Monday, December 24, 2012

သာသနာဖျက်မှာလားမြန်မာ ရုပ်ရှင် ဒါရိုက်တာများ



မနေ့ ညက .. ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်တဲ့ ဂွတ်ရှယ်သမက် ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်... ၀တ္ထုက အကြည်တော်ပါ.... ကျွန်ေတာ်က မြန်မာကားအတော်ကြည့်ခဲပါတယ်.. ဒါရိုက်တာလည်းရွေးကြည့်ပါတယ်.... သဘောင်္ပေါ်ရောက်တော့မှပဲ မြန်မာကားအတော်များများကြည့်ဖြစ်တာပါ...... အခုလည်း ကြည့်မိကာမှ မတော်မတည့်တာကို တွေ့ရပါတော့တယ်.....


နိုင်ငံရေး အသိရှိခြင်း နှင့် .. နိုင်ငံရေး စိတ်ဝင်စားခြင်း



အခုတစ်လော ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့ ပြဿနာလေး တစ်ခုအကြောင်းပြောချင်တာပါပဲ ….. ၂၀၁၀ မှာ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ ရပါပြီလို့ ကြေငြာပေးပြီးနောက်တော့ ….. နိုင်ငံရေး နဲ့ ပါတ်သက် တဲ့ ဝေဖန်မှုအတော်များများ ကို ခွင့်ပြုလာတာတွေ့ရသလို … နိုင်ငံရေး ဆောင်းပါးပေါင်းများစွာကိုလည်း လွတ်လပ်စွာ လို့ ပြောလို့ မရပေမယ့် … အတန်အသင့်တော့ ခွင့်ပြုလာတာသတိပြုမိလာကြမှာပါ…. ၂၀၁၀ မှာ ထွက်တဲ့ ဂျာနယ် တစ်စောင် နဲ့ ၂၀၁၂ မှာ ထွက်တဲ့ ဂျာနယ်တစ်စောင်တောင်ဖတ်ရတာချင်းအရသာ မတူတော့ပါဘူး ….. သိသိ သာသာ ကွာခြားလာတာ တွေ့ ရပါတယ်……

ဒီလို လွတ်လွတ် လပ်လပ် ဆိုတဲ့ အတိုင်းအတာ နီးပါး ရေးသားခွင့်ပေးလာ တဲ့အပေါ်မှာ ပြည်သူများကလည်း နိုင်ငံရေး နဲ့ ပါတ်သက်လာရင် အတော်ကလေး စိတ်ဝင်စားလာတာတွေ့ကြရပါတယ်….. အထူးသဖြင့် လူငယ်တွေပေါ့လေ….. ကျောင်းသားတွေထဲက နိုင်ငံရေး နဲ့ ပါတ်သက် သူတွေ ပိုများလာကြတယ်…. နိုင်ငံရေး အသိပညာတိုးတက်ချင်တာကြောင့် …. စာအုပ်စာပေတွေပိုပြီး ရှာဖွေဖတ်ရှုလာကြတယ်.. ပိုပြီးဆွေးနွေးဖြစ်လာကြတယ်… ဒါဟာ ကောင်းသော လက္ခဏာပါပဲ …..
အဲသလို နိုင်ငံရေး နဲ့ ပါတ်သက်ပြီးတိုးတက်လာတဲ့ ခေတ်မှာ ….. အငြင်းအခုန်ဖြစ်ဖွယ် ကိစ္စလေး တစ်ခု တွေ့ရပါတယ်….. ဒါကတော့ နိုင်ငံရေး ကို စိတ်မ၀င်စားဘူး ဆိုတဲ့ ကိစ္စပါပဲ ….. ဒါကို တစ်ချို့ လူငယ်အတော်များများနဲ့ စီးပွားရေး ကောင်းနေတဲ့ စီးပွားရေး သမား အတော်များများ ပြောတတ်ကြပါတယ်….. စီးပွားရေး သမားများကိုတော့ ဘာမှ မပြောလိုပါဘူး ….. သူတို့ နိုင်ငံရေး ကို စိတ်ဝင်စားပါတယ်….. သိလည်း သိပါတယ်…. ဒါကြောင့်လည်း စီးပွားရေး အောင်မြင်နေတာ ပါပဲ…… အဓိက ကတော့ နိုင်ငံရေး စိတ်ဝင်စားတယ်ဆိုတာနဲ့ သူတို့ စီးပွားရေး ထိခိုက်သွားမှာစိုးတာ ဒီစကားပြောတာဖြစ်ပါလိမ့်မယ်…..
စောစော က အငြင်း ကိစ္စလေးကို ပြောကြရအောင်….

(တို့ က နိုင်ငံရေး တွေ စိတ်မ၀င်စားဘူး )

(အေး စိတ်မ၀င်စားရင်… နိုင်ငံထဲ နေမနေနဲ့ … )

(ဘာဆိုင်လဲ … လူတိုင်းနိုင်ငံရေး စိတ်ဝင်စားစရာမှ မလိုတာ ….. ဒါဆို လူတိုင်းသတ်သတ်လွတ်စားလို့ ပြောကြည့်လေ… စားမလား … ကဲ)
ဒီလိုငြင်းကြတာကိုး ……. ဒီကိစ္စမှာ ကျွန်တော်ပြောချင်တာကတော့ …… လူတိုင်းနိုင်ငံရေးကို စိတ်ဝင်စားစရာ မလို ဆိုတဲ့ ဘက် က ကျွန်တော်က ရပ်တည်ပါတယ်…… သိပ်မှန်ပါတယ်… လူတိုင်းဟာ နိုင်ငံရေး ကို စိတ်ဝင်စားစရာကို မလိုပါဘူး ……ဒါပေမယ့် တစ်ခုရှိတာ က ….ကျွန်တော်တို့ မြန်မာ တွေ… နိုင်ငံရေး အသိရှိခြင်းနဲ့ နိုင်ငံရေး စိတ်ဝင်စားခြင်းကို မကွဲပြားသေးဘူး ဆိုတာ တော့ သေချာသလောက်ရှိပါတယ်…..…….. ကွဲကွဲပြားပြားလေး ဖြစ်သွားအောင်ဒီလိုရှင်းချင်ပါတယ်…

ထမင်းနဲ့ ဟင်းနဲ့ စားကြတယ်ဆိုပါဆို့ ……. ကျွန်တော်တို့ ဟာ စားသုံးသူသာဖြစ်မယ်ဆို ….. ဟင်းတစ်ပွဲကို ကောင်းကောင်းချက်တတ်ဖို့ မလိုပါဘူး ….. ကိုယ်က အစပ်ကို ကြိုက်ရင်… ငရုတ်အသီး အရောင်လေးနဲ့ ချက်တဲ့ ဟင်းကိုစား … အဲ … အချိုကြိုက်တတ်ရင်တော့ …. ပဲငံပြာရည်လေးနဲ့ ပေါင်းထားတာ မျိုးလေး စား …. စသဖြင့်ပေါ့လေ…… ကိုယ့် အကြိုက်ပေါ်မှုတည်ပြီး …. ဒီလောက်အသိကလေး တော့ ရှိတတ်ကြပါတယ်… ဒါမှပဲ ထမင်းဆိုင်သွားစားကြတယ်ဆိုရင်တောင်…. ဟင်းမှာ ရလွယ်ပါပြီ….. ဟင်းကို ဘာနဲ့ ဘယ်လို ဘာတွေ ထည့်ပြီး ဘယ်လိုလေး ချက်ထားတယ်ဆိုတဲ့ ခရေစေ့တွင်းကျသိဖို့ မလိုပါဘူး … လေ့လာဖို့ လည်း မလိုပါဘူး ….. အဲ … အသိကလေးရှိနေရင်တော်ပြီပေါ့ …… ဒါမှလည်း ကိုယ်ကြိုက်တဲ့ ဟင်းကို ကိုယ်မှာ စားလို့ရမှာပေါ့ ….. အဲသလောက်မှ အသိမရှိရင်လည်း ထမင်းတောင်စားဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး ….

တကယ်လို့ ကျွန်တော်တို့ ကသာ စားဖိုမှူးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ….. အဲသလောက်လေး အသိရှိရုံနဲ့ မလုံလောက်တော့ပါဘူး …. ဒီဟင်းကို ဘယ်လိုချက်သလဲ …. မီးဘယ်လောက်ထားသလဲ …. အရသာ အတိုင်းအဆက ဘယ်လောက်….. ဘယ်အချိန်ဆို နှူးမလဲ … ဘယ်အချိန်ဆီပြန်မလဲ ….. ဒါနဲ့ ဘယ်ဟင်းနဲ့ အလိုက်အဖက်ဖြစ်မလဲ …. စသဖြင့် ….. ဒီလို ခရေစေ့တွင်းကျလေး သိဖို့ လိုလာပါပြီ….. ဒါတွေ အတွက်လည်း … စားဖိုမှူး က လေ့လာထားပြီးသားလေ….. ဘာလို့ ဆို ဟင်းချက်ကတာကို သူက စိတ်ဝင်စားတာကိုး ….. ဒါပါပဲ
ဒီတော့ နိုင်ငံရေး ဟာလည်း အထက်က ထမင်းပွဲလိုပဲ ကျွန်တော်တို့ ပြည်သူတွေဆိုတာက စားသုံးသူပါ….. ဒီတော့ …. နိုင်ငံရေး အသိဆိုတာလောက်တော့ ရှိထား ရပါမယ်… သဘောက … ကိုယ့်ကို အုပ်ချုပ်နေတဲ့ စနစ်နဲ့ …. ကိုယ့် နိုင်ငံရဲ့ဖွဲ့စည်းပုံအကြမ်းဖျင်းလောက်ကို တော့ သိထားဖို့ လိုပါမယ်… ဒါမှလည်း … ကိုယ်ဟာ ဘာကြောင့် ဒီအမတ်ကို မဲပေးရမယ်….. ကိုယ့်ပြဿနာတွေဟာ ဘယ်သူတွေနဲ့ သက်ဆိုင်လို့ .. ဘယ်ကို တင်ပြရမယ်.. စသဖြင့် သိပါလိမ့်မယ်…..ကိုယ့် ကို အုပ်ချုပ်တဲ့ စနစ်ဟာ ဘာဆိုတာ ရေရေ ရာရာ သိမှပဲ အဆင်ပြေပါမယ်…ကိုယ့် ဘာစနစ်နဲ့ အုပ်ချုပ်မှန်းမသိပဲ …. နိုင်ငံတွင်းမှာနေနေတဲ့လူစားမျိုးကတော့ …. နိုင်ငံသားဖြစ်ရှုံးတာပါပဲ …. ဘာစနစ်နဲ့ အုပ်ချုပ်တယ် ဆိုတာ မသိတော့ … ကိုယ်ဘာအခွင့်အရေး တွေရမယ်ဆိုတာ မသိကြတော့ ပါဘူး … ကိုယ့် မှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိသလဲ ဆိုတာလည်း မသိတော့ပါဘူး … အဲဒါမှ မသိမှတော့ …. ဘာကို သွားတောင်းဆိုမလဲ …. တောင်းဆိုလို့ မရဘူး ချည်းထင်နေတော့တာကိုး …. မတောင်းဆိုတော့ ဘာမှ မရ…. ဒါနဲ့ ပဲသံသရာက လည်ပြီး …. နိုင်ငံသားဖြစ်ရှုံးတော့တာပါပဲ …..

ဒါကြောင့် … ဒီမိုကရေစီ က ဘာမှန်းမသိပဲ .. ဆန္ဒပြတဲ့လူတွေကို ဝေဖန်လိုဝေဖန်….. အလုပ်သမားတွေ ဆန္ဒပြလို့ ပဲ ပြည်ပ ရင်းနှီးမြုပ်နှံမှု တွေ မလာမှာ စိုးတယ်ပြောလိုလိုပြောနဲ့(ဟိုတစ်လောက ဂျာနယ်တစ်စောင်မှာ ပါလာတာပါ.. ) ….. ဘေးကကြည့်ရတဲ့ လူက ….. အတော်အဆင်မပြေပါဘူး … နကန်းတစ်လုံးမသိပဲ လူတတ်လုပ်တယ်ဆိုတာ သိသာနေတာကိုး….. ဒါကြောင့် နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံရေးကို စိတ်ဝင်စားဖို့ မလိုပါဘူး .. ဒါပေမယ့် နိုင်ငံရေး အသိတော့ ရှိရပါမယ်… ဒါမှပဲ နိုင်ငံသားပီသပါလိမ့်မယ်…

နိုင်ငံရေး သမားများကတော့ နိုင်ငံရေးကို စိတ်ဝင်စားရပါမယ်….. စိတ်ဝင်စားမှ လေ့လာမယ်… လေ့လာမှပဲ နိုင်ငံအတွက် အကျိုးပြုနိုင်မယ်…… အုပ်ချုပ် ရေးဆိုလည်း အုပ်ချုပ်ရေးပိုင်းပေါ့ ထမ်းဆောင်နိုင်လိမ့်မယ်….. သဘောကတော့ ….. လေ့လာလေ…. နိုင်ငံရေး အမြင်ပိုကျယ်လာလေ…. အမြင်သစ်တွေ ပိုတွေးဆနိုင်လာလေ…. နိုင်ငံမှာ ပေါ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ တွေးလာနိုင်လေပဲပေါ့ … ဒါတွေကတော့ နိုင်ငံရေး သမားတိုင်းလုပ်ရမှာပါပဲ …… ပြည်သူများထဲက လည်း နိုင်ငံရေး စိတ်ဝင်စားသူများကလည်း …. အကြံပေးနိုင်ကြပါတယ်…… ဒါမှလည်း တိုးတက်မှာကိုး …
ဒီတော့ …. ကျွန်တော်တို့ ဆီမှာ အခုဖြစ်နေတဲ့ နိုင်ငံရေး စိတ်ဝင်စားရေး စိတ်မ၀င်စားရေး နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ သိပ်ရှိတော့ မယ် မထင်ပါဘူး ….. နိုင်ငံရေး အသိရှိတာ နဲ့ နိုင်ငံရေး စိတ်ဝင်စားတာ ကို ကွဲပြားသွားလိမ့်မယ်ထင်ပါတယ်….

ဒီတော့ ပြည်သူများအနေနဲ့လည်း … နိုင်ငံရေး အသိရှိအောင်လုပ်ရပါမယ်… ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားရဲ့ တန်ဖိုး … ကိုယ့်ရပိုင်ခွင့် .. ကိုယ့် ဆန္ဒကို ကိုယ်ပိုင်ပြောဆိုခွင့် …. မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ခွင့် … ကိုယ့်လက်ထဲ အာဏာ တည်ခွင့် စတဲ့ အခွင့်အရေး တွေကိုသိလာ့ပါလိမ့်မယ်….. ဒါမှပဲ လူဖြစ်ကျိုး နိုင်ငံသားဖြစ်ရကျိုးနပ်တော့မှာပေါ့ဗျာ ……..

နိုင်ငံသားတိုင်း နိုင်ငံရေး အသိရှိနိုင်ကြပါစေ…

By: လင်းလွန်းညို

ပန်ကိတ်၊ ပီဇာ ၊ ချာပါတီ ၊ ချီလီသို့ ရက်သုံးဆယ် နှင့်သဘောင်္ပေါ်မှ အငတ်ဘေး

ပန်ကိတ်၊ ပီဇာ ၊ ချာပါတီ ၊ ချီလီသို့ ရက်သုံးဆယ် နှင့်သဘောင်္ပေါ်မှ အငတ်ဘေး

ကျွန်တော့ ကို သဘောင်္သား အတွေ့ အကြုံတွေ ရေးပါ ဆိုတော့ …. ကျွန်တော့ မှာ အတော်ရေး စရာ ရှာယူရပါတယ်…. ကိုယ်တိုင်သဘောင်္သားဖြစ်နေတဲ့ အခါသဘောင်္ပေါ် မှာ ကြုံတွေ့ နေရတာ အတော်များများ က နေ့စဉ်လိုလို ကြုံနေကြရတော့ …. ဘာမှ မထူး ခြားသလိုဖြစ်နေတာမို့ …… ရေးစရာကို အတော်ရှာ ရတာ ဖြစ်ပါတယ်….. ဒီတစ်ခါတော့ ရေးစရာ … ပြောစရာ ကြီးကြီးမားမား ကိုရပါပြီ…… အကြောင်းက တော့ ကျွန်တော်တို့ သဘောင်္ကြီးပေါ် မှာ အငတ်ဘေးဆိုက်တဲ့အကြောင်းပါပဲ …


လေအဝှေ့ မှာ လွင့်ကျသွားသော ကြွေဖြူရုပ်ကလေးများ



-------------------------------------------------------------------

(ဟဲ့ မိချို နင့်မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လာတာလဲ ..)

ကန်ဘောင် ရှိမင်းလမ်းမုန့်တီတွင် သူငယ်ချင်းများ ဆုံဖို့ ချိန်း ထားကြခြင်းဖြစ်သည်….. ကျွန်တော်နှင့် အခြား သူငယ်ချင်းသုံးယောက် က စောရောက်နေပြီး ….. နောက်ကျနေသောမိချိုကို စောင့်နေကြခြင်းသာဖြစ်သည်…… အချိန်အတော်လေးနောက်ကျမှမိချို ရောက်လာသည်…… ရောက်လာတော့လည်း မျက်နှာက မကောင်း….. အတော်လေးညှိုးငယ်နေရှာသည်….. ထိုကြောင့်ပင် မြတ်မွန်က မေးလိုက်ခြင်းဖြစ်သည်….

(နေပါဦးဟာခဏအမောဖြေပါရစေဦး….. ငါပြောမှာပါဘယ်ကနေစပြောရမှန်းမသိဘူး .. ဖြစ်နေတာ ..)

(အေးအေး .. ကဲ ရော့ ရေသောက်ပြီး မှပြော ဟုတ်ပြီလား ..)

မိချိုတစ်ယောက် ရေကို ၀၀သောက်လိုက်ပြီးမှ….


Thursday, October 18, 2012

We don't cheat!!! ကျွန်တော်တို့ ... မသမာနည်းတစ်ခုမှ မသုံးခဲ့ပါ



ဟိုတစ်လောက တော့ နန်းခင်ဇေယျာ ကိစ္စ ကို အားမပေးပဲ ... ယဉ်ကျေးမှု မရှိဘူးဆိုပြီးဖင်ပိတ်ငြင်းနေတဲ့ .. တတ်ယောင်ကာ
း တစ်စုကိုပြောပြီးတော့ ... အခု နောက်တစ်မျိုးပေါ်လာပြန်ပါတယ်....

ဒါကတော့ အားပေးသူများထဲကမှ ... နန်းခင်ဇေယျာဓာတ်ပုံကို အကြိမ်ရေများစွာ Click လုပ်နေခြင်းဟာ .. မသမာ နည်းနဲ့ ... အနိုင်ယူနေတယ်လို့ ဆိုလာလို့ ပါပဲ ..... ရှင်းရှင်းပဲပြောမယ်.. အဲဒီလိုပြောတဲ့လူတွေကို အတော်ရယ်ချင်မိပါတယ်.... ဘာလို့ အဲဒီလောက်လေးတောင်မတွေးတတ်တာပါလဲ ... ကဲ ဒီတော့ အဲဒီ မသမာနည်းသုံးပါတယ်လို့ စွပ်စွဲလာတဲ့ အုပ်စုကို ကျွန်တော်ရှင်းပြပါ့မယ်...

အခု ကျင်းပတဲ့ ... Miss International ပြိုင်ပွဲဟာ .. မက်ကာအိုတို့ ဂူအန်တို့လို .. လူသိန်းဂဏန်းသာ ရှိတဲ့ နိုင်ငံငယ်တွေကနေ... အိန္ဒိယတို့ တရုတ်တို့လို ကမ္ဘာလူဥိးရေ အများဆုံးနိုင်ငံများ အထိပါဝင်ပါတယ်.... ဒီတော့ .. ခင်ဗျား တို့ပြောသလိုသာ .. လူတစ်ယောက်ကို Vote တစ်ခုပဲပေးရမယ်.. ဆို... ဟိုတစ်ဘက်က နိုင်ငံငယ်တွေဟာ ပြိုင်စရာမလိုအောင်ကို ရှုံးနေပါပြီ...... ယှဉ်ကြည့်လိုက်လေ လူဦးရေကို ...

ပြီးတော့ ဒါဟာ ရွေးကောက်ပွဲလုပ်သလို လူဥိးရေ နံပါတ်ကိန်း တစ်ခုတဲ့ ရှိတဲ့ နိုင်ငံက နေ .. လူ ၅၇ ယောက် ထဲက တစ်ယောက်ကို ရွေးချယ်နေတာ မဟုတ်ပါဘူး ... သဘောကတော့.... ရွေးကောက်ပွဲဆိုတာ ... နိုင်ငံတစ်နိုင်ငံမှာ ရှိတဲ့လူဦးရေ ကို ကိန်းသေထားပြီး .... ရွေးကောက်တာပါ..... ဥပမာ .. လူ ၅၀၀၀ ရှိတဲ့ ပြည်နယ်က နေ.. ခေါင်းဆောင်နှစ်ယောက်ကို မဲပေးတယ်... ဒါကို တစ်ဘက်ကို ဘယ်လောက်ဆိုပြီးထွက်လာတယ်.... လူဦးရေ ငါးထောင်ဟာ ကိန်းသေပဲ ... ဒါပါပဲ ......

ဒါကြောင့်လည်း ... Miss InterPhoto က .. View Count ကို မူတည်ပြီး လုပ်ထားတာပါ.....လူဦးရေနည်းတဲ့ နိုင်ငံများအတွက် .... Support လုပ်နိုင်အောင်... လူတစ်ဦးကို အကြိမ်ရေများ စွာ ဒီပုံကို ကြည့်လို့ ရအောင်လုပ်ထားတာပါ...... တစ်ဘက်က ပြိုင်ပွဲစည်းကမ်းသတ်မှတ်တဲ့လူကြီးတွေက ခင်ဗျား တို့ တွေးမိတာလောက်ကို မတွေးမိဘူးလို့ များ ထင်နေပါသလား .....

ဒီတော့ ကျွန်တော်တို့ မြန်မာ တွေ... စည်းစည်းလုံးလုံးနဲ့ ... ကိုယ့် နိုင်ငံက မယ်ကို မဲရအောင် အင်တိုက်အားတိုက်လုပ်ပေးနေချိန်မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို .... လူသိလူတတ်လိုလို လုပ်ပြီး ..... ကိုယ့်လူမျိုး သိက္ခာ ကိုယ်ချနေတဲ့ လူတွေကိုတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်... တွေးကြည့်ပါ ဥိးနှောက်များ ရှိရင် ရေးရေးကလေးပေါ်လာပါလိမ့်မယ်...

တစ်ချို့များလည်း vote သုံးခါလုပ်မိ လို အရှက်ကြီးရှက်နေပါသတဲ့ .... မရှက်ပါနဲ့ .. ကိုယ့်လူမျိုးအတွက် ကိုယ်တွေ တရားဝင်လှုပ်ရှားခွင့်ထဲကနေ.. အင်တိုက်အားတိုက်ပံ့ပိုးနေတာ ပဲ .. ဘာများ ရှက်စရာရှိပါသလဲ .....

ကဲကဲ .. ဒီတော့ ...Supporter များ အားပေးသူများ အနေနဲ့လည်း ဆက်လည်း ... အားပေးနိုင်ပါတယ်..... နိုပ်နိုင်ပါတယ်.. ခင်ဗျာ ..... လိပ်ပြာသန့်သန့်နဲ့ကိုနိုပ်ပါ.. ကျွန်တော်တို့ အားလုံး တရားမျှတစွာကြိုးစားနေတာပါ..... ခပ်ချာချာ လူတွေပြောသလို ဒါဟာ မသမာနည်းသုံးတာလည်း မဟုတ်သလို... ရှက်စရာလည်းမဟုတ်ပါဘူး .... ကိုယ့်နိုင်ငံက ဒီမိုကရေစီ ခေတ်မှာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင်နိုင်တဲ့ နန်းခင်ဇေယျာ လို ဂုဏ်ယူဖွယ် အမျိုးသမီးတစ်ဦး ကို မဲပေးခြင်းဟာ ... နိုင်ငံရဲ့ မျက်နှာပန်း ပွဲဦးထွက်မှာ လှဖို့ သာဖြစ်ပါတယ်....

ဘာမှ အားမနာပါနဲ့ .... ဆက်လက် vote လိုက်ကြပါဦးစို့ ဗျာ ..... အတွေးခေါင်သူများ ဘေးမှာ ကျန်နေခဲ့ပါလိမ့်မယ်..... လှည့်တောင်ကြည့်မနေပါနဲ့ လား .. ဗျာ ..... ကြိုးစားအားပေးလိုက်ကြပါစို့ ရဲ့ .... မြန်မာ အပေါင်း တို့ ရေ...

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

လကျာင်္ထွန်းကို အခုလွှတ်ပါ...

သမ္မတကြီးအနေနဲ့လူသားချင်းစာနာစိတ်ကလေး နည်းနည်းလေးများ ရှိခဲ့မယ်ဆိုရင်... ဒီလောက်အထိပြောနေရတယ်ဆိုတာ ... ရှက်သင့်နေပြီထင်ပါတယ်........

နိုင်ငံရေး အကျဉ်းသားများကို မတောင်းပန်သေးတဲ့အပြင် ခုထိ ထောင်ချထားတုန်း ဆိုတော့ ..... မြန်မာနိုင်ငံကြီးဟာ ဒ

ီမိုကရေစီနိုင်ငံ စစ်စစ်မှ ဟုတ်ပါလေစ လို့ တွေးမိပါတယ်.....

မိတ်ဆွေ များအနေနဲ့လည်း .. အပြစ်မဲ့စွာ နိုင်ငံအတွက် ပေးဆပ်နေသူများ ထောင်ထွင်းမှာ ကျန်ရှိနေသေးတာကို ... သမ္မတကြီးတို့ မေ့မသွားအောင် .. ( မေ့ချင်ယောင်ဆောင်နေရင်တော့ မပြောတတ်ဘူးပေါ့ဗျာ ) ... ၀ိုင်းဝန်း သတိပေး... သင့်တယ်လို့ မြင်ပါတယ်.....

လင်းလွန်းညို

Photo credit 2 Freedom News Group Of Myamnmar

ကိုယ့် အမှားကိုယ် တောင်းပန်သင့်ပါတယ်...

အခုဆို နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ လွတ်လာသလို ... နိုင်ငံရေး အကျဉ်းသား များလည်းထောင်တွင်းမှာ... ဆက်လက်ရှိနေဆဲပါပဲ ..... ကျွန်တော်တစ်ခု သဘောမတွေ့တာလေး ပြောပါရစေ ....

ဒီနိုင်ငံရေး အကျဉ်းသား တွေဟာ ဘာအပြစ်မှ မရှိပဲ ထောင်ထဲမှာ နှစ်ပေါင်းများ စွာ ဒုက္ခ ခံနေခဲ့ ပြီးမှ လွတ်မြောက်လာသူတွေပါ...... သူတို့ ဟာ အပြစ်သားတွေမဟုတ်ပါဘူး ..... အဲဒါကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ သမတ္တကြီးက ပဲ သနားညှာတာလို့ လွှတ်ေ

ပးနေသယောင်ယောင်လုပ်နေတာဟာ .... အတော်တော့ ရွံစရာကောင်းနေတာပါပဲ .....

တကယ်ဆို ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို .... စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းများ အားလုံးက ... တရားဝင်တောင်းပန်သင့်ပါတယ်..... ကိုယ့် ဟာ ကိုယ် ဘောင်းဘီကို ပုဆိုးပဲလဲလဲ .... လုပ်ခဲ့တာ ကလုပ်ခဲ့ပြီးသားမို့ ...... ဟိုက တစ်ပြန်တရားပြန်မဆွဲတာကိုတောင်..... တရားဝင်တောင်းပန်သင့်ပါတယ်.....

အခုတော့ နေခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွက်... အတောင်းပန်မခံရတဲ့ အပြင်... လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကိုပဲ ... ကျေးဇူးတင်ရမလိုလို လုပ်နေတာ ဟာ .... စိတ်ပျက်စရာအတော်ကောင်းပါတယ်ဗျာ ...

လင်းလွန်းညို