Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, September 29, 2012

ပျဉ်းမငုတ်တို .. (ဆရာကြီးမင်းသုဝဏ်)

ဒီကဗျာကို စဖတ်ဖူးတာ က ကျွန်တော် ရှစ်တန်းနှစ်လောက်မှာဖြစ်ပါတယ်... အဲဒီတုန်းကတော့ ဘာမှ ထိထိ ရှရှမခံစားခဲ့ရပါဘူး .. ၀န်ခံပါတယ်... ကျွန်တော် မခံစားတတ်ခဲ့ပါဘူး ... နောက်တော့ .... ဒုတိယအကြိမ် ဖတ်ဖြစ်ခဲ့တာက ... ရေကြောင်းသိပ္ပံကျောင်းဆင်းပြီးကာစလောက
်မှာဖြစ်ပါတယ်... အဲဒီအချိန်က ကျွန်တော် ကိုယ့်ဘ၀ကိုယ် စရုန်း တဲ့အချိန်ဆိုတော့ ... ဒီကဗျာလေးရဲ့ သဘောကို ခံစားတတ်လာပါပြီ..... ဒါကြောင့် ကျွန်တော့ မှတ်စုထဲမှာ မှတ်သားထားမိပါတယ်...... နောက်တော့ အချိန် ရတိုင်း မှတ်စုဖတ်တိုင်းပေါ့လေ.... ဖတ်ဖတ်မိနေခဲ့တာ အကြိမ်မရေမတွက်နိုင်အောင်ပါပဲ .... ဖတ်တိုင်း ဖတ်တိုင်း စိတ်ကို ရသစုံပေးနိုင်စွမ်းလွန်းလှသော ကဗျာကလေးဖြစ်ပါတယ်.... သြော်ဒါကြောင့်လည်း နာမည်ကျော်ခဲ့တာကိုး ....
ဒီကဗျာ က ကျွန်တော့ စိတ်အစဉ်ကို များစွာပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်... ကြံကြံခံ့နိုင်စွမ်းကိုလည်း ပေးခဲ့တယ်.....
ယခု ကို ဘဲရှုပ်ဆီကနေ ပုံကလေးပါ တွဲရတော့ ... ပိုသဘောကျမိပါတယ်....

ကျွန်တော့ ဘ၀ တစ်ဆစ်ချိုးမှာ .... အင်အား အပေါင်း သယ်ဆောင်ပေးခဲ့တဲ့ ကဗျာလေး မို့ အမှတ်တရတင်ပေးလိုက်ပါတယ်...

ဆရာကြီးမင်းသုဝဏ်အား ရိုသေရှိခိုး ကန်တော့ ပါတယ်...

ပျဉ်းမငုတ်တို
========

ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့

ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်

ကုန်းမိုထက်တွင် တပင်တည်း။



ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေးတက်လှာ၊ အိုင်းအမာသို့

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။



ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်

စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်လည်း၊

စစ်ရောက်စခန်း လက်ပြညွှန်း။



ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်။

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြေထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောက်ျားကောင်းတကား။ ။

(မင်းသုဝဏ်)

ဓာတ်ပုံအတွက် ကိုဘဲရှုပ်အား အထူးကျေးဇူး တင်ပါသည်။

Saturday, September 15, 2012

အလွဲ



စိုမှာစိုးလို့ မိုးမိပါသတဲ့

ဒါပေမယ့်
သူမမိုးတာ

ကျွန်တော့နှလုံးသားမှ မဟုတ်ပဲလေ....

ငါ့မှာတော့ ခုထိ
မိုးထဲ... လေထဲ...

by: လင်းလွန်းညို

မိုးမမြင်လေမမြင်



တစ်ဆုပ်ကြဲရင်
တစ်လှည်းဝင်သတဲ့...

ငါ့အချစ်
တစ်ဆုပ်စာလောက်ကြံမိတာ
အလွမ်းတွေ အုံလိုက်ကျင်းလိုက်..
နေပျောက်မထိုးအောင်
စိုက်ပျိုးမိလျက်သားဖြစ်နေခဲ့တယ်....

By: လင်းလွန်းညို

Saturday, August 25, 2012

တုတ်ထိုးချစ်သူ

တုတ်ထိုးချစ်သူ
=========

ရနံ့ ကယ်မြူ
ချူပါကွဲ့ ကိုယ့်အသဲ
ထောင်းတငွေ့ငွေ့ ချိုဟင်းရည်ရယ်က
လျှာရင်းမှာဆွဲ.....

အူပိတ်..လျှာ အချင်းတိုင်မြင်
အတင်းကိုင်တာ .. ဆုတ် အသဲ

နားအုံသား အရိုးနုကိုမှ
အသာ ကိုက်ကာ ခဲ....

အလွမ်းခက်ခက်များ

အလွမ်းခက်ခက်များ.....
=============

အမှောင်ကလည်းသဲလိုက်တာ ...
လက်ထဲမှာ .... အလွမ်းလေးတစ်ဆုပ်စာနဲ့ ...
သံစုံမြစ်တစင်းက ...စီးဆင်းလို့ ကောင်းတုန်းရယ်......

ဗိုင်းကနဲ့ လဲကျသွားတာမဟုတ်ပေမယ့်..
ထင်ထားတက်ပို ပြီး ရင်က နာတယ်....

မိုးအမြင့်မှာ ... လွှင့်ထားပေမယ်..
ငါဟာ နင့်နှလုံးသားရဲ့ အလံတော်မဟုတ်ခဲ့ဘူး ....

ယုံချင်ယုံ မယုံချင်နေ....
ဒီတစ်ညလုံး ... အခန်းထဲမှာ ..
သံယောဇဉ်တွေ ဖယိုဖရဲနဲ့
ငါလဲကျမေ့မျောသွားခဲ့တယ်.....

တကယ် တကယ်...
အလွမ်းဆိုတာ ခံစားဖူးမှသိတယ်..
လက်တစ်ဆုပ်စာလောက်လည်း..
အတော်ပြင်းတယ်ဗျာ.....

အော်..
အမှောင်ကလည်း သဲကောင်းတုန်း....

by: လင်းလွန်းညို

Thursday, August 16, 2012

ရင်နှစ်သွေး



နောင်တော်တို့
ညိတော်တို့ ကိုယုံပါ
အဲဒီအချိန်က
အသက်နှစ်နှစ် လူမှန်းသိတတ်စပေမယ့်
ခုတော့ .. လူသက်တမ်းနှစ်ဆယ်စွန်း…. လူမည်လို့ ထွန်းနေပါပြီ


Friday, August 3, 2012

ကြိုး (မူရင်း)

ဒါက ကျွန်တော့ " ကြိုး" ရဲ့ မူရင်းကဗျာလေးပါ..ကဗျာအသစ်ကို စကားလုံးအနည်းငယ်ပြောင်းထားပြီး ပထမတင်ပေးခဲ့ဖူးပါတယ်.... အခု အသက် ၂၇ နှစ်အရွယ်ရဲ့ ခံစားမှုပေါ့လေ... .. ဒါလေးကို လွန်ခဲ့ တဲ့ ခုနစ်နှစ်လား ရှစ်နှစ်လား မမှတ်မိတော့ ပါဘူး ကျွန်တော်အသက်နှစ်ဆယ
်ဝန်းကျင်လောက်က ရေးထားတာပေါ့ ... သူငယ်ချင်းတစ်ယောက်က .. သတိတရ .. သူ့ ကဗျာ စာအုပ်လေးထဲမှာ ထည့် သိမ်းပေးထားပြီး .. ဒီနေ့ ... မှ Msg ပို့ ပေးလိုက်တာ ကြောင့် အမှတ်တရလေးမို့ ..တင်ပေးလိုက်ပါတယ်..... အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ခံစားမှု လေးကို ခန့်မှန်းနိုင်ပါတယ်ခင်ဗျာ ....
ဒီကဗျာလေးအတွက် Zay Yar Lynn ကို အထူးကျေးဇူး တင်ပါတယ်....

Tuesday, July 31, 2012

ပင်လယ်ပျော်တဲ့လား...


နှစ်လရက်ကို သရုပ်ခွဲ
အထုပ်ဆွဲပြီး ပုတ်ပြတ်ရောင်းတဲ့အလုပ်

အချိန်နဲ့ ငွေကြေး
ကံကြမ္မာနဲ့ နှလုံးသား
ကြေးကြီးထပ်… ဈေးကြီးဖြတ်ပြီး လဲလှယ်တဲ့အလုပ်

လှိုင်းကြီးလှေအောက်…
လှေမှောက်မှာက တစ်မျိုး
ကျောမချခင် အကုန်ထုတ်
အသက်ပါနှုတ်မယ့် ဓမြ*တွေက တစ်ဖုံ
ထိတ်တလန့်တွေကုံလုံတဲ့ အသက်နဲ့ရင်းမှ ထမင်းစားရမယ့် အလုပ်…….

ပင်လယ်ကြီးရေ
ခင်ဗျားကို ခပ်သောက်မိလို့ ပဲ…
ကျုပ်ကိုများပြန်ခပ်သောက်နေရော့သလား……
(အဟား…)
ညစ်ကျယ်ကျယ် ပဲရယ်ချပြစ်လိုက်မိတယ်….

ပြောပြီးပါပကော
ပင်လယ်ပျော်ရအောင် ကျုပ်က စင်ရော်မှ မဟုတ်ပဲလေ………………

By: လင်းလွန်းညို

ကြိုး

ရစ်နှောင်လွန်းလေစွ
ရုန်းခဲ…. ထွက်ခဲလောက်အောင်…..
 
တင်းထန်လွန်းလေစွ
ဖြေခဲ…ဖြတ်ခဲလောက်အောင်
 
ရှုပ်ခွေလွန်းလေစွ
လွတ်ခဲ… လပ်ခဲလောင်အောင်……..

ထိပ်စွန်းနှစ်စ ရှာတွေ့တောင်….
အကောင်းအတိုင်းပြန်ရဖို့ မလွယ်ပါဘူးလေ....

ကြိုးကျစ်သူကိုလည်း အပြစ်မဆိုရစ်….
အနှောင်ခံ ငါ့ အပြစ်မို့….
ဒေါသငွေ့ အပြိုင်းအရိုင်းနဲ့ …
ငါခပ်အရိုင်းရိုင်းရုန်းမိတယ်…….။

တောက်!...
တစ်ချက်တော့ ခပ်ပြင်းပြင်းခေါက်ဖြစ်တယ်....
ကဲ....
ဒီလိုနဲ့ တစ်ရစ်ပြီး တစ်ရစ်
ငါလည်း ဆက်ထုံး တွေကြားမှာ ……..နစ်။
By: လင်းလွန်းညို

ပင်လယ် သရီးသောင်ဇင်

အဟွတ် အဟွတ်...

ချောင်းကလည်း ဆိုးလိုက်တာ....

လက်ကြားထဲက ပလက်စတစ်စကို ကြည့် မိ...

တင်စရာအပြစ်တွေတစ်ပွေ့တစ်ပိုက်နဲ့

ဝန်ယူမယ့် သူက မဲ့နေခဲ့တယ်....



အဟွတ်အဟွတ်...

ချောင်းကထပ်ဆိုးပြန်တယ်...

လေကောင်းလေသန့် ... သြော်လေကောင်းလေသန့်

အရင်ကတော့ ငါ့ပေါ်က ဖြတ်ပြီးသူတို့တွေရှုရိုက်လိုက်တာ...

ခုတော့ ငါကိုယ်တိုင်တောင်ရှုစရာလေ မဲ့နေခဲ့ပြန်တယ်...



အဟွတ်အဟွတ်

ဟဲ့ချောင်း... ထွီ

အော် ဒီဆီဆိုးဆီညစ်တွေက ငါ့လည်ချောင်းလာကပ်နေသကိုး....

ဟာ ပလပ်စတစ်တွေ ပါလာပြီ... ... ဒုတ်ခပဲ

ဟိုတစ်လော က နောက်ဆုံးလက်ကျန်ဝေလငါးတစ်ကောင်းလည်း ဒီနည်းနဲ့ ပဲ

သေရတယ်....

ငါသေလို့ မဖြစ်သေးဘူ



အဟွတ်အဟွတ်

ပြေးမှ... ထပြေးမှ...

ဘုန်း အင့်...... အော် ပုလင်းခွံတွေ နင်းမိပြန်ပြီ...

ထပြေးမယ်... ထ...ထပြေးမယ်...... အို....

မေ့နေလိုက်တာ..

ဘာမှ တောင် မမြင်ရတဲ့ ဒီနှစ်ထဲ .. ငါ ဘယ်ကို ပြေးမလဲ????


By: လင်းလွန်းညို