Thursday, October 18, 2012

ကိုယ့် အမှားကိုယ် တောင်းပန်သင့်ပါတယ်...

အခုဆို နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ လွတ်လာသလို ... နိုင်ငံရေး အကျဉ်းသား များလည်းထောင်တွင်းမှာ... ဆက်လက်ရှိနေဆဲပါပဲ ..... ကျွန်တော်တစ်ခု သဘောမတွေ့တာလေး ပြောပါရစေ ....

ဒီနိုင်ငံရေး အကျဉ်းသား တွေဟာ ဘာအပြစ်မှ မရှိပဲ ထောင်ထဲမှာ နှစ်ပေါင်းများ စွာ ဒုက္ခ ခံနေခဲ့ ပြီးမှ လွတ်မြောက်လာသူတွေပါ...... သူတို့ ဟာ အပြစ်သားတွေမဟုတ်ပါဘူး ..... အဲဒါကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ သမတ္တကြီးက ပဲ သနားညှာတာလို့ လွှတ်ေ

ပးနေသယောင်ယောင်လုပ်နေတာဟာ .... အတော်တော့ ရွံစရာကောင်းနေတာပါပဲ .....

တကယ်ဆို ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို .... စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းများ အားလုံးက ... တရားဝင်တောင်းပန်သင့်ပါတယ်..... ကိုယ့် ဟာ ကိုယ် ဘောင်းဘီကို ပုဆိုးပဲလဲလဲ .... လုပ်ခဲ့တာ ကလုပ်ခဲ့ပြီးသားမို့ ...... ဟိုက တစ်ပြန်တရားပြန်မဆွဲတာကိုတောင်..... တရားဝင်တောင်းပန်သင့်ပါတယ်.....

အခုတော့ နေခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွက်... အတောင်းပန်မခံရတဲ့ အပြင်... လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကိုပဲ ... ကျေးဇူးတင်ရမလိုလို လုပ်နေတာ ဟာ .... စိတ်ပျက်စရာအတော်ကောင်းပါတယ်ဗျာ ...

လင်းလွန်းညို

No comments:

Post a Comment