ဒီနေ့
Facebook ပေါ်မှာ Miss International 2012 ပြိုင်ပွဲ ၀င်တဲ့ အလှမယ်လေး
နန်းခင်ဇေယျာအကြောင်းကို အတော်ကလေး ဖောဖောသီသီတွေ့ရပါတယ်....
အများဆုံးကတော့ ...ရေကူးဝတ်စုံနဲ့ ပုံလေးပါပဲ ...အားပေးကြတဲ့လူတွေများသလို
..... လူတတ်ကြီးတွေလုပ်ပြီး ရှက်တတ်ပါဦးဘာညာစသဖြင့် ပြောကြသူတွေ
လည်းတွေ့ရပါတယ်..... အခုပြောချင်တာက .... အဲဒီလူတတ်ကြီးများ
အုပ်စုကိုဖြစ်ပါတယ်....
အဓိကကတော့ .. ခေတ်မီတာနဲ့ သရုပ်ပျက်တာ ... သွက်တာနဲ့
၅.၁၀.၂၀၁၂
အဓိကကတော့ .. ခေတ်မီတာနဲ့ သရုပ်ပျက်တာ ... သွက်တာနဲ့
ကလက်တာကို မြန်မာတွေခွဲသိဖို့ လိုလာပါပြီ....ရှက်တယ်ဆိုတာ ဘာကိုခေါ်ပါသလဲ ...ယဉ်ကျေးမှုဆိုတာဘာကိုခေါ်ပါသလဲ .... လုံလုံခြုံခြုံနေမှ.... ယဉ်ကျေးတယ်ဆိုလည်း ဆော်ဒီမှာသာသွားနေလိုက်ကြပါ တော့ .... အဲဒီမှာဆို မိန်းမတွေလုံလိုက်တာမှ .. မျက်နှာတောင်ဘယ်နားရှာရမှန်းမသိဘူးဖြစ်သွားပါမယ်....
ရေကူးဝတ်စုံကို ဧည့်ခန်းထဲ .... ထမင်းစားပွဲ .. ညစာ စားပွဲ ပွဲလမ်းသဘင်မှာ
ဝတ်တာမှမဟုတ်ပဲလေ..... နောက်ဆုံး ရေကူးကန်နဲ့ ....
ပင်လယ်ကန်းခြေမှာဝတ်တယ်ဆိုရ င်တောင် ... လက်ခံပေးရလိမ့်မယ်... ဒါဟာ ခေတ်ရေစီးကြောင်းတစ်ခုပဲ ...... ဒူးနေရာဒူး တော်နေရာတော် ဖြစ်နေပြီးတာပါပဲ......
ရေကူးကန်မှာ ရေကူးဝတ်စုံဝတ်ခြင်း အခုလို အလှမယ်ပြိုင်ပွဲများမှာ အစီအစဉ်အရ ရေကူးဝတ်စုံဝတ်ပြီး ယှဉ်ပြိုင်တာဟာ ... ခေတ်မီတယ်ခေါ်ပါတယ်..... အဲ ... ဟိုမင်းသမီးလေးလို ... ဘောလုံးပွဲကို .... နိုင်ငံခြားက .. Pros များ ၀တ်တဲ့ ပုံစံနဲ့ ၀တ်ပြီးလာချီးမြှင့်တာမျိုး ကတော့ သရုပ်ပျက်တာပေါ့လေ....ဒါလေး ကိုတော့ ခွဲခြားတတ်မှဖြစ်လိမ့်မယ်..
နောက်ပြီး.... အခုလို အပြည်ပြည်ဆိုင်ရာ အလှမယ်ပြိုင်ပွဲတွေမှာ ရေကူးဝတ်စုံ ၀တ်ဆင်ပြီးပြိုင်တာဟာ .. အရှက်နည်းစွာ ကာမမြူစွယ်နေတာမှ မဟုတ်ပဲလေ.... ခန္ဒာကိုယ်ရဲ့ မြစ်မျိုးမှဲမထင်တဲ့ အလှ... အသားအရည်ရဲ့ ကောင်းခြင်း .. အဆီပိုမရှိသော ကျစ်လျစ်ပြေပြစ်ခြင်း .... စတာတွေကို စစ်ဆေးတာပါပဲ .... အပြည်ပြည်ဆိုင်ရာ မယ်တစ်ယောက်ဟာ .. ဒီလို အလှနဲ့ ဒီလို အသားအရည်နဲ့ ဒီလိုကျန်းမာမှုနဲ့ ပြည်စုံတယ်ဆိုတာကို .... ဖြစ်အောင်လို့ ဒီ ရေကူးဝတ်စုံဝတ်တဲ့ ယှဉ်ပြိုင်မှုကို ထည့်သွင်းထားခြင်းသာဖြစ်ပါတ ယ်....
ဒီဘက်ခေတ်မြန်မာအမျိုး သမီးများ ထဲမှာ .... ခုလို အပြည်ပြည်ဆိုင်ရာ ပွဲကို
ဝင်ရှောက်ယှဉ်ပြိုင် ရဲတဲ့ အမျိုးသမီးဟာ နန်းခင်ဇေယျာ တစ်ယောက်သာ ပထမဆုံး
ဖြစ်မယ်ထင်ပါတယ်.. (Asean ပွဲကို မဆိုလိုပါ.. ကမ္ဘာပွဲများသာ ဆိုလိုပါသည်)
.... ဒါကို ဂုဏ်ယူတတ်ရပါမယ်....ကျွန်တော့ အနေနဲ့ကတော့ ... မြန်မာလူမျိုးတို့ ရဲ့ အလှဟာ ဒီလိုပြစ်မျိုးမှည့်မထင်ပါဆိုတာကို .... ချပြရဲ့တဲံ သူမရဲ့ သတ္တိ ..ယုံကြည်မှုတို့ ကိုလေးစားပါတယ်......အားလည်းပေးမှာပါပဲ .... ကမ္ဘာအဆင့်ပြိုင်ပွဲတွေဝင်ချ င်ရင်....
အဲဒီပြိုင်ပွဲများရဲ့ ဥပဒေအတိုင်းလုပ်ရမှာပါပဲ ...
ဒါထူးဆန်းလှတာမဟုတ်ပါဘူး ... သိပ်အမြင်ကျဉ်းလွန်းတာဟာ .....
တိုင်းပြည်ကိုနောက်ပြန်ဆွဲေ နတဲ့ထဲ ကိုယ်ပါပါနေတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်.... ဒါပါပဲ
By: လင်းလွန်းညို..
ရေကူးကန်မှာ ရေကူးဝတ်စုံဝတ်ခြင်း အခုလို အလှမယ်ပြိုင်ပွဲများမှာ အစီအစဉ်အရ ရေကူးဝတ်စုံဝတ်ပြီး ယှဉ်ပြိုင်တာဟာ ... ခေတ်မီတယ်ခေါ်ပါတယ်..... အဲ ... ဟိုမင်းသမီးလေးလို ... ဘောလုံးပွဲကို .... နိုင်ငံခြားက .. Pros များ ၀တ်တဲ့ ပုံစံနဲ့ ၀တ်ပြီးလာချီးမြှင့်တာမျိုး
နောက်ပြီး.... အခုလို အပြည်ပြည်ဆိုင်ရာ အလှမယ်ပြိုင်ပွဲတွေမှာ ရေကူးဝတ်စုံ ၀တ်ဆင်ပြီးပြိုင်တာဟာ .. အရှက်နည်းစွာ ကာမမြူစွယ်နေတာမှ မဟုတ်ပဲလေ.... ခန္ဒာကိုယ်ရဲ့ မြစ်မျိုးမှဲမထင်တဲ့ အလှ... အသားအရည်ရဲ့ ကောင်းခြင်း .. အဆီပိုမရှိသော ကျစ်လျစ်ပြေပြစ်ခြင်း .... စတာတွေကို စစ်ဆေးတာပါပဲ .... အပြည်ပြည်ဆိုင်ရာ မယ်တစ်ယောက်ဟာ .. ဒီလို အလှနဲ့ ဒီလို အသားအရည်နဲ့ ဒီလိုကျန်းမာမှုနဲ့ ပြည်စုံတယ်ဆိုတာကို .... ဖြစ်အောင်လို့ ဒီ ရေကူးဝတ်စုံဝတ်တဲ့ ယှဉ်ပြိုင်မှုကို ထည့်သွင်းထားခြင်းသာဖြစ်ပါတ
By: လင်းလွန်းညို..
လင်းလွန်းညို ၇ဲ့ အကောင်းမြင်တတ်တဲ့ ဆောင်းပါးတွေခုခုမှဖတ်၇တယ် ဒါမျိုးများများ တင်ပေးပါပျာ ဒါမှ တဖက်ကန်းတွေအတွက် မြင်လာမှာ
ReplyDelete