြစ်၏….. သူမစောစောက ထမင်းစားခန်းတွင်ရပ်ပြီး ကြောင်တောင်တောင်ဖြစ်နေခြင်းသာ…… ဘဲလ်သံကြားမှ….. အောင်မိုးကို တံခါးဖွင့်ပေးရန်သတိရလိုက်သည်….. အိမ်ရှေ့ရောက်သောအခါ…. ချောင်းကြည့်ပေါက်မှချောင်းကြည့်လိုက်သည်….. အောင်မိုးက မုန့်ဟင်းခါးနှင့် နန်းကြီးသုတ်ထုတ်များ ကိုင်ကာရပ်နေသည်ကို တွေ့ရသည်…… တံခါးကို ဖွင့်လိုက်တော့…

(အမေကလည်း ကြာလိုက်တာ … ဘဲလ်သံမကြားဘူးလား)

(အင်း.. ဟုတ်တယ် သားရယ်.. နောက်ဖေးကဆိုတော့ ..မကြားတာပါ… )

(အမေ့အတွက်လည်းမုန့်ဟင်းခါးပဲဝယ်လာခဲ့တယ်….. အငယ်ကောင်ကတော့ နန်းကြီးသုတ်တဲ့ …. သားပန်းကန်ထဲထည့်လိုက်ဦးမယ် အမေ..)

(အေးအေး…….သား… ညက အိပ်မက်တွေ ဘာတွေမက်သေးလား)

တံခါးကို ပိတ်လိုက်ပြီး သူမသားနောက်မှလိုက်လာရင်း မေးလိုက်ခြင်းဖြစ်သည်…

(အင်း… မက်တယ် အမေ….. အိပ်မက်ကတော့ မကောင်းဘူးအမေရယ်…. )

ဟင်… ဒါဆိုသူမသားကြီးလည်း မက်ပြိပေါ့….

(ပြောစမ်းသား….အမေ့ကို ပြောစမ်း… ဘယ်လိုမက်တာလဲ….. )
သူမ အမောတကော မေးမိသည်…….

(သား…….. ရှေ့တပတ်ကွန်ပျူတာ ပန်းချီပြိုင်ပွဲဝင်ဖို့ …… ပြိုင်ပွဲခန်းထဲရောက်မှ…. သားကွန်ပျူတာကြီးက ဘာမှ တက်မလာလို့ ……မပြိုင်လိုက်ရဘူးတဲ့ မေမေရယ်…… ဆရာမကြီးကလည်း သားကို အသေဆူတာတဲ့ … ဟွန်း … မုန်းစရာကောင်းလိုက်တဲ့ အိမ်မက်ကြီး… )

အောင်မိုးက …. မုန့်ဟင်းခါးနှင့် နန်းကြီးသုတ်များ ကို ပန်းကန်ထဲသို့ ပြင်ထည့်နေရင်း… တဗျစ်တောက်တောက်လုပ်နေသေးသည်… ဟူး တော်ပါသေးရဲ…... သူမ သက်ပြင်းတွေချမိရတော့သည်….. ဒီကနေ့ တစ်မနက်လုံးသည်… သက်ပြင်းများနှင့်သာ သူမအတွက်ပြည့်နှက်နေခဲ့သည်……ဟုတ်ပါသည်…အောင်မိုး က… လာမည့် ရှေ့ တစ်ပတ်ထဲတွင် အလယ်တန်းအဆင့်ကွန်ပျူတာ ပန်းချိပြိုင်ပွဲဝင်ရန်ရှိသည်…. အိမ်မှာလည်း လေ့ကျင့်နေသည်…. ဒီနေ့လည်း တစ်နေကုန်သူလေ့ကျင့်မှာမို့ …. လာမနှောက်ယှက်ရန်ပြောထားပြီးသားဖြစ်၏…….တင်္နဂနွေဒီတစ်ရက်ပဲအားတော့ သည်မို့ ….. ဒိနေ့ကို အပြည့်အ၀လေ့ကျင့်မည်ဟုကြွေးကြော်ထားသည်…. ဟုတ်လည်း ဟုတ်သည်…..ကျောင်းရက်တွေကျတော့လည်း…. သူ့ခင်မျာ.. ကျူရှင်က တစ်ဘက်….. ကျောင်းကတစ်ဘက်… ညမိုးချုပ်မှ အိမ်ပြန်လာလို့ မနားရသေး… ကျောင်းအိမ်စာ .. ကျူရှင်အိမ်စာများ နှင့် ပြည့်နှက်နေတတ်သည်….ထိုကြောင့် ဒီနေ့ကို သူ့အား မည်သည့်အလုပ်မှမခိုင်းရန်…. မည်သည့်အနှောက်အယှက်မှမပေးရန် ပြောထားခြင်းဖြစ်၏…. ထိုစဉ်… နောက်ဖေး တံခါးဝမှ… သုထိုက်မောင်တစ်ယောက် ထွက်လာသည်……

(သားငယ် ရှုးပေါက်တာ ကြာလှချည်လား…..)

(အီအီးပါပါနေတာ မေမေရဲ့… )

(ကဲ လက်ဆေး…ဆပ်ပြာနဲ့ စင်စင်ဆေးပြီး… ပြီးရင် နန်းကြီးသုတ်လာစားတော့ …. )

ပြောလည်းပြော သူမလည်း လက်ဆေးပြီး… ထမင်စားပွဲတွင်ဝင်ထိုင်လိုက်သည်……မုန့်ဟင်းခါးပန်းကန်ကို နယ်ဖတ်နေလိုက်သည်……. မုန်ဟင်းခါးနယ်နေရင်း…..

(ဒါဆိုင်တော့ … သားငယ်နဲ့ ငါနဲ့ အိပ်မက်ချင်းတိုက်ဆိုင်တာ နေမှာပါ……ပြီးတော့ ငါ့စိတ်ကို ခြောက်ခြားနေတာလည်း ဖြစ်မယ်…. စောစော ကတင်…. သားငယ်မီးဖိုထဲဝင်လာတာကို ငါစိတ်ချောက်ခြားနေခဲ့သေးတာပဲ…. အင်း …… ဘာမှ မဖြစ်တော့ပါဘူး….. စိတ်ကို ပေါ့ပေါ့ပါးပါးထားတာအကောင်းဆုံးပဲ….. စိတ်ရှင်းသွားအောင် ….သားနှစ်ယောက်ကို ပရိတ်ေ၇တိုက်ထားလိုက်မယ်….. ဒါမှ အန္တရယ်ကင်းမှာ…ခုလည်း အားလုံး ပုံမှန်ပဲဟာ… ငါစိတ်ချောက်ခြားနေတာနေမှာပါ…ရေခဲသေတ္တာကလည်း ဘာသံမှ ထွက်တော့တာမှမဟုတ်ပဲလေ….ညက အသားစကလည်း ငါ ငါးထုတ်သည်လာတော့ ငါးထုတ်မှာကပ်ပါလာတဲ့ အသားစက.. မီးဖိုခန်းမှာ ကျနေရာက ခြေထောက်နဲ့ နင်းမိပြီး အိပ်ခန်းထဲထိ…ပါလာတာဖြစ်မှာပါ…. .အင်း…ည ကအိပ်မက်ကြောင့်. စိတ်ခြောက်ခြားတာပါ….. .)

ဟုတွေးနေမိသည်……… စိတ်ထဲလည်း အတော်ပေါ့ပါသွားသည်….. သားကြီးအောင်မိုးက..

(အမေ.. နယ်ချည်းပဲမနေနဲ့ ဦး … မုန်ဟင်းခါးတွေပွကုန်တော့မယ်… စားတော့လေ… အေးကုန်ရင်လည်း စားမကောင်းဘူး )

(အေးပါသားရယ် အမေအတွေးလွန်နေလို့ပါ…… စားစား သားတို့လည်း စားတော့ …)

သူမလည်း မုန့်ဟင်းခါးတစ်ဇွန်းခပ်ကာ…. စားလိုက်သည်……….ထိုမုန့်ဟင်းခါးတစ်လုတ်မှဝါးလို့ မဆုံးသေး…..

ဂရုန်းရုန်း ရနုး ရုန်း…. ဂရုန်း….

ရေခဲသေတ္တာတစ်ခုလုံး သိသိသာသာ လှုပ်ခါပြီး မြည်ခြင်းဖြစ်သည်….. ဒါ…

ဒါဆို….. သူတို့ ရှိနေသေးသည်လား…… တကယ်ရှိနေသေးသည်တဲ့လား…

ဒေါ်မေကြည်အောင်ထိုင်မနေနိုင်သော .. .ဘုရားစင်သို့ ပြေးကာ……. ပရိတ်ရေသွားယူရတော့သည်…...

(၁၀)

July 24th ,2000 (SUN)
9:00 (AM)

ပရိတ်ရေများကို …… သားနှစ်ယောက်လုံးကိုလည်း တိုက်သည်…. သားတို့ မျက်နှာများ ကိုလည် ဖြန်းပေးသည်…..
တစ်ကိုယ်လုံးကိုလည်းဖြန်းလိုက်သည်…… ရေခဲသေတ္တာသို့လည်း ဖြန်းသည်… ပရိတ်ရေဖြန်းနေတုန်းတော့ ရေခဲသေတ္တာမှ ဘာသံမှ မမြည်…… ထို့ နောက် အိမ်တံခါးဝကိုလည်း ဖြန်းသည်… ဧည့်ခန်းထဲကိုလည်း ဖြန်း….. အိပ်ခန်းထဲပါဖြန်းလိုက်သည်…ပရိတ်ရေဖြန်းသည်မှာတစ်အိမ်လုံးနီးပါးပဲဖြစ်သည်…..…. ထို့ နောက် ပရိတ်ကြိုးများ ယူကာ သားနှစ်ယောက်လုံး ……လည်ပင်းမှာဆွဲပေးလိုက်သည်…….. ခုလောလော ဆယ်တော့ သူမလုပ်နိုင်တာ ဒါအကုန်ပဲဖြစ်သည်….

အောင်မိုးက

(အမေ ဘာတွေလုပ်နေတာလဲ )

(မဟုတ်ပါဘူးသားရယ်….. အန္တာရယ်…ကင်းအောင်လို့ပါ…. )

(အန္တရယ်….. အန္တာရယ်ရှိရအောင် သားတို့ အိမ်က ဘာဖြစ်နေလို့လဲ)

ဟုတ်သားပဲ ခုမှ သတိရသည်…… သားတွေ ကြောက်သွားလို့ မဖြစ်……

(သြော် ဒီနေ့ က တနင်္ဂနွေနေ့လေ… သားမွေးရက်မဟုတ်လား… အဲဒါကြောင့် အိမ်ကို မင်္ဂလာရှိအောင် သားတို့လည်း မင်္ဂလာရှိအောင်လုပ်ပေးတာ… )

အတော်ပြေပြေလည်လည်ပြောယူရသည်…… လူငယ်လေးမို့ အစစ အရာရာ စူးစမ်းတတ်သည့် အရွယ်လည်း ဖြစ်သဖြင့် …. အကုန်လိုက်မေးနေခြင်းဖြစ်သည်…..

(ကဲ… ဒီလိုဆိုရင်တော့ …. အဆင်ပြေလောက်ပါပြီ…. ထမင်းဟင်းသွားချက်မှ…… ခဏနေ ဟိုသားအမိကလာဦးမှာ.... ပြီးမှရေခဲသေတ္တာ ကို ...ပြင်ဖို့ လူခေါ်ရမယ်... အင်းလေ .. ဟုတ်ပါတယ်.. စက်ပစ္စည်းပဲ ချွတ်ယွင်းမှာပေါ့..... ဒါစက်ပစ္စည်းပိုင်းက ပျက်တာပဲနေမှာပါ... )

သူမဟာ သူမတွေးမိပြီး ပရိတ်ရေနှင့် ပရိတ်ကြိုးများ ကို ပြန်သိမ်းလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးရတော့ သည်……..

ဒုတ်…. (အား…. )

ရုတ်တရက် …. မီးဖိုချောင်ထဲသို့ လှမ်း အ၀င်….. ကြမ်းပြင်မှ အနည်ငယ်မြင့်ထားသော တံခါးဘောင်နှင့် ခြေမသွားတိုက်မိခြင်းဖြစ်၏….. နာလိုက်သည့်ဖြစ်ခြင်း….. သူမ သတိလက်လွတ်ကြမ်းပြင်တွင်ထိုင်ချလိုက်မိသည်….
သူမခြေမကို ငုံကြည့်မိ၏်…. ခြေမကွဲမသွားသော်လည်း …. ခြေမထောင့်စွန်းမှ သွေးအနည်းငယ်တော့ထွက်နေသည်… ခြေမကို ကြည်နေရင်း… သူမ အမြင်က ၀ိုးတ၀ါးဖြစ်လာသည်…. တစ်ချက်တစ်ချက် သူမခြေမကို မမြင်ချင်သလိုဖြစ်လာသည်…. တစ်ချက်တစ်ချက်တော့ လည်း ကြည်ကြည်လင်လင်မြင်နေရသည်……

(အမေ… အမေ… အမေဘာဖြစ်သွားတာလဲ …. )

အောင်မိုးက သူမ ထိုင်ချလိုက်ပြီး အော်သံကို ကြားသဖြင့် ပြေးလာခြင်းဖြစ်သည်… သားအငယ်လည်း ဧည့်ခန်းထဲမှ ထွက်လာသည်

(မဟုတ်ပါဘူး သားရယ်…. အမေခြေထောက်နဲ့ အုတ်တံခါးဘောင်နဲ့ တိုက်မိတာပါ…. )

(သွေးတွေနဲ့ အမေရဲ့ နေဦး သား ပလာစတာ သွားယူပေးမယ်… အရက်ပြန်နဲ့ ဆေးလိုက်ပြီးရင် ပလာစတာကပ်လိုက်မယ်…)

သားကြီးက ပလာစတာနှင့် အရက်ပြန်ယူလာပြီး သူမကို အနာဆေးကာ ကပ်ပေးသည်……. ထို အနာဆေးထည့်ပေးပြီး ကပ်နေတာကိုကြည့်ရင်း….

(သား… အမေ့ကိုလည်း အမေ့ အဖေက ခုလိုပဲ ဟိုးအရင်တုန်းက ဆေးထည့်ပေးဖူးတယ်သားရဲ့ .. လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်ကပေါ့)

ဟုပြောလိုက်မိသည်….. ပြောလိုက်ပြီးမှ သတိရသည်…. သူမအဖေသည်.. သူမကို တစ်ခါမှဒိလိုဂရုတစိုက်ရှိဖူးတာ မဟုတ်….. ဘာလို့ သူမဒီစကားကို ပြောလိုက်မိမှန်းမသိ… ဒါပေမင့်…. သူမကို လွန်ခဲ့သည့် နှစ်သုံးလေးဆယ်က ဒိလိုပုံမျိုးနဲ့ ပဲဆေးထည့်ပေးခဲ့ဖူးသည်ဟု စိတ်ထဲမှတပ်အပ်သိနေမိသည်…

သူမသားကြီးကတော့ ဘာမှမပြော….

(အင်း ဟုတ်မှာပေါ့အမေရယ်… အဖိုးကိုလည်း သားက သေချာမြင်ဖူးလိုက်တာမှမဟုတ်တာ… )

ဟုဆိုကာ.. သူမကို တွဲထူးပေဖို့လုပ်သည်…. ဖြေးဖြေးချင်းထယူရသည်…. ထိုနောက် သူမ မတ်တပ်ထရပ်တော့ ….
သူမခေါင်းထဲ နောက်တောက်တောက်ဖြစ်နေသည်ကိုသတိထားမိသည်…
ခြေမကိုတစ်ဖန်ပြန်ငုံကြည့်ပြန်သည်….သူမစိတ်ထဲတစ်မျိုးကြိးဖြစ်နေသည်…… ဟိုလိုလို ဒီလိုလိုကြီးဖြစ်သည်….. သူမ အိမ်ခန်းကို ပြန်ကြည့်လိုက်မိသည့် အချိန်တွင်…. ဒီအိမ်မှာ သူမနေလာတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိနေသယောင် စိတ်ထဲဖြစ်နေ၏……

(ဟင်… ငါ့စိတ်တွေ… ဘယ်လိုကြီးဖြစ်နေပါလိမ့်…. မဟုတ်သေးပါဘူး… ငါဒီအိမ်ပြောင်းတာ … ခုမှနှစ် နှစ်သုံးနှစ်ပဲရှိသေးတာကို….. ဘာလို့ … အိမ်ဟောင်းကြီးတစ်ခုလို့ လာထင်နေရတာလဲ)

စိတ်ထဲတွင် စိတ်က နှစ်ခွဖြစ်နေသည်…. ခေါင်းကလည်း ကြည်လာလိုက်နောက်သွားလိုက်နှင့်……….. သူမ ထော့နင်းထော့နင်းနှင့် သာ မီးဖိုခန်းထဲဝင်လာမိတော့သည်…….. မော်မော်တို့ သားအမိလည်း ဆယ်နာရီလောက်ဆိုရောက်တော့မည်…. ဟင်းတော့ ပြီးအောင်ချက်ဦးမှ……အင်း…နောက်ဆိုသတိလေး ကပ်ထားမှပဲတော်ကာကျမယ်……. မဟုတ်လို့ နောက်တစ်ခါဒါမျိုးထပ်တိုက်လျှင် မလွယ်…..

သူမ စောစောကလေးထဲက သတိထားလိုက်ဖို့ ကောင်းပါသည်…သူမ

တစ်ချက်ကလေး သတိမေ့သွားခဲ့ခြင်းဖြစ်သည်…..

ဒီတစ်ခုကလေးသာ မေ့သွေားခြင်းဖြစ်ပါသည်……

သူမ မေ့နေခဲ့သည်က …….သားသမီးဇောကြောင့်….. ကလေးနှစ်ယောက်လုံးနှင့် တစ်အိမ်လုံးကို သာ ပရိတ်ရေ တိုက်လည်းတိုက် … ဖြန်းလည်း ဖြန်းခဲ့သော်လည်း….
သူမ ကိုယ်တိုင် ပရိတ်ရည်သောက်ဖို့ မေ့သွားခဲ့ခြင်းဖြစ်သည်……သူမကိုယ်သူမ ပရိတ်ရေဖြန်းဖို့ မေ့သွားခဲ့ခြင်းဖြစ်ပါသည်….

ဒီတစ်ချက်တည်းသာ ဖြစ်ပါလေတောာ့သည်……………………………………………..

ဆက်ရန်.....

ညဈေး အပိုင်း ၃

(၇)

July 24th ,2000 (SAT)
2:48 (AM)

သူမရုတ်တရက် လန့်နိုးလာချိန်တွင်…..လူတစ

်ကိုယ်လုံးမောဟိုက်နေသည်… ချွေးများ ကလည်း သီးနေပြီ….. အဲကွန်းဖွင့်ထားသည့်ကြားမှ ချွေးသီးနေခြင်းဖြစ်သည်……သူမဘေးဘီကိုလှမ်းကြည့်လိုက်သည်… အခန်းတစ်ခုလုံးက မှောင်မဲနေသည်…. ညဘက်မီးထွန်းပြီး အိပ်တတ်သော သူမတို့ သားအမိသုံးယောက်အဖို့ … ဒါမျိုးအခန်းထဲမှာ မှောင်မဲနေစရာအကြောင်းမရှိ

(ဟင် မီးများ ပျက်သွားသလား)

ဟုတွေးပြီးမှ.. သတိရလိုက်သည်က

(မဟုတ်သေးပါဘူး .. မီးပျက်သွားရင် အဲကွန်းက ပိတ်သွားရမှာပေါ့ .. ဘာလို့ ဒီလောက်အေးစက်နေတာလဲ)

အဲကွန်းကို လှမ်းကြည့်လိုက်သည် .. အဲကွန်းကလည်း ပိတ်နေသည်….

(အင်း ..မီးပျက်သွားတာပဲနေမှာ…… ဒါပေမယ့် အပြင်က လေက အေးလိုက်တာ ရေခဲရိုက်ထားတာကျနေတာပဲ…)


ညဈေး အပိုင်း ၂

(၄)

July 23rd ,2000( SAT)
5:34 (PM)

၏အရာအားလုံးသည် ပုံမှန်လည်ပတ်နေခဲ့ပါသည်။
သူမ ရေခဲသေတ္တာ တံခါးကို မဖွင့်လိုက်သည်…. သူမတို့ အိမ်မှ ရေခဲသေတ္တာက အိမ်သုံးမဟုတ်ပဲ…… ရေခဲချောင်းများ အအေးများ ရောင်းသော ဆိုင်များ တွင် သုံးသော (deep freezer) အကြီးစားဖြစ်သည်….. သူမ က ဈေးကို တစ်ပတ် နှစ်ပတ်စာ ၀ယ်ထားတတ်ပြီး… များများ ထည့်နိုင်ရန် ဒီရေခဲသေတ္တာကြီးကို ၀ယ်ထားခြင်းဖြစ်သည်…..ထို့ကြောင့်ရေခဲသေတ္တာတံခါးက မဖွင့် ရပါသည်…..

(ဟင်း…. ငါးကလည်းငါးကြင်း နည်းနည်းပဲကျန်တော့တာပဲ…….ဒီနေ့ည ဈေးလေးတော့ ဆင်းဝယ်ဦးမှ….. သဘက်ခါ ဟိုနှစ်ကောင်ကျောင်း ထမင်းဘူး ထည့်တာ ဟင်းမကောင်းရင်…. မစားလာပဲနေဦးမယ်.. )

ဒေါ်မေကြည်အောင် သူ့အတွေးနှင့် သူ ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်ပြီး….. ညနေစာအတွက် ထုတ်လာသော ငါးကြင်းကို ငရုတ်သီးစပ်စပ်ကလေးနှင့် နှပ်မည်…… အငယ်ကောင်က အချိုဆိုတော့ ကြော်ပြီးသားလေး ဖယ်ထားလိုက်ပြီး ကျန်တာကိုမှ ကြက်သွန်နီ ငရုတ်သီးအကြမ်းထောင်း နှင့်…. မန်ကျည်းရည်ကလေး နည်းနည်းထည့် ကာ… ငါးချဉ်စပ်နှပ်ချက်မည် ဟုစိတ်ကူးသည်…..
ဂစ်မီးဖိုကို ထောက်ခနဲဖွင့်လိုက်ပြီး…… ဒယ်အိုး ခပ်ကြီးကြီးကို…. တင်လိုက်ခါ.. ဆီပုန်းထဲမှ ဆီများ သွန်ထည့်လိုက်သည်….. ငါးက … ဆားဆနွင်း အချိုမှုန့် နယ်ဖတ်ပြီးသား.မို့ ဘာမှ လုပ်စရာမလို.. ဆီကျက်လျှင် … ကြော်လိုက်ရုံသာ…..

ကလင်…. လင်လင်…ရင်

ညဈေး အပိုင်း ၁

(၁)

သူမငိုချင်နေသည်……..

(ငါ့ အဖေကို ငါမလုပ်ကျွေးခဲ့ရပါလား….. ငါဟာအတော်မသုံးမကျတာပဲ)

တွေးနေရင်း ပိုပိုပြီးဝမ်းနည်းလာသည်….. ထိုအချိန်တွင်… နောက်ပြန်ဆွဲနေသော စိတ်ကလည်းရှိနေသေးသည်….

(ငါငိုလို့မဖြစ်ဘူး .. ဒါတစ်ခုခုတော့မှားနေပြီ… ဟုတ်တယ် မှားနေပြီ….. ဒါငါ့ကို သက်သက် စိတ်အားငယ်အောင်လုပ်နေတာ…… ငါတင်းထားမှ)

ဟုသည်…. သူမ ဘ၀တွင်တစ်ငြိမ်တစ်ခါမှ သူမ အဖေအတွက် မျက်ရည်မကျခဲ့ဖူးပေ...... မျက်ရည်ကျရလောက်အောင်လည်း သူမ အဖေက သူမအပေါ်ကောင်းခဲ့သည်မဟုတ်…. နောက်မိန်းမတွေယူ…. သူမ အမွေဝေစုကို ပြန်သိမ်း…. စသဖြင့် အမျိုးမျိုး ရှိခဲ့ဖူးသည်… ဒါကြောင့်လည်း တစ်ခုခုမှားနေပြီဟု တွေးခြင်းဖြစ်သည်…. သူမသည် သူမအဖေကို မုန်းမနေသော်လည်း မချစ်တာတော့ သေချာသည်…… ချစ်လျှင်တောင်မှ တွယ်တွယ်တာတာ ဘာမှ မရှိ……..ဒါကို သူမလည်း သိနေသည်…. နောက်တစ်ချက်… အသဲအသန်ငိုချင်.. ၀မ်းနည်းချင်နေရအောင်လည်း … သူမ အဖေဆုံးသွားသည်မှာ… သားအကြီးကောင် တစ်သက်ရှိပြီ….. အခုပဲ သားအကြီးက ဆယ့်လေးနှစ်…. အငယ်က .. ခြောက်နှစ်…..သိသိကြီးနှင့် ည ကြီးမင်းကြီး ငုတ်တုတ်ထထိုင်ကာ… ရှိုက်ကြီးတငင်ငိုချင်နေခြင်းဖြစ်သည်….

သူမ နာရီကို လှမ်းကြည့်မိသည်……

ညသန်းခေါင်ကျော်….. နှစ်နာရီခွဲ…….