Wednesday, August 1, 2012

ကဲ ကောင်းရော


ဒါက ဆရာမောင်ကောင်းထိုက်စာအုပ်ထဲကပါ...... အမြဲအမှတ်ရနေမိတာ မို့ ပြန်ပြောပါရစေ.. ဟဲဟဲ

မိန်းမနှင့် ယောက်ကျား များနှင့် ပါတ်သတ်ရွေ့ စမ်းသပ်စစ်ဆေးမှုပြုရန်... ပြင်သစ် .. ဂျူး နှင့် ရုရှား တို့ မှ .... မိန်းမတစ်ယောက် နှင့် ယောက်ကျား နှစ်ယောက်တို့ကို လူ မနေသော ကျွန်း တစ်ကျွန်းစီပေါ်သို့ တစ်နှစ်စီ ပို့ ထားလိုက်ကြသည်။

သို့ နှင့် တစ်နှစ်ပြည့်သော အခါ ကျွန်းများ သို့ လိုက်လံစစ်ဆေးလေသည်...



ပထမဆုံးပြင်သစ်များ နေသော ကျွန်းကို ရောက်သွာသည်...


ပြင်သစ်ယောက်ကျား နှစ်ယောက်၏ ပေါင်ပေါ်တွင် ပြင်သစ်မက ထိုင်နေပြီ.... ၀ိုင်ကို
အားပါးတရသောက်ကာ ကလူ ကျီစယ်နေကြသည်....


(ခင်ဗျား တို့ မိန်းမတစ်ယောက်ကို ယောက်ကျား နှစ်ယောက်ဘယ်လိုပေါင်းသလဲ )


(ဒါက လွယ်တယ်လေ.. ကျွန်တော်တို့ ဆိမှာက လွတ်လပ်တယ်... အဆင်ပြေပါတယ်... ဒီမိန်းမကို ပဲ နှစ်ယောက်တစ်ပြိုင်နက်ပေါင်းကြတယ်... ဘာမှ ပြသနာ မရှိပါဘူး )

သို့ နှင့်.... ဂျူးများ နေသော ကျွန်းကို ရောက်သွားသည်....

မိန်းမ နှစ်ယောက် ယောက်ကျားနှစ်ယောက်ဖြစ်နေသည်... စစ်ဆေးရေး အဖွဲ့ မှ

(ဟင်... ဘယ်လို ဖြစ်ပြီး မိန်းမ က နှစ်ယောက်ဖြစ်သွားတာ တုန်း ကျုပ်တို့ ထားသွားတာ တစ်ယောက်တည်းပါ... )

(ကျုပ်တို့ ဂျူးတွေ က ကြံရည် ဖန်၇ည်ကောင်းတယ်လေ.. ဒီလိုပဲပေါ့ နှစ်ယောက်ဖြစ်အောင်လုပ်ထားလိုက်တယ်.... )

နောက်ဆုံးကျန်နေသော ... ရုရှားများ နေသည့် ကျွန်းကို ရောက်သွားသည်....

မြင်လိုက်ရသော မြင်ကွင်းမှာ.... ရုရှား ယောက်ကျား နှစ်ယောက်က ... ကုလားထိုင် တစ်လုံးစီတွင်ထိုင်ကာ... တစ်ယောက်ကာ ဆေးတံဖွာရင်းလေညှင်းခံနေပြီး..... နောက်တစ်ယောက်ကတော့ .. ဗော့ဒ် ကာ ကို သောက်ကာ.... ရေဒီယိုနားထောင်နေသည်....

မိန်းမကတော့ သူတို့ ရှေ့ မြေကွက်လပ်တွင် ထင်းခွဲနေသည်...

(ကဲ ..ပြောပါဦး ခင်ဗျား တို့ မိန်းမတစ်ယောက် ယောက်ကျား နှစ်ယောက် ဘယ်လို အဆင်ပြေအောင်နေကြသလဲ )

( လွယ်ပါတယ်.... ရက် သတ္တပတ် တိုင်းရဲ့တင်္နလာ ... ဗုဒ္ဓဟူး နဲ့ သောကကြာ နေ့ရက်တိုင်းမှာ .... ကျွန်တော် လင်ကြီးလုပ်ပြီး ... ဟို အကောင်က လင်ငယ်လုပ်တယ်.... အဲ... အင်္ဂါ... ကြာ သပတေး နဲ့ စနေ နေ့ တိုင်းကို တော့ .. ဟိုကောင်က လင်ကြီးလုပ်ပြီး .. ကျုပ်က လင်ငယ်လုပ်တယ်... ... အဲ တနင်္ဂနွေ နေ့ မှာတော့ အဲဒီ မိန်းမကို ကျုပ်တို့ ၀ိုင်းရိုက်ကြတယ်... )

(ဟင်.. ဘာဖြစ်လို့ လဲ)

(လင်ငယ် နေလို့ )



No comments:

Post a Comment