Sunday, August 5, 2012

ညဈေး အပိုင်း (၇) ဖာတ်သိမ်း

(၁၈)
July 25th ,2000 (MON)
3:00 (AM)
မြောင်းရေများ က …. အောင်မိုး ပါးစပ်တွင်းသို ဝေါကနည်းတိုးဝင်လာသည်…… ရေစီးက တအားသန်သဖြင့် သူဘယ်လိုမှကူးလို့ မရ……
(အား……ဖူး .. ဖရူး)
လူကရေထဲတွင် မြုပ်ချီတစ်ခါ ပေါ်ချီတစ်လှည့်ဖြင့် မျောပါနေရသည်…… မြုပ်သွားသော အချိန်တွေ မြောင်းရေညိုပုပ်ပုပ်များက ပါးစပ်ထဲဒလဟောတိုးဝင်လာပြီး….. ရေစီးနှင့်အတူ အောက်ခြေသို့ ဆွဲခေါ်သွားကြသည်…. ရုတ်တရက်ပြန်ပေါ်လာသော အချိန်ကျ မှထိုရေပုပ်များ ကို ပါးစပ်မှ အန်ထုတ်နိုင်သည်…. ဒါကလည်း ခဏပဲဖြစ်သည်မှုတ်အန်ထုတ်လိုက်ပြီးသိပ်မကြာ ရေပုပ်များ ပါးစပ်ထဲပြန်ဝင်လာကာ .. ပြန်မြုပ်သွားပြန်သည်….. အောင်မိုးကြောက်အားလန့်အားဖြင့်ရုန်းကန်သည်…. တဖြေးဖြေး မောလာသည်.. အသက်ရှုကျပ်လာသည်ရုန်းနိုင်စရာအားက မရှိတော့ ….. တစ်ချက်တစ်ချက်သတိလစ်ချင်သလိုဖြစ်လာသည်….. ထိုအချိန်သူခေါင်းထဲရုတ်တရက်ပေါ်လာသည်ကား ညဦးကတည်းက စိတ်ထဲမှ ရွတ်နေရင် အိပ်ပျော်သွားခဲ့သော သံဗုဒ္ဓေဘုရားရှိခိုးဂါထာပင်ဖြစ်တော့သည်….
စိတ်ထဲ ပေါ်လာသည်နှင့် အောင်မိုးချက်ချင်းရွတ်ပစ်လိုက်သည်နောက်ဆုံးအားကိုးကယ်ရာမဟုတ်လား ….. ဂါထာ တစ်ခေါက်အဆုံးတွင်…. သူ့ကို တစ်ယောက်ယောက်က ဆွဲတင်လိုက်သလို…. ရေပေါ်သို့ တက်လာတော့ သည်…….
(ဘွမ်း…..)
(အားအား .. …. )

ရေပေါ်သို့ရောက်ရောက်ချင်းအသက်ပင်မရှုအားသူကိုယ်သူသတိထားမိသည်ကရေတွင်ပေါ်ရုံမဟုတ်ပဲလေပေါ်သို့ ပါပါနေကြောင်းသိရသည်…… သူနောက်က တစ်ယောက်ယောက်က သူကို သိမ်မွေ့စွာခေါ်လာသည်ကို သူသိသည်.. လှည့်လည်း ကြည့်လို့ မရ……. အောင်မိုးကြောက်အားလန့်အားဖြင့်ရုန်းရင်း .. သံဗုဒ္ဓေဂါထာကို သာ တွင်တွင်ရွတ်ဆိုနေတော့သည်…..ခေါ်ဆောင်လာသူက .. သူ့ကိုမြောင်းနှုတ်ခမ်းဘောင်တွင်ချပေးလိုက်ပြီးသူ့ပါးခုံးကို ပုတ်ကာ……
(သား…. ထတော့) ဟူသော အသံကို သူကြားလိုက်ရပြီလင်းကနဲဖြစ်သွားလေသည်……

(၁၉)
July 25th ,2000 (MON)
3:01 (AM)
(ဘယ်သူလဲ…. ခင်ဗျား ဘယ်သူလဲအမေ……)
အောင်မိုး ရုတ်တရက် အိပ်ရာမှ ကျုံးထလိုက်လေသည်….......မျက်လုံးအဖွင့် အပေါ်မှကလာသော သံဒုတ်ချက်ကို  ၀ှီးကနည်း အသံကြားလိုက်ရပြီး …. သံဒုတ်က သူ့ မျက်နှာနားတွင်ဖြစ်သည်….. အောင်မိုး ရုတ်တရက် အိပ်ရာပေါ်မှ တွန်းချခံလိုက်ရသလိုဘေးသို့ လိမ့်ဆင်းသွားသည်. .. သံဒုတ်က ၀ုန်းကနည်း မှို့ရာကို ရိုက်မိ၏
(ဟင် အမေအမေ.. ဘာလို့ သားကို ရိုက်တာလဲ)
အောင်မိုးကြောက်လန့်တုန်လှုပ်စွာ သူ့ အမေကို ကြည့်ရင်းမေးမိသည်.. … သူ့ အမေမျက်နှာက လူစိတ်ပျောက်နေသည့် ရုပ်……. ခေါင်းစုတ်ဖွားနှင့် ဒေါသကြောင့်နီနေသော မျက်လုံးများဖြင့် …. အကြည့်က သူ့ကို သွေးပျက်သွားစေသည်သူ့ အမေက သူ့ကို ကြည်နေရင်းမှ…. ဘေးဘက်သို့ လှည့် လိုက်ပြီး…..
(နင်တို့ နှစ်ကောင်ကို ငါဘာပြောထားလဲ…. သူ့ကို ခေါ်ထား မလွှတ်စေနဲ့လို့ မပြောထားဘူးလား  ဟင်)
သူမ ဘေးတွင်မည်သူမှရှိမနေပါ….. အောင်မိုးလန့်လာသည်…. သူမ ဘယ်သူ့ကို စကားပြောနေသနည်း…. နင်တို့ နှစ်ကောင်ဆိုတော့ဟိုကလေးနှစ်ယောက်….. ဟုတ်တယ် ဟိုကလေးနှစ်ယောက်…. အောင်မိုး တဖြေးဖြေး စိတ်ထဲရှင်းလာသည်….. သိသာလာပါပြီ……
(ခင်ဗျားက ဘယ်သူလဲ)
(နင့်အမေလေနင့်အမေငါနင့်အမေပေါ့ဟဲကောင်ရဲ့ … )
ဒေါ်မေကြည်အောင့်မျက်နှာက သူကို လှောင်ပြောင်ပြော ပြောနေသည့်ရုပ်ဖြစ်သည်….. အောင်မိုးလဲကျနေသည့်နေရာနှင့်မျက်နှာချင်းဆိုင်ဒေါ်မေကြည်အောင် ရပ်နေသည် . နောက်ဘက် ခပ်လှမ်းလှမ်းတွင်ထမင်းစားခန်းသို့ ကူးသော တံခါးရှိနေသည်….. သို့ သော် လှမ်းတာက တော်တော်တော့ လှမ်းသည်…..ဒီအချိန်ရုတ်တရက်ထပြေးလျင်သူ့ အမေသူ့ကို မှီနိုင်မလားဒါကို သူမတွေးနိုင်…..
ထိုအချိန်တွင် .. ဒေါ်မေကြည်အောင်က .. သူ့ကို ကြည့်နေရင်းမှ…. ဖြေးဖြေးချင်းဆောင့်ကြောင့်ကြီးထိုင်ချလိုက်သည်…. ထို့နောက်ဘဲတွား သွား ပြီး သူနားသို့ လက်ထဲမှသံဒုတ်ကြီးမြှောက်ကာ ဖြေးဖြေးချင်းကပ်လာသည်…… မဖြစ်တော့ အောင်မိုး ဆုံးဖြတ်ချက်ကို အပြတ်ချလိုက်သည်…… ဒီအချိန်ထပြေးတာ လွတ်နိုင်သော တစ်နည်းသာဖြစ်သည်…… တွေးလည်း တွေး
ဝုန်းနည်းကောက်ထလိုက်သည်…. ထလည်း ထပြေးလည်းပြေးတော့ သည်……
ဒေါ်မေကြည်အောင်က လည်းဖျက်ကနဲလှည့်ကြည့်ပြီးသည်နှင့်အောင်မိုးနောက်သို့ ဖားကြီးတစ်ကောင်ခုန်သလို .. ဆတ်ကနဲခုန်ခုန်ပြီးပါလာတော့သည်…. အနားရောက်လေဘဲတွားသွားလေဖြစ်သည်…. အောင်မိုးနောက်ကိုလုံးဝလှည့်မကြည့်တော့ ….ဆံပင်ဆုတ်ဖွား နှင့် ဆောင်ကြောင့်ကြီးခုန်ဆွခုန်ဆွဖြစ်နေသော သူ့ အမေကို သူ ဘယ်လိုမှမကြည့်ရဲတော့ ….
တံခါးနားရောက်တော့ .. တံခါးကိုဖွင့်လိုက်ပြီးမှ…….ကုတင်ပေါ်သို့ ကြည့်လိုက်ရာ….သူ့ညီအငယ်ကောင်လေးကို သွားမြင်တော့သည်…. ဒေါ်မေကြည်အောင်က ခုန်ဆွခုန်ဆွနှင့်လာနေပြီဖြစ်သည်……ဒီအငယ်ကောင်လေးကို ဘယ်လိုမှ ဒီလိုပုံစံဖြစ်နေသာ သူ့မိခင်နှင့် ထားခဲ့လိုမရ…. အောင်မိုး တံခါးမှထွက်သွားလျှင်လွတ်နိုင်သော်လည်းမတတ်နိုင်တော့ …. ကုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ ညီလေးကို ကောက်ချီလိုက်သည်ကံကောင်းထောက်မစွာ အငယ်ကောင်လေးက မနိုး…. မချီပြီးလှည့်ကြည့်လိုက်သော အချိန်တွင်….. သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားသည်…. ဒေါ်မေကြည်အောင်က သူထွက်မည်တံခါးကို ပိတ်ပြီး ဆောင့်ကြောင့်ကြိးထိုင်နေကာ သူ့ကို ကြည့်နေပေပြီ………
(ခင်ဗျား ဘယ်သူလဲ ပြောစမ်း …. )
(ငါနင့်အမေလေစောက်ကောင်လေးရဲ့ နင့်အမေပါဆိုဟင်းဟင်း ဟီးဟီး )
သွားပြီ…. သူဘာလုပ်ရတော့မည်နည်း
(ဟီဟိနင့်တို့ နှစ်ကောင်လုံးကို ငါသတ်မှာဟီးဟီးဟဟ သတ်ပစ်မယ်ဒီမှာငါနေမယ်.. ဟီးဟီး ငါနဲ့ ငါ့ မြေးတွေနေမယ်ဟင်းဟင်း)
အောင်မိုးမျက်လုံးထဲ ဟိုကလေးနှစ်ကောင်ကို မျက်လုံးထဲသွားမြင်သည်…. ဟုတ်ပြီသေချာသည်…. သူ့ ကို ဒုတ်နဲ့ရိုက်ရန် ဟိုကလေးနှစ်ကောင်က သူ့ ကို အိမ်မက်ထဲမှာ မြောင်ထဲတွန်းချလိုက်ခြင်းဖြစ်သည်….. ဒါသူ့ကို ချုပ်ထားခိုင်းတာပဲဖြစ်မည်…. ဒါဆို .. သူဒီအတိုင်းသူ့ကို ရိုက်လို့ မရ သူမေ့နေလျှင်သော်ဖြစ်စေအိပ်နေပြီး အသိစိတ်လွတ်နေလျှင်သော်ဖြစ်စေ ဒီအချိန်ပဲရမည်….. ဟုတ်သည်အောင်မိုးမျက်နှာ တစ်ဖြည်းဖြည်းပြုံးလာသည်….
(ဟားဟား လက်စသတ်တော့ …. ခင်ဗျားက ကျု့ပ်ကို အသိစိတ်လွတ်အောင်လုပ်နေသကိုးအမှန်က အဲဒီ ကလေးနှစ်ယောက်က ကျုပ်နဲ့ ကစားလို့ ကောင်လို့ ဆိုပြီး ကျုပ်နဲ့ ကစားနေတုန်း ကျုပ်ကို လွှတ်ပေးလိုက်တာ ဗျ.. )
(ဘာဘာမဖြစ်နိုင်ဘူးငါမြေးတွေက ငါ့စကားနားထောင်တယ်.. )
(မထောင်ပါဘူး…. အခုကျုပ်လွတ်လာတာပဲကြည့်လေ…. သူတို့ အဆော့မက်နေလို …. )
ထိုသို့ ပြောနေရင်း…. အောင်မိုး သူ့ အိပ်မက်ကို သတိသွားရသည်…. သူရေထဲ ကျသွားချိန်တွင်…. သူ့ကိုနောက်က တစ်ယောက်က မထုတ်ကယ်ခဲ့ပြီး ဒီ ကို ပြန်ခေါ်လာခြင်းဖြစ်သည်…. အဲဒီ မတိုင်ခင်မှာ .. သူသံဗုဒ္ဓေကို သူရွတ်ခဲ့သည်ပဲသူသတိရလိုက်မိပြီဟုတ်သည်သံဗုဒ္ဓေ …. သူအလွတ်ရသည့် တစ်ခုတည်သော ဘုရားရှိခိုးဂါထာ…… သတီရလျှင်ရချင်း ပါးစပ်မှ စတင်ရွတ်ပါတော့သည်
(သံဗုဒ္ဓေ အဋ္ဌ၀ီသဉ္စဒွတသဉ္စ…. သဟဿကေ.. ပဉ္စသတ္တာ .. သဟသာနိ..နမာမိ.. သီလသာမဟံ)
သူရွတ်နေလေ.. ဒေါ်မေကြည်အောင်သူ့ကို ဒေါ်သတကြီးကြည့်လေဖြစ်သည်
(ဟဲစောက်ကောင်လေး…. နင်ရပ်စမ်း .. အခုရပ်စမ်း …) ပြောလည်းပြောနောက်သို့ ဆုတ်ဆုတ် ဆုတ်ဆုတ်နှင့် ဘဲတွားဖြင့် ဆုတ်သွားသည်…. အောင်မိုးအနည်းငယ်ရဲတင်းလ်ာသည်….
ပါးစပ်မှ ဘုရားရှိခိုးဂါထာကို အဆက်မပြတ်ရွတ်သည်…… ထို့ နောက်ဖြေးဖြေးချင်းကုတင်ပေါ်မှ ဆင်းလာလိုက်သည်…. အငယ်ကောင်လေးကို လည်း မနိုင့်တနိုင်မထားရသည်…..
(အာပကာ ၀ါဠုကာ ဂင်္ဂါ…) …. ဒေါ်မေကြည်အောင်ကို ကြည့်ရင်ဖြင့် ရွတ်လေဒေါ်မေကြည်အောင်က သူနှင့်ဝေးရာသို့ ဆုတ်သွားလေဖြစ်သည်….
(ငါရပ်လို့ ပြောနေတယ်လေအား….. ဟိတ်ကောင် ရပ်စမ်းအခု……. အားအား … )
ဟု အော်နေရင်းမှနောက်သို့ဆုတ်သွားလေသည်…. ထိုအချိန်တွင် အောင်မိုးလည်း အခန်းတံခါးနားသို့ ရောက်လာပြီး …. ဖတ်ကနည်း တံခါးကို ဖွင့်ကာ ထွက်ပြေးတော့ သည်ဦးတည်ချက်က ဘုရားခန်းရှိရာဆီကို……..
ဘုရားခန်းထဲရောက်သည်နှင့် တံခါးကို တွန်းပိတ်.. လော့ခ်ချထားကာ…. တံခါးကို ကျောပေးပြီးသာ ထိုင်ချလိုက်တော့ သည်အငယ်ကောင်လေးကို ဘုရားစင်ရှေ့တွငိ ချထားလိုက်၏. သူဘာဆက်လုပ်ရမည်နည်းနာရီကို ကြည့်တော့ လေးနာရီ့ထိုးခါနီးပြီမိုးသောက်ရောင်ချည်တော့ သန်းနေပြီ…… စိတ်ထဲမှ သံဗုဒ္ဓေကို အဆက်မပြတ်ရွတ်ရင်းသာနေလိုက်တော့သည်…..
ထိုအချိန်တွင် ရုတ်တရက်
ဒုန်း…..!”
ဒုန်းဂရစ် ဂရစ် …. 
(ဟေ့ကောင်တံခါးဖွင့်စမ်းအခုမဖွင့်ရင် .. ငါခေါင်းနဲ့ တိုက်ဖွင့်မယ်…. ဟားဟားကဲဟာဒုန်း..ဒုန်း)
အပြင်မှ ဒေါ်မေကြည်အောင်အသံမဟုတ်တော့ယောက်ကျားရင့်မ ကြီးတစ်ယောက်အသံဖြစ်နေသည်တံခါးကို ထုရင်း လက်သည်းနှင့် ကုတ်ချစ်နေသည်….ခေါင်းနှင့်တိုက်ဖွင့်မည်ဆိုတော့ .. ဒါဒေါ်မေကြည်အောင့်ခေါင်းဖြစ်သည်…. မဖြစ်တော့ …. ဒီအတိုင်းထားလျှင် သူ့ အမေသေလိမ့်မည်ဖြစ်ချင်ရာဖြစ်တော့ ဒီအချိန်သူ ရဲရင့်မှရတော့မည်…. ပါးစပ်မှလည်း ဘုရားစာကို အဆက်မပြတ်ရွတ်ဖတ်နေပြီးတံခါးကို ဖွင့်ချလိုက်တော့သည်……
တံခါးဖွင့်လိုက်သည်နှင့်ဒေါမေကြည်အောင်…. ဘုရားခန်းထဲသို့ ၀ုန်းကနဲခုန်ဝင်လာသည်…..
သို့သော် အရင်လို ဆွေ့ကနည်းခုန်ပြီး ဆွေ့ကနဲပြန်မကျနိုင်တော့ …. ဘုရားစင်ရှေ့နားသို့ မှောက်လျက်ကြီးကျသွားတော့သည်…….
အောင်မိုး တံခါးကို ချက်ချင်း ပြန်တွန်းပိတ်ပစ်လိုက်၏…. သတိမေ့နေသော သူ့ အမေအနားသို့ အရမ်းမကပ်ရဲ….. ဖြည်းဖြည်းချင်းတိုးသွားပြီး
(အမေအမေအမေ….. ထလေအမေ)
လက်ဖြင့် ဒေါ်မေကြည်အောင့်ခန္ဒာကိုယ်ကို တွန်းပြီး နှိုးလိုက်သည်….. ထိုအချိန်ကျမှ.. တရှုံရှုံ အသံနှင့် အတူ ဒေါ်မေကြည်အောင်နိုးလာတော့သည်…..
(ဟင်.. သား…. သားကြီးရယ်.. တော်သေးတာပေါ့ …. အမေတောင်းပန်ပါတယ်သားရယ်)
(အမေ.. သားကိုလုပ်တာတွေအမေမှတ်မိတယ်လား )
(သိတယ်သား ဒါပေမယ့် အမေ့ကိုယ်အမေထိန်းလို့ မရတော့တာ …. အမေ့ကို တစ်ယောက်ယောက်ကချုပ်ထားသလိုဖြစ်နေတာ …. အမေက သားကို .. ရိုက်မိပြီထင်တာ …. သတိတစ်ချက်ကလေးလွတ်သွားတာ သားရယ.….. တော်သေးတာပေါ့ .. ငါ့သားဘာမှမဖြစ်လို့ )
ဟုဆိုကာ တရှုံရှုံဖတ်ရင်း ငိုပါလေတော့သည်……. ဒီ တစ်ညတော့ သူတို့ သားအမိ ဒီဘုရားခန်းထဲမှ မထွက်ရဲပါတော့ချေ….. အောင်မိုးလည်း လူမောစိတ်မောဖြင့် သူ့ အမေငိုတော့ လိုက်ငိုမိသည်….. သားအမိနှစ်ယောက်ဖက်ငိုကြရတော့သည်….. သားအငယ်လေးသာအေးဆေးစွာဘာမှ မသိပဲ အိပ်စက်နေလေသည်……
(၂၀)
July 25th ,2000 (MON)
7:20 (AM)


အချိန်သည် ဘယ်သော အခါမှ ရပ်တန့်မနေခဲ့ပါချေ……. နံနက်ခင်းသည် သူ့ အလိုလို လင်းလာခဲ့ချေပြီ…..
(သားအမေတယ်လီဖုန်းသွားယူမယ်သားဒီကစောင့်နေနော်… )
(သားပါလိုက်မယ်အမေ…. ဒီအတိုင်းသွားရင် တစ်ခုခုဖြစ်လို့ တယ်လီဖုန်းလွတ်ကျတာ…. ကွဲသွားတာ ဖြစ်ရင် ဘာမှလုပ်လို့ မရဘူး…. စိတ်လည်း အရမ်းမပူပါနဲ့ အမေရယ်…. အမေ့စိတ်မှာ သတိကပ်နေသရွေ့ သူတို့ ဘာမှလုပ်လို့ မရဘူး….. နောက်သားတို့ ဘုရားပုံတော်တစ်ခုရယ် ပုတီးရယ်လည်ပင်းမှာဆွဲသွားမယ်လေ.. လက်ကလည်း ကိုင်သွားကြမယ်.. )
(ကောင်းတယ်သား…. ဟူးတော်ပါသေးရဲ့ ငါ့သားရှိနေပေလို့)
အောင်မိုးအနည်းငယ် ဘ၀င်မြင့်ချင်ချင်ဖြစ်သွားသည်……ခုနစ်တန်းကျောင်းသား သူ့ကို ဒီအိမ်မှာ လူကြီးအဖြစ်သတ်မှတ်သွားပြိမဟုတ်လား….
သို့ နှင့် သားအမိနှစ်ယောက် အိမ်ခန်းအတွင်းသို့ ပြန်ဝင်ကာ ခြင်းဖုန်းအား မလာရတော့သည်.. ဘာမှ ထူးထူး ခြားခြားတော့မရှိ….. ဒေါ်မေကြည်အောင့် လက်သည်းများသာညက တံခါးကို ကုတ်ခြတ်မိ သဖြင့် ပွန်းပဲနေသည်….. ဖုန်းကို ဘုရားခန်းထဲယူလာပြီးမှ …. သူမ အစ်မအကြီးဆုံးဒေါ်မူမူ သန်းဆီဖုန်းဆက်ရတော့သည်…..
(ဟယ်လို အမကြီးလား …. ဟုတ်တယ်.. ကျမ ..မေကြည်အောင်အမကြီးရယ် အိမ်ကို ခဏလောက်လာပါဦး .. ဒီမှာ ဘာတွေဖြစ်နေမှန်းမသိဘူးအခုလာပါအမကြီးရယ်နော်.. ဒီမှာ ကျွန်မရော.. ကလေးနှစ်ယောက်ရော အတော်ကြောက်နေပြီ….. ဟုတ်ဟုတ် )
ဖုန်းချလိုက်ပြီး သားအမိနှစ်ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်
(ဘာမှအားမငယ်နဲ့ နော်သားကြီးမူလိမ့်မယ် ဘုန်းကြီးပါပင့်လာမယ်လို့ ပြောတယ်… )
အောင်မိုး ဘာမှပြောတော့ သူ့အမေကို တစ်ချက်မျှပြုံးကြည့်လိုက်ပြီး သက်ပြင်းသာချလိုက်တော့သည်….. ဒိတစ်ခါချသည့် သက်ပြင်းကတော့အတော်ကလေးသက်သာပါသည်…… အမောလည်းပြေရပြီဖြစ်သည်….. သူတို့ ဒီတစ်ညကို ဘာဘေးဥပါဒ်မှ မရောက်ပဲကျော်လွန်ခဲ့တာသာလျှင် .. အကောင်းဆုံးရလဒ်တစ်ခုဖြစ်နေတော့သည်သေချာပါသည်.. ဒီနေ့ကျောင်းလည်း တက်ဖြစ်တော့မည်မဟုတ်……

(၂၁)
July 25th ,2000 (MON)
8:05 (AM)
ဒေါက် ဒေါက်…. တင်း.. တောင်ဒေါက်ဒေါက် ဒေါက်
(ဟော အမေ.. ကြီးမူတို့ လာပြီထင်တယ်.. )
အောင်မိုး ပုတီးကို လည်မှာ ကောက်ဆွဲလိုက်ပြီး မှ ဘုရားခန်းထဲမှ ထွက်ကာ အိမ်တံခါးရှိရာသို့ သွားပြီး ဖွင့်ပေးလိုက်သည်…. ဟုတ်ပါသည်.. သူတို့ ကြီးကြီး ဒေါ်မူမူသန်းဖြစ်ပါသည်အသက်ခြောက်ဆယ်နီးပါးရှိပြီဖြစ်သော ဒေါ်မူမူ သန်းက …. အရွယ် တင်လှသည်…… ရာသက်ပန်ညစာမစားခြင်း…. တရားထိုင်ခြင်းတို့ကြောင့်ဖြစ်မည်ထင်သည်…. ဘုရားတ၇ားကို အတော်ကိုင်းရှိုင်းပြီါ်ရှေ့မှီနှောက်မှီလည်း ဖြစ်တာကြောင့် ….. ဒါမျိုးကိစ္စဆို သူမကို အားကိုးရခြင်းဖြစ်သည်…..
သို့သော်သူမ လာသည်က တစ်ယောက်တည်း ဘာဘုန်းကြိးမှ ပင့်မလာ
(ဟဲ့မေကြည်….. ဘယ်လိုဖြစ်တာလဲဟယ်.. ငိုထားတာလားမျက်နှာတွေလည်း အမ်းနေတာ ပဲ…..  ပြောစမ်းပါဦးငါ့ကို ….. ဘုန်းကြီးဝင်ပင့်တာ ဘုန်းဘုန်းတို့ က ခုထိပြန်ကြွမလာသေးဘူး တဲ့ကျောင်းမှာလည်းရဟန်းငယ်တွေချည်းပဲဆိုတော့ ငါလည်းအားနာတာနဲ့ မပင့်ခဲ့တော့တာ …. ဒီနားက ကျောင်းတစ်ကျောင်းကျောင်းက ပဲပင့်တာပေါ့အေ.. နော်ကဲကဲ သားက ရော့ ဒီ ပုရိတ်ခွေကို ကက်ဆက်ထဲထည့်ဖွင့်ချေ… )
(ကက်ဆက်ပျက်နေတယ် ကြီးမူရဲ့ ဖွင့်မရဘူး )
(အော် ခက်ပါတယ်.. နင့်တို့ကလည်းကဲဒါဆိုလည်း တို့ အားလုံးအောက်ဆင်းပြီး ဘုန်းကြီးသွားပင့်ကြမယ်.. နော်…. အငယ်လေးပါခေါ်လာခဲ့ အိပ်နေလည်းနှိုးလိုက်…. နင်တို့ ကြည့်ရတာ မနက်စာလည်းစားရသေးပုံမပေါ်ဘူး လာလာ တခါတည်းသွားစားပြီး ဘုန်းကြီးပင်မယ်….)
ဟု လူကြိးပီပီသူ့ ဟာနှင့် သူ စီစဉ်ပြီးသည်နှင့် အငယ်ကောင်လေးကို ကောက်ပွေ့ကာ ရှေ့မှ ထွက်သွားတော့သည်…..
သို့ နှင့် …. စားသောက်ပြီးကြပြီးနောက်….. ညဈေး မျက်နှာချင်းဆိုင်မှ ဘုန်းကြီးကျောင်းသို့ သွားကာ ဘုန်းကြီးပင့်ရသည်….. ဒီကျောင်းက အနီးဆုံးပဲဖြစ်သည်….. ကျောင်းရှေ့ မျက်နှာစာ …. သို့ရောက်တော့ တောင်ခင်းကျင်းထားခြင်းမရှိသော ညဈေးကို အောင်မိုးတို့ သားအမိတစ်ချက်မျှ ကြည့်မိကြသေးသည်….ဘာမှတော့ မပြောနိုင်တော့ …. ပြောနေချိန်လည်းမရှိတော့ ပါပေ
ဘုန်းကြိးငါးပါး ပင့်ခဲ့ကြသည်……ကျောင်းမှ ဘုန်းကြီးများ ပင့်ခေါ်လာပြီး….
နေအိမ်သို့ ရောက်သော အခါ မှ နေရာထိုင်ခင်းကို ဘုရားခန်းထဲတွင်ပင်စီစဉ်းပေးရတော့သည်…. ထိုနောက်မှ အနီးအနားမှလူများဖိတ်…. သူငယ်ချင်း အသိမိတ်ဆွေလူရင်းအချို့ဆီဖုန်းဆက်ရသည်….
ကျောင်းထိုင်ဆရာတော်က သက်တော်၅၀ နီးပါးရှိပေပြီ….. တည်ကြည်လေးနက်သော ဥပဓိရုပ်တော်ကြောင့် ကြည်ညိုဖွယ်ကောင်းလှသည်…. လူပရိတ်သတ်များလည်း တစ်ဖြည်းဖြည်းရောက်လာနေကြသည်…..
(ကဲပြောပါဦး ဒကာမကြီးဘယ်လိုတွေဖြစ်တာလဲ)
(စရရင်တော့ တပည့်တော်စိတ်ထင် ညဈေးက အပြန်ညကပါပဲဘုရား………) ဟု အစချီကာ ဒေါ်မေကြည်အောင်အစအဆုံး ဇာတ်ဆုံခင်ပြရတော့သည်…. အောင်မိုးကလည်း သူတွေ့သည်များကို ၀င်ပြောသည်…….
ဘုန်းဘုန်းမှ ခေါင်းတစ်ညိမ့်ညိမ့်နှင့် နားထောင်နေရင်း…….ဒေါ်မေကြည်အောင်စကားအဆုံးအထိ အေးအေးဆေးဆေးပင်နားထောင်ပေးရှာသည်……
(အဲဒါ တပည့်တော်တို့လည်း မနက်ငါးနာရီကစပြီးခုထိ အိမ်ထဲပြန်မ၀င်ရဲသေးပဲဒီဘုရားခန်းထဲမှာ ထိုင်နေရတာပါဘုရား….တပည့်တော်တို့ ကိုကယ်ပါဦးဘုရား…..)
(ဘုန်းကြီးတို့ ကတော့ ကမ္မ၀ါစာပဲရွတ်ပေးနိုင်ပါမယ်. … ဒကာမကြီးဘုရားရှင် ရဲ့ ကမ္မ၀ါ စာဟာလည်း အစွမ်းအထက်ဆုံးပါပဲ….. သရဲတစ္တေထုတ်တာ ဘာတာတော့ဝိနည်းနဲ့ မညီလို့ ဘုန်းကြီးမလုပ်ပါဘူး…)
(တင်ပါ့ဘုရားတပည့်တော်လည်း အဲဒါတွေ မယုံပါဘူးဘုရား..)
(ဒါနဲ့ ဒကာမကြီးစောစော ကပြောတဲ့ထဲမှာ …. စာလုံးနှစ်လုံးရေးတယ်ဟုတ်လားမှတ်နဲ့ မဲ ဟုတ်လား )
(တင်ပါ့ဘုရား)
(ဘုန်းဘုန်းစိတ်ထင်တော့ဒကာမကြီး မြသောင်တို့ …. မြေးအဘိုးနဲ့တွေ့ပြီနဲ့တူတယ်… )
(ကန်တော့ပါဘုရား.. ဘယ်က မြသောင်လဲဘုရား)
(မြသောင်ဆိုတာတကယ်တော့ သူ့ ကို ဦးမြသောင်လို့ ခေါ်ရမှာပဲ …. သူဆုးံတော့ တောင် သူ့ အသက်က ခုနစ်ဆယ်ကျော်နေပြီလေလွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဆုံးတာဆိုပါတော့ ကွယ်……..ဖြစ်ပုံက ဒီလိုဒကာမကြီးရဲ့ ….. အဲဒီတုန်းက ဦးဇင်းတို့ ဒီကျောင်းကို စရောက်ကာစပေါ့လေအသက်၁၇ လောက်.. ကိုရင်ကြီးတွေပေါ့……. ကျန်တဲ့ကိုရင်တွေကတော့ မရှိတော့ပါဘူး ဦးဇင်းပဲဒီ ကျောင်းမှာမြဲပြီးကျန်ခဲ့တာ….. အဲဒီတုန်းက ဦးဇင်းတို့ ကျောင်းနဲ့ မျက်နှာချင်းဆိုင်အခု ညဈေးနေရာက ညဈေးမဟုတ်သေးဘူးဈေးတန်းလည်းမဖြစ်သေးပါဘူး …. .. မြောင်းကြီး .. ဘေးမှာ အုတ်ဘောင်က ခပ်ပုပုလေးနဲ့ ဟင်းလင်းကြီးဖြစ်နေတာပေါ့….. အမှိုက်ပုံလိုလိုပေါ့ကွယ်….. အဲဒီနားမှာက လူသူကလည်းမနေ..ဘူးအခုနောက်ပိုင်းမှသာ တိုက်တွေ ဆောက်လာကြတာလေ….. အဲဒီ အမှိုက်ပုံဘေးမှာ …. မြသောင်တို့ မြေးအဘိုးတွေနေကြတယ်…. နေတယ်ဆိုတာလည်း တဲခပ်စုတ်စုတ်ကလေး သွပ်အဟောင့်းအပဲတွေနဲ့ ဆောက်ထားတာပါ…. )
(ခဏလေးဘုရား)
ဒေါ်မေကြည်အောင်သုတ်ကနဲထသွားပြီ အိမ်ခန်းထဲဝင်သွားသည်.. ခဏကြာတော့မှ…. စာရွက် သုံးလေးရွက်ကို ကိုင်ကာပြန်ထွက်လာသည်…. အောင်မိုးကတော့ မြင်သည်နှင့်က ဒါဟာ ညကသူမ ပုံဆွဲရန်တောင်းထားသော စာရွက်များမှန်းသိသည်….
(အရှင်ဘုရား ဒီတဲလားဘုရား… ) ဟုဆိုကာ စာရွက်တစ်ရွက်ကို ထုတ်ပြသည်….
ဘုန်းကြီးလည်းစာရွက်ကို ယူကြည့်လိုက်ရာ.. မျက်လုံးပင်ပြူးချင်ချင်ဖြစ်သွားသည်
(ဟာ ဖြစ်နိုင်တာပေါ့ဒါဟာ ဘုန်းကြီးတို့ ကျောင်းကဘက် ကားလမ်းက ကြည့်ရင်.. မြင်နေရခဲ့ရဘူးတဲ့ ဦးမြသောင်တို့ တဲနဲ့ ခပ်ဆင်ဆင်ပဲ…. ပုံကဆွဲထားတာ ကြမ်းတာကလွဲလို့မြင်ကွင်းမှာ သူ့နေရာနဲ့ သူရှိနေတာတော့ ကွက်တိပဲ…. ဒကာမကြီးရယ်အမှန်ပဲ….. ဒါဆိုသေချာပါပြီဒါမြသောင်တို့ မြေးအဘိုးတွေပါ…. )
ဒေါ်မေကြည်အောင်က နောက်တစ်ရွက်ကို ထုတ်လိုက်ပြီး
(ဒီမှာလည်းကြည့်ပါဦးဘုရား)
ကလေးနှစ်ယောက်ဆော့နေသော ပုံဖြစ်သည်….
(အင်းဒါကတော့ မှတ်ကြိး.. နဲ့ မဲလုံးတို့ဖြစ်မယ် ထင်တယ့်ပုံတွေက .. ကလေးဆွဲဆွဲထားတာမျိုးဆိုတောာ့ …. ဘုန်းကြီးတပ်အပ်မပြောနိုင်ပေမယ့် ဒိပုံနှစ်ပုံရယ်…. တဲပုံရယ်နောက်မှတ်နဲ့ မဲဆိုတဲ့ စာလုံးနှစ်လုံးရယ် ဆက်စပ်ကြည့်ရင် ဦးမြသောင်တို့အဖြစ်နိုင်ဆုံးပါပဲ …. )
(ဆက်ပါဦးဘုရား)
(ဥိးမြသောင်ကို ဘုန်းကြီးတို့တွေကလောက်လွဲလို့ ဘယ်သူမှ ဦးတပ်မခေါ်ကြဘူး မြသောင်ပဲခေါ်ကြတာသူက အောက်ပိုင်းမသန်ဘူး ….. သူက မတ်တပ်ရပ်လို့မရတာ .. ဘဲတွားလို ဖင်ရွေ့ရွေ့ပြီးပဲသွားနိုင်တယ်လေ…..နောက်ပြီး သူကသူ့ တဲရှေ့ နားလေးမှာဖိနပ်ချုပ်စားတယ်ဖိနပ်ကလည်း မချုပ်ရပါဘူးအမိုက်ပုံနားဘယ်သူက ဖိနပ်လာချုပ်မလဲ….. သူ့ အဓိက အလုပ်ကတော့ တစ်နေကုန်သူ့မြေးနှစ်ယောက်ကို ထိုင်ကြည့်ရင်းသူ့ မြေးနှစ်ယောက်နာမည်ကို မြေကြီးပေါ်ရေးတဲ့အလုပ်ပဲဥိးမြသောင်က စာမတတ်ဘူး .. ဒါပေမယ့် ဘုန်းကြီးတို့ ဆိက နေ.. သူ့မြေးနှစ်ယောက်ရဲ့ နာမည်ကို ရေးတတ်အောင်သင့်ထားတယ်မတွေ ဟတ်ထိုးတွေ သူမသိပေမယ့်ဒီစာလုံးဆိုတာတော့သူအမြဲမှတ်ထားတတ်တယ်…. သူ့မြေးနှစ်ယောက်က လည်း အတော်ဆော့ပါတယ်ဒါပေမယ့် အဲဒီ မြောင်းဘေးနားပါပဲ .. ဘယ်မှ ဝေးဝေးလန်လန်သွားလေ့မရှိကြဘူး …… ဥိးမြသောင်က သူ့မြေးတွေကို အတော်ချစ်ရှာတယ်….. တစ်ခါသား သူဘုန်းကြီးကို သူပြောဖူးတယ်ကိုရင်ကြိးရယ်ကျုပ်မြေးလေးတွေကို မွှေ့ရာလေးနဲ့ သိပ်ချင်လိုက်တာ တဲ့အသားငါး ပေါပေါလည်းကျွေးချင်လိုက်တာ လို့ သူပြောတယ်…… ဒါပေမယ့် သူ့ပုံနဲ့ ဒီလိုတစ်ခါမှ မလုပ်ပေးနိုင်ဘူးပေါ့လေ…. သေတဲ့အထိပဲဆိုပါတော့…..
ဖြစ်ပုံက ဒိလိုပါ….. တစ်နေ့ ဒိလိုလပိုင်းလောက်မိုးတွင်းကြီး …. ပေါ့မိုးတွင်းဆို အရင်က ဒီလိုလမ်းမပေါ်အထိေ၇မလျှံပေမယ့် မြောင်းထဲမှာတော့့ရေအတော်ကြီးတယ်…. ရေစီးလည်း သန်တယ်…. အဲဒီမြောင်းမှာ က လူလည်း ခဏခဏသေတယ်.. ရေဆင်းကူးကြာတ လေ…. နောက်ဆုံးသေရင်လည်း ပုဇွန်တောင်ချောင်းထဲသွားပေါ်နေတာပဲ……အဲဒီတုန်းကမြင်လိုက်ရတဲ့ …. ကိုရင်တွေဝိုင်းပြောတာတော့ …. မိုးသည်သည်းမှာကလေးနှစ်ယောက်က မြောင်းဘောင်ပေါ်တက်ဆော့ရင်း ပြုတ်ကျသွားတယ်ပြောတယ်….. မြောင်းဘောင်ပေါ်တက်ကတည်းက ဦးမြသောင်က တားတယ်တဲ့ ..ဒါပေမယ့် မရဘူးကလေးတွေက တက်ဆော့ရင်း .. နှစ်ယောက်စလုံးပြုတ်ကျကြတာတဲ့ လေ…. ဒါကို မြင်တဲ့ ဦးမြသောင်က …. ကလေးနှစ်ယောက်တက်သွားတဲ့ မြောင်းဘောင်ပေါ် လက်ထောက်တက်ပြီးကြည့်တယ်ပြောတာပါပဲမြောင်းဘောင်က လည်း အဲဒီတုန်းက ခပ်ပုပုကိုး…. နောက်တော့ သူပါ အဲဒီထဲခုန်ချသွားတယ်တဲ့ခုန်ပဲချသလား အားလွန်ပြီးပဲကျသွားသလားတော့ဘုန်းကြိးလည်းမမြင်လိုက်လို့ မသိပါဘူး ဘုန်းကြီးသိတဲ့အချိန်မှာ က …. အဲဒီနားမှာဘုန်းဘုန်းတို့  ကျောင်းက ကျောင်းသားတွေရပ်ကွက်က လူကြိးတွေလောက်နဲ့ …..အတော်စည်နေပါပြီ….. ဒါနဲ့နောက်တော့ အလောင်းသုံးလောင်းလုံးကိုပြန်ရသလား မရသလားလည်းသေချာမသိရပါဘူးဘယ်သူမှလည်း သရဏဂုဏ်တင်တာ ဘာတာ မလုပ်ပေးကြဘူး…… သူတို့ တဲလေးလည်းသိပ်မကြာဘူး ဖျက်ပစ်လိုက်ကြတာပါပဲ……. ဒါတွေကလွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က အဖြစ်အပျက်တွေပါ…..
အဲဒီနောက်တော့ …. ဥိးမြသောင်ကို တွေ့တဲ့လူက လည်း တွေ့တယ်ပြောတယ်….. ဒီလိုပဲ ကြားလိုက် မကြားလိုက်နဲ့ သတင်းမျိုးစုံကြားရပါတယ်…. အခု ဒီညဈေး လုပ်တာ .က နှစ်လောက်ပဲရှိသေးတောာ့ .. ခုထိတော့ သူတို့ နဲ့ ပါတ်သက်ပြီး ဒကာမကြီးဆီကလိုသတင်းမကြားဖူးသေးးဘူး……ညည မြင်တာပြုတာလောက်ပဲကြားရတယ်ညဆိုအဲဒီမှာ ကျန်တဲ့ အကြွင်းအကျန်တွေကြားမှာ အရိပ်တွေပြေးနေတယ်လည်းပြောတယ်….. ဥိးဇင်းကတော့ ခွေးတွေလို့ ထင်တာ ပါပဲ…… ကဲအခုတော့ လက်တွေ့ပဲပေါ့လေ…..ဘုန်းဘုန်းအထင်တော့ …. ဒကာမကြီးက အသားငါးကို ဗန်းပြတ်ဝယ်တတ်တော့စားနေသောက်နေတဲ့ ဟာကနေ ကပ်ပါလာတယ်ထင်ပါတယ်…. ဒါက မတော်တဆပါလာခဲ့တာပေါ့လေဒီကြားထဲ ဒကာလေးကလည်း လာခဲ့စမ်းထွက်ခဲ့စမ်း သွားလုပ်ခဲ့တာကိုး …. မဟုတ်ရင် အိမ်စောင့်နတ်ကြောင့် တော်ရုံ နာနာ ဘာဝက အိမ်ထဲဝင်လို့ မရပါဘူး…… အိမ်ရှင်ကလက်ခံသလိုဖြစ်တာကြောင့်နဲ့ တူပါတယ်နောက်ပြီးသူ့ ကလေးတွေကို ဒီအိမ်မှာထားချင်ရာက နေခုလို အဆိုးတွေဖြစ်ကုန်တာလို့ ထင်တာပဲ….. ရေစက်ဆိုတာ က မကုန်ရင် နောက်တစ်ဘ၀မှာလည်း ဒီလိုပဲစုံကြရတတ်တယ်လေမြေးအဘိုးတွေ ရေစက်မကုန်ဘူးနဲ့ တူပါရဲ့ ကွယ်နောက်ပြီး အထုံ.. အကျင့် ဆိုတာမျိုးကလည်း …. စိတ်အဆွဲအလမ်းလိုပဲဘ၀ပြောင်းသွားတာတောင်ကပ်ပါနေတတ်တယ်….. ဒါက ဘုန်းဘုန်းအထင်ပါကွယ်ဘာဖြစ်ဖြစ်လေ…. ဘယ်သူပဲဖြစ်ဖြစ်ကိုယ်နဲ့ မအပ်စက်တဲ့နေရာမျိုးမှာနေစရာမလိုပါဘူးလေနော်.. ကဲပါလေ.. ဘုန်းဘုန်း ကမ္မ၀ါ ဖတ်ပေးသွားပါ့မယ်…. )
အောင်မိုးလည်း သူ့အိပ်မက်နှင့် အိပ်မက်ထဲမှ ကလေးနှစ်ယောက်ကို ပြန်မြင်ယောင်ပြီး စိတ်မကောင်းဖြစ်မိသည်…… သူနှင့်အရွယ်မတိမ်းမယိမ်းလေးတွေကို
ကမ္မ၀ါစာ ရွတ်ဖတ်ပါပြီ…….
ရေခဲသေတ္တာမှ အသံတစ်ချက်တစ်ချက် ထွက်နေသည်မှလွဲရွေ့ မည်သည့် ထူးခြားမှုမှ မကြုံကြရ…..
ကမ္မ၀ါပါဠိလိုပြီးသောအခါ အိမ်ရှင်မှ ကြိုက်မကြိုက်မေးသည်
(အိမ်ရှင်က ဒီအိမ်မှာ အခု လို တွယ်ကပ်နေတာ ကြိုက်သလားမကြိုက်ဘူးလား .. )
(မကြိုက်ပါဘုရား)
(အခုလိုတွယ်ကပ်နေတာကို ကြိုက်သလားမကြိုက်ဘူးလား )
(မကြိုက်ပါဘုရား)
(အခုလို တွယ်ကပ်နေတာကို ကြိုက်သလားမကြိုက်ဘူးလား)
(မကြိုက်ပါဘုရား )
(အိမ်ရှင်က မကြိုက်တဲ့ အတွက် …. ဒီအိမ်မှာ ရှိနေတဲ့ သစ်ပင် သစ်ရွက်.. ပန်းပင်ခုန်.. ကုလားထိုင်…. စားပွဲခေါင်းအုံး..စောင်.. ခြင်ထောင်…. အစရှိတဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်း.. )
ဒေါ်မေကြည်အောင်မှ ရုတ်တရက်ဝင် ..
(အရှင်ဘုရား ရေခဲသေတ္တာပါ ထည့်ရွတ်ပေးပါဘုရား….)
(ဟေရေခဲသေတ္တာဟုတ်လား)
(တင်ပါ့ဘုရား တပည့်တော်စိတ်ထဲမသန့်လို့ပါဘုရား..)
ဘုန်းဘုန်းလည်း ပြုံးပြီးခေါင်းညိတ်ခါ
(အေးပါကွယ် ရွတ်ပေးခဲ့ပါ့မယ်..တွယ်ကပ်နိုင်တဲ့နေရာပဲလေ…. နော်ကဲ ရေခဲသေတ္တာအစရှိတဲ့ အိမ်တွင်း အသုံးအဆောင်များမှာ တွယ်ကပ်……..____)
ကမ္မ၀ါစာရွတ်ဖတ်ပြီးနောက်ဘုန်းဘုန်းတို့ အား .. နေ့ဆွမ်းကို ဒန်ပေါက် ဆယ်ပွဲဝယ်ကာ ကပ်လိုက်ပြီးဒေါ်မေကြည်အောင်မှ
(အရင်ဘု၇ားတပည့်တော်အဲဒီ ညဈေးနေရာလေးမှာအမျှဝေ အလှူလေးဖြစ်ဖြစ်လုပ်ပေးချင်ပါတယ်ဘုရား….ဦးမြသောင်တို့ မြေးအဘိုးကို ရည်စုးပြိးတော့ပေါ့….. )
(အေး ကောင်းတာပေါ့ကွယ်သိပ်အများကြီးမလိုပါဘူးဘုန်းဘုန်းတို့ ကျောင်းမှာ လှူပြီးအဲဒိ နားမှာ အမျှဝေပေးလိုက်ပေါ့…. ဦးမြသောင်တို့ တွေ .. သာဓုခေါ်နိုင်ရာ ဘ၀မှာရှိနေသေးတယ်ဆိုလည်း .. သာဓုခေါ်ရတာပေါ့ကွယ်နော်… )
ဘုန်းဘုန်းများ ပြန်ကြွသွားတော့ မှ…. ပဲ သူငယ်ချင်းများ မိတ်ဆွေများနှင့် ဒေါ်မေကြည်အောင်စကားပြောနိုင်တော့သည်….. အချို့ ယုံကြည်သူများ ကလည်း ယုံကြည်ကြသည်အချို့ ကလည်း ဒီခေတ်မှာ ဒါတွေမရှိဘူးဟုဆိုသည်ဒီတော့ ဒေါ်မေကြည်အောင်က ပြန်မေးလိုက်သေးသည်
(ဟဲ့ သရဲခြောက်တယ်ဆိုတာ ခေတ်နဲ့ ခွဲပြီးခြောက်နေရမှာလား ဟဲဟိုခေတ်ကရှီပြီး ဒီခေတ်မှာမရှိဘူးဆိုတော့နင့်ဟာက သရဲကို နင်ဝယ်ရောင်းလုပ်နေတဲ့ ကားများ အောက်မေ့နေသလား …. မော်ဒယ်လာခွဲနေသေး…. ခေတ်အောက်သွားတာနဲ့ မခြောက်ရတဲ့ သရဲဖြစ်နေပြီ….) ဟုဘုတောလိုက်တော့သည်….
(ဖြစ်နိုင်တယ်ဟဲ့ .. နင့်ကို အဘိုးကြီးဝင်ပူးတော့နင်မြင်သမျှက ဟိုးရှေးခေတ်က လိုလို ဘာလိုလို ဖြစ်နေမှာပေါ့… )
သူငယ်ချင်းတစ်ယောက်ပြောတာဖြစ်သည်.. ဟုတ်သလိုလို ပင်ဖြစ်နေသည်….
အခြားသူငယ်ချင်းတစ်ယောက်အိမ်မှ ကက်ဆက်ကိုလည်း ယူထားလိုက်ရသည်…. တစ်နေ့လုံး ပရိတ်ကို အဆက်မပြတ်ဖွင့်သည်……. ဒေါ်မော်မော်လည်း လာပါသည်…… သူလည်းကြုံလိုက်ရတာတွေကြောင့်လန့်နေခဲ့သည်မဟုတ်လား …. ပရိတ်ဖွင့်သည့်ကက်ဆက်နားမှာပဲသူမနေသည်……
ထူးခြားသည်က ကမ္မ၀ါဖတ်ပြီးချိန်မှ စ၍ရေခဲသေတ္တာမှ ဘာသံမှထွက်မလာတော့ခြင်းပင်ဖြစ်သည်….. ဘာကိုမှလည်းပြင်စရာမလိုတော့ ….
သားငယ်ကောင် .. သုထိုက်ကတော့ ဒီနေ့ အတော်ပျော်နေသည်…. သူဘာမှ မသိပဲကိုးဒီနေ့ အိမ်မှာ လူများသည်သူ့ အမေသူငယ်ချင်း၏သားသမီးများနှင့်လည်းဆော့ကစားရသည်….. ဒီနေ့တော့ သူအပျော်ဆုံးပင်ဖြစ်လိမ့်မည်ထင်ပါသည်

(၂၂)
တစ်ပတ်ခန့်အကြာ…..
ဒီနေ့ ဒေါ်မေကြည်အောင်စောစောနိုးပါသည်…..ညကလည်း စောစော အိပ်သည်ဒီနေ့သူမဈေးသွားရမည်မဟုတ်ပါလားညဈေးကိုမသွားတော့မနက်ဈေးအတွက်စောစော ထရမည်ပေါ…..
အိပ်ရာမှနိုးမျက်နှာသစ်လိုက်ပြီးမီးဖိုချောင်ထဲဝင်ကာအသစ်ထပ်ဝယ်ထားသော ရေခဲသေတ္တာအသေးလေးထဲမှ  ယမန်နေ့ ဘုန်းကြီးကျောင်းအလှူ ဦးမြသောင်အတွက်အလှူမှ ထည့်သယ်လာခဲ့သော မုန်ဟင်းခါးနှစ်ပွဲစာကို နွေးလိုက်သည်….. သားငယ်အတွက်တော့ ပေါင်မုန့်ကြက်ဥကြော်သည်….. မနေ့က တော်ပင်ပန်းထားခဲ့သည်မဟုတ်လားထူးထူးထွေထွေလည်းဘာမှမလုပ်နိုင်ပါ.... ထိုနောက်ထမင်းစားခန်းထဲသို့ ပြန်ဝင်လာပြီးမှ.. ..ဒီနေ့ ချက်စရာကြည့်ဦးမှ ဟုတွေးရင်.. အကျင့်အတိုင်းရေခဲသေတ္တာအကြီးကို ဖွင့်လိုက်သည်အထဲတွင် သူမ၀ယ်ထားသော ကက်ဆက်တစ်လုံးမှလွဲရွေ့ ဘာမှ မရှိတာကို တွေ့တော့မှ ပဲပြုံးမိသည်…. ကက်ဆက်မှ ပလက်ကို ယူကာ ရေခဲသေတ္တာပလက်ပေါက်တွင် တပ်လိုက်သည်…… တရားခွေက အဆင်သင့် ထည့်ထားပြီးသားမို့အေးချမ်းလှသော တရားခွေ၏အသံက ရေခဲသေတ္တာ အဖုံးကို ဖွင့်ထားသဖြင့် တစ်အိမ်လုံးသို့ ပျံ့လွင့်သွားလေသည်…… သူမကိုကြောက်သည်ပဲပြောပြော ကြောင်သည်ပဲပြောပြော ဒီအတိုင်း နောက်ထပ် တစ်ပတ်လောက်တော့သူမ ရေခဲသေတ္တာကြီးထဲတွင် ကက်ဆက်ထည့် ကာ တရားခွေဖွင့်ပါလိမ့်ဦးမည်…..

ထို့နောက်…. အောင်မိုး ကိုနှိုးရန်အိပ်ခန်းထဲသို့ ၀င်လာလိုက်သည်အောင်မိုးက အိပ်ခန်းထဲမှာရှိမနေ
(သား.. အောင်မိုး ..ရေချိုးခန်းထဲမှာလား… )
(ဟုတ်အမေအမေ့အတွက်ဈေးခြင်းပြင်ထားပြီးပြီ…… )
(အေးအေးသား….. ဈေးမသွားခင်အမေ ဘုရားရှိခိုးလိုက်ဦးမယ်သားလည်း ကျောင်းမသွားခင်လေး ဘုရားခန်းတော့တစ်ချက်ဝင်ဦးနော်အငယ်ကောင်ပါခေါ်…. ကြားလား )
(ဟုတ်အမေ.. စိတ်ချပါ….)
မှာစရာရှိတာမှာပြီးနောက် ဒေါ်မေကြည်အောင်ဘုရားခန်းတွင်းသို့ဝင်လာခဲ့သည်….
ခေါက်၍တင်ထားသော ယောဂီတဘက်လေးကို ယူကာ ဘုရားစင်ရှေ့ ထိုင်ချလိုက်ပြီး ….. ကြည်ညိုဖွယ်ကောင်းလှသော မြတ်စွာဘုရား၏ ရုပ်ရှင်တော်မြတ်ကို ဖူးမျှော်လိုက်မိသည်……
ထိုနောက်စိတ်ထဲမှ ကြည်နှုးစွာဥိးငါးကြိမ်ချလိုက်၏ ….. ထိုစဉ်….
အတွေးကလေးတစ်ခုက ခေါင်းထဲဝင်လာကာပြုံးမိသည်…..
အရင်လိုမဟုတ်တော့ပါ….
ဒီနေ့ သူမ ဘုရားမှန်မှန်ရှိခိုးတာ တစ်ပတ်တင်းတင်းပြည့်ပြီဖြစ်လေသည်……

ပြီးပါပြီ…….
စာဖတ်သူအပေါင်း .. ရွှင်လန်းချမ်းမြေ့နိုင်ပါစေ..
မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

အထက်ပါဖြစ်ရပ်များ သည်.. ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအားအခြေခံထားသော်လည်း …. ဇာတ်ကျောရိုးမှလွဲ၍……အပိုဖြည့်စွက်ထားသည်များ မလို၍ ဖြုတ်ပစ်သည်များ များစွာပါရှိပါသဖြင့် ….. ၀တ္ထုတစ်ပုဒ်အဖြစ်သာ ဖတ်ရှုပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်…. ခင်ဗျား





No comments:

Post a Comment