Tuesday, July 31, 2012

ညဈေး အပိုင်း ၆

(၁၄)
July 24th ,2000 (SUN)
7:30 (PM)

လောကတွင်မည်သူ့ကို မှမစောင့်သူသည် နေမင်းကြီးသာဖြစ်လိမ့်မည်ထင်သည်…… နေသည် သူ့အချိန်အတိုင်းစောင်းလာခဲ့လေပြီ…… ဒေါ်မော်မော်တို့ သားအမိလည်းကြောက်ကြောက်လန့်လန့်နှင့် ပြန်သွားကြပြီ…..
အောင်မိုး အတော်စိတ်ညစ်နေသည်….. အိမ်တွင် သူ တစ်ယောက်တည်း လူကြီးလိုဖြစ်ကျန်နေခဲ့သည်မဟုတ်လား.......အမေဖြစ်သူက တစ်ချိန်လုံးငူငူငေါင်ငေါင်ဖြစ်နေသည်…… သူလည်း ဘာမှမတတ်နိုင် ကွန်ပျူတာ ရှေ့မှာသာ ထိုင်နေမိတော့ သည်… ဘာလုပ်ပေးရမှန်းလည်း မသိ…… ဒီတစ်ညတော့ အတော်ကလေးဖြတ်ကျော်ရပေဦးတော့မည်….

(သားရေ…. သားဘာတွေလုပ်နေလဲ )

ဒေါ်မေကြည်အောင်အမေးကြောင့် အောင်မိုး ဒေါ်မေကြည်အောင်ကိုလှည့်ကြည့်မိသည်….. တစ်နေကုန်ရေမချိုးထားသော …ဆံပင်များ ပွင်ယောင်းဆုတ်ဖွာနေသော ဒေါ်မေကြည်အောင်သည် .. သူ့အမေမှ ဟုတ်ပါလေစ…. ဟုတွေးမိသည်…

(သား.. ကျောင်းပြိုင်ပွဲအတွက် … ပုံဆွဲနေတာလေ အမေရဲ့ )


ညဈေး အပိုင်း ၅


(၁၁)

July 24th ,2000 (SUN)
10:33 (AM)

(တင်း…. တောင်)

(ဟော….. မော်မော်တို့ လာပြီထင်တယ်….)

ကျန်နေသေးသော ငါးခူများကို ဆေးကြောမနေတော့ပဲ…… ရေခဲသေတ္တာအတွင်း ပြန်ထည့်ခဲ့လိုက်ပြီး

(လာပြီ…..လာပြီ….. )

ဟုအော်ကာ …..သူမအိမ်ရှေ့ တံခါးနားသို့ရောက်သွားသည်…..ချောင်းကြည့်ပေါက်မှ တစ်ချက်တော့ ကြည့်လိုက်မိသေးသည်….. မော်မော်နှင့် သူ့သမီးလေး….သေချာ မှ ပဲ...တံခါးကို ဖွင့်ပေးလိုက်သည်….

(ဟယ်…….မေကြည်ရယ်….နင့်မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ)

ဝင်ဝင်ချင်း မော်မော့်စကားကြောင့် ဒေါ်မေကြည်အောင်ဘာပြန်ဖြေရမှန်းမသိ…….. ပြောမနာဆိုမနာသူငယ်ချင်းများ မို့ပင် ဒေါ် မော်မော်ကလည်း အားမနာစွာဝေဖန်ပစ်လိုက်ခြင်းဖြစ်သည်…..

(ဟင်.. ငါ့မျက်နှာ…..ငါ့မျက်နှာက ဘာဖြစ်နေလို့တုန်း)

(မသိဘူး ငါ့စိတ်ထဲ….. တစ်မျိုးကြီးပဲဟ…….ပိုရင့်လာသလိုပဲ…ရင့်လာတာလဲမဟုတ်ဘူး…မပြောတတ်ဘူးဟာ ….. အဘိုးကြီးတွေလို အိုအိုကြီးဖြစ်နေတယ်…. ငါ့စိတ်ထဲထင်နေတာ)


ညဈေး အပိုင်း ၎

(၉)

July 24th ,2000 (SUN)
8:20 (AM)

အေးခဲနေသော…ငါးခူများကို ရေခဲသေတ္တာထဲမှထုတ်လိုက်ပြီး……အိုးတစ်လုံးအတွင်းရေပျော်သွားစေရန် ရေစိမ်ထားလိုက်သည်….. ကြက်သားများကိုလည်း ထို့ အတူပဲ ရေစိမ်ထားရသည်…..
ညက ကောင်းကောင်းအိပ်မပျော်သဖြင့် …. ခေါင်းက သိပ်မကြည်လင်….. ရေခဲသေတ္တာမှ တစ်ညလုံး အသံမြည်လိုက် ရပ်လိုက်ဖြစ်နေခဲ့သည်….အိပ်မက်ဆိုးများကြောင့်လည်း ပါပါသည်…….ညက တွေ့ခဲ့သော အသားစကိစ္စကိုလည်း … သူမ ဘယ်သူ့ကို မှ မပြောရဲပေ……ပြောရအောင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးနှင့် ပြောရမည်ကို စဉ်းစားလို့ မရ…….သားနှစ်ယောက်ကို ပြောပြန်လျှင်လည်း … ပိုကြောက်ကုန်လျှင် ဘာမှမဟုတ်ပဲ ပြဿနာဖြစ်ဦးမည်….. ထို့ကြောင့်ပင်သူမ ဘယ်သူ့ကို မှပြောမပြဖြစ်ပဲ ဒီအတိုင်းထားလိုက်သည်….ယခုမနက်ကျတော့ ရေခဲသေတ္တာမှ အသံမမြည်တော့ပေ…..ပြီးသည့်ကိစ္စကိုဒီအတိုင်းပဲပြီးထားလိုက်ချင်သည်….အလုပ်မရှုပ်ချင်တော့…..

ထို့ကြောင့် ယနေ့လာမည် သူမသူငယ်ချင်း မော်မော်အတွက်သာ ဟင်းချက်ပြုတ်ရန်စီစဉ်ရတော့သည်…

(အမေ…… ဘာစားဖို့ ရှိလဲ…. သားဘာသွားဝယ်ပေးရမလဲ)

အောင်မိုးနိုးလာပြီး သူမကို အိပ်ချင်မူးတူးဖြင့် လာမေးနေခြင်းဖြစ်သည်…..

(သားဘာစားချင်လဲ စားချင်တာကို သွားဝယ်လိုက်လေသားရယ်…. အငယ်လေးကို လည်း တစ်ချက်မေးလိုက်ဦး…)

အောင်မိုးလည်း….. သားအငယ် သုထိုက်မောင် အိပ်နေရာ အိပ်ခန်းတွင်းသို့ ၀င်သွားသည်…..

(ညီသု… ထဦး….. ကိုကြီးအောက်ဆင်းပြီး မုန့်သွားဝယ်မလို့ ဘာစားမှာလဲ…...နန်းကြီးသုတ်စားမလား .. မုန့်ဟင်းခါးစားမလား)

(နန်းကြီးသုတ်စားမယ်ကိုကြီး……. )

(အေးအဲဒါဆိုလည်း ထတော့ သွားတိုက်မျက်နှာသစ်….. ပြီးရင် အိမ်ရှေ့
ဧည့်ခန်းမှာ ဖုန်သုတ်စရာရှိတာ သုတ်ထား…..တော်ကြာ နေ့လည် မပြီးရင် အမေက ပေးမကစားပဲနေဦးမယ်…)

ဟုပြောကာ ဗီဒို အံဆွဲအတွင်းမှ ပိုက်ဆံကို ယူလိုက်ပြီး အောင်မိုး မုန့်ဆင်းဝယ်ရန်ထွက်လာလိုက်သည်…….သူတို့ အိမ်တွင်…..အားလုံးကိုယ့်တာဝန်ကိုယ်ယူကြရသည်…. အိမ်သန့်ရှင်းရေးကိုလည်း … ဒေါ်မေကြည်အောင်မှပင် ခွဲတမ်းချပြီးလုပ်စေသည်…… ခြောက်နှစ်သားလည်း ကိုယ့်တာဝန်လေးနှင့်ကိုယ်ဖြစ်သည်…… အိမ်ရှေ့ ဧည့်ခန်းစားပွဲမှ ဓာတ်ပုံအယ်လ်ဘန်များနှင့် စာအုပ်များ စီခြင်းနှင့် ဖုန်သုတ်ခြင်းတို့ ကို လုပ်ကိုင်စေသည်……အလုပ်ပြီးမှ ကစားစေသည်…. ယောင်္ကျားလေးများချည်းမွေးထားပြီး ဘာမှမတတ်ဟု မဖြစ်စေရ… အချက်အပြုတ်က အစ ဒေါ်မေကြည်အောင်က သင်သည်…… ထိုသို့ ကိုယ့်တာဝန်နှင့်ကိုယ် ခွဲဝေယူထားသဖြင့်လည်း သူတို့ အိမ်လေတွင် အိမ်ဖော်ဒုက္ခကို မခံကြရပဲ….. အေးအေးလူလူ နွေးနွေးထွေးထွေးနေနိုင်ကြခြင်းဖြစ်သည်……

ဒေါ်မေကြည်အောင်…..ကြက်သားမျာ ကို ဆေးကြောနေလိုက်သည်……. မျက်လုံးများ က ကျိန်းစပ်နေပြီး….. ခေါင်းထဲမှာလည်း အတော်နောက်ကျိကျိဖြစ်နေ၏…… ကြက်သားကိုငရုတ်သီးစိမ်း စပါးလင်တို့ နှင့် ရခိုင်ချက်လေး ချက်ပြီး…ငါးခူကို တော့ ကြော်လိုက်မည်ဟု စိတ်ကူးထားသည်…….. ဒေါ်မေကြည်အောင် ကြက်သား တုံးများ မှ ကပ်ကျန်နေသည့် အမွှေးနုများ ကို နှုတ်ရင်း .. အရိ အယွဲများကို ဆေးကြောနေစဉ်…..
သူမစိတ်ထဲတစ်မျိုးဖြစ်လာသည်……. တစ်စုံတစ်ယောက်က သူမ နောက်မှရပ်ကြည့်နေသည်ဟုထင်ခြင်းဖြစ်သည်….. သူမစိတ်ကိုက ခြောက်ခြားနေတာလည်း ဖြစ်နိုင်သည်…. လှည့်ကြည့်လိုက်ဖို့ ကျတော့လည်း မကြည့်ရဲ….. မျက်လုံးကို တစ်ချက်မျှထောင့်ကပ်ပြီးကြည့်လိုက်၏….. ဟုတ်သည်….မီးဖိုချောင်တံခါးဝတွင်သူမကို ရပ်ကြည့်နေတာ သေချာနေပြိ…… မြင်နေရလို့ တော့ မဟုတ်…. သူမစိတ်က တပ်အပ်သိနေခြင်းဖြစ်သည်…..

(ရှပ်….. ရှပ်…. ရှပ်……ရှပ်)

ရပ်နေသူသည်…. သူမထံဖြေးဖြေးချင်းလျှောက်လာသည့်ခြေသံဖြစ်သည်…… သူမဇောချွေးများပျံလာသည်……. မတတ်နိုင်လှည့်ကြည့်မှကို ဖြစ်မည်……အနားသို့ အဆုံးကပ်လာလျှင်သူမအတွက်ကာကွယ်ချိန်မရှိဖြစ်သွားနိုင်သည်…..

(ရှပ်…. ရှပ်…. ရှပ်… ရှပ်)

. ဖြစ်ချင်ရာဖြစ်ဟု စိတ်ထဲတွေးကာ … သူမစိတ်ကို ဒုံးဒုံးချလိုက်သည်……အသက်ရှုရတာ ပိုခက်ခဲလာသည်….. သက်မြင်းမောများစွာက တဟူးဟူးနှင့် ဖြစ်နေသည်…… တွေ့ချင်ရာတွေ့စမ်းဟာ…

ကဲ…… ၀ုန်း….. ဂလုံး ဂွမ်း….. ဂျလွမ်း…..

သူမ အားနှင့်လှည့်ချလိုက်ခြင်းကြောင့် ဘေစင် ဘောင်ပေါ်တွင် တင်ထားသော ကြက်သား ဆေးပြီးသားများ ထည့် သည့် စတီးဇလုံအားလက်နှင့် တိုက်ချလိုက်မိခြင်းဖြစ်သည်…..

သူမမြင်လိုက်ရသည်က … သူမကို အိပ်ချင်မူးတုနှင့်ကြည့်နေသော သားအငယ် သုထိုက်ဖြစ်သည်….. နောက်ဖေးစီးရာဘာဖိနပ်ကြီးကို စီးထားသဖြင့်….. ဖိနပ်သံကို ကြားနေရခြင်းသာ…….သူမသက်ပြင်းကို မှုတ်ထုတ်လိုက်၏…..…

(မေကြီး… ဘာဖြစ်နေတာလဲ…. သားက ရှုးပေါက်မလို့ ၀င်လာတာ)

(ဘာမှမဖြစ်ပါဘူးသားရယ် … သားငယ်က အသံမပေးဘာမပေးနဲ့ လာတော့ မေမေ လန့်သွားတာပါ…..သားကဟိုဘက်ခန်းအိမ်သာမှာပေါက်လည်း ရလျက်သားနဲ့….ဘာလို့ ဒီမီးဖိုအိမ်သာကို လာတာလဲသားရဲ့)
သုထိုက်က မချိသွားဖြဲလေးဖြင့်…

(ဟီး… သားသား ကြောက်လို့ မေကြီးရဲ့… )

(ဟင်… သားက ဘာကိုကြောက်ရတာလဲ)

(ညက သားအိမ်မက်ထဲ သားအိပ်ရာကို လာလုတဲ့ အဖိုးကြီးနဲ့ မဲမဲကောင်ကြီးကိုလေ…. )

သူမ ကြက်သေသေ သွားမိသည်….. ဘာဆက်ပြောရမှန်းပင်မသိတော့ …… သူမအိမ်မှာ တစ်ခုခုဖြစ်နေတာတော့ သေချာနေပြီ……. သူမဘာလုပ်ရမည်နည်း…. ဒီလိုမျိုး အိမ်မက်ကို ဘယ်နည်းနဲ့ မှ သားအမိနှစ်ယောက်ပြိုင်တူမက်စရာမရှိ…….

(သားက .. အိမ်မက်ထဲမှာ ဘယ်လိုမက်လို့ တုန်း)

(သိပ်တော့ မမှတ်မိတော့ဘူးမေမေရဲ့ ….. သားအိပ်နေတုန်းသားကို လာနှိုးတာ….အကောင်မဲမဲကြီးကလေ…သူလည်း အိပ်ချင်လို့ဖယ်ပေးပါတဲ့…. သူအဖိုးကလည်း သားကိုဖယ်ခိုင်းတယ်…. ပြီးတော့ သူအဖိုးက တစ်ကိုယ်လုံး ရေတွေစိုရွဲနေတာပဲ မေမေရဲ့….. သားကလည်း ဒါငါ့အိပ်ရာမပေးဘူးလို့ ပြောလိုက်တယ်……လိုချင်ရင်… ငါ့မေကြီးဆီတောင်းလို့ပြောလိုက်တယ်တဲ့…. ဟဲဟဲ … သားက အိမ်မက်ထဲမှာ သတ္တိရှိတယ်နော်….အပြင်မှတော့ ရှိဘူးမေကြီးရဲ့ … ဟီး ကြောက်တယ်… )

ဒေါ်မေကြည်အောင်မောရပါပြီ………

သူမဘာဆက်လုပ်ရတော့မည်နည်း….. အရေးကြီးသည်က သားတွေမကြောက်ဖို့ ဖြစ်သည်… သူမသားတွေ မထိခိုက်အောင်တော့ သူမ အစွမ်းကုန်ကာကွယ်မှဖြစ်မည်….. ဘုန်းကြီးသွားပင့်ရင်ကောင်းမလား ….. မဖြစ်သေး ….. ခုဟာက ဘာမှ ဖြစ်သေးတာတော့ မဟုတ်…. ပြီးတော့ ဒိနေ့ မော်မော်တို့သားအမိကလည်း လာဦးမည်…. မနက်ဖြန်တင်္နလာနေ့မှပဲ ဘုန်းကြီးဆွမ်းကပ်ရင်း အန္တရယ်ကင်းပရိတ်ရွတ်ပေးဖို့ လျှောက်၇တော့မည်……ဟုတ်တယ် မနက်ဖြန် လုပ်မယ်….. ဟုတွေးလိုက်ပြီး….

(သားရယ်.. အိပ်မက်မက်တာပဲ .. တကယ်ရှိတာ မှမဟုတ်တာနော်….. သားသားကြောက်ရင်လည်း ဒီဘက်အိမ်သာပဲသွားလေနော်… ပြီးရင် မေမေ့နားမှာပဲနေ….မေမေရှိနေရင် သားတို့ကို ဘယ်သူမှထိလို့ မရဘူး နော်… သားမေမေ့ကို ယုံတယ်မဟုတ်လား.. )

(အင်း….. ယုံတယ်… ဒါပေမယ့် ခုတော့ သားရှုးသွားပေါက်လိုက်ဦးမယ်… ရှုရှုးက ထွက်တော့မှာမေမေရဲ့)

ဟုပြော၇င်း…သုထိုက်တစ်ယောက် ဖင်ကလေး လိမ်ကျစ်လိမ်ကျစ်နှင့် အိမ်သာဆီလျှောက်သွားတော့သည်…သူမ… သားငယ်လေ၏ ကျောပြင်ကိုကြည့်ရင်း… သက်ပြင်းချလိုက်မိ၏…. ထိုနောက်ပြုတ်ကျနေသော ကြက်သားဖတ်များကို ပြန်ကောက်ရေဆေးရန်လုပ်ရပြန်သည်…. ထိုစဉ်….

(တင်း.. တောင်)

အိမ်ရှေ့မှ ဘဲလ်တီးခြင်းဖြစ်သည်…… သားကြီး မုန့်ဟင်းခါးဝယ်ရာမှပြန်လာပြီထင်သည်….. အိမ်ရှေ့ တံခါးသို့ ထမင်းစားခန်းမှဖြတ်ကာ…သွားလိုက်သည်….. ထိုစဉ် water cooler နားအရောက်…. ဧည့်ခန်းသို့ လှမ်းကြည့်လိုက်စဉ်…. မနေ့ညက အိပ်မက်သော မြင်ကွင်းကို ပြန်မြင်လာပြန်သည်…အာ….. မဟုတ်ပါဘူး… မဟုတ်ဘူး….. ဒါအိပ်မက်ပဲ…. ဒီလိုပဲတိုက်ဆိုင်တာရောမဖြစ်နိုင်ဘူးလား…. ပြောနေရင်း ရေခဲသေတ္တာဘက်သို့ တစ်ချက်ကြည့်လိုက်မိသည်….. ရေခဲသေတ္တာမှ… ဘာသံမှတော့ မမြည်တော့……. ရေခဲသေတ္တာကြီးကို ကြည့်ရသည်မှာ…. ခေါင်းတလားကြီး လိုပင်စိတ်ထဲမှထင်လာမိသည်……. ဟင်… ငါစိတ်တွေဟာလေ….

(တင်း… တောင်)

ဘဲလ်ထပ်မြည်လာခြင်းဖြစ်၏….. သူမစောစောက ထမင်းစားခန်းတွင်ရပ်ပြီး ကြောင်တောင်တောင်ဖြစ်နေခြင်းသာ…… ဘဲလ်သံကြားမှ….. အောင်မိုးကို တံခါးဖွင့်ပေးရန်သတိရလိုက်သည်….. အိမ်ရှေ့ရောက်သောအခါ…. ချောင်းကြည့်ပေါက်မှချောင်းကြည့်လိုက်သည်….. အောင်မိုးက မုန့်ဟင်းခါးနှင့် နန်းကြီးသုတ်ထုတ်များ ကိုင်ကာရပ်နေသည်ကို တွေ့ရသည်…… တံခါးကို ဖွင့်လိုက်တော့…

(အမေကလည်း ကြာလိုက်တာ … ဘဲလ်သံမကြားဘူးလား)

(အင်း.. ဟုတ်တယ် သားရယ်.. နောက်ဖေးကဆိုတော့ ..မကြားတာပါ… )

(အမေ့အတွက်လည်းမုန့်ဟင်းခါးပဲဝယ်လာခဲ့တယ်….. အငယ်ကောင်ကတော့ နန်းကြီးသုတ်တဲ့ …. သားပန်းကန်ထဲထည့်လိုက်ဦးမယ် အမေ..)

(အေးအေး…….သား… ညက အိပ်မက်တွေ ဘာတွေမက်သေးလား)

တံခါးကို ပိတ်လိုက်ပြီး သူမသားနောက်မှလိုက်လာရင်း မေးလိုက်ခြင်းဖြစ်သည်…

(အင်း… မက်တယ် အမေ….. အိပ်မက်ကတော့ မကောင်းဘူးအမေရယ်…. )

ဟင်… ဒါဆိုသူမသားကြီးလည်း မက်ပြိပေါ့….

(ပြောစမ်းသား….အမေ့ကို ပြောစမ်း… ဘယ်လိုမက်တာလဲ….. )
သူမ အမောတကော မေးမိသည်…….

(သား…….. ရှေ့တပတ်ကွန်ပျူတာ ပန်းချီပြိုင်ပွဲဝင်ဖို့ …… ပြိုင်ပွဲခန်းထဲရောက်မှ…. သားကွန်ပျူတာကြီးက ဘာမှ တက်မလာလို့ ……မပြိုင်လိုက်ရဘူးတဲ့ မေမေရယ်…… ဆရာမကြီးကလည်း သားကို အသေဆူတာတဲ့ … ဟွန်း … မုန်းစရာကောင်းလိုက်တဲ့ အိမ်မက်ကြီး… )

အောင်မိုးက …. မုန့်ဟင်းခါးနှင့် နန်းကြီးသုတ်များ ကို ပန်းကန်ထဲသို့ ပြင်ထည့်နေရင်း… တဗျစ်တောက်တောက်လုပ်နေသေးသည်… ဟူး တော်ပါသေးရဲ…... သူမ သက်ပြင်းတွေချမိရတော့သည်….. ဒီကနေ့ တစ်မနက်လုံးသည်… သက်ပြင်းများနှင့်သာ သူမအတွက်ပြည့်နှက်နေခဲ့သည်……ဟုတ်ပါသည်…အောင်မိုး က… လာမည့် ရှေ့ တစ်ပတ်ထဲတွင် အလယ်တန်းအဆင့်ကွန်ပျူတာ ပန်းချိပြိုင်ပွဲဝင်ရန်ရှိသည်…. အိမ်မှာလည်း လေ့ကျင့်နေသည်…. ဒီနေ့လည်း တစ်နေကုန်သူလေ့ကျင့်မှာမို့ …. လာမနှောက်ယှက်ရန်ပြောထားပြီးသားဖြစ်၏…….တင်္နဂနွေဒီတစ်ရက်ပဲအားတော့ သည်မို့ ….. ဒိနေ့ကို အပြည့်အ၀လေ့ကျင့်မည်ဟုကြွေးကြော်ထားသည်…. ဟုတ်လည်း ဟုတ်သည်…..ကျောင်းရက်တွေကျတော့လည်း…. သူ့ခင်မျာ.. ကျူရှင်က တစ်ဘက်….. ကျောင်းကတစ်ဘက်… ညမိုးချုပ်မှ အိမ်ပြန်လာလို့ မနားရသေး… ကျောင်းအိမ်စာ .. ကျူရှင်အိမ်စာများ နှင့် ပြည့်နှက်နေတတ်သည်….ထိုကြောင့် ဒီနေ့ကို သူ့အား မည်သည့်အလုပ်မှမခိုင်းရန်…. မည်သည့်အနှောက်အယှက်မှမပေးရန် ပြောထားခြင်းဖြစ်၏…. ထိုစဉ်… နောက်ဖေး တံခါးဝမှ… သုထိုက်မောင်တစ်ယောက် ထွက်လာသည်……

(သားငယ် ရှုးပေါက်တာ ကြာလှချည်လား…..)

(အီအီးပါပါနေတာ မေမေရဲ့… )

(ကဲ လက်ဆေး…ဆပ်ပြာနဲ့ စင်စင်ဆေးပြီး… ပြီးရင် နန်းကြီးသုတ်လာစားတော့ …. )

ပြောလည်းပြော သူမလည်း လက်ဆေးပြီး… ထမင်စားပွဲတွင်ဝင်ထိုင်လိုက်သည်……မုန့်ဟင်းခါးပန်းကန်ကို နယ်ဖတ်နေလိုက်သည်……. မုန်ဟင်းခါးနယ်နေရင်း…..

(ဒါဆိုင်တော့ … သားငယ်နဲ့ ငါနဲ့ အိပ်မက်ချင်းတိုက်ဆိုင်တာ နေမှာပါ……ပြီးတော့ ငါ့စိတ်ကို ခြောက်ခြားနေတာလည်း ဖြစ်မယ်…. စောစော ကတင်…. သားငယ်မီးဖိုထဲဝင်လာတာကို ငါစိတ်ချောက်ခြားနေခဲ့သေးတာပဲ…. အင်း …… ဘာမှ မဖြစ်တော့ပါဘူး….. စိတ်ကို ပေါ့ပေါ့ပါးပါးထားတာအကောင်းဆုံးပဲ….. စိတ်ရှင်းသွားအောင် ….သားနှစ်ယောက်ကို ပရိတ်ေ၇တိုက်ထားလိုက်မယ်….. ဒါမှ အန္တရယ်ကင်းမှာ…ခုလည်း အားလုံး ပုံမှန်ပဲဟာ… ငါစိတ်ချောက်ခြားနေတာနေမှာပါ…ရေခဲသေတ္တာကလည်း ဘာသံမှ ထွက်တော့တာမှမဟုတ်ပဲလေ….ညက အသားစကလည်း ငါ ငါးထုတ်သည်လာတော့ ငါးထုတ်မှာကပ်ပါလာတဲ့ အသားစက.. မီးဖိုခန်းမှာ ကျနေရာက ခြေထောက်နဲ့ နင်းမိပြီး အိပ်ခန်းထဲထိ…ပါလာတာဖြစ်မှာပါ…. .အင်း…ည ကအိပ်မက်ကြောင့်. စိတ်ခြောက်ခြားတာပါ….. .)

ဟုတွေးနေမိသည်……… စိတ်ထဲလည်း အတော်ပေါ့ပါသွားသည်….. သားကြီးအောင်မိုးက..

(အမေ.. နယ်ချည်းပဲမနေနဲ့ ဦး … မုန်ဟင်းခါးတွေပွကုန်တော့မယ်… စားတော့လေ… အေးကုန်ရင်လည်း စားမကောင်းဘူး )

(အေးပါသားရယ် အမေအတွေးလွန်နေလို့ပါ…… စားစား သားတို့လည်း စားတော့ …)

သူမလည်း မုန့်ဟင်းခါးတစ်ဇွန်းခပ်ကာ…. စားလိုက်သည်……….ထိုမုန့်ဟင်းခါးတစ်လုတ်မှဝါးလို့ မဆုံးသေး…..

ဂရုန်းရုန်း ရနုး ရုန်း…. ဂရုန်း….

ရေခဲသေတ္တာတစ်ခုလုံး သိသိသာသာ လှုပ်ခါပြီး မြည်ခြင်းဖြစ်သည်….. ဒါ…

ဒါဆို….. သူတို့ ရှိနေသေးသည်လား…… တကယ်ရှိနေသေးသည်တဲ့လား…

ဒေါ်မေကြည်အောင်ထိုင်မနေနိုင်သော .. .ဘုရားစင်သို့ ပြေးကာ……. ပရိတ်ရေသွားယူရတော့သည်…...

(၁၀)

July 24th ,2000 (SUN)
9:00 (AM)

ပရိတ်ရေများကို …… သားနှစ်ယောက်လုံးကိုလည်း တိုက်သည်…. သားတို့ မျက်နှာများ ကိုလည် ဖြန်းပေးသည်…..
တစ်ကိုယ်လုံးကိုလည်းဖြန်းလိုက်သည်…… ရေခဲသေတ္တာသို့လည်း ဖြန်းသည်… ပရိတ်ရေဖြန်းနေတုန်းတော့ ရေခဲသေတ္တာမှ ဘာသံမှ မမြည်…… ထို့ နောက် အိမ်တံခါးဝကိုလည်း ဖြန်းသည်… ဧည့်ခန်းထဲကိုလည်း ဖြန်း….. အိပ်ခန်းထဲပါဖြန်းလိုက်သည်…ပရိတ်ရေဖြန်းသည်မှာတစ်အိမ်လုံးနီးပါးပဲဖြစ်သည်…..…. ထို့ နောက် ပရိတ်ကြိုးများ ယူကာ သားနှစ်ယောက်လုံး ……လည်ပင်းမှာဆွဲပေးလိုက်သည်…….. ခုလောလော ဆယ်တော့ သူမလုပ်နိုင်တာ ဒါအကုန်ပဲဖြစ်သည်….

အောင်မိုးက

(အမေ ဘာတွေလုပ်နေတာလဲ )

(မဟုတ်ပါဘူးသားရယ်….. အန္တာရယ်…ကင်းအောင်လို့ပါ…. )

(အန္တရယ်….. အန္တာရယ်ရှိရအောင် သားတို့ အိမ်က ဘာဖြစ်နေလို့လဲ)

ဟုတ်သားပဲ ခုမှ သတိရသည်…… သားတွေ ကြောက်သွားလို့ မဖြစ်……

(သြော် ဒီနေ့ က တနင်္ဂနွေနေ့လေ… သားမွေးရက်မဟုတ်လား… အဲဒါကြောင့် အိမ်ကို မင်္ဂလာရှိအောင် သားတို့လည်း မင်္ဂလာရှိအောင်လုပ်ပေးတာ… )

အတော်ပြေပြေလည်လည်ပြောယူရသည်…… လူငယ်လေးမို့ အစစ အရာရာ စူးစမ်းတတ်သည့် အရွယ်လည်း ဖြစ်သဖြင့် …. အကုန်လိုက်မေးနေခြင်းဖြစ်သည်…..

(ကဲ… ဒီလိုဆိုရင်တော့ …. အဆင်ပြေလောက်ပါပြီ…. ထမင်းဟင်းသွားချက်မှ…… ခဏနေ ဟိုသားအမိကလာဦးမှာ.... ပြီးမှရေခဲသေတ္တာ ကို ...ပြင်ဖို့ လူခေါ်ရမယ်... အင်းလေ .. ဟုတ်ပါတယ်.. စက်ပစ္စည်းပဲ ချွတ်ယွင်းမှာပေါ့..... ဒါစက်ပစ္စည်းပိုင်းက ပျက်တာပဲနေမှာပါ... )

သူမဟာ သူမတွေးမိပြီး ပရိတ်ရေနှင့် ပရိတ်ကြိုးများ ကို ပြန်သိမ်းလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးရတော့ သည်……..

ဒုတ်…. (အား…. )

ရုတ်တရက် …. မီးဖိုချောင်ထဲသို့ လှမ်း အ၀င်….. ကြမ်းပြင်မှ အနည်ငယ်မြင့်ထားသော တံခါးဘောင်နှင့် ခြေမသွားတိုက်မိခြင်းဖြစ်၏….. နာလိုက်သည့်ဖြစ်ခြင်း….. သူမ သတိလက်လွတ်ကြမ်းပြင်တွင်ထိုင်ချလိုက်မိသည်….
သူမခြေမကို ငုံကြည့်မိ၏်…. ခြေမကွဲမသွားသော်လည်း …. ခြေမထောင့်စွန်းမှ သွေးအနည်းငယ်တော့ထွက်နေသည်… ခြေမကို ကြည်နေရင်း… သူမ အမြင်က ၀ိုးတ၀ါးဖြစ်လာသည်…. တစ်ချက်တစ်ချက် သူမခြေမကို မမြင်ချင်သလိုဖြစ်လာသည်…. တစ်ချက်တစ်ချက်တော့ လည်း ကြည်ကြည်လင်လင်မြင်နေရသည်……

(အမေ… အမေ… အမေဘာဖြစ်သွားတာလဲ …. )

အောင်မိုးက သူမ ထိုင်ချလိုက်ပြီး အော်သံကို ကြားသဖြင့် ပြေးလာခြင်းဖြစ်သည်… သားအငယ်လည်း ဧည့်ခန်းထဲမှ ထွက်လာသည်

(မဟုတ်ပါဘူး သားရယ်…. အမေခြေထောက်နဲ့ အုတ်တံခါးဘောင်နဲ့ တိုက်မိတာပါ…. )

(သွေးတွေနဲ့ အမေရဲ့ နေဦး သား ပလာစတာ သွားယူပေးမယ်… အရက်ပြန်နဲ့ ဆေးလိုက်ပြီးရင် ပလာစတာကပ်လိုက်မယ်…)

သားကြီးက ပလာစတာနှင့် အရက်ပြန်ယူလာပြီး သူမကို အနာဆေးကာ ကပ်ပေးသည်……. ထို အနာဆေးထည့်ပေးပြီး ကပ်နေတာကိုကြည့်ရင်း….

(သား… အမေ့ကိုလည်း အမေ့ အဖေက ခုလိုပဲ ဟိုးအရင်တုန်းက ဆေးထည့်ပေးဖူးတယ်သားရဲ့ .. လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်ကပေါ့)

ဟုပြောလိုက်မိသည်….. ပြောလိုက်ပြီးမှ သတိရသည်…. သူမအဖေသည်.. သူမကို တစ်ခါမှဒိလိုဂရုတစိုက်ရှိဖူးတာ မဟုတ်….. ဘာလို့ သူမဒီစကားကို ပြောလိုက်မိမှန်းမသိ… ဒါပေမင့်…. သူမကို လွန်ခဲ့သည့် နှစ်သုံးလေးဆယ်က ဒိလိုပုံမျိုးနဲ့ ပဲဆေးထည့်ပေးခဲ့ဖူးသည်ဟု စိတ်ထဲမှတပ်အပ်သိနေမိသည်…

သူမသားကြီးကတော့ ဘာမှမပြော….

(အင်း ဟုတ်မှာပေါ့အမေရယ်… အဖိုးကိုလည်း သားက သေချာမြင်ဖူးလိုက်တာမှမဟုတ်တာ… )

ဟုဆိုကာ.. သူမကို တွဲထူးပေဖို့လုပ်သည်…. ဖြေးဖြေးချင်းထယူရသည်…. ထိုနောက် သူမ မတ်တပ်ထရပ်တော့ ….
သူမခေါင်းထဲ နောက်တောက်တောက်ဖြစ်နေသည်ကိုသတိထားမိသည်…
ခြေမကိုတစ်ဖန်ပြန်ငုံကြည့်ပြန်သည်….သူမစိတ်ထဲတစ်မျိုးကြိးဖြစ်နေသည်…… ဟိုလိုလို ဒီလိုလိုကြီးဖြစ်သည်….. သူမ အိမ်ခန်းကို ပြန်ကြည့်လိုက်မိသည့် အချိန်တွင်…. ဒီအိမ်မှာ သူမနေလာတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိနေသယောင် စိတ်ထဲဖြစ်နေ၏……

(ဟင်… ငါ့စိတ်တွေ… ဘယ်လိုကြီးဖြစ်နေပါလိမ့်…. မဟုတ်သေးပါဘူး… ငါဒီအိမ်ပြောင်းတာ … ခုမှနှစ် နှစ်သုံးနှစ်ပဲရှိသေးတာကို….. ဘာလို့ … အိမ်ဟောင်းကြီးတစ်ခုလို့ လာထင်နေရတာလဲ)

စိတ်ထဲတွင် စိတ်က နှစ်ခွဖြစ်နေသည်…. ခေါင်းကလည်း ကြည်လာလိုက်နောက်သွားလိုက်နှင့်……….. သူမ ထော့နင်းထော့နင်းနှင့် သာ မီးဖိုခန်းထဲဝင်လာမိတော့သည်…….. မော်မော်တို့ သားအမိလည်း ဆယ်နာရီလောက်ဆိုရောက်တော့မည်…. ဟင်းတော့ ပြီးအောင်ချက်ဦးမှ……အင်း…နောက်ဆိုသတိလေး ကပ်ထားမှပဲတော်ကာကျမယ်……. မဟုတ်လို့ နောက်တစ်ခါဒါမျိုးထပ်တိုက်လျှင် မလွယ်…..

သူမ စောစောကလေးထဲက သတိထားလိုက်ဖို့ ကောင်းပါသည်…သူမ

တစ်ချက်ကလေး သတိမေ့သွားခဲ့ခြင်းဖြစ်သည်…..

ဒီတစ်ခုကလေးသာ မေ့သွေားခြင်းဖြစ်ပါသည်……

သူမ မေ့နေခဲ့သည်က …….သားသမီးဇောကြောင့်….. ကလေးနှစ်ယောက်လုံးနှင့် တစ်အိမ်လုံးကို သာ ပရိတ်ရေ တိုက်လည်းတိုက် … ဖြန်းလည်း ဖြန်းခဲ့သော်လည်း….
သူမ ကိုယ်တိုင် ပရိတ်ရည်သောက်ဖို့ မေ့သွားခဲ့ခြင်းဖြစ်သည်……သူမကိုယ်သူမ ပရိတ်ရေဖြန်းဖို့ မေ့သွားခဲ့ခြင်းဖြစ်ပါသည်….

ဒီတစ်ချက်တည်းသာ ဖြစ်ပါလေတောာ့သည်……………………………………………..

ဆက်ရန်.....

ညဈေး အပိုင်း ၃

(၇)

July 24th ,2000 (SAT)
2:48 (AM)

သူမရုတ်တရက် လန့်နိုးလာချိန်တွင်…..လူတစ

်ကိုယ်လုံးမောဟိုက်နေသည်… ချွေးများ ကလည်း သီးနေပြီ….. အဲကွန်းဖွင့်ထားသည့်ကြားမှ ချွေးသီးနေခြင်းဖြစ်သည်……သူမဘေးဘီကိုလှမ်းကြည့်လိုက်သည်… အခန်းတစ်ခုလုံးက မှောင်မဲနေသည်…. ညဘက်မီးထွန်းပြီး အိပ်တတ်သော သူမတို့ သားအမိသုံးယောက်အဖို့ … ဒါမျိုးအခန်းထဲမှာ မှောင်မဲနေစရာအကြောင်းမရှိ

(ဟင် မီးများ ပျက်သွားသလား)

ဟုတွေးပြီးမှ.. သတိရလိုက်သည်က

(မဟုတ်သေးပါဘူး .. မီးပျက်သွားရင် အဲကွန်းက ပိတ်သွားရမှာပေါ့ .. ဘာလို့ ဒီလောက်အေးစက်နေတာလဲ)

အဲကွန်းကို လှမ်းကြည့်လိုက်သည် .. အဲကွန်းကလည်း ပိတ်နေသည်….

(အင်း ..မီးပျက်သွားတာပဲနေမှာ…… ဒါပေမယ့် အပြင်က လေက အေးလိုက်တာ ရေခဲရိုက်ထားတာကျနေတာပဲ…)


ညဈေး အပိုင်း ၂

(၄)

July 23rd ,2000( SAT)
5:34 (PM)

၏အရာအားလုံးသည် ပုံမှန်လည်ပတ်နေခဲ့ပါသည်။
သူမ ရေခဲသေတ္တာ တံခါးကို မဖွင့်လိုက်သည်…. သူမတို့ အိမ်မှ ရေခဲသေတ္တာက အိမ်သုံးမဟုတ်ပဲ…… ရေခဲချောင်းများ အအေးများ ရောင်းသော ဆိုင်များ တွင် သုံးသော (deep freezer) အကြီးစားဖြစ်သည်….. သူမ က ဈေးကို တစ်ပတ် နှစ်ပတ်စာ ၀ယ်ထားတတ်ပြီး… များများ ထည့်နိုင်ရန် ဒီရေခဲသေတ္တာကြီးကို ၀ယ်ထားခြင်းဖြစ်သည်…..ထို့ကြောင့်ရေခဲသေတ္တာတံခါးက မဖွင့် ရပါသည်…..

(ဟင်း…. ငါးကလည်းငါးကြင်း နည်းနည်းပဲကျန်တော့တာပဲ…….ဒီနေ့ည ဈေးလေးတော့ ဆင်းဝယ်ဦးမှ….. သဘက်ခါ ဟိုနှစ်ကောင်ကျောင်း ထမင်းဘူး ထည့်တာ ဟင်းမကောင်းရင်…. မစားလာပဲနေဦးမယ်.. )

ဒေါ်မေကြည်အောင် သူ့အတွေးနှင့် သူ ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်ပြီး….. ညနေစာအတွက် ထုတ်လာသော ငါးကြင်းကို ငရုတ်သီးစပ်စပ်ကလေးနှင့် နှပ်မည်…… အငယ်ကောင်က အချိုဆိုတော့ ကြော်ပြီးသားလေး ဖယ်ထားလိုက်ပြီး ကျန်တာကိုမှ ကြက်သွန်နီ ငရုတ်သီးအကြမ်းထောင်း နှင့်…. မန်ကျည်းရည်ကလေး နည်းနည်းထည့် ကာ… ငါးချဉ်စပ်နှပ်ချက်မည် ဟုစိတ်ကူးသည်…..
ဂစ်မီးဖိုကို ထောက်ခနဲဖွင့်လိုက်ပြီး…… ဒယ်အိုး ခပ်ကြီးကြီးကို…. တင်လိုက်ခါ.. ဆီပုန်းထဲမှ ဆီများ သွန်ထည့်လိုက်သည်….. ငါးက … ဆားဆနွင်း အချိုမှုန့် နယ်ဖတ်ပြီးသား.မို့ ဘာမှ လုပ်စရာမလို.. ဆီကျက်လျှင် … ကြော်လိုက်ရုံသာ…..

ကလင်…. လင်လင်…ရင်

ညဈေး အပိုင်း ၁

(၁)

သူမငိုချင်နေသည်……..

(ငါ့ အဖေကို ငါမလုပ်ကျွေးခဲ့ရပါလား….. ငါဟာအတော်မသုံးမကျတာပဲ)

တွေးနေရင်း ပိုပိုပြီးဝမ်းနည်းလာသည်….. ထိုအချိန်တွင်… နောက်ပြန်ဆွဲနေသော စိတ်ကလည်းရှိနေသေးသည်….

(ငါငိုလို့မဖြစ်ဘူး .. ဒါတစ်ခုခုတော့မှားနေပြီ… ဟုတ်တယ် မှားနေပြီ….. ဒါငါ့ကို သက်သက် စိတ်အားငယ်အောင်လုပ်နေတာ…… ငါတင်းထားမှ)

ဟုသည်…. သူမ ဘ၀တွင်တစ်ငြိမ်တစ်ခါမှ သူမ အဖေအတွက် မျက်ရည်မကျခဲ့ဖူးပေ...... မျက်ရည်ကျရလောက်အောင်လည်း သူမ အဖေက သူမအပေါ်ကောင်းခဲ့သည်မဟုတ်…. နောက်မိန်းမတွေယူ…. သူမ အမွေဝေစုကို ပြန်သိမ်း…. စသဖြင့် အမျိုးမျိုး ရှိခဲ့ဖူးသည်… ဒါကြောင့်လည်း တစ်ခုခုမှားနေပြီဟု တွေးခြင်းဖြစ်သည်…. သူမသည် သူမအဖေကို မုန်းမနေသော်လည်း မချစ်တာတော့ သေချာသည်…… ချစ်လျှင်တောင်မှ တွယ်တွယ်တာတာ ဘာမှ မရှိ……..ဒါကို သူမလည်း သိနေသည်…. နောက်တစ်ချက်… အသဲအသန်ငိုချင်.. ၀မ်းနည်းချင်နေရအောင်လည်း … သူမ အဖေဆုံးသွားသည်မှာ… သားအကြီးကောင် တစ်သက်ရှိပြီ….. အခုပဲ သားအကြီးက ဆယ့်လေးနှစ်…. အငယ်က .. ခြောက်နှစ်…..သိသိကြီးနှင့် ည ကြီးမင်းကြီး ငုတ်တုတ်ထထိုင်ကာ… ရှိုက်ကြီးတငင်ငိုချင်နေခြင်းဖြစ်သည်….

သူမ နာရီကို လှမ်းကြည့်မိသည်……

ညသန်းခေါင်ကျော်….. နှစ်နာရီခွဲ…….


ပင်လယ်ပျော်တဲ့လား...


နှစ်လရက်ကို သရုပ်ခွဲ
အထုပ်ဆွဲပြီး ပုတ်ပြတ်ရောင်းတဲ့အလုပ်

အချိန်နဲ့ ငွေကြေး
ကံကြမ္မာနဲ့ နှလုံးသား
ကြေးကြီးထပ်… ဈေးကြီးဖြတ်ပြီး လဲလှယ်တဲ့အလုပ်

လှိုင်းကြီးလှေအောက်…
လှေမှောက်မှာက တစ်မျိုး
ကျောမချခင် အကုန်ထုတ်
အသက်ပါနှုတ်မယ့် ဓမြ*တွေက တစ်ဖုံ
ထိတ်တလန့်တွေကုံလုံတဲ့ အသက်နဲ့ရင်းမှ ထမင်းစားရမယ့် အလုပ်…….

ပင်လယ်ကြီးရေ
ခင်ဗျားကို ခပ်သောက်မိလို့ ပဲ…
ကျုပ်ကိုများပြန်ခပ်သောက်နေရော့သလား……
(အဟား…)
ညစ်ကျယ်ကျယ် ပဲရယ်ချပြစ်လိုက်မိတယ်….

ပြောပြီးပါပကော
ပင်လယ်ပျော်ရအောင် ကျုပ်က စင်ရော်မှ မဟုတ်ပဲလေ………………

By: လင်းလွန်းညို

ကြိုး

ရစ်နှောင်လွန်းလေစွ
ရုန်းခဲ…. ထွက်ခဲလောက်အောင်…..
 
တင်းထန်လွန်းလေစွ
ဖြေခဲ…ဖြတ်ခဲလောက်အောင်
 
ရှုပ်ခွေလွန်းလေစွ
လွတ်ခဲ… လပ်ခဲလောင်အောင်……..

ထိပ်စွန်းနှစ်စ ရှာတွေ့တောင်….
အကောင်းအတိုင်းပြန်ရဖို့ မလွယ်ပါဘူးလေ....

ကြိုးကျစ်သူကိုလည်း အပြစ်မဆိုရစ်….
အနှောင်ခံ ငါ့ အပြစ်မို့….
ဒေါသငွေ့ အပြိုင်းအရိုင်းနဲ့ …
ငါခပ်အရိုင်းရိုင်းရုန်းမိတယ်…….။

တောက်!...
တစ်ချက်တော့ ခပ်ပြင်းပြင်းခေါက်ဖြစ်တယ်....
ကဲ....
ဒီလိုနဲ့ တစ်ရစ်ပြီး တစ်ရစ်
ငါလည်း ဆက်ထုံး တွေကြားမှာ ……..နစ်။
By: လင်းလွန်းညို

ပင်လယ် သရီးသောင်ဇင်

အဟွတ် အဟွတ်...

ချောင်းကလည်း ဆိုးလိုက်တာ....

လက်ကြားထဲက ပလက်စတစ်စကို ကြည့် မိ...

တင်စရာအပြစ်တွေတစ်ပွေ့တစ်ပိုက်နဲ့

ဝန်ယူမယ့် သူက မဲ့နေခဲ့တယ်....



အဟွတ်အဟွတ်...

ချောင်းကထပ်ဆိုးပြန်တယ်...

လေကောင်းလေသန့် ... သြော်လေကောင်းလေသန့်

အရင်ကတော့ ငါ့ပေါ်က ဖြတ်ပြီးသူတို့တွေရှုရိုက်လိုက်တာ...

ခုတော့ ငါကိုယ်တိုင်တောင်ရှုစရာလေ မဲ့နေခဲ့ပြန်တယ်...



အဟွတ်အဟွတ်

ဟဲ့ချောင်း... ထွီ

အော် ဒီဆီဆိုးဆီညစ်တွေက ငါ့လည်ချောင်းလာကပ်နေသကိုး....

ဟာ ပလပ်စတစ်တွေ ပါလာပြီ... ... ဒုတ်ခပဲ

ဟိုတစ်လော က နောက်ဆုံးလက်ကျန်ဝေလငါးတစ်ကောင်းလည်း ဒီနည်းနဲ့ ပဲ

သေရတယ်....

ငါသေလို့ မဖြစ်သေးဘူ



အဟွတ်အဟွတ်

ပြေးမှ... ထပြေးမှ...

ဘုန်း အင့်...... အော် ပုလင်းခွံတွေ နင်းမိပြန်ပြီ...

ထပြေးမယ်... ထ...ထပြေးမယ်...... အို....

မေ့နေလိုက်တာ..

ဘာမှ တောင် မမြင်ရတဲ့ ဒီနှစ်ထဲ .. ငါ ဘယ်ကို ပြေးမလဲ????


By: လင်းလွန်းညို

"လူ "မျိုးချစ်စိတ်နဲ့ သာကြည့်ရင် ရိုဟင်ဂျာတွေ ကို မဆဲမိတော့ဘူးဆိုတဲ့ လူအပီသ လွန်သွားရှာတဲ့မြန်မာတစ်ယောက်...


ကဲ မပြောမပြီး မတီးမမည်ဆိုသလို ....ညက တစ်ညလုံးအိပ်မပျော်တဲ့ ကိတ်စလေးနဲ့ ပဲမနက်ခင်းမှာဖွင့်လိုက်ပါမယ်..... အကြောင်းကတော့ ဒီ လင့်ခ်ပါပဲ ..

https://www.facebook.com/yar.zu.39/posts/432638543445801?notif_t=feed_comment_reply

ဒီပို့စ်ကို ကျွန်တော့ မိတ်ဆွေကြီး ကိုရာစု က ရေးသားထားတာ ဖြစ်ပါတယ်... အဓိကက ပို့စ်မဟုတ်ပါဘူး ..... အဲဒီအောက်က ကောမန့် လာရေးသူ ရန်နိုင်ဦးဆိုတဲ့ ပြည်ပရောက်မြန်မာတစ်ယောက် ကိုရာစု၏ သူငယ်ချင်းဖြစ်သူရဲ့ ကောမန့်လေးတွေကို ဖတ်နေရာက ... ရင်ထဲက အသည်းတရားရား ဖြစ်လာတာနဲ့ .... သမထည့်လိုက်ပါတယ်....... အခုတင်ပေးတာကလည်း .....ပြည်ပမှာနေနေတဲ့ မြန်မာတွေ အဲဒီလို ငကြောင်တွေဖြစ်သွားပြီလား ... ဝေနှင်းပွင့်သုန်တို့ ကြောင်တယ်ဆိုတာ ဒါမျိုါ်ပါလား ဆိုပြီး ဖြစ်ရလို့ .. ကျွန်တော့အတွေးလေးများ မှားလေသလား ဆိုပြိး မိတ်ဆွေတွေကို မေးတဲ့ သဘောပါ...... :) အပြင်းပြေပေါ့ ... လူ့အခွင့်အရေးသမားကြီးနဲ့ ... ပေါချာချာ ကျွန်တော်လင်းလွန်းညိုတို့ရဲ့ ပွဲပေါ့လေ.... ကောမန့်တွေကို သူက တစ်ဆက်တည်းရေးထားတာ ပါ.. ဒါကို ကျွန်တော်က အပိုက်ကလေးတွေခွဲပြီး ပြသွားပါ့မယ်......တပုဒ်ချင်းစီဆော်တော့မယ်ဗျာ .........

ကဲစလိုက်ရအောင်....


ရယ်စရာကောင်းတဲ့ သတင်း


အတော်ရယ်ချင်စရာကောင်းတဲ့ ကိတ်စပါပဲ.... ဒီနေ့ ပို့စ်တစ်ခုဖတ်လိုက်ရပါတယ်.. တင်တဲ့လူကတော့ ရဲသူရိန်မင်းဆိုလား ဘာလား မသိပါဘူး ..... အကြောင်းကတော့ .... ကုလားတွေ ယုတ်မာတတ်ကြောင်း ... မဆလာ တို့ ဟင်းခတ်အမွေးအကြိုင်တို့ ကွမ်းယာတို့ ... စတာတွေ ဟာ ဘဂ်လားဒေ့ရှ်နဲ့ အိန္ဒိယ က သွင်းလာတာမို့ အဆိပ်ဆေးတွေ ခပ်ထားနိုင်ကြောင်း စားလိုက်ရငိ ချက်ချင်းမသေပဲ ...တမြေ့ မြေ့သေမှာဖြစ်ကြောင်း အားလုံး သံသယနဲ့ အစဉ်သဖြင့် နေထိုင်ကြဖို့ နှိုးဆော်လိုက်ပါကြောင်း စသဖြင့် စေတနာတွေ ဘလဘွနဲ့ စီကာပတ်ကုံးရေးထားလိုက်တာ ..... ဖတ်ရသူတောင် အသဲငယ်သွားတယ်... လက်ထဲစားနေတဲ့ စမူဆာပဲ လွင့်ပစ်ရတော့ မလိုလို .... ပလာတာကုလား ပဲ သွားဖမ်းခိုင်းရတော့ မလိုလို ကွမ်း ယာဆိုင် က ဆေးကို ပဲ မှန်ဘီလူးနဲ့ မစားခင် မယာခင် ဖြဲ့ရှာရမလို ဖြစ်သွားပါတယ်......


တကယ်ဆုံးရှုံးမှဝမ်းမနည်းနဲ့

အခု လောလော ဆယ် facebook ပေါ်မှာ ဒေါ်အောင်ဆန်းဆုကြည်က ကုလား တစ်ယောက်မောင်းသွားတဲ့ ကားပေါ်မှာ ထိုင်ပြီးလိုက်သွားတဲ့ ဓာတ်ပုံကို ကြည့်ပြီး .. .အမလေး ချင်းထပ် .. ရင်နာတယ်ချင်းပြော..... အပုပ်တွေ အလျံအပယ်ချနေသူများ ကို ပြောချင်နေတဲ့ စကားလေး တစ်ခွန်းပါ.......

သိပ်တော့ မထူးဆန်းပါဘူးဗျာ... ဂန္ဒီတုန်းကလည်း.... ဟနင်္ဒူ .. မွတ်ဆလင်အရေး အခင်းဖြစ်တော့ ... မွတ်ဆလင်မိတ်ဆွေ တစ်ဦးအိမ်ပေါ်မှာ... နေပြီး အစာငတ်ခံ ဆန္ဒပြခဲ့လို့ .... ဂန္ဒီသေပါစေလို့ တောင် ပြောခံရသေးတာ ပဲ.... သမ္မတနေရူး ကတောင်... ဒေါသတွေ ထွက်လို့ ... ဂန္ဒီကို မသတ်ခင်.. ငါ့ကို အရင် သတ်လို့ တောင် ကျွေးကြော်ခဲ့ ဖူးပါသေးတယ်...... ဂန္ဒီဆိုတာလည်း အိန္ဒိယ တစ်ခုလုံးကို လွတ်လပ်ရေးရအောင် အငတ်ခံ ဆန္ဒပြခဲ့ တာပါ...... ဒါတောင် ဘာမဟုတ်တာလေးနဲ့ မျက်နှာ မထောက်ပဲပြောခဲ့ကြသေးတယ်လေ..... နောက်ဆုံး ဒီကိတ်စနဲ့ ပဲ လုပ်ကြံခံခဲ့ရတာပဲ မဟုတ်လား .. ဟိန္ဒူ အစွန်းရောက် အချို့ရဲ့ လက်ချက်နဲ့ ပဲ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဆုံးရှုံး သွားရတာပါ......

ဒါမျိုး ကျုပ်တို့ မြန်မာ ပြည်မှာ ဆုံးရှုံ့းခဲ့ဖူးပြီ.... ထပ်အဆုံးရှုံးခံနိုင်သေးပါသလား.... ဒါကြောင်အဲဒီလို ရင်ထုမနာ ဖြစ်နေသူတွေကို ပြောချင်တာပါ....

ဒေါသလည်း မထွက်အားတော့ ပါဘူး .. သတိပေးချင်ရုံသက်သက်ပါ


ဒေါသလည်း မထွက်အားတော့ ပါဘူးဗျာ .သူ့အကောင့် ကို မြင်ရင်သာ သတိထားဖို့ သတိပေးချင်တာပါ...... သူ့ အကောင့် အမည်က ... အလ္လာဟ်အရှင်တော်မြတ်နှင့်ကျွန်ုပ်ဆုံစည်းခဲ့သော ထိုခဏ ဆိုတဲ့ အမည်နဲ့ ဖြစ်ပါတယ်...... အမျိုးသမီးပါ....


ကျွန်တော့ ကို သူ friend request ပို့ တော့ ... ကျွန်တော်သူ့ အမည်ကြောင့်ချက်ချင်းပြန်လက်မခံရဲ ပါဘူး ..... မနေ့တစ်နေ့ ကတင် ကျွန်တောာ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့်ကို ၀ိုင်းတိုက်ခိုက်ခံထားရတာ မဟုတ်လား ..... အကောင့်လည်း လုံးဝပျက်စီး ...သွားခဲ့ပါတယ်...... ဒီတော့ ကျွန်တော်သူ့ကို Message ပို့ ပြိးမေးပါတယ်....

ဖြေပုံဖြေနည်းလေးက သဘောကျစရာပါ........ကျွန်တော်ကတော့ အေးဆေးစွာပဲ သူ့ကို ဘလော့ဂ်လိုက်ပါတယ်... မိတ်ဆွေသူငယ်ချင်းများ လည်း .... သူ့ကို လက်ခံထားမိရင်... ဘယ်လိုအကျိုးဆက်ဖြစ်လာနိုင်မလဲဆိုတာ .... သူ့ စကားလုံးလေးတွေကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်....


အချိန်က သက်သေဖြစ်ပါလိမ့်မည်...

ဒီကနေ့ facebook မှာ သတင်းမှားလိုက်ဖတ်…. Post တွေလိုက်ကြည့်ဖြစ်နေရင်း …. သတင်းနှစ်ပုဒ်ကို အမှတ်မထင် သွားတွေ့ရပါတယ်….. ကိုခွန်ဒီးယန်းရေးသားထားတဲ့ သမ္မတကြီးမှ UNHCR မဟာမင်းကြီးသို့ ပြောကြားချက်ကို ပြန်လည်သုံးသပ်ထားတဲ့ Post နဲ့ တောင်ကုတ်မှာ သမ္မတကြီး ကို ထောက်ခံတဲ့ အနေနဲ့ … အလံများလွှင့်ထူထားတဲ့ သတင်းတို့ ဖြစ်ပါတယ်…

.အမှန်အတိုင်းပြောရရင် ရိုဟင်ဂျာ ကိစ္စဟာ သိပ် fragile ဖြစ်တာကြောင့် အတော်ကလေး ပြောဆိုရတာ ခက်ပါတယ်……အခုလက်ရှိအချိန်က သမ္မတကြီးရဲ့ စကားကြောင့် ပြည်သူတစ်ရပ်လုံးက သမ္မတကြီးကို လေးစားနေချိန်ဖြစ်လို့ … အထိမခံဖြစ်နေကြပါတယ်… ဒါဟာ ကောင်းတဲ့လက္ခဏာပါပဲ …. ပြည်သူရဲ့ ထောက်ခံမှုဆိုတာ ဒါပါလားရယ်လို့ သိပြီး သမ္မတကြီး ပီတီ ဖြစ်လာတယ်ဆိုရင် နောက်ပိုင်းဒါမျိုးဆက်ကောင်းလာဖို့ လမ်းစပါပဲ ….

ခက်တာ က … ပြည်သူတွေလေးစားတာကို အခွင့်ကောင်းယူပြီး ပြည်ပရောက် ရုရှားမှ တပ်မတော်သား ပညာသင်များ ကလည်း .. .သမ္မတကြော်ငြာလိုလို …. ဘာလိုလို ဖော်လန်ဖားပုံတွေ….. မနှိုင်းအပ် နှိုင်းရာ .. ဗိုလ်ချုပ်နဲ့ နှိုင်းတဲ့ ပုံတွေ တင်နေတာ ကတော့ အတော်ကလေးစိတ်ပျက်စရာပါပဲ ….

နောက်တစ်မျိုးလည်း ရှိပါသေးတယ်… ဒေါ်အောင်ဆန်းစုကြည်က …. ရိုဟင်ဂျာ ကိတ်စ ကို အိုင်ဒုန်းနိုးလုပ်သွားပြီး .. သမ္မတကြီးက လက်မခံနိုင်ပါဘူးလို့ ပြောတယ်ဆိုပြီး .. လုပ်ထားတဲ့ သမ္မတကြော်ငြာကတော့ စိတ်ပျက်စရာပါပဲ ….. ဒါကို အားပေးထောက်ခံသူ တွေကလည်း ဒုနဲဒေးပါပဲ …. ကျွန်တော်ထင်တာတော့သူတို့ ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ အဖြေတစ်ခုလုံးတောင်စစ်စစ်ပေါက်ပေါက်ဖတ်ဖူးပုံမရပါဘူး .. ဒါမှ မဟုတ် နားမလည်တာ လည်းဖြစ်နိုင်ပါတယ်….. အဖြေတစ်ခုလုံးမှာ အိုင်ဒုန်းနိုးပဲသိပြီး ထောက်ခံကြတာပေါ့လေ….. ဒေါ်စုက … ရိုဟင်ဂျာကိတ်စကိုအိုင်ဒုန်နိုးလုပ်သွားတာ မဟုတ်ပါဘူး …. ရိုဟင်ဂျာ ကို အိုင်ဒုန်းနိုးလုပ်သွားတာ ပါ… ကဲပါလေ….ကျွန်တော့် အမြင်လေးကို ပဲ ဆက်တင်ပြပါမယ်……

ကိုခွန်ဒီးယမ်ရဲ့ သုံးသပ်ချက်က… ဒီလိုပါ.အောက်မှာ လည်း လင့်ခ်ကို ထည့်ပေးထားပါတယ်...

(ထုံးစံအတိုင်း စကားလုံးတွေနဲ့ ကစားသွားတဲ့ ဦးသိန်းစိန်နှင့် သူ့စကားကို ဘုမသိ ဘမသိ အလံတင်ထောက်ခံနေသူများအတွက်

ရိုဟင်ဂျာလို့ သုံးသွားတဲ့အခေါက်တိုင်း ခိုးဝင်လာသူများဆိုတဲ့စကားလုံး ကပ်လျက်တွဲထားတာ ရိုဟင်ဂျာဆိုတာ ခိုးဝင်လာတဲ့သူများလို့ ဆိုလိုချင်တာမဟုတ်ဘူး၊ မူလရှိတဲ့ ရိုဟင်ဂျာနဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာဆိုပြီး ၂ မျိုး ၂စား ရှိတယ်လို့ ခွဲခြားပြောသွားတာ။ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး မြန်မာဘက်က လက်ခံသွားဖို့ အစီအစဉ်ရှိတဲ့အကြောင်း တစ်ဖက်လှည့်နဲ့ နာမဝိသေသန ခွဲပြောသွားတာ ။ တိုင်းရင်းသားဆိုရင် လက်ခံပါ့မယ်လို့တောင်ပါလိုက်သေး။ UNHCR ကိုသူတာဝန်ယူခိုင်းနေတာက ခိုးဝင်လာတဲ့သူတွေအတွက်။ ဒါနဲ့ပဲ ဦးသိန်းစိန်က ပြတ်သားတယ် လျှောက်အော်မနေနဲ့။ ဗိုဟ်ချုပ်အောင်ဆန်းနဲ့လဲ မတန်မရာ သွားနှိုင်းမနေနဲ့။)

ကျွန်တော်က သတင်းဖတ်တဲ့ အခါ အစအဆုံးဖတ်သလို အောက်က ကော်မန့် တွေလည်း ကုန်အောင်ဖတ်လေ့ရှိပါတယ်….
ကိုခွန်ဒီးယမ်ရဲ့ ပို့စ်အောက်မှာတော့ထောက်ခံသူရှိသလို ဆဲသွားသူတွေလည်းရှိပါတယ်…… ကျွန်တော့ အနေနဲ့ ကတော့ … မထောက်ခံသေး သလို ရှုံလည်း မရှုံချသေးပါဘူး …. ဘာလို့ ဆိုတော့ ကို ခွန်ဒီးယမ်ထောက်ြ့ပသွားတာတွေက … အတော်ကလေး စဉ်းစားရမယ့် အပိုင်းလေးတွေပါနေလို့ ပါ…

နောက်တောင်ကုတ်သတင်း…. အလံလွှင့်တဲ့ သတင်း …. အဲဒီ အောက်မှာဆို ကို ခွန်ဒီးယမ်က ပြောလို့ ရှင်မူဆလင်လား လို့ တောင်အမေးခံရတဲ့ အထိပါပဲ …..

ကဲကျွန်တော်တို့ တွေ သေချာစဉ်းစားကြည့်ရအောင်….
အခုလက်ရှိ… မောင်တော နဲ့ ဘူးသီးတောင်မှာ ရှိနေကြတဲ့ လူဦးရေထဲမှာ ဘင်္ဂါလီတွေ ဟာ ၈၀ % ကျော်လောက်အထိရှိနေပါတယ်….အဲဒီထဲမှာ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ အများအပြားပါပါတယ်.. တစ်ချို့ ကအားလုံးဟာ Immigrants တွေလို့ ထင်တတ်ကြလို့ ပါ….. မထင်ပါနဲ့ နိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ဘင်္ဂါလီတွေ အများကြီးပါ… ဘယ်လောက်အထိများ သလဲဆိုရင်….. အခုလက်ရှိ မောင်တောမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟာ … ဘင်္ဂါလီကုလားပါ….. ပိုဆိုးတာ က သူကိုယ်တိုင်ကို က ပြီးခဲ့တဲ့ မနေ့ တစ်နေ့ ကတင်…. လွှတ်တော်မှာ ရိုဟင်ဂျာ များ ကို လက်ခံပေးဖို့ အကြောင်း ရဲရဲတင်းတင်းအဆိုတင်သွင်းသွားပါတယ်…..
ဒါကြောင့် ကျွန်တော်တို့ ကို ခွန်ဒီးယမ်ထောက်ပြထားတဲ့ သမ္မတကြီးရဲ့ စကားထဲက ခိုးဝင်လာသော ရိုဟင်ဂျာများ ကို …. ဆိုတဲ့ စကားလုံးလေးကို မေ့ထားလို့ မရဘူးလို့ ထင်ပါတယ်….. ခိုးဝင်လာသူတွေကို လက်မခံဘူးဆိုတော့ …. ကျန်နေတဲ့ ရိုဟင်ဂျာတွေကိုတော့ လက်ခံမယ်ပေါ့ …..

နောက်တစ်ချက်ကတော့ …. ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာကို သိတောင်မသိဘူးလို့ ငြင်းခဲ့ပါတယ်… ဒါဟာ ရိုဟင်ဂျာဆိုတာ ရှိမနေလို့ သိတောင်မသိဘူး ကြားတောင်မကြားဖူးဘူး ဒီလိုဖြေကြားသွားခြင်းဖြစ်ပါတယ်…. ဒါပေမယ့် သမ္မတကြီးကတော့ ရိုဟင်ဂျာ ဆိုတာကို လက်ခံထားပုံရပါတယ်… ခိုးဝင်လာသော ရိုဟင်ဂျာများ ရယ်လို့ စကားသုံးနှုန်းတဲ့ အတွက်…. ရိုဟင်ဂျာ ရှိနေတာကို လက်ခံကြောင်း သက်ရောက်ပါတယ်…..

ရိုဟင်ဂျာ ဆိုတာ ရခိုင်မှပြန်လာသူလို့ ဘင်္ဂါလီလို အဓိပ္ပါယ်ရကြောင်းမှတ်သားဖူးပါတယ်…. ဒီတော့ သူတို့ ကို ဦးနုလက်ထက်က မဲရအောင် ဆိုပြီး လက်ခံပေးခဲ့ပြီးနောက်ပိုင်း ဒီနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတဲ့ အသံကို ကြားတောင်မကြားဖူးတာ အတော်ကြာပါပြီ….. ကျွန်တော်ဆိုဒီပြသနာဖြစ်တော့ မှပဲစကြားဖူးပါတယ်…. ပြောချင်တာ က သူတို့ က ခုမှ တိုင်းရင်းသားလိုချင်လို့ ခေတ်ဟောင်းက နာမည်တစ်ခုကို ကောက်တပ်လိုက်တာ ကို …. ဒေါ်စု ကကြားတောင်မကြားဖူးလို့ မသိဘူး….. ဒါလူမျိုးတောင်မဟုတ်ပါဘူးဆိုတာကို ဖြေသွားပေမယ့် ….. သမ္မတကြီးက သူ့ စကားမှာ ခိုးဝင်လာသော ရိုဟင်ဂျာများ လို့ သုံးသွားတာကြောင့်ရိုဟင်ဂျာဆိုတာ ကို ရှိနေပါတယ်ဆိုပြီးဖြစ်နေပါတယ်….

နောက်တစ်ချက် … သမ္မတရဲ့ …. စကားဟာ ဘယ်အထိတာသွားသလဲ …. ဘယ်လောက်ထိအကျိုးသက်ရောက်သလဲ ….ဘယ်လောက်တည်သလဲ... အစိုးရ အဖွဲ့ထဲမှာ သမ္မတအနေနဲ့ ဘယ်လောက်အထိ သြဇာရှိသလဲဆိုတာ ကို စဉ်းစားစရာဖြစ်ပါတယ်…

လွယ်လွယ်ကူကူထောက်ပြရင်တော့ မြစ်ဆုံပါပဲ …
မြစ်ဆုံကို သမ္မတကြီးက သူ့ သမ္မတသက်တမ်းလေးနှစ်တာ ကာလအတွင်းပြန်မစပါဘူးလို့ ပြောထားပေမယ့် … ဦးအောင်သိန်းလင်းကတော့ …… တရုတ် သတင်းစားမှာ …. လုပ်ကိုလုပ်ရမယ်လို့ ပြောပါတယ်….. တကယ်လည်း လုပ်နေတုန်းပါပဲ …. အကြီးစားမဟုတ်တောင်ရသလောက်တော့လုပ်နေတုန်းပါပဲ …..ဒီတော့ သမ္မတရဲ့ စကားဟာ သူတို့ အစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ထိ အရာရောက်သလဲဆိုတာ စဉ်းစားစရာပါ…..

နောက်ပြီး ကချင် စစ်ပွဲမှာလည်း … သမ္မတက အပြစ်အခပ်ရပ်ဆဲပြါ့ပီးလို့ ကြေငြာပြီးနောက်ပိုင်း တိုက်ပွဲ နှစ်ရာကျော်ဆက်ဖြစ်ခဲ့တာ ဟာလည်း သမ္မတကြီးရဲ့ စကား တစ်ခွန်း ဘယ်လော်အထိအရာ ရောက်သလဲဆိုတာ အတွက် စဉ်းစားစရာဖြစ်လာပြန်ပါတယ်….

ဒီနှစ်ခုလုံးက နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ တကယ် အရေးပေါ်ကိစ္စနှစ်ခုပါ…..

ဒီတော့ကျွန်တော်တို့ အနေနဲ့ ဒီဘင်္ဂါလီအကြမ်းဖက်မှုမှာ သမ္မတကြီးစကားဘယ်လောက်တည်မလဲ … အရာရောက်မလဲ ….. ဆိုတာ စောင့်ကြည့်ရဦးမှာပါ… သမ္မတကပြောလို့ဆိုတာ မျိုးနဲ့ တခါတည်းစိတ်အေးလို့ မရနိုင်ပါဘူး ….

ဒါကြောင့် …. နိုင်ငံတွင်းမှာ နိုင်ငံသားရိုဟင်ဂျာ များ ပြားနေခြင်း ….. သမ္မတကြီးစကား ကို စိတ်ချလို့ မရခြင်းတို့ ကြောင့် …ကို ခွန်ဒီးယမ်ရဲ့ ….. ထောက်ပြချက်ဖြစ်တဲ့ ….. ခိုးဝင်လာသော ရိုဟင်ဂျာများ ဆိုတာ ကို ထည့်မစဉ်းစားလို့ မရတော့ ပါဘူး ….
တကယ်လို့ သမ္မတကြီးက သာ …. ခိုးဝင်လာသော ရိုဟင်ဂျာများ (ဘင်္ဂါလီ) ကို သာ ဖယ်ထုတ်လိုက်ပြီး ….. တိုင်းရင်းသားများနဲ့ နိုင်ငံသားများ ကို ဆက်လက်ခံထားမယ်ဆိုရင်…… အကြမ်းဖက်မှု မှာ ပါဝင်ခဲ့ဖူးသူ ဘင်္ဂါလီပေါင်းများ စွာ … နိုင်ငံတွင်း တရားဝင်နေထိုင်ခွင့်ဆက်ရသွားဦးမှာပါ…… ဒါဟာ မြန်မာပြည်အနေနဲ့ မြွေပွေးမှန်းသိသိကြီးပြန် ခါးပိုက်ပြန်ပိုက်ထားရသလိုဖြစ်တော့မှာပါ…..

ဒါပေမယ့် တဘက်ကို လည်းပြန်ကြည့်ရပြန်ပါတယ်…..

ဒီနေ့ ပဲ သတင်းတစ်ပုဒ်မှာ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ….. လ၀ကအနေနဲ့ ၂၀၁၄ သန်ခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်….. ဒါအပြင်… ရိုဟင်ဂျာ ဟာ တိုင်းရင်းသားဟုတ်သလားလို့ မေးတဲ့အမေးကို လည်း …. ရိုဟင်ဂျာ ဟာ အင်္ဂလိပ်မြန်မာ ပထမကျူးကျော်စစ်နောက်ပိုင်း …. မှ ၀င်လာတာ ဖြစ်တဲ့ အတွက်…. မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တာကြောင့် ….. ဘယ်နည်းနဲ့မှ တိုင်းရင်းသားအဖြစ်လက်မခံနိုင်ကြောင်းတရားဝင်ငြင်းဆိုသွားခဲ့ပါတယ်….. အားရစရာပါ…..

နောက်တစ်ချက်က …. သမ္မတကြီးပုံကို အမှားချစ်ပြီး ဆန္ဒပြနေကြတဲ့ …. မီးရှို့နေကြတဲ့ …. ပြည်ပမှ ရိုဟင်ဂျာများရဲ့ ပုံကို ကြည့်ခြင်းအားဖြင့်လည်း ….. သမ္မတကြီးရဲ့ ရပ်တည်ချက်ဟာ …. သူတို့ ကို အတော်ထိသွားတယ်ဆိုတာ သိသာစေပြန်ပါတယ်….. ဒါဆိုကျွန်တော်တို့ သမ္မတကြီးကို ယုံလို့ ရပြီလား .. ရယ်လို့လည်း တွေးမိပါတယ်……

ဒီတော့ ကျွန်တော်တို့ ပြည်သူတွေမှာ ….. ဟိုလိုလို ဒီလိုလို အတော်ဖြစ်ကြရပါတယ်….. သမ္မတကြီးကိုလည်း မယုံရဲ…… ယုံကလည်း ယုံချင်….. ၀န်ကြီးကဖြေသွားပြန်တော့လည်း အားတက်ရနဲ့ …. အတော်ကလေး …. ဝေခွဲမရဖြစ်ရပါတယ်…..

ကျွန်တော့ အနေနဲ့ ကတော့ အခုလက်ရှိ တွေးမိတာလေးကို ပဲပြောပါမယ်…..

သမ္မတကြီးရဲ့ ရပ်တည်ချက်ကို လေးစားပါတယ်… ထောက်လည်း ထောက်ခံပါတယ်….. တကယ်လို့ သူပြောသလိုပဲ ခိုးဝင်လာသူရိုဟင်ဂျာများ ကို ဖယ်ထုတ်လိုက်နိုင်တယ်ဆိုရင်ပဲ တစ်ရန်အေးသွားပြီလို့ မြင်ပါတယ်……. အဲသလိုမဟုတ်ပဲ ရိုဟင်ဂျာ ဖြစ်ချင်နေသူ အားလုံးကို ဖယ်လိုက်နိုင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ခင်ဗျာ ……

တောင်ကုတ်မြို့ …. အလံလွှင့်နေတာကိုလည်း ထောက်ခံပါတယ်…. ဘာပဲဖြစ်ဖြစ် …. အမျိုးသားရေးအနေနဲ့ ပြည်သူတွေက ပါ ရိုဟင်ဂျာကို လက်မခံဘူးဆိုတာ ပြသတာဖြစ်လို့ …နိုင်ငံတကာကပါ သိသွားနိုင်တာ မို့ .ထောက်ခံပါတယ်…..

တကယ်လို့ များ …. သမ္မတကြိးရဲ့ စကားဟာ ကိုခွန်ဒီးယမ်းပြောသလို စကားလုံးလေးတွေနဲ့ ကစားသွားတာပါဆိုရင်… ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဒါကိုလည်း ထည့်တွေးရပါမယ်….. သမ္မတကြီးစကားက စိတ်ချလို့ မှ မရပဲလေ……. တော်ကြာ မီးရှို့ သွားတဲ့ အကောင်တွေက နိုင်ငံသားမို့ လို့ ဆက်နေပြီး အေးအေးဆေးဆေးကျန်နေခဲ့မှာကိုး ….. ကဲ ဘယ်လိုလုပ်ကြမလဲ

လက်ရှိတည်ဆဲဥပဒေ …. နိုင်ငံသားပြုရေး အခန်းကို .. ကျွန်တော်တင်ပြဖူးပါတယ်.. .အဲဒီ ထဲမှာ အပုဒ် ၅၈ (ဂ) နဲ့ … အကြမ်းဖက်တဲ့ နိုင်ငံသားဘင်္ဂလီတွေကို နိုင်ငံသားအဖြစ်က နေ ပြန်ရုပ်သိမ်းပစ်လိုက်လို့ ရပါတယ်…နိုင်ငံသားမှ မဟုတ်တော့ရင် ဒီနိုင်ငံထဲဆက်နေစရာ အကြောင်းမရှိတော့ဘူးပေါ့… နိုင်ငံသားဖြစ်တဲ့ ဘင်္ဂါလီတွေကို လည်း အကြမ်းဖက်မှု မှာ ပါဝင်ခဲ့ခြင်းရှိမရှိ သေချာ စစ်ဆေးပေးဖို့ … စုံစမ်းပေးဖို့ … အရေးယူပေးဖို့ … ပြည်ထဲရေး ၀န်ကြီးဌာနကို ကျွန်တော်တို့ပြည်သူတွေ တောင်းဆိုကြရပါမယ်……. ဒါမှ ပြည်သူတွေ မတုံးဘူးဆိုတာ သိမှာပါ……

နောက်ပြီး …. ရခိုင်ပြည်နယ်ကိုယ်စားလှယ်ကြီးရဲ့ ဘယ်သူခြိမ်းခြောက်တာမှ မကြောက်ဘူးဆိုတာကို သိရလို့ အားတက်မိပါတယ်… ဒါပေမယ့် ကျွန်တော်တို့ ဘက်က သတိထားရပါမယ်… ပြင်ဆင်ကြရပါမယ်…. တာလီဘန်ဆိုတာ ဘယ်လိုလူစားလဲ … အားလုံးသိပြီးသားပါ….. ကိုယ့်အသက်တောင်ကိုယ်မနှမြောတာ ဗျာ … သူများ အသက် အိုးအိမ်… ဘာသာ စတာတွေကတော့ ဝေလာဝေးပေါ့ …ကိုယ်က ဘယ်လောက်ခံချမယ်ပြောပြော …. မဖြစ်အောင်ကာကွယ်ထားတာ အကောင်းဆုံးပေါ့ဗျာ ….ဒိတော့ ကျွန်တော်တို့ ပြည်သူများ ဘက်က သတိရှိရှိနေကြဖို့ လိုပါပြီ…. ဒီအချိန်မှ တကယ်သတိထားရမှာပါ…. ကွမ်းယာထဲဆေးခပ်တာလောက်ကို သွားသတိမထားပါနဲ့ ….. အဲဒီလောက်ကို ဟိုကမကြံပါဘူး …… လုပ်မယ်ဆို….. လေယဉ်နဲ့ဝင်တိုက်ပြီး မြို့ပါပြာဖြစ်အောင်လုပ်သွားမှာပါ……. အစိုးရဘက်မှာလည်း ပြင်ဆင်စရာရှိတဲ့
လုံခြုံရေးအစီအစဉ်တြွေ့ပင်ဆင်ထားလိမ့်မယ်လို့မြင်ပါတယ်…..

ခုအချိန်ဟာ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ … စောင့်ကြည့် ပြင်ဆင်ကြရမယ့်အချိန်ပါ…..

ဘယ်သူမှန်တယ်.. ဘယ်သူမှားတယ် .. ဘယ်သူ့စကား တည်သလဲဆိုတာ ကို

အချိန်ကပဲစကားပြောပါလိမ့်မယ်.... အဲဒီ အချိန်မှာ ဖြစ်ပေါ်လာမယ်.. ကောင်းသော အဖြေရော မကောင်းသော အဖြေ အတွက်ပါ ... ကျွန်တောတို့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်... ဒီအချိန်မှာ ဘယ်သူ က ကစားတယ်... မကစားဘူးဆိုတာ .....ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ...... (အားလုံးကို မဆိုလို ပါ.. ကျွန်တော် မဆုံးဖြတ်တတ်သေးတာ သာဖြစ်ပါလိမ့်မယ်... )

ဒီတော့ ကျွန်တော်တို့ ပြင်ဆင်စောင့်စားဖို့ ပဲလိုပါတယ်.....

အရေးကြီးလျှင်သာ သွေးနီး နိုင်ကြပါစေခင်ဗျား...................

By: လင်းလွန်းညို

ဒါက ကိုခွန်ဒီးယမ်ရဲ့ လင့်ခ် ဖြစ်ပါတယ်.......သမ္မတကြီးရဲ့ စကားကို ပြန်ကြည့်နိုင်အောင်ပါ...

https://www.facebook.com/photo.php?fbid=371635826238199&set=a.113611365373981.12303.100001753555387&type=1&comment_id=780166

ပြည်တွင်းစစ်သို့ လမ်းမကြောင်းစေချင်ပါ..

ဒီစာစုကို ရေးလို့ ကျွန်တော့်ကို မျိုးချစ်ပုဂ္ဂိုလ် မဟုတ်ဘူး…… အလကားအာချောင်တဲ့ကောင်……. ကိုယ်မခံစားဖူးလို့ မသိတဲ့ကောင်လို့ … ပြောဆိုကြမယ်ဆိုတာ နားလည် ပါတယ်… ဒါပေမယ့်…. ပြောသင့်တယ်လို့ ယုံကြည်တာကြောင့် ကို ပြောပါမယ်…..
ဒီ တစ်ပါတ်ထဲမှာ facebook ပေါ်ရောက်တော့ အတော်ကလေး ထူးဆန်းတဲ့ သတင်းတစ်ချို့တွေ့ကြရပါတယ်…. ရခိုင်အရေးကိတ်စမှာ…..ရခိုင်လက်နက်ကိုင်အဖွဲ့ ဖွဲ့ ပေးဖို့ကို စိုင်းပြင်းလာတာတွေ့ရပါတယ်… ဒါကို မျိုးချစ်ရခိုင် အမျိုးသားအချို့ကလည်း … ကိုယ့်နယ်ကိုယ်မြေကို ထိလို့ စိတ်ခံစားထားရတာ.. နာနေတာတွေ ပေါင်းပြီး အားရပါးရထောက်ခံကြပါတယ်……..ဒါကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်… ကိုယ် အမျို့းထိတော့ ဒိလိုပဲနာတတ်ကြပါတယ်……. ဒါပေမယ့် …. ဒီကိတ်စ က လက်နက်ကိုင်အဖွဲ့ ဖွဲ့ …. ရိုဟင်ဂျာကို တိုက်ပြီးရင် အစိုးရကို လက်နက်ပြန်အပ် … ဒါမျို့းလွယ်လွယ်နဲ့ ပြိးသွားမယ် မဟုတ်ဘူးလို့ တော့ ထင်ပါတယ်……

ကျွန်တော်တို့ မြန်မာပြည်မှာ ၁၉၅၇ ၀န်းကျင်နောက်ပိုင်း တိုင်းရင်းသား စစ်တပ် (အစိုးရအခေါ် သူပုန်) များစွာနဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြတာ အကြိမ်အရေ အတွက် မရေတွက်နိုင်အောင်ပါပဲ…… တိုင်းရင်းသားများ ဘက်မှ….. လည်း ကိုယ်နယ်မြေ ခွဲထွက်ရေး… အတွက် .. တိုက်ကြသလို တပ်မတော်ကလည်း….. ပြည်ထောင်စု ထူထောင်ရေး ဆိုပြီး တိုက်ကြပါတယ်……နောက်ဆုံးတော့ ပြည်သူတွေ ကပဲ အထိနာတာပါပဲ…..

ဒီတော့ ခွဲထွက်ရေးဆိုတာ ကို စဉ်းစားရပြန်ပါတယ်.. ပင်လုံစာချုပ်ကို ကိုင်ပြီး ပြောမယ် ဆိုရင်တော့ …. ကျွန်တော် ခုထိ မသိသေးတဲပင်လုံစာ ချုပ်ထဲက သဘောတူညီမှုဟာ …ခွဲထွက်ခွင့် ပေးမယ် ပြောတာလား…. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ် ပြောခဲ့တာလား … ဆိုတာပါပဲ…… ဒီတော့ ခွဲထွက်ကြပြိဆိုပါစို့ ….

နိုင်ငံတစ်နိုင်ငံဟာ … ပြည်မမရှိရင် ပြည်နယ်တွေ မရပ်တည်နိုင်သလို … ပြည်နယ်မရှိရင်လည်း ပြည်မက မရပ်တည်နိုင်ပါဘူး….. ကချင်ပြည်နယ် ကြီးတစ်ခုလုံး မြန်မာပြည်က ခွဲထွက်လိုက်ပြီဆိုပါစို….တရုတ် နိုင်ငံက … ဟုတ်ပြီ မင်းတို့ ခွဲထွက်လာပြီ နေနေ ဆိုပြီ… အသာတကြည်ထားမယ်လို့ ထင်ပါသလား… တရုတ်ဟာ .. တိဗက်ကို ဘယ်လို သိမ်းနေသလဲ ဆိုတာ ဟာ သာဓက တစ်ရပ်ဖြစ်ပါတယ်…… တကယ်လို့ အဲဒီ အချိန် တရုတ်က အကြောင်းတစ်ခုခုပြပြီး ၀င်တိုက်ရင်တောင် … တရုတ်နိုင်ငံရဲ့ အင်အားကို ကချင်ပြည်နယ် တစ်ခုတည်းက တောင့်ခံနိုင်လိမ့်မယ်လို့ ထင်ပါသလား……. ဒါဟာ ပြည်နယ်နဲ့ ပြည်မ အကျိုးသက်ရောက်မှုကို မြင်အောင်ပြောတာပါ…..

ဒီတော့ ရခိုင်လက်နက်ကိုင်ဖွဲ့ရေး မဖွဲ့ရေးကို ပြန်ကြည့်ရအောင်…..စစ်ကို ကျွန်တော် မကြိုက်ဘူးဆိုတာ အမှန်ပါ…… စစ်ဖြစ်ကြတယ်ဆိုတာ ဘယ်နည်းနဲ့ မှ ကောင်းတဲ့ လက္ခဏာ မရှိတဲ့ အရာပါ….
ရခိုင်မှာ လက်နက်ကိုင်အဖွဲ့ ဖွဲ့ ပြီးရင်…. ရိုဟင်ဂျာတွေ ကိစ္စပြိးတာ နဲ့ လက်နက်ချပါမယ်လို့ … ဘယ်သူအာမခံနိုင်ပါသလဲ .. အခု လက်ရှိပြောနေတဲ့ လူတွေ တောင် အာမခံနိုင်ပါသလား.. ထောက်ခံနေသူတွေရော အာမခံနိုင်ပါသလား…… တစ်ချို့ ဆို… ရခိုင်ဟာ ဗမာ နိုင်ငံလက်အောက်ကျရောက်နေရတယ် ဆိုတဲ့ သွေးကွဲစေမယ့် အသုံး အနှုန်းမျိုးကို ပါ သုံးလာပါတယ်….

ဒီတော့ ရိုဟင်ဂျာတွေကို တိုက်ပါပြီ……. ပြီး သွားလို့ ရခိုင် ခွဲထွက်ရေးလိုလားသူများ က …. အစိုးရတပ်နဲ့ ပါပြန်တိုက်ရင်….. ရခိုင် ဟာ ဒုတိယကချင်ပြန်ဖြစ်လာမှာပါ…… အခု ကချင်မှာ စစ်ဖြစ်တာ တစ်နှစ်ပြည့်ပါပြီ…. ပြည်သူတွေ….. ကလေးတွေ….. ဘယ်လောက် အထိနာသလဲဆိုတာ .. လူတိုင်းမျက်မြင်ကိုယ်တွေ့ပါ…. တအုံးအုံးပေါက်နေတဲ့ ဗုံးဆံကြားမှာ…. ရခိုင်ပြည် ပြာပုံဘ၀က တက်နိုင်ပါဦးမလား….. စဉ်းစားစရာပါ…..

တကယ်လို့ သာ ရခိုင်မှာစစ်ထပ်ဖြစ်ရင်……နံပါတ်တစ်…. ရခိုင်ပြည်သူ ပြည်သား…. မြန်မာပြည်သူပြည်သားတွေ ပဲ ..အထိနာကြမယ်… စားရမဲ့ သောက်ရမဲ့ဖြစ်မယ်….. အခု လက်ရှိ ပြာပုံ ဘ၀ ထက်ပို ဆိုးတဲ့ ကျီးလန့်စာစား ငရဲခန်းဘ၀ကို ရောက်ကြရပါမယ်… နံပါတ်နှစ် အစိုးရ စစ်စရိတ်ထောင်းပါတယ်… စစ်စရိတ်ထောင်းတယ်ဆိုလို့ အစိုးရဘက်ကို လိုက်တယ်ဖြစ်ပါဦးမယ်.. ဒီစစ်စရိတ်တွေဟာ .. ကျွန်တော်တို့ ပြည်သူတွေ အကျိုးဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းတွေ မှာ အသုံးပြုမယ့် ဘဏ္ဏာ ငွေ များ ဖြစ်ပါတယ်…… ဒါတွေနဲ့ ကျည်ဆန်ဝယ်နေကြရတာပါ…. နိုင်ငံ တိုးတက်မှု အတွက် နှောင့်နှေးစေတယ်လို့ မြင်ပါတယ်…… နောက်ဆုံးတစ်ချက်ကတော့ …. မြန်မာပြည် ပြည်တွင်းစစ်ပြန်စလာမယ့်လမ်းစကို ပြန်ရောက်သွားကောင်းရောက်သွားနိုင်ပါတယ်…… အခုလည်း ဖြစ်နေတာပါပဲ.. ဒါပေမယ့် နယ်တစ်နယ်ထဲမှာပါ… တစ်နယ်က နှစ်နယ်ဆို မကောင်းတော့ ပါဘူး….

ဒီတော့ ရခိုင်ဟာ စစ်နိုင်ပြီးခွဲထွက်လိုက်ပြီဆိုကြပါစို့….. အခုလက်ရှိတောင် ရိုဟင်ဂျာကို ရင် ဆိုင်ရဒီလောက်ခက်နေတာ….. ခွဲထွက်လိုက်ပြီ ဆိုလို့ ကတော့ … ကုလားတို့ အကြိုက်ပေါ့လို့ တောင်ဆိုရမလိုပါပဲ…….
နောက်တစ်ခုက .. အခု လက်ရှိ….လက်နက်ကိုင် တပ်ဖွဲ့ .. လက်နက်ကိုင်တပ်ဖွဲ့ လို့ အော်နေ ၀ါဒဖြန့်နေသူတွေ တကယ်လည် ဖွဲ့ ဖို့ စိုင်းပြင်းကြသူတွေ တင်ထားတဲ့ ပုံတွေ တွေ့ကြရပါတယ်…. သေနတ်တွေ နဲ့ တန်းစီပြီး ရိုက်ထားတဲ့ ပုံ….. စသဖြင့်ပေါ့လေ… တွေ့တော့….. ဒီလို သေနတ်တွေ ရှိနေတာတောင် ဘာကို စောင့်ပြီး ရိုဟင်ဂျာ ကို မပစ်သေးတာလဲ… သူတို့ သိပ်ပစ်ချင်တယ်လို့ ပြောနေရင် ၀င်ပြစ်တော့ လေ… ဘာကို စောင့်နေတာလဲ…… စစ်တပ်က ခွင့်ပြုတာကိုလား….. ဒီအွန်လိုင်းပေါ်မှာပြောသလို သူတို့ ဆပ်ဆပ်ခါ နာနေတယ်ဆို…… သိပ်မျိုးချစ်တယ်ဆို….. စစ်တပ်က ခွင့်ပြုတာတောင် စောင့်မယ် မထင်ပါဘူး….. ၀င်ပစ်ကြမှာပါ….. အခုဟာ က…… ရိုဟင်ဂျာ အကြောင်းပြ ပြီး လက်နက်ကိုင်အဖွဲ့ ဖွဲ့ လို့ အမြတ်ထုတ်ချင်သူတွေ ဆိုတာ သိပ်သိသာပါတယ်………

ဒီအရေး အခင်း စဖြစ်တုန်းက ကျွန်တော်တို့ ကိုယ်တိုင် စစ်နဲ့ မှ ငြိမ်းလို့ ရမယ်လို့ ထောက်ခံခဲ့ဖူးပါတယ်…. တကယ်လည်း ဟိုဘက် က ပစ်ခတ်လာခဲ့ရင်… ကိုယ်ဘက်က ငြိမ်ခံနေစရာမလိုပါဘူး……. ပြည်သူ့စစ်ဆိုတာ ကိုလည်း နားလည်ပါတယ်…. ပြည်သူ့ စစ်ဆိုတာ ယူနီဖောင်းမလိုပါဘူး…တကယ် အရေးကြုံလာတဲ့ အခါပြည်သူတွေကို … တပ်မတော်က လက်နက်တပ်ဆင်ပေးပါလိမ့်မယ်…. တပ်မတော်ရဲ့ အမိန့်အောက်မှာပဲ သွားရမှာပါ….. တစ်သီးပုဂ္ဂလ.. ဆန်ဆန်.. လက်နက်ကိုင် အဖွဲ့ ရယ်လို့ ဖွဲ့ စရာမလိုပါဘူး….. နိုင်ငံတစ်နိုင်ငံမှာ တရားဝင်စစ်တပ်ဟာ တစ်ခုတည်းရှိပါတယ်… ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နေတဲ့ ပြည်နယ်တွေ လည်း စစ်တပ်ဖွဲ့ စည်းခွင့်မရှိပါဘူး……ဒီတော့ အကြောင်းပြပါလိမ့်မယ်…. မင်းတို့ စစ်တပ်က မိုးပေါ်ထောင်ပစ်နေတာကိုးကွလို့ …

ကျွန်တော်တို့ တကယ်တန်းလုပ်ရမှာက ….. ကိုယ်ပိုင်စစ်တပ်တစ်ခုထောင်ဖို့ မဟုတ်ပါဘူး…. မိုးပေါ်ထောင်ပစ်နေတဲ့ စစ်တပ်ကို မိုးပေါ်ထောင်မပစ်အောင်လုပ်ရမှာပါ…….ရခိုင်အမျိုးသားထဲမှာ ပေါက်ပေါက်ရောက်ရောက်တွေ မရှိတော့ ဘူးတဲ့လား…. လွှတ်တော်အမတ်တွေ မရှိတော့ဘူးတဲ့လား…. သူတို့ ကို ပြောခိုင်းရပါမယ်…… သူတို့ ဘာလို့ မိုးပေါ်ထောင်ပစ်နေသလဲ ဆိုတာ ကို အကြောင်းရှာပြီး သမ္မတ .. ကာကွယ်ရေး ဦးစီးချုပ် စတဲ့ လူကြီးပိုင်းတွေ သိအောင် တင်ပြရမှာပါ….ဒီကိတ်စဟာ အစိုးရမှာလုံးဝတာဝန်ရှိပါတယ်..... . ရခိုင်ပြည်သူတွေ ခင်မျာ….. ခေါတောကုလား ရှို့တဲ့ မီးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီးမှ… ကိုယ်အမျိုးချင်း ပစ်တဲ့ ကျည်ဆန်တွေကို သာ ထပ်ရှောင်နေရမယ်ဆိုရင်….. နာလန်ကို ထူတော့ မယ် မထင်ပါဘူး……

ဒီတော့ .. ကျွန်တော့တို့ ရဲ့ တကယ် မျိုးချစ်ရခိုင်အမျိုးသားများ …..ကိုယ်အမျိုးထိလို့ နာတဲ့ စိတ်ကနေ… ဖြစ်လာတဲ့ ဒေါသကို အခြေခံ…… လမ်း မှားလိုက်ပြီး….. လက်နက်ကိုင်အဖွဲ့ ဖွဲ့ ချင်သူတွေ ရဲ့ လှည့်ကွက်ထဲ ၀င်သွားမှာကို အတော်စိုးရိမ်မိပါတယ်…. ဘယ်သူ့ အတွက် မှ မစိုးရိမ်ပါဘူး.. ကိုယ်အမျိုးတွေဖြစ်တဲ့ ရခိုင် ပြည်နယ် နေထိုင်ကြသူ… ရဟန်း.. ရှင်လူ… ကလေးငယ် … ဘိုးဘွားနဲ့ ညီအစ်ကို မောင် နှမတွေ အတွက်ကို ပဲ စိုးရိမ်ပါတယ်….. ခင်ဗျား တို့ လည်း စိုးရိမ်ကြမယ်လို့ ထင်ပါတယ်….. ဒါကြောင့် လုပ်သင့်တာကို ပဲလုပ်ပါ…… မဟုတ်တဲ့ တောကြောင်တွေ လက်ခမောင်းခတ်တာကို သဘောကျနေရင်တော့ .. ကိုယ့် ပြည်နယ်ပဲ ပျက်စီးရမယ် ဆိုတာလေး တွေးကြည့်စေချင်ပါတယ်….

.နောက်တစ်ခုက …. ကျွန်တော်တို့ အခုဆို ရခိုင်ပြည်နယ်ကို ….. လှူဒါန်းနေကြတာ ဟာ… ရန်ကုန်… မန္တလေး အစ….မြန်မာပြည် အနယ်နယ်အရပ်ရပ် ကရော….. ပြည်ပက ပါမကျန်လှူဒါန်းနေကြပါတယ်…..ကျွန်တော် ကိုယ်တိုင်လည်း …. ပိုက်ဆံ.. အ၀တ်အစား… အစားအသောက် စသဖြင့် လှူဒါန်းခဲ့ပြီး ပါပြီ ….လေးရပ်ဝတီ ငြိမ်းချမ်းရေး အဖွဲ့ ကိုပါ…..အဲဒီ အလှူငွေတွေဟာ ပြည်သူတွေ ဘက်က ပေါများ လို့ လှူနေတယ်လို့ မထင်စေလို ပါ…….ကျွန်တော့ ကို လူတစ်ယောက်ပြောခဲ့ဖူးတဲ့ စကားရှိပါတယ်… မင်း ငါတို့ ဘာလို့ စစ်တပ်ဖွဲ့ ချင်သလဲသိချင်ရင်….. ဘူးသီးတောင် မောင်တောမှာ.. တစ်ပတ်လောက်သွားနေကြည့်လိုက်ပေါ့လို့ ဆိုပါတယ်….အလကားအာချောင်နေတာလို့လည်း ဆိုပါတယ်…. ကျွန်တော တို့ လည်း အသက်နဲ့ ရင်း ရှာခဲ့ .. ကိုယ်ချွေးနဲ့ ရင်းပြီး ရှာခဲ့ရတဲ့ ပိုက်ဆံတွေ မို့ အတော် တန်ဖိုးထားပါတယ်.....အခြားလှူဒါန်းသူတွေလည်း တန်ဖိုးထားကြမှာပါ…… ဒီလို ကိုယ်ချွေးနဲစာကို လှူပစ်ဖို့ ဆိုတာ .. တကယ်ရင်ထဲခံစားရမှ လှူဖြစ်ပါလိမ့်မယ်…… အခု ရခိုင်ကို ရောက်သွားတဲ့ ငွေကြေးပမာဏဟာ .. အတော်များပါတယ်…. ဒီအလှူရှင်တွေ အကုန်လုံး က….. မောင်တောမှာလာနေပြီး… တကယ်ခံစားပြီးမှ.. သိလို့ လှူတဲ့ လူတွေ မဟုတ်ပါဘူး….. ပြည်ပကဆို ပို ဆိုးပေါ့…. ဒါဆိုဘာလို့ လှူတာလဲ… အော်.. ငါ့အမျိုးထိပြီဟဲ့…. မြန်မာပြည်တော့ ကျူးကျော်ခံရပြီဟဲ့ ဆိုတဲ့ .. အမျိုးကို ချစ်သော စိတ်.. စောင့်ရှောက်လိုသော စိတ်တစ်ခုတည်းနဲ့ သာ လှူဒါန်းကြခြင်းဖြစ်ပါတယ်….. ဒီတော့ …. မောင်တော အထိကျွန်တော်တို့ လာနေရမယ် ဆိုတာ အတော်ရယ်စရာစကားဖြစ်ပြီး.. ကျွန်တော်တို့ရဲ့ စေတနာကို စော်ကားလိုက်သလိုပဲခံစားရပါတယ်……ကျွန်တော့ တို့ အလှူငွေတွေဟာ…ငြိမ်းချမ်းသာယာရခိုင်ပြည်ကြီးပြန်ဖြစ်လာဖို့ …….. ရခိုပြည်သူပြည်သားများ ထူထောင်ရေးမှာ … အထောက်အပန့် ရအောင်လို့ ဖြစ်ပါတယ်….. လက်နက်ဝယ် ကျည်ဆန်ဝယ်ပြီး.. ကိုယ်အမျိုးချင်းပြန်သတ်ပြီး ခွဲထွက်ရေး တောင်းဆိုဖို့ မဟုတ်ပါဘူး…….. 
သိပ်မကြာသေးခင်ကပဲ .... ရခိုင်ပြည်နယ်လွှတ်မြောက်ရေးတပ်မတော် သင်တန်းဆင်းပွဲသတင်းဖတ်လိုက်ရပါတယ်..... သတင်းအရတော့ .... အဲဒီ သင်တန်းဆင်းပွဲ မှာပြောသွားတဲ့ သူတို့ အကြီးအကဲရဲ့ မိန့် ခွန်းထဲမှာ ... ပြည်နယ်ကို ကာကွယ်မှာထက်.... အဖိနိုပ်ခံတိုင်းရင်းသားများ ဘ၀မှ လွတ်မြောက်ရေးသာ ပိုများ နေပါတယ်..... ပြည်နယ်ကို တကယ်ကာကွယ်ပါ..... လွတ်မြောက်ရေးဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်ဖိနိုပ်ချုပ်ချယ်ထားတာ ဘာတစ်ခုမှ မရှိလို့ ဘယ်နေရာက နေလွတ်မြောက်ချင်နေသလဲဆိုတာ စဉ်းစားလို့ မရသေးပါ

နောက်ဆုံး စကားချုပ်ပါရစေ…. စစ်နဲ့ မှ ငြှိမ်းလို့ ရမယ်ဆိုလည်း .. တိုင်းပြည်မှာ တရားဝင်စစ်တပ်ရှိပါတယ်… စစ်တပ်မိုးပေါ်ထောင်ပစ်တာကို …. တည့်တည့်ပစ်အောင်ပြောရပါမယ်….အစိုးရကို တည့်တည့် တာဝန်ရှိကြောင်းပြောကို ပြောရပါမယ်..... နောက်ဆုံးပြည်သူ့ စစ်ဖြစ်တယ်ဆိုရင်တောင်... လက်ခံနိုင်ပါတယ်...... မျိုးချစ် ရခိုင်များ အနေနဲ့ …. ကိုယ်ပိုင်စစ်တပ်ဖွဲ့တယ် ဆိုတာ တရားမ၀င်သလို…. ကိုယ့်ပြည်နယ် ကိုယ့်မြို့ ကိုယ့်ရွာက လူတွေပဲ အထိနာမယ်ဆိုတာကို သတိချပ်စေချင်ပါတယ်…… တောမီးလောင်နေတုန်း တောကြောင်တွေလက်ထဲ မပါသွားစေချင်ပါ…… ဥိးနှောက်တစ်ခုလုံး ကို အသုံးပြုခွင့် သဘာဝတရားက ပေးထားပါတယ်….. စဉ်းစားပါ…..

ပြည်တွင်းစစ်ကို သင်လိုလားပါသလား…..(မင်းတွေးတာ သိပ်ဝေးနေသလားလို့ လည်း အပြစ်တင်နိုင်ပါတယ်… ဒါဟာ တွေးသင့်တယ်လို့ ထင်ပါတယ်… မျက်တောင်တစ်ဆုံးကလေးမကြည့်ပါနဲ့ မျက်စိတစ်ဆုံးထိကြည့်စေချင်ပါတယ်..)

ကျွန်တော့် အနေနဲ့တော့ .. ရခိုင်မှာပြည်သူ့စစ် မဟုတ်သော ကိုယ်ပိုင်လက်နက်ကိုင်စစ်တပ်ဖွဲ့ စည်းချင်းအား အပြင်းအထန်ကန့်ကွက်ပါသည် ခင်ဗျား……

ဒီစာစု ကို ရေးလို့ ကျွန်တော့ ကို ဝေဖန်ပစ်တင်ရှုံချနိုင်ပါတယ်…. တုန့်ပြန်နိုင်တာ.. ပြန်ဆွေးနွေးပေးနိုင်တာ မှန်သမျှ ပြန်ဆွေးနွေးပေးပါမယ်…… ဆဲရေးတာတွေ အတွက် ဘာမှ တုန့်ပြန်လိမ့်မည်မဟုတ်ပါ……လူကို အဆိပ်သင့်စေပြီးမှ….လူကြိုက်တဲ့ စာ… လူထောက်ခံမယ့် စာ မရေးပါ…စည်းရုံးရေးစာများ မရေးပါ….….. လူမျိုးရေးခွဲခြားသောစာများ မရေးပါ….…ရေးသင့်ရေးထိုက်သည် ပြောသင့်ပြောထိုက်သည် ဟု ကျွန်တော်ယုံကြည်လျှင်သော်လည်းကောင်း …. စာဖတ်သူများ အတွက် အဆိပ်အတောက်မဖြစ်စေဘူးဆိုလျှင်သော်လည်းကောင်း…. သေချာလျှင်.. ကျွန်တော် ရေးကို ရေးပါမယ်……ရှင်းသင့် တာကိုလည်း အကျိုးသင့် အကြောင်းသင့် ရှင်းပါမယ်…. ဒါကျွန်တော့ သစ္စာပါပဲ………..

စာကြွင်း.... ပြည်နယ်စောင့်တပ်တရားဝင်ဖွဲ့ စည်းခြင်းနှင့် .... ပြည်သူစစ်တရားဝင်ဆင်နွှဲခြင်းအား အပြည်အ၀ထောက်ခံပါသည်...... လွှတ်မြောက်ရေးတပ်မတော်ကဲ့ သို့ ဖွဲ့စည်းခြင်းအား မည်သို့ မျှလက်မခံနိုင်ပါခင်ဗျာ

ကိုယ့်ကိုယ်ကို ပညာတတ်လို့ ခေါ်နေတတ်တဲ့လူတွေ

မနေ့ကတင်ဖြစ်တဲ့ အဖြစ်အပျက်ပါ… ကျွန်တော်နေထိုင်ရာ နေအိမ်ဘေးတွင် မိုးသီးဆေးခန်းရှိပါသည်…. မိုးသီးဆေးခန်းသည်.. ဆေးခန်းသေးသလောက်လူအလွန်စည်ကားသော ဆေးခန်းဖြစ်ပါသည်… နေ့နေ့ညည ဆေးခန်းပြသူနိုင်ငံခြားသွားရန်ဆေးစစ်သူများနှင့်ပြည့်နှက်နေတတ်သည်….နာမည်ကြီးဆေးခန်းမို့….အထူးကုဆရာဝန်ကြီး ဆရာဝန်မကြီးအတော်များများ လည်း ဆေးခန်းထိုင်ကြပါသည်…..

မိုးသီးဆေးခန်းတွင် ကိုယ်ပိုင်ကားရပ်နားရန်နေရာအလွန်နည်းပါသည်…. တခါတရံကျွန်တော်တို့ တိုက်အောက်တွင်ပါ ကားရပ်နားတတ်သည်.. အထူးသဖြင့် ဆရာဝန်ကြီးများ .. ဆရာဝန်မကြီးများ ၏ကားများဖြစ်သည်….

ယမန်နေ့ညနေကတော့ .. ကျွန်တော်တို့ မိသားစု .. အပြင်သွားရန်ကားထွက်ဖို့ လုပ်တော့ ..နာမည်ကြီး ဆရာဝန်မတစ်ဦး၏ ကားက ကားထိုးရန်ရောက်လာပါသည်…. ဆေးခန်းမှ … အကူကောင်လေးက… ကားနေရာရှာပေးသည်.. ကျွန်တော်ကိုယ်တိုင်ကလည်း.. (ညီလေးရေ.. အကိုတို့ ကားထွက်မှာ.. ခဏလေးကွာ.. နော်.. ဒီနေရာထိုးလိုက်) ဟု ပြောပါသည်….. ထိုဆရာဝန်မကတော့ ဒီလောက်စိတ်ရှည်ပုံမပေါ်… ကားကိုရေကျော်လမ်းမပေါ် တ၀က်ကျော်ကျော်လောက်တင်ပြီးရပ်ပစ်လိုက်ကာ… ခပ်တည်တည်ပဲဆင်းသွားသည်… သူထိုးသွားပုံက ကျွန်တော်တို့ ကားပါထွက်ဖို့ အတော် ခဲယဉ်းသွားပါသည်… သို့ သော် ဘာမှမပြောလိုရွေ့ ဖြစ်သလို ခက်ခက်ခဲခဲပဲ .. ထွက်ခဲ့ရသည်… သူမကိုယ်တိုင် ကျွန်တော်တို့ ကားထွက်မည် ဆိုတာကို သိသည်…. သို့ သော် အချိန် နှစ်မိနစ်ခန့်ကို သူမ စိတ်မရှည်ရလောက်အောင်.. ဘာတွေ သိပ်အရေးကြီးနေသနည်း…. သူမထိုးလိုက်သော ပုံမကျ ပန်းမကျ ကားထိုးပုံကြောင့် နောက်ကလာသော ကားများ မည်မျှ ဒုက္ခရောက်မည်ကို လည်း သူမသိပါလိမ့်မည်…. သို့ သော်ထည့် မထွက်ခြင်းသာဖြစ်ပါသည်…. ငါမှငါ… ငါသာ ဆရာဝန်… ငါလုပ်တယ်.. ဘာဖြစ်လဲဆိုသည် စိတ်ဓာတ်ကို အံ့သြ ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်….. သူမ ၏ စိတ်ဓာတ်အောက်တန်းကျမှုက အတိုင်းမသိဖြစ်သည်…. ငါ့ကြောင့် ဘယ်သူတွေ အဆင်မပြေဖြစ်မလဲဆိုတာ သူမ ထည့် မတွေးတတ်ပြီလား….. ရိုင်းရိုင်းပြောလျှင် ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသည့် စိတ်ဓာတ်ဖြစ်ပါသည်….. ကားရပ်တာလေး တစ်ခုတည်းနဲ့ ဒီလောက်မင်းအပြစ်မတင်သင့်ဘူး ပြောလည်း ခံရမည်သာ... သူမလုပ်ပုံ အဆင်ပြေသည်ဟု ကျွန်တော်မမြင်နိုင်ပါ..

ကျွန်တော် ပြောသွားသည်ထဲတွင် အံ့သြ ၀မ်းနည်ဖွယ်ဆိုတာ ပါပါလိမ့်မည်… ကျွန်တော် တကယ်ကို အံ့သြ၀မ်းနည်းရခြင်းဖြစ်ပါသည်… အံ့သြရခြင်းက … သူမလို ပညာတွေ အများကြီးတတ်.. ဘွဲ့တွေ အများကြိးရပြီး… လူ့အသက်ကို ကယ်တင်မည့် မွန်မြတ်သော ဆရာဝန်အလုပ်လုပ်နေသူ.. လူတော်တစ်ယောက်တွင်…. ဒီလို အောက်တန်းကျသည့် စိတ်… သည်လို အောက်တန်းကျသည့်  မာနမျိုးရှိနေသည်က..အတော်ကလေအံ့သြစရာကောင်းပါသည်….. သူမတတ်ခဲ့သည့် ပညာက ဆေးကုဖို့ သက်သက်သာ ဖြစ်လိမ့်မည်.. စေတနာ.... မေတ္တာတရား… လူသားချင်းစာနာစိတ်.. ကိုယ်ချင်းစာစိတ်…. စာရိတ္တ ဆိုတာတွေ သင်ကြားခဲ့ဖူးပုံမရ….. ပညာတတ်ကြီးတစ်ယောက်ဖြစ်လျက်နှင့်… ဒီလိုဖြစ်နေတာ အတော် အံ့သြ ရပါသည်…. ပညာဆိုသည်မှာ ..အကောင်းအဆိုး.. အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ်ဟုသိမှတ်ဖူးပါသည်.. ဒီစကားနဲ့ သာ ယှဉ်ရရင်တော့ သူမ ပညာမတတ်သေးပါ….

ဝမ်းနည်းသည်ကတော့ …. သူမသင့်ခဲ့သော ပညာများ ကို နှမြောဝမ်းနည်းခြင်းနှင့်…. ပညာတတ်တွေထဲမှာ ဒီလိုလူမျိုးရှိနေတာ ကို ပဲဖြစ်သည်….. ကျွန်တော်ပြောပြောနေကျစကားရှိပါသည်… လူတစ်ဦး၏စိတ်ဓာတ်အခြေခံ မြင်မားရေး ၏ အဓိက အခြေခံမှာပညာရေးဖြစ်သည်…. ပညာတတ်လာမှလူတွေ အသိဥာဏ်ကြွယ်လာမည်…. အသိဥာဏ်ကြွယ်ဝလာမှသာ ..အကောင်းအဆိုးကို ခွဲခြားပြီး …. လမ်းမှန် ကို စိတ်ဓာတ်မှန်မှန်နှင့်လျှောက်လှမ်းနိုင်မည်ဟု မြင်ပါသည်…… ဒီစကားကို ကျွန်တော် ပြင်ပစ်ရတော့ မည်လားဟု တွေးမိသည်… ထိုဆရာဝန်မသည်… ပညာတွေ အများ ကြီးတတ်တာတောင် စိတ်ဓာတ်အခြေခံက ဟိုးအောက်မှာဖြစ်နေသည်… ဒါဆို ပညာက.. သူမကို စိတ်ဓာတ်မမြှင့်တင်ပေးနိုင်ဘူးလား….. အတော် ၀မ်းနည်းရပါသည်….

ဒီနေရာမှာ လူတော်လူကောင်းဆိုသည့်စကားလေးကို ပြောချင်ပါသည်…. ငယ်စဉ်က ကျွန်တော့်အကို နှစ်ယောက်ငြင်းကြသည်ကို ပြန်လည်းကြားယောင်မိသည်…

(မင်းစဉ်းစားကြည့်စမ်း… လူတော်လူကောင်းဆိုတာ မှားနေတယ်ကွ.. တကယ်က လူကောင်းမှ လူတော်မှာ… ဒီတော့ လူကောင်းလူတော်ပဲဖြစ်သင့်တယ်… )

(မဟုတ်ဘူးကွ…. လူဆိုတာ တော်မှ.. ပညာတတ်မှ ကောင်းလာမှာ… ဒါကြောင့် လူတော်လူကောင်းလို့ ပဲဖြစ်ရမယ်)

ကျွန်တော် စဉ်းစားမိသည်ကတော့…. လူဆိုတာ ..တော်လည်း တော်ရမည်.. ကောင်းလည်း ကောင်းရမည်… ဒါမှသာ လူတော်လူကောင်းဖြစ်ပါမည်…. တစ်ခုကြောင့်တစ်ခုဖြစ်သည်မဟုတ်… နှစ်ခုလုံး သူ့ အရည်အသွေးနှင့် သူ .. ရှိပါသည်.. ထို အရည်အသွေးနှစ်ခုလုံး ပြည့်စုံသူကို သာ လူတော်လူကောင်းဟု ခေါ်သည်ဟုမြင်ပါသည်…

လူသိပ်တော်ပြီး မကောင်းသူတွေကတော့ .. ရာဇ၀င်လူဆိုးကြီးတွေ…. ဂိုဏ်းရှာဇာကြီးတွေ… အကျင့်ပျက်…. အရာရှိကြီးတွေ…ဖြစ်ကုန်ကြသည်.. သူတို့ တော်ကြပါသည်.. တော်လို့ လည်း ဒိလိုအောင်မြင်သော .. လူသိများ သော လူဆိုးကြီးများ အဖြစ်ရပ်တည်နိုင်ခြင်းဖြစ်သည်…. သူ့လက်အောက်ငယ်သားများစွာကို ထိန်းကျောင်းနိုင်စွမ်းရှိခြင်းဖြစ်သည်… သို့သော်လူကောင်းဆိုသည့်အရည် အသွေးမဲ့နေခြင်းက .. သူတို့ ကို ဆိုးသွမ်းစေခဲ့သည်….. သာမာန်လူမိုက်များ ထက်ကြောက်စရာကောင်းစေခဲ့သည်…..

လူသိပ်ကောင်းပြီး လူမတော်သူများ ကတော့…. ဘယ်လောက်ကောင်းတာလုပ်လုပ်အရာမထင်သူတွေဖြစ်နေတတ်ကြသည်….. သူတို့ တွင်ကောင်းသည့်စိတ်ကလေးတွေ ရှိသည်…. ကောင်းတာလေးတွေလုပ်ချင်သည်.. သို့ သော် ဘယ်လိုလုပ်ရမှန်းမသိ.. ဘာလုပ်ရမှန်းမသိ…. ဖြစ်နေတတ်သည်….မိမိ၏ကောင်းသော စိတ်ကို ဘယ်လို အသုံးချရမည်ဆိုသော အသိဥာဏ်ပညာမဲ့နေတတ်သည်… နောက်ဆုံးတော့ … ကောင်းတဲ့ စိတ်ကလေးက ဘယ်လို မှ အသုံးချလို့ မရပဲ .. သေဆုံးသွားတတ်ကြသည်…..

ဒီတော့ .. လူရယ်လို့ မည်လာလျှင်… တစ်ခုတည်းပြည့်စုံလို့ မရ ဟု ကျွန်တော် မြင်ပါသည်..…. တော်လည်း တော်ကောင်းလည်း ကောင်းမှ… လူတော်လူကောင်းဖြစ်မည်.. အများ အကျိုးကို ပြုနိုင်မည်… နာမည်တွင်ကျန်မည် …. ဖြစ်သည်…. သူရဲကောင်း အလောင်းအလျာတွေဖြစ်လာမည်ဖြစ်သည်…

ကဲစော စော က ဆရာဝန်မဇာတ်လမ်းပြန်ဆက်လိုက်ပါမည်.. သူမသည်.. လူတော်သည်.. လူမကောင်းသေးပါ… သူမလူကောင်းလာဖို့ ဘာတွေလိုအပ်ပါသနည်း…. စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်း ..နိုင်ငံကြီးသား ပီသခြင်းတို့ လိုအပ်ပါလိမ့်မည်… ဒါတွေကို သူမ ဘယ်မှာ သင်ကြားခဲ့ ရပါမည်နည်း… သူမ သင်ခဲ့သော ပညာတွေ မှာ ဒါတွေ မပါလို့ လား ဟု မေးစရာရှိသည်…

မဟုတ်ပါ… ပါပါသည်… ကျွန်တော်တို့ ၏ အခြေခံပညာသင်ကြားမှုတွင်… လိမ္မာယဉ်ကျေးအောင်သင်ကြားပေးထားသည့် .. စာများ ..များစွာပါခဲ့ပါသည်… ဥပမာ မဟောသဓဇာတ်တော်ကြီးကို ကျွန်တော်တို့သင်ကြားခဲ့ရသည်…. ရေသည်ပြဇာတ်လိုမျိုး .. အနုပညာတစ်ရပ်ကိုလည်း သင်ကြားခဲ့ရသည်….. သမိုင်းတွင်လည်း .. အတုယူလောက်စရာ စိတ်ဓာတ်နှင့် သာလွန်မင်းလို ဘုရင်တွေ အကြောင်း ကျွန်တော်တို့ သင်ကြားခဲ့ရသည်……

သို့ သော်.. ကျွန်တော်တို့ သင်ကြားခဲ့ရသည်က .. စာသာဖြစ်ဖြစ်သည်. .အနှစ်သာရမဟုတ်…. မြန်မာပြည်၏ပညာရေးတွင်…. အချက်အလက်ကို သာ သင်.. အလွတ်ကျက်ဖြေစေခဲ့ပြီး… ထိုစာ ၏အနှစ်သာရကို သင်ကြားပေးသည်က အလွန်နည်းပါးသည်….. ဆရာမထုတ်ပေးသော မှတ်စုကို စာအုပ်ထဲလိုက်ကူး.. ထိုအတိုင်းဖြေမှအောင်မည်…. ထိုမှတ်စုကို ကိုယ်တိုင်ထုတ်ခဲ့ရသည်မဟုတ်…ကိုယ်တိုင်ထုတ်လည်း ဆရာမများ ကလက်မခံ… အမျိုးမျိုးခွဲပြီး စစ်နေရတာ သူ/သူမ (ဆရာ ဆရာမ) တို့ တော်ပင်ပန်းသည်မဟုတ်လား… ဒီတော့ …အလွယ်ပဲလိုက်ခဲ့ကြသည်….. ဆရာဆရာမ အားလုံးကို မဆိုလိုပါ….. သိုသော် ကျွန်တော် သင်ဖူးခဲ့သမျှကတော့ ထိုအတိုင်းချည်းဖြစ်နေသည်..

ဒီတော့ ကလေးတွေခေါင်းထဲမှာ အချက်အလက်ပဲရှိပြီး…. ဒီစာ၏အဓိပါယ်.. ဒီဝတ္ထု.. ဒိဇာတ်တော်ကြီး၏အနှစ်ချုပ်ကို ဘယ်သူမှမရခဲ့ဟုမြင်ပါသည်….. ဒီအနှစ် သာရကို မှ မရမှတော့ ဘယ်ကလေးက စိတ်ဓာတ်မြင်မားလာပါမည်နည်း…..( မဟော်သဓာ ဟာ ဘာလဲ… )(ပညာရှိပေါ့…)( ဘာလို့ ပညာရှိလို့ ခေါ်တာလဲ… )(ပညာတွေရှိတယ်လေ… ပြသနာတွေဖြေရှင်းနိုင်တယ်… ဒါကြောင့် ပညာရှိလို့ ခေါ်တာပေါ့…. )(ဒါဆို ပညာရှိဆိုတာ ဘာလဲ…..) မေးခွန်းက ဒီလောက်အထိပဲ ရမည်… ရှေ့ ဆက်မည့် အနှစ်သာရ… ကို ထိုကလေးတွေ ဘယ်လို ဖြေကြမည်နည်း….

ကျွန်တော်တို့ ပညာရေးစနစ်ကြီးကို ပြင်မည်ဟုပြောပါသည်… ပြင်နိုင်ဖို့ လည်း.. လူ့အဖွဲ့အစည်းများ စွာ လူပုဂိုလ် များစွာက ကြိုးစားနေကြပါသည်... နိုင်ငံတော်သမ္မတ ကြိး အပါအ၀င်ဟု မြင်ပါသည်... ဒီတော့ ပညာရေးကို တကယ်သာ ပြင်ဆင်ကြမည် ဆိုလျှင် သင်ကြားရေးကို ပါပြင်ကြရမည်ဖြစ်သည်.. ကျောင်းစာသင်ခန်းမှာ.. ထိုင်ခုန်တွေ လဲလိုက်ရုံ .. ဘလက်ဘုတ်နေရာမှာ ၀ှက်ဘုတ်ပြောင်းလိုက်ရုံ…. စာအုပ်ထဲက စာတွေကို နိုင်ငံတကာအဆင့်မှီစာတွေ ပြောင်းလိုက်ရုံဖြင့်…. အဆင့်မြင့် ပညာရေးကြီးဖြစ်မလာနိုင်…. အဆင့်မြင့် ပညာရေးဆိုသည်မှာ…. စိတ်ဓာတ်အဆင့်အတန်း… ဥာဏ်ပညာအဆင့်အတန်း မြင့်မားရေးကို ဦးတည်သော ပညာရေးကို မှ အဆင့် မြင့် ပညာရေးဟု ယူဆပါသည်.. ဒီပညာတွေကို သင်ပြီး တကယ် အသုံးချနိုင်သူများ... ပေါ်ထွန်းလာဖို့ လိုပါသည်....ဒိတော့ သင်ကြားပေးမည့် ဆရာများ ကို လစာကောင်းကောင်းပေး… သင်တန်းကောင်းကောင်းပေးပြီး.. အဆင့်မြင့် ဆရာဆရာမများ အရင်ဖြစ်အောင်လုပ်စေချင်သည်..

လက်ရှိကမ္ဘာ ပညာရေးတွင် နံပါတ်တစ်နေရာပြေးနေသော တောင်ကိုးရီးယား နိုင်ငံ သမ္မတ ကြီး၏ စကားအရပြောရလျှင် .. ဆရာဆရာမများ သည်… Nation builder များဖြစ်သည်.. နိုင်ငံကို တည်ဆောက်နေသူများဖြစ်သည်…. သူတို့ ကောင်းစွာသင်ကြားပေးနိုင်မှသာ… လူတော်လူကောင်းကလေးတွေ နိုင်ငံအတွက် ထွက်လာမည်ဖြစ်သည်……..ယခုသင်ကြားနေသည်… လူဖျင်းနည်းနှင့် သင်ကြားနေလျှင်တော့ .. လူဖျင်းကလေးတွေ ပဲထွက်လာပါလိမ့်မည်…စော စော က ဆရာဝန်မလို .. လူဖျင်းမကလေးတွေ ပဲထွက်လာပါလိမ့်မည်…. ပျင်းတာထက်ဖျင်းတာက ပိုဆိုးပါသည်….

ထိုဆရာဝန်မလို လူမျိုးများစွာတွေ့ဖူးပါသည်…. ပါမောက္ခကြိးတွေ အောက်တန်းကျတာ…. ပညာရှင်ကြီးတွေ အောက်တန်းကျတာ…. အင်ဂျင်နီယာကြီးတွေ အောက်တန်းကျတာ…. စသဖြင့် မျိုးစုံတွေ့ခဲ့ဖူးပြီ…. သူတို့ ကို တော့ အပစ်မပြောလိုပါပြီ… သူတို့ကို ရင့်နေပြီ….. အသားသေနေကြပြီ….. ပြုပြင်လို့ မရတော့ …. ဖျင်းပြိးရင်းဖျင်းနေကြပြီဖြစ်သည်…. မျှစ်စို့နှင့် ၀ါးပင်လိုဖြစ်သည်…. သူတို့က ၀ါးပင်တွေဖြစ်သည်…. ဒီအချိန်မှသွားပြင်ပေးလို့ မရ….ကွေးကောက်ပြီး…. ဘေးကိုင်းပြီး တက်ခဲ့ကြတာ .. ရင့်တောင်ရင့်နေပြီ… ယခု နောက်တက်လာမည့်မျိုးဆက်သစ်တွေ…. လူငယ်တွေကတော့ မျှစ်စို့ကလေးတွေဖြစ်သည်…. သေချာ ပြုပြုပြင်ပြင်လုပ်ပေးလျှင်… တည့်တည်မတ်မတ် ထောင်တက်သွားနိုင်သည်….၀ါးဖြောင့်ဖြောင့်ကလေးတွေ ရလာနိုင်သည်… ထိုဝါးလုံးဖြောင့်ဖြောင့်နှင့် ညမ်းဆောက်မှ…. ကျွန်တော်တို့ ရည်မှန်းထားသော ... ဒီမိုကရေစီစနစ် ကို ထူထောင် တည်ဆောက်နိုင်ပေလိမ့်မည်……

ဒါပေမင့် တစ်ခုတော့ မေတ္တာရပ်ခံချင်ပါသည်….. ယခုပညာတတ်ကြီးများ အနေနှင့်ကလည်း တတ်နိုင်လျှင် ကိုယ့်ကိုယ်ကို စမ်းစစ်ပြီး ပြင်လို့ ရလျှင်လည်း ပြင်စေချင်ပါသည်…. ကျွန်တော်တို့သည်.. ၀ါးပင်တွေလို သက်မဲ့မဟုတ်တာတော့ သတိပြုစေချင်သည်… ဖျင်းခဲ့ဖူးလျှင်မဖျင်းအောင်ပြင်သင့်ပြီ…. ပြင်သင့်သည့်ခေတ်ကိုလည်း ရောက်နေပါပြီ... နောက်လာနောက်သားတွေကို ဒီလို စိတ်ဓာတ်အမွေဆိုးတွေ မပေးခဲ့ သင့် သည်ကို သတိပြုစေချင်ပါသည်...

ကျွန်တော်ယခုလက်ရှိအထိတော့ ကျွန်တော့ အယူအဆဖြစ်သည့်… အခြေခံစိတ်ဓာတ်မြင့်မားရေး… နှင့် နိုင်ငံကြီးသားပီသရေးသည်… ပညာရေးတွင် အဓိက အခြေခံသည်ဆိုသည့်  အချက်ကို ဆွဲကိုင်ထားဆဲဖြစ်ပါသည်… သို့သော် တကယ်အဆင့်မြင့်သော ပညာရေးစနစ်ဖြစ်ဖို့ တော့ လိုသည်… တကယ်အဆင့်မြင့်သော သင်ကြားရေးစနစ်ဖြစ်ဖို့ တော့ လိုပါလိမ့်မည်……. အနာဂါတ်နိုင်ငံတော်အတွက်…. ပညာရေးကို အဓိက ပြုပြင်သင့်ပါပြီ…… ဘတ်ဂျက်တွေလည်း ပိုမိုသုံးဆွဲသင့်သည်ဟုမြင်ပါသည်..

ကျွန်တော် လှည်းတန်းမီးပွိုင့်ရောက်တိုင်းမကြာခဏမည်တွန်တောက်တီးနေတတ်သည်….လှည်းတန်းလမ်းသည်.. အမြဲပိတ်နေသဖြင့် မီးပွိုင့် စိမ်းတာတောင် ကားသွားလို့မရသည် အခြေအနေမကြာခဏကြုံရတတ်သည်… ဒါဘတ်စ်ကားတွေ… စည်းကမ်းမဲ့လို့…. လမ်းပိတ်ပြီး လူစောင့်တင်နေလို့ …. လမ်းဘေးဈေးသည်များ စည်းကမ်းမဲ့လို့ လမ်းပေါ်ထိဆိုင်တွေ ခင်းလို့ … သူတို စိတ်ဓာတ်တွေ ပြင်စေချင်တယ်… စိတ်ဓာတ်အဆင့်အတန်းမြင့်မားစေချင်တယ်…. စသဖြင့် .. ကျွန်တော် ပြောနေတတ်ပါသည်…

ယခုနောက်ပိုင်းတော့ … လမ်းဘေးဈေးသည်များ နှင့် ဘတ်စ်ကား ဒရိုင်ဘာ စပါယ်ယာများကို သိပ်အပြစ်မတင်တော့ ပါ…… သူတို့ ထက်ပညာတတ်သော … ဆရာဝန်တွေ…. ပါမောက္ခတွေ….. အင်ဂျင်နီယာကြီးတွေတောင်.. ပညာတွေ ဒလဟောတတ်ပြီး စိတ်ဓာတ်အောက်တန်းတွေ ကျနေသေးတာ… သူတို့ စည်းကမ်းမဲ့နေတာလောက်ကို အပြစ်မပြောချင်တော့ ပါ….

ကဲ..ကိုယ့်ကိုယ့်ကို ပညာတတ်လို့ ထင်နေသူများ … တဖန်ပြန်လည်ပြီး ညအိပ်ခါနီး…နှဖူးပေါ်လက်ကလေးတင် ငါးမိနစ်လောက်အချိန်ပေး စဉ်းစားပေးပါ…..မိမိကိုယ်ကို စမ်းစစ် ပေးပါ…. ပညာတွေ တတ်နေရက်နဲ့ ငါတို့ စိတ်ဓာတ်တွေ တကယ်ရော မြင့်မားရဲ့လား…. ငါတို့ သင်ထားတဲ့ ပညာတွေနဲ့ ငါတို့ လုပ်ရပ် …တန်ရဲ့လား ငါတို့ တကယ်ရော… ပညာတတ်ဖြစ်ပါရဲ့လား …ဆိုတာကို ပါ….

By: လင်းလွန်းညို
06/24/2012 (10:35 AM)


အံ့လည်းသြမိပါရဲ့ ဘလက်ကန်ယွန်......

ရန်ကုန်မှ လူငယ်များ လူလတ်များ ပါးစပ်ဖျားမှာ အတော်ရေပန်းစား သော စားသောက်ဆိုင်တစ်ဆိုင်ရှိပါသည်…. ထိုဆိုင်မှာ စားရသည်က ပဲ ဂုဏ်တစ်ခုလိုလို လုပ်ပြီးပြောတတ်သည်လည်းရှိသည်…ထိုဆိုင်ကလေးမှာ စားဖူးမှပဲ ခေတ်မီသလိုလို ပြောနေတတ်သည်လည်းကြားရ၏….. ခေတ်နောက်ကျလှသည့် ကျွန်တော်ကလည်း ထိုဆိုင်ကလေးတွင် .. တစ်ခါဆို တစ်ခါလေး မှ မထိုင်ဖူးပါ….. စားသောက်ဆိုင်တစ်ခုကို ဂုဏ်ရှိအောင် ၀င်စားရမည်ဆိုလျှင်တော့ ကျွန်တော်ဒီ တစ်သက် စားဖြစ်လိမ့် မည်မဟုတ်….. ကျွန်တော်လက်ခံသော စားသောက်ဆိုင်ဆိုသည်မှာ… အစားအသောက်ကောင်းရမည်… ဈေးလည်း သင့်တင့်ရမည်…. ဈေးကြီးခဲ့လျင်တောင် ပေးလိုက်ရသော ပိုက်ဆံနှင့် တန်သော အပြင်အဆင်… အေးချမ်းမှု … သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်မှု….. ပြေပြစ်သော .. ယဉ်ကျေးသော ၀န်ဆောင်မှုကို ရှိရပါမည်….. ဒါကို မှ စားသောက်ဆိုင်ဟု ကျွန်တော်က မြင်သည်….. ယခု ပြောမည့် ဆိုင်ကလေး မှာ …. အစစ အရာရာ မဆိုးဘူး ဟု ဆိုနိုင်ပါသည်…ဈေးကတော့ ကြီးသည်ပေါ့…..ထိုဆိုင်ကလေး ကိုသွားဖြစ်သည်ကလည်း…. ကိုယ်တိုင်ဝယ်စားဖြစ်ရွှေ့ မဟုတ်…. သူငယ်ချင်းတစ်ယောက် မွေးနေ့ ကြောင့် သာ ရောက်ဖြစ်ခဲ့ ကြခြင်းဖြစ်သည်…. ကျွန်တော်ရောက်ဖြစ်ခဲ့ သော ဆိုင်ကလေးမှာ…. Black Canyon (ဘလက်ကန်(န)ယွန်)ဖြစ်ပါသည်…..

ဆိုင်ကလေးက … ရန်ကုန် အင်တာနေရှင်နယ်ဟိုတယ်နှင့် ..ဆန်းမစ်ပတ်ဗျူး ဟိုတယ်နှစ်ခု ကြားတွင် ဆိုင်ခန်းငယ်ကလေး အဖြစ် တည်ရှိနေသည်….. ဆိုင် အနေအထားမှာလည်း အတော်လေး အေးအေး ချမ်းချမ်းရှိပြီး …. အဆင့်အတန်းလေးလည်း အတော်မြင့်သည်ဟု ဆိုနိုင်ပါသည်…. ဒါက အရှေ့ မြင်ကွင်းဖြစ်သည်.. အနောက်မှာ တော့ ဘယ်လို ချက်ပြုတ်တယ် ကျွန်တော် မမြင်ရွေ့ မပြောတတ်…. အားလုံး ခြုံငုံလိုက်လျှင် .. ဆိုင်ထဲကို ၀င်လိုက်သည် နှင့် အတော်ဈေးကြီး မယ့်ဆိုင် ပဲဆိုတာ ကို သိသာစေပါသည်……. ကဲ ထားတော့ ….. ကျွန်တော်တို့ သွား ကြသည် က အားလုံး ပေါင်း ရှစ်ယောက်ခန့် ရှိမည် ထင်သည်… အဖြစ် အပျက်က…. ၃ လခန့် ရှိပြီ ဖြစ်သဖြင့် သေချာ တော့ မမှတ် မိတော့….. ထား ပါလေ.. ရှစ်ယောက် သို့ မဟုတ် ကိုးယောက်ပေါ့.. ယောက်ကျား လေး မိန်းကလေး အစုံပါကြသည်….

မွေးနေ့ ရှင် အတွက် ဘတ်ဒေးကိတ်ဘာညာ ခွဲပေးကြသေးသည်.. မွေးနေ့ ရှင်က မိန်းကလေးဖြစ်သည်…. ဘတ်ဒေးကိတ်ခွဲပြီး ကြမှ…. မှာစရာရှိသည်များ မှာကြတော့ သည်… ယောက်ကျားလေး လေးယောက်ခန့် ပါသည်မို့ ဘီယာ လည်း မှာဖြစ်ကြသည်…..

အားလုံး ပျော်ပျော်ပါးပါးပဲ … စားသောက်ကြသည်….. အစစ အရာရာ အဆင်ပြေနေပါသေးသည်…. အဆင်မပြေသည့် ကိတ်စ က စားသောက်ပြီးလို့ ငွေရှင်းမှ ပဲ စတော့ သည်……

အားလုံး စားသောက်ပြီးနောက် ဘေလ် တောင်းလိုက်သည်….. အတော်ကလေးကြာမှ… ဘေလ်က ရောက်လာသည်… လာသည့် ဘေလ် က လက်ရေးနှင့်ရေးထားသော ဘေလ်ဖြစ်သည်…. စိတ်ထဲကတောင် နည်းနည်း ညစ်သွားသေးသည်… ၀ိုင်ကေကေအိုလို ဆိုင်မျိုးတောင်… ကွန်ပျူတာ ဘေလ်ထွက်နေပြီ.. ဒီဘလက်ကန်ယွန်လို ဆိုင်ကြီးက … လက်ရေးဘေလ်နဲ့ ဆိုတော့ သိပ်မနိပ်လှ….. ထားလိုက်ပါလေ…

ဘေလ်ကို ကြည့်နေသော မွေးနေ့ ရှင်သူငယ်ချင်းကို လှမ်းမေးလိုက်သည်..

(ဟဲ့ … ဘယ်လောက်ကျလဲ)

(တစ်သိန်းကျော်တယ်ဟ…များလိုက်တာ… ထားလိုက်ပါဟာ .. ရှင်းလိုက်တော့ မယ်)

ဟု ဆိုကာ ပိုက်ဆံရေနေတော့ သည်….

ကပ်စေးနည်းတတ်သည့် ကျွန်တော်က တော့ သိပ် မယုံချင်…. ကျွန်တော်တို့ ရှစ်ယောက်ခန့် ရှိသည်ဆိုသော်လည်း … စားသောက်ထားသည်က သိပ်မများ…. အလွန်ဆုံး ဟင်းပွဲ မှာထား သည်က သုံးလေးပွဲထဲ ဖြစ်သည်.. အကြော်အလှော် က နှစ်ပွဲလောက်…. ဘီယာက လည်း ခြောက်လုံးလားပဲ ရှိသည်… ဟင်းတစ်ပွဲ တစ်သောင်းပဲယူပါဦး….. ဟင်းခြောက်ပွဲ မှ ခြောက်သောင်း.. ဘီယာ ကို သုံးထောင်ပဲ ယူဦး … နှစ်သောင်း .. အလွန်ကျ မှ… ရှစ်သောင်းပေါ့… ဘယ့်နှယ့်…. တစ်သိန်းတစ်သောင်းကျော်နေရတာတုန်း….. တွေးကြည့်လို့ မရ… ဒါနဲ့ ပိုက်ဆံရှင်းနေတဲ့သူငယ်ချင်းကို လှမ်းတားလိုက်ပြီး.. ဘေလ်ကို တောင်းကြည့်လိုက်သည်….

တွေ့ ပါပြီ .. စတာထွက်ကတည်းက မှားနေသည်…. ဘီယာ… ခြောက်လုံးကို …. ဆယ့်လေးလုံး ဟု ရေးထားသည်… ဈေးနှင့် အရေအတွက်ကိုကတော့ သိပ်မမှတ်မိတော့ တာမို့ .. အကြမ်းလောက်ပဲ တွက်ပြပါမည်….ဆယ့်လေးလုံးကို … ၃၀၀၀ နဲ့ မြှောက်ထားသည်….. အဲဒီ မှာတင်ပိုက်ဆံက အတော်ဟနေပြီ…

(ဟာ.. ဟေ့.. ညီလေး.. ဒီမှာ ငါတို့ သောက်ထားတာ ဘီယာက ခြောက်လုံးတည်းလေကွာ…ဘယ်လိုလုပ်ဆယ်လုံး ကျော်နေတာလည်း .. ပြန်လည်း တွက်ကြည့်ဦး)

ဟုြေ့ပာလိုက်တော့….. ချာတိတ်က (ဟုတ်ကဲ့အကို ကျွန်တော်သွားမေးလိုက်ဦးမယ် ပြန်လာခဲ့ ပါမယ် ) ဟု ဆိုကာ နောက်ထဲသို့ ၀င်သွားသည်…. ခဏနေတော့ ပြန်ထွက်လာသည်…

(ဟုတ်ပါတယ် အကို စိတ်မရှိပါနဲ့…. ကျွန်တော်တို့ မှားတွက်မိတာပါ….. အခုပြင်လိုက်ပါပြီ ) ဟုဆိုကာ ဘေလ်ကို ပြန်လာပေးပြန်သည်…..

ကျွန်တော်က တစ်ခု မှားပြီးသားမို့ အောက်က မှာထားတာတွေပါလိုက်ဆစ်တော့သည်… အဲဒီ တော့ မှ ဘယ်က မမှာ ထားသည့် ဟင်းတွေ မှန်း မသိသည်များ ပါ ထွက်လာ သည်…. ၀က်လက်ချောင်း….. ချိစ် တူနာ ဆင်းဒ၀တ်ခ်ျ….. စသဖြင့် .. အအေးဆိုလည်း တစ်ခွက်မှာတာကို နှစ်ခွက်လုပ်ထားသည်…..

ကျွန်တော်တို့ လည်း သူကို တစ်ခါပြလိုက် အထဲ ၀င်သွားလိုက်….. ပြန်လာလိုက်စစ်လိုက်နှင့်…. အားလုံး တွက်လိုက်တော့ …ဘီယာ ရှစ်လုံး ဟင်း လေးပွဲ နှင့် အအေး သုံးခွက် ပိုနေသည်…. အမှန်တကယ် စားထားသည်များကို ရှင်းတော့ .. ခြောက်သောင်း ခုနစ်ထောင်ကျော်သာကျသည်.. ခုနစ်သောင်းပဲထား .. အစက ကျသည့် တစ်သိန်း တစ်သောင်းထဲ မှ နှုတ်လိုက်လျှင်… လေးသောင်းခန့် … သူတို့ စာရင်းလိမ်ထားသည်…..

ကျွန်တော် အတော်ဒေါသထွက်ပြီ… မန်နေဂျာကို တွေ့ ချင်ကြောင်းပြောပါသည်… ကောင်လေးက ခပ်တည်တည်ပဲဖြစ်သည်…. မန်နေဂျာက ညနေမှ လာတာဖြစ်ကြောင်း ပြောပါသည်….. မန်နေဂျာ မရလျှင်.. စောစော က ပိုက်ဆံတွက်တဲ့ လူကို တွေ့ ချင်သည် ပြောတော့… ဆိုင် အနောက်ကို ခေါ်သွားပါသည်….

ကက်ရှာ နောက်မှာ ထိုင်နေသူ အမျိုးသမီးက ခပ်မာမာပဲဖြစ်သည်…. ဆောရီး တစ်လုံးတည်းနှင့် ပြီးလိုက်သည်… မျက်နှာက….အလကားလာရှုပ်နေတယ်ဟူသော မျက်နှာပေးနှင့်ဖြစ်သည်….. သူတို့ ပေးသော ဆင်ခြေက ကက်ရှာတွင်လူသစ်ဝင်တာဖြစ်လို့ .. မှားတွက်တာ ပါဟုဆိုသည်….ဆောရီးပါဟု တောင်းပန်ပြီး ကိတ်စက ပြီးခဲ့ ရသည်….

အော် သူတို့ လူသစ်ဝင်တာလည်း နည်းနည်း နောနော အမှား မဟုတ်ဘူး… လေးသောင်းကျော်ကြီတောင်ပါလား ဟုတောင် တွေးလိုက်မိပါသေးသည်……

မှတ်သွားပါပြီ……. သူငယ်ချင်းတွေလည်း နောက်ဘလက်ကန်(န)ယွန်ကို ဘယ်တော့ မှ မထိုင်တော့ ကြောင်း သဘောတူညီမှုရကြသည်….. သူတို့ က ပိုစိတ်နာနိုင်သည်… အရင်ကလည်း ဘောက်ချာကို မကြည့် ပဲ ဒီ အတိုင်းရှင်းနေခဲ့ တာ… .ဘယ်လောက်တွေ ဘယ်လို ကွာနေပြီ မှန်း မမှတ်မိတော့……

ဘလက်ကန်(န)ယွန်ဖြစ်ပါသည်…. ကျေးဇူးပြုရွှေ့ အစားအသောက် စားပြီးလျှင် ဘေလ်ကို စစ်စေချင်ပါသည်…. ဒီလို ဆိုင်ကြီးတွေ က ပိုလုပ်တတ်သည် မဟုတ်လား….. ကျွန်တောက တော့ မှတ်သွားပါပြီ….. သူများ လိုက်ကျွေးသည်မှ လွဲရွှေ့ ဘယ်သော အခါမျှ ဘက်လက်ကန်(န)ယွန်ကို မထိုင်တော့ ပါ….. ကိုယ်ဟာကိုယ်စားပြီး ကိုယ်ဘေလ်ကို ပြန်တွက်နေရတာမို့ သိပ်မနိုပ်သောကြောင့်ဖြစ်ပါသည်….. စိတ်ပင်ပန်းရသောအလုပ်ကို မလုပ်ပါ.. ဂုဏ်မရှိချင်နေ.. ခေတ်မမှီချင်နေပါ…… ဘလက်ကန်(န)ယွန်ကို တော့ အတော်ကလေး လန့်သွားပါပြီ ခင်ဗျား………………………..

by: လင်းလွန်းညို

သင်သည်မြေဆွေးသာဖြစ်ပါလိမ့်မည်.... သို့ သော်


ပြီးခဲ့ တဲ့ သုံးလေးရက်ခန့်ကပဲ .. ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်…

ဖတ်ဖြစ်သူများသတိထားမိပါလိမ့်မယ်…. မှန်တစ်ချပ်ပဲလိုတဲ့ ဒီမေးခွန်းလေးတစ်ခု မေးဖူးပါသလား..ဆိုတဲ့

ခေါင်းစီးနဲ့ ဖြစ်ပါတယ်… အဓိကကတော့ ကျွန်တော်တို့ နိုင်ငံသားတွေ စိတ်ဓာတ်အဆင့်အတန်းမြင့်မားရေး

တစ်နည်း… နိုင်ငံကြီးသားပီသစေချင်တဲ့စေတနာတစ်ခုနဲ့ရေးဖြစ်ခဲ့တာပါ… ဒီအကြောင်းလေးကို ဆက်ချင်လို့

စကားဦးသန်းနေရတာပါ…



ကျွန်တော်တို့ နိုင်ငံမှာ ..အခုဆို ဒီမိုကရေစီလမ်းကြောင်းပေါ်အနည်းနဲ့ အများ လျှောက်လှမ်းလာနေပြီလို့

ဆိုနိုင်ပါတယ်… အချို့ အချို့သော နေရာများ ကို မပြင်ရသေးတာကလွဲရင်… အတော်လေးတော့

ခရီးရောက်စပြုနေပါပြီ….. ဒီလိုဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေကြတဲ့ အချိန်မှာ… တစ်ချို့ကလည်း

ဒီမိုကရေစီ.. ရလိုက်ရင်ပဲ ပဒေသာပင်ကြီးသီးသလိုဖြစ်လာလိမ့်မယ်လို့ ပြောကြပါတယ်… တစ်ချို့ကလည်း…

လွတ်လွတ်လပ်လပ်နေနိုင်ပြီ.. လုပ်ချင်တာလုပ်လို့ရပြီ..လို့ ထင်နေကြပါတယ်… ဒါတွေဟာ

တကယ်ဖြစ်လာမှာလားလို့ မေ့းရင်တော့ ပြောစရာရှိပါတယ်… တကယ်လည်းဖြစ်လာနိုင်ပါတယ် …

ဖြစ်လာအောင်လည်း လုပ်ယူဖို့ လိုပါတယ်….. ဒါနိုင်ငံသားတိုင်းရဲ့တာဝန်ပါ.. ကျွန်တော်ပြောတဲ့ထဲမှာ..

လုပ်ချင်တာလုပ်လို့ရပြီလို့ မပါပါဘူး…..



ဒီမိုကရေစီရဲ့ အဓိက အခြေခံကတော့ လူ့ အခွင့်အရေးပါပဲ… နိုင်ငံသားတိုင်းဟာ ကိုယ် ကံ ကြမာကို

ကိုယ်ဖန်တီးနိုင်စွမ်းရှိရမယ်… ကိုယ့်နိုင်ငံကို ပြည်သူများက ပဲအုပ်ချုပ်ကြရမယ်… နိုင်ငံရဲ့ အာဏာဟာ

..တစ်ပါတီ.. တစ်ဦးတစ်ယောက်ဆီမှာ မူတည်မနေပဲ… ပြည်သူတွေ အားလုံးရဲ့ ဆိမှာပဲ အာဏာရှိရမယ်…

ပြည်သူအများစုက မထောက်ခံပဲ ဘယ်အရာမှ လုပ်လို့ မရနိုင်ဘူးဆိုတဲ့ အခြေအနေထိကျွန်တော်တို့

သွားကြရပါမယ်…



ဒီမှာ ပြောစရာစကားဖြစ်လာပါတယ်… ကျွန်တော်တို့ ပြည်သူတွေလက်ထဲကို

အာဏာရောက်လာပါပြီ..လုပ်ပိုင်ခွင့်တွေ ရောက်လာပါပြီတဲ့…. ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရဲ့

သဘောထားနဲ့ အညီရေးစွဲပါပြီ….. ကျွန်တော်တို့ ပြည်သူတွေ အသင့်ဖြစ်ပြီလား…. ရလာတဲ့ အခွင့်အရေးကို

အကျိုးရှိစွာအသုံးချဖို့ ….. အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ အချက်ပါပဲ…..



လုပ်ပိုင်ခွင့်တစ်ခုကို … အကျိုးရှိစွာအသုံးချဖို့ ကျွန်တော်တို့ ဘာတွေလိုအပ်ပါသလဲ….

၁) ကျိုးကြောင်းဆင်ခြင်နိုင်သော အသိဥာဏ်.. (တစ်နည်း) ဥာဏ်ရည်ဥာဏ်သွေး



၂) စိတ်ဓာတ်အဆင့်အတန်းမြင်းမားခြင်း…. (တစ်နည်း) နိုင်ငံကြီးသားပီသခြင်း



တို့ လိုအပ်နေပါတယ်.. ကျွန်တော်တို့ ဆီမှာ ဒါတွေရှိပြီလား…



သင်.. က ဒီမေးခွန်းကို အမေးခံရတဲ့အခါ.. သင့်ဘေးပတ်ဝန်းကျင်ကလူ တွေကို ပထမဦးဆုံး…

ပြေးမြင်ကြည့်ပါလိမ့်မယ်….သင်မြင်ဖူးကြုံဖူးသမျှ… အဆီအငေါ်မတည့်တဲ့ လူတွေဆီကို

စိတ်ရောက်ကောင်းလည်းရောက်သွားနိုင်ပါတယ်.. ဒါမှ မဟုတ်.. သင် တွေဖူးကြုံဖူးတဲ့ …

လူကြီးလူကောင်းဆန်သူတွေဆီ ကို လည်း စိတ်ရောက်သွားနိုင်ပါတယ်…



ဘယ်သူတွေ ဘာဖြစ်နေပြီဆိုတာကို အရင်တွေးမယ့် အစား.. ကိုယ့်ကိုယ်ကို အရင်ဆုံးကြည့်တာ

အကောင်းဆုံးဖြစ်လိမ်ပမယ့်လို့ ကျွန်တော်ထင်ပါတယ်….



သင်လည်း ပြည်သူတစ်ယောက်ပဲ… သင့်ဆီမှာ အစကပြောတဲ့ နှစ်ချက်ပြည့်စုံပါပြီလား…………..



ဒီအချက်တွေ ဘာကြောင့်လိုအပ်သလဲဆိုတာကို ကျွန်တော်အရင်စရှင်းပါမယ်…





၁) ကျိုးကြောင်းဆင်ခြင်နိုင်သော အသိဥာဏ်…



ဒါက အရေးကြီးတယ်လို့ ဆိုရပါမယ်… ဒီဥာဏ်ရည်ဥာဏ်သွေးမရှိပဲ… ဘယ်အရာမှ မလုပ်နိုင်ပါဘူး…. ဘာကို

မှ မသိပဲ ခေါင်းငြိမ့်နေရတာဟာ… မျက်စိမှိတ်ပြီး လမ်းလျှောက်တာနဲ့ ဘာမှ မခြားနားပါဘူး….. တစ်နည်းဆို…

ဒါကို ပညာလို့လည်းခေါ်နိုင်ပါတယ်…. ပညာမဲ့သူတွေနဲ့ နေထိုင်ရတဲ့ လူအဖွဲ့ အစည်းတစ်ခုကို

သင်မြင်ယောင်ကြည့်နိုင်ပါတယ်….



ဗိုလ်ချုပ်လက်ထက်က ပြောသွားတဲ့ ဆေးရိုးတွေလမ်းမမှာလှမ်းတဲ့ သူဟာ .. နံပါတ်တစ် ပညာမဲ့လို့ ပါပဲ….

သူ့မှာ လူအခွင့်အရေး…. လွတ်လပ်ခြင်းဆိုတဲ့စည်းဘောင်ကို ကျော်လွန်နေမှန်းတောင်

သူ့ကိုယ်သူမသိလိုက်ပါဘူး… မသိလိုက်ခြင်းက .. ပညာမဲ့လို့ ပါ…. လူ့ အခွင့်အရေးဆိုတဲ့ အဓိပါယ်

အစစ်အမှန်ကို နားမလည်လို့ ပါ….. လူ့အခွင့်အရေး… ကို မသင်ကြားခဲ့ရလို့..

အတန်းပညာကောင်းစွာမတတ်လို့… လောကနီတိကို နားမလည်လို့ဖြစ်ပါတယ်…





ဒါဆို လူအခွင့်အရေးဆိုတာ ဘာလဲ…. လူပြိန်းနားလည်အောင်ပြောရရင်တော့… လုပ်ချင်တာလုပ် သူတပါး

အကျိုးစီးပွားကိုတော့ မထိခိုက်စေနဲ့….ဒါပဲဖြစ်ပါတယ်…အရက်သောက်ချင်သောက်နိုင်ပါတယ်…

ဒါကိုယ်ပဲထိခိုက်မှာပါ…. ဒါပေမယ့် အော်မဆဲနဲ့…. မရမ်းနဲ့… ရန်မဖြစ်နဲ့…. အဲ

ဆေးလိပ်သောက်ချင်သောက်နိုင်တယ်.. ဒါပေမယ် လူအများ ရှိတဲ့ နေရာမှာ မသောက်နဲ့…. ဆေးလိပ်တိုကို

ကြုံရာတောက်မထုတ်နဲ့…… ဒါမျိုးပေါ့….



အကျယ်ရှင်းရင်… ပြီးမှာ မဟုတ်တော့ လို့ .. ဆက်သွားလိုက်ပါမယ်…



၂) စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်း…



ဒါဟာ ပင်ကို ဗီဇနဲ့ ဆိုင်သလို.. ပြုပြင်မယ်ဆိုလည်းရပါတယ်….. ဂျပန်ဆူနာမီတုန်းက…. ခိုးဆိုးမှုတွေဘာမှ

မဖြစ်ပဲ…. စည်းကမ်းတကျ.. လုပ်ကိုင်သွားတာ… အမေရီကားမှာ 9/11 တုန်းက…

အချင်းချင်းကူညီ..ရိုင်းပင်းပြီး…. နိုင်ငံအတွက်သွေးစည်းသွားတာ…. ဒါတွေဟာ

စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်းပါပဲ…



ကျွန်တော်တို့ နိုင်ငံမှာတော့့ ရေကြီးတော့ မယ်ဟေ့ဆို လှေနဲ့ဝါးရင်းဒုတ်နဲ့

ထိုင်စောင့်နေသူတွေရှိနေပါသေးတယ်… ဘာလုပ်မလို့ လဲဆိုတော့.. ပြေးလာတဲ့ လူတွေဆီက

လုမလို့ပါတဲ့….ကဲ့… မီးလောင်ပြီဆိုရင်…. တွေ့ရာအထုတ်ဆွဲပြေးသူတွေဒုနဲ့ ဒေးပါပဲ…

ဘတ်စကားပေါ်တက်တာတောင်မှ… သူ့ထက်ငါအရင်လုယက်တက်တဲ့ အကျင့် ထိုင်ခုံနေရာဦးတဲ့ အကျင့်က

မပျောက်နိုင်သေးပါဘူး…. ဘတ်စကားတွေကိုယ်တိုင်ကလည်း .. ထိုင်ခုံကို လူများများ တင်နိုင်ဖို့ သာ

စီစဉ်ထားပြီး.. ထိုင်တဲ့လူ ဒူးမလွတ်ရုံမကလို့ ဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံပါပဲ…..



ဒါတွေဟာ စိတ်ဓာတ်အောက်တန်းကျတယ်ခေါ်ပါတယ်….. ဒီလိုပြည်သူတွေလက်ထဲ …

အာဏာဘယ်လိုထည့်မလဲ…. စဉ်းစားစရာပါပဲ…





ဒါတွေဟာ ဘာကြောင့် ဖြစ်လာရလဲဆိုတော့…. အဓိက ကတော့ ပညာရေးချို့တဲ့ တာရယ်….

နိုင်ငံစီးပွားရေးကျဆင်းတာရယ်ကြောင့်ဖြစ်ပါတယ်…



ဘတ်စ်ကားပြသနာကို အရင်ကြည့်ကြပါစို့….. နိုင်ငံမှာသာဘတ်စ်ကားအလုံအလောက်ရှိပြီး… စနစ်တကျ..

ဘယ်နှစ်မိနစ်ခြားတစ်စီးဆိုတဲ့ .. စည်းကမ်းကို သာ လိုက်နာမယ်ဆို…. ကျွန်တော်တို့ ဘတ်စ်ကားကို

လုတက်စရာမလိုတော့ပါဘူး…..



မီးလောင်သွားလည်း…. နိုင်ငံတော်က ထောက်ပံ့နိုင်တယ်… ဆုံးရှုံးသွားတာတွေအတွက်လည်း ကာမိအောင်..

လုပ်ပေးနိုင်တယ်…. ကိုယ့်ပြည်သူအချင်းချင်းကလည်း.. ကူညီမယ့် စိတ်ထားရှိနေမယ်ဆိုရင်…ဘယ်သူမှ …

ကြုံရာအထုတ်ကို ဆွြဲေ့ပးမှာ မဟုတ်ပါဘူး



ကျွန်တော်တို့ နိုင်ငံဟာ စစ်ဒဏ်ကို အကြီးအကျယ်ခံစားရတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်…

စစ်ကြီးပြီးတော့ လည်း နိုင်ငံတော်ထူထောင်ရေးအတွက် အတော်ကြီးကြိုးပမ်းခဲ့ ရပြီး အောင်မြင်လုဆဲဆဲမှာပဲ…

ဦးနေ၀င်းအစိုးရက… အာဏာသိမ်းပါတယ်.. သူအာဏာသိမ်းရတဲ့ အကြောင်းရင်းလည်းရှိပါတယ်..

လွတ်လပ်ရေးရပြီး… ဆယ်နှစ်အကြာမှာ…. ပင်လုံစာချုပ်မှာပါရှိတဲ့ အတိုင်း ရှမ်းစော်ဘွားတွေက ခွဲထွက်ရေးကို

တောင်းပါတော့တယ်… ဒီနေရာမှာခုထိကျွန်တော် မသိသေးတာက… ပင်လုံစာချုပ်မှာ

ဗိုလ်ချုပ်ချုပ်ဆိုခဲ့တနုးက…. တောင်တန်းဒေသတွေကို ခွဲထွက်ခွင့် ပေးမယ်.. ပြောခဲ့တာလား…FEDERAL

အုပ်ချုပ်ရေး ပေးမယ်ပြောခဲ့တာလားဆိုတဲ့ အချက်ပါပဲ… ထားပါလေ.. ဒါကိုလည်း ရှာပေးပါဦးမယ်..

အဓိကကတော့..ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းပြီးတဲ့အချိန်က စလို့ .. နိုင်ငံစီးပွားရေးဟာ ဟိုးအောက်ကို

ထိုးဆင်းသွားတော့တာပါပဲ…… ပညာရေးကတော့ ဆိုဖွယ်ရာပင်မရှိတော့ပါဘူး…..



ဒီတော့…. နိုင်ငံသိပ်ဆင်းရဲတဲ့ အတွက်… လူတွေငတ်လာပါတယ်… လူဆိုတာ က အတ်တ သမားဆိုတော့..

ကိုယ်ငတ်နေလို့ ကတော့ ခိုးမှာ ၀ှက်မှာပါပဲ….. အခု လက်ရှိဝန်ထမ်းတွေ… (အောက်ခြေ) သူတို့

လစာနဲ့တစ်လတစ်လစားလောက်သောက်လောက်ဖြစ်မယ်ထင်ပါသလား….. လက်ရှိကုန်ဈေးနှုန်းနဲ့ လစာ

လိုက်လျောညီထွေဖြစ်ပါရဲ့လား…. ဒီတော့ဝန်ထမ်းဆိုတာ ငတ်ရင်ခိုးတာပါပဲ….. ခိုးတော့ ခိုးစားတဲ့ အရသာကို

သိလာပါတယ်… အလုပ်လုပ်စားတာထက် ခိုးစားတာက ပိုစားပေါက်ချောင်တာကိုး…ပိုလည်း

သက်သာတယ်မဟုတ်လား… ဒီတော့ ….. ခိုးစားရတာကို ပိုမက်မောလာပါတယ်



ပညာရေးအဆင့်အတန်းကလည်း နိမ့်ပါးပြန်တော့… .ခိုးစားတာဟာ ရှက်ဖို့ကောင်းတယ်…

လာဘ်ပေးလာဘ်ယူတာဟာ ရာဇ၀တ်မှုမြောက်တယ်…နိုင်ငံကြိးသားမပီသဘူး… ဆိုတာတွေလည်း မသိတော့

ပါဘူး….. သင်လည်း မသင်ပေးခဲ့ပါဘူး….. ကိုယ်နံဘေးကလူလည်းယူ… ကိုယ်မယူရင်

ကိုယ်မရတာပဲရှိမယ်ဆိုတာတွေဖြစ်လာပြီး… သူများ မိုးခါးရေသောက်လိုက်သောက်တော့ တာပါပဲ……

ဒါဆို ၀န်ထမ်းတွေပဲလားဆိုတော့ မဟုတ်ပါဘူး… ပြည်သူတွေထဲမှာလည်း

စောစောကလို…..စီးပွားရေးမကောင်းလို့….. သူခိုးဖြစ်သွားသူတွေ.. လမ်းပေါ်က မိန်းကလေးတွေ…

မီးမှိန်မှိန်အောက်ရောက်ကုန်တဲ့ အမျိုးကောင်းသမီးတွေ… ဒုနဲ့ ဒေးပါပဲ…..



၁၉၉၀ ၀န်းကျင်က ဦးသူရ( ဇာဂနာ) တို့ ထိုးခဲ့ ဖူးသည် သံချပ်ထဲကလို

စိန်ကြည်ဘ၀ရောက်သွားကြတော့တာပါပဲ…ငတက်ပြားဘ၀ရောက်သွားကြတော့တာပါပဲ….



ကဲ ဖြစ်ပြီးတာတွေကို ပြန်သုံးသပ်ပြီးရင်…ဘယ်လိုပြင်မလဲဆိုတာကို နည်းလမ်းရှာကြပါစို့…







ဒီတော့ အရင်ဆုံးနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကို ပြင်ဆင်ကြဖို့ လိုပါတယ်….. အသားကျနေတဲ့ ခိုးတဲ့ အကျင့်..

ကိုဖျောက်မယ်ဆို….. ခိုးတာကို မရှက်တတ်တဲ့ စိတ်ကိုအရင်ပြင်ရပါမယ်….. လာဘ်ပေးလာဘ်ယူမှုကို

ဖျောက်မယ်ဆို…. လာဘ်ယူတာ လာဘ်ပေးတာ…လက်ဘက်ရည်ဖိုးတောင်းတာဟာ ရှက်စရာဆိုတာ

သိအောင်လုပ်ရပါမယ်…..



နံပါတ် ၁) ကတော့ ပညာရေးပါပဲ



လူတွေရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မားခြင်းအတွက် အဓိက လိုအပ်ချက်က…… အသိဥာဏ်ပါ…

အသိဥာဏ်တိုးတက်လာတာနဲ့ အမျှ… စိတ်ဓာတ်အဆင့်အတန်းမြင့်မားလာတာပါပဲ……. ဒိတော့

အသိဥာဏ်တိုးတက်မှုရဲ့ အခြေခံဟာ…ဗဟုသုတကြွယ်ဝခြင်း….ကျိုးကြောင်းဆင်ခြင်နိုင်မူအားကြီးခြင်းဆိုတဲ့

အချက်ပေါ်မူတည်လာပါတယ်…. ဒီနှစ်ခုလုံးကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဟာ…



ပညာရေးပါပဲ….



ကျွန်တော်တို့ ပညာရေးစနစ်ကို စတင်ပြင်ဆင်ရပါမယ်

ဒါကို လည်း နိုင်ငံတော်အစိုးရက ပြင်ပေးမယ်လို့ အာမခံပါတယ်…. ခက်တာ က ပိုက်ဆံ.. ဘတ်ဂျက်ပါ…..

ပြီးခဲ့ တဲ့ တစ်လောက ဖတ်ဖြစ်တဲ့ သတင်းတစ်ပုဒ်မှာ…. နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ

ပညာရေးအတွက်ဖယ်ထားတာဟာ… ၂% ပဲရှိပါတယ်……

ဂျပန်နိုင်ငံရဲ့ ပညာရေးကုန်ကျစရိတ်ဟာ နိုင်ငံတော်ဘတ်ဂျတ်ရဲ့ ၄၀% ဖြစ်ပါတယ်…..

နိုင်ငံတစ်နိုင်ငံဟာ ပညာရေးအတွက်ကုန်ကျစရိတ်ကို…. အနည်းဆုံး ၂၀% ကနေ ၃၀% အထိတော့

ထားသင့်ပါတယ်…



ကဲ ဒိတော့ ကျွန်တော်တို့ လွှတ်တော်မှာ ပညာရေးကို စတင်ပြင်ဆင်ဖို့ ဆွေးနွေးတဲ့ အခါ…..

မူလတန်းကနေစမယ်… မျိုးဆက်အသစ်တစ်ခုကို စတင်မယ်… ပေါ့….. ပြီးရင် အဲဒီ မျိုးဆက်ရဲ့ အလယ်တန်း…

နောက်အထက်တန်း ဒီအတိုင်းသွားကြမယ်လို့ ဆိုပါတယ်…. ဟုတ်ပါပြီ… ဒိတော့ မူလတန်းကနေ

စတင်ပြင်ဆင်ဖို့…. အဆိုကိုရပါပြီ…

ဒါပေမယ့် ထုံးစံအတိုင်းဘတ်ဂျက်ကမလောက်ပါဘူး…….

မြို့နယ်တစ်ခု မှာ မူလတန်းကျောင်းလေးကျောင်းကို … အထက်တန်းကျောင်းတစ်ကျောင်းနှုန်းဖြစ်နေပါတယ်…

ဒါက ပျမ်းမျှပါ…. အချို့ မြို့နယ်တွေမှာ .. အဲဒိအချိုးထက်တောင်များပါသေးတယ်…

ဒီတော့ များပြားလှတဲ့ မူလတန်းကျောင်းနဲ့ ကျောင်းသားဥိးရေအတွက်… ပညာရေးစနစ်သစ်ကို

ထူထောင်နိုင်ဖို့…. ကျွန်တော်တို့ မြန်မာပြည်မာ ဘတ်ဂျက်မလုံလောက်ပါတဲ့…..

ဒါကြောင့် အထက်တန်းကျောင်းတွေကပဲစဖို့ အတည်ပြုလိုက်ကြပါတယ်….

အဲဒီမှာကို က စမှားနေတာ ပါပဲ….. ပြုပြင်လိုက်တဲ့ အထက်တန်းကျောင်းပညာရေးကို…. တသက်လုံး

ကျက်တူရွေးကျက်နဲ့ တက်လာတဲ့ ကလေးတွေ ဘယ်လိုရင်ဆိုင်ကြမလဲ…..

စာကြည့်တိုက် ( library )ကို အသုံးပြုတတ်သူ ကျောင်းသား တက်ကသိုလ်မှာတောင်ရှာမတွေ့သေးပါဘူး….

activity club တွေလုပ်ဖို့ ဆိုတာ ဝေလာဝေးပေါ့….

ထားပါလေ… ဒါက အခုလက်ရှိဖြစ်နေတဲ့ အခြေအနေပေါ့…

ကဲ ပညာရေးစနစ်ကြီးကို ကျွန်တော်တို့ မျိုးဆက်တစ်ခုအသစ်ထူထောင်နိုင်ပြီလို့ပဲသဘောထားကြပါစို့…..

ဘတ်ဂျက်လည်း ပေးလိုက်ပြီပေါ့လေ….

ကဲကျွန်တော်တို့ လိုမျိုးဆက်ဟောင်းတွေ ဘယ်နားသွားနေကြမလဲ……

ဒီလို စဉ်းစားကြည့်ရအောင်… မြေကြီးကို ဂေါ်ပြားနဲ့ ကော်ပြိး…. အောက်မှာရှိတဲ့

ရတနာကိုတူးလိုက်တယ်ဆိုပါဆို့….. ဒါဆိုကျွန်တော်တို့ က ..ဂေါ်ပြားပေါ်ပါသွားတဲ့ မြေသားအဆွေးအမြေ့တွေ

လား…….

ဟုတ်ပါတယ်.. ကျွန်တော်တို့ ဟာ မြေသားအဆွေးအမြေ့ တွေပါ….. ဒါပေမယ့် မြေဆွေးကို

အကျိုးရှိအောင်သုံးရင် အပင်စိုက်လို့ ရသလို….

ကျွန်တော်တို့ မျိုးဆက်ကသာ ကိုယ့်ကိုယ်ကို အကျိုးရှိအောင်လုပ်မယ်ဆို…. အများကြီးအသုံးဝင်နိုင်ပါတယ်..

ကျွန်တော်တို့ အရွယ်ဟာ အခု မှ လူလတ်ပိုင်းကို စ၀င်ဖို့

ခြေဦးတည်ရုံပဲရှိပါသေးတယ်…အနာဂါတ်နိုင်ငံတော်ဟာ ကျွန်တော်တို့ လက်ထဲမှာပဲရှိဥိးမှာပါ……

အောက်မှာကျွန်တော်တို့ ညိငယ်တွေလည်းရှိပါသေးတယ်…. သူတို့ကို လက်တွဲခေါ်ရပါမယ်….



ကဲဒါဆို ဘယ်လို လက်တွဲခေါ်မလဲ ဆိုတဲ့ ကိတ်စစလာပါပြီ…..

ပညာရေးကို ကျွန်တော်တို့ ဘွဲ့တစ်လုံးနဲ့ ဆုံးခန်းတိုင်ခဲ့ကြပါပြီ….

နောက်မျိုးဆက်ညီငယ်တစ်သုတ်နှစ်သုတ်လောက်ကလည်း ဒီပုံနဲ့ ပဲလာဦးမှာပါ… ဒီတော့

ကျောင်းပြီးတိုင်းပညာရေးက ဆုံးသွားတာလား….

မဟုတ်ပါဘူး….. ပညာဆိုတာ အသက်အရွယ်မရွေး.. ကိုယ်ရှာမယ်ဆိုရှာလို့ ရပါတယ်…. ကျွန်တော်တို့

မျိုးဆက်မှာ လည်း တတ်သိနားလည်သူတွေ အများကြီးပါဦးမှာပါ… ဒိလူတွေက စုစည်းပြီး….

စာကြည့်တိုက်ထောင်မယ်… အခမဲ့ ပညာရေးသင်တန်းတွေဖွင့်မယ်….

အသက်မွေးဝမ်းကျောင်းဆိုင်ရာအသုံးချသင်တန်းတွေဖွင့်မယ်…. နောက်ဆုံး အခမဲ့ မဟုတ်တောင်မှ…

သင့်တင့်လျှောက်ပတ်သော…. အခကြေးငွေနဲ့ … သင်တန်းတွေဖွင့်ပေးဖို့ လိုပါတယ်….

စာကြည့်တိုက်ဆိုတာလည်း .. စာအုပ်ရှိနေရုံနဲ့မပြီးပါဘူး… စာအုပ်ရှိနေရုံနဲ့ပြိးနေရင်.. စာအုပ်

အငှားဆိုင်ပဲဖြစ်သွားပါမယ်…

လူငယ်တွေ စာဖတ်လာအောင်… စာကြည့်တိုက်ထဲလာချင်အောင်… ကျွန်တော်တို့ ကြိုးစားရပါမယ်…

စတိတ်ရှိုးကို လူဝင်အောင်လို့ လက်ကမ်းစာဆောင်ကမ်းပါတယ်… ဒေးကလပ် .. ကပွဲခုန်ပွဲတွေ ပါတီတွေ

လူဝင်အောင်လို့ လက်ကမ်းစာဆောင်ကမ်းပါတယ်…. ကျွန်တော်တို့ စာကြည့်တိုက်တွေ… ဘာလို့

မကမ်းနိုင်ရမလဲ…

ကုန်ပစည်းတွေ ၀ယ်ချင်လာအောင် ကံစမ်းမဲဖောက်တယ်…. ကျွန်တောတို့ဘာလို့ မလုပ်နိုင်ရမလဲ….

စာကြည့်တိုက်ထဲမှာလည်း.. လူငယ်တွေအတွက် စာဖတ်ဂိုက်တွေ ထားပေးရမယ်….

စာကြည့်တိုက်ဆိုတာ ပျော်စရာနေရာတစ်ခုဖြစ်အောင်ဖန်တီးပေးရမယ်…

စာဖတ်တတ်လာအောင်လည်း လေ့ကျင့်ပေးနိုင်ရမယ်….

လူငယ်တစ်ယောက်ဖတ်လောက်တဲ့ အပျော်ဖတ်စာပေကနေ.. ရသစာပေ…သုတစာပေ….

နောက်ဆုံးဖတ်လာနိုင်သူတွေ အတွက် ကျမ်းတွေဖတ်နည်းကို ပါသင်ပေးနိုင်ရမယ်….

လူငယ်ဆိုတာက အပျော်အပါးမက်တတ်ပါတယ်…. တစ်နေ့ တစ်နေ့ ဂိမ်းဆော့ရင်းအချိန်ကုန်နေတဲ့

လူငယ်တွေ… စာကြည့်တိုက်ထဲရောက်လာအောင်လုပ်ကြရပါမယ်…ဂိမ်းဆော့တာကိ

ကျွန်တော်အပစ်ပြောတာမဟုတ်ပါဘူး.. ဂိမ်းဆော့တယ်ဆိုတာလည်း သူ့ အကျိုးကျေးဇူးနဲ့ သူပါပဲ.. ဒါပေမယ့်

နိုင်ငံမှာ ဂိမ်းဆော့သူလူငယ်ထက်… ဗဟုသုတရှာမှိးပြည့်စုံသူ လူငယ်တွေ ပိုလိုအပ်နေပါတယ်….



စာကြည့်တိုက်အတွက် နေရာကိုလည်း… သွားရလာရလွယ်ကူတဲ့နေရာမှာ…. ဖြစ်ရမယ်….

ကဲ.. ဒါတွေအားလုံးအတွက် အဓိက လိုအပ်တဲ့ ဘတ်ဂျက်ကရော

ကျွန်တော်တို့ တတ်နိုင်သမျှ အလှူခံရပါမယ်……

တတ်နိုင်သူတွေကို .. ကျွန်တော်တို့ ရဲ့ အစီအစဉ်တွေကို လက်တွေ့ချပြီး

အမှန်တကယ်လည်း လုပ်ဆောင်ပြရပါမယ်…. အခုလက်ရှိလုပ်နေကြတဲ့ လုပ်စားNGOတွေလိုတော့ အဖြစ်ခံလို့

မရပါဘူး..

နောက်ပြီး.. ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ထဲကရတဲ့ အကျိုးအမြတ်တွေကိုလည်း ..

ဒီစာကြည့်တိုက်လုပ်ငန်းထဲ…. ပညာသင်ကြားရေးလုပ်ငန်းထဲကို အနည်းနဲ့ အများ မြုပ်နှံနိုင်ပါတယ်….

ကြိုးစားရင်…. တစ်ချိန်ချိန်တော့ ဖြစ်မှာပဲဆိုတာ ကျွန်တော်ယုံကြည်ပါတယ်…

ကျွန်တော်ပြောတာတွေက အပြောလွယ်သလောက်အလုပ်ခက်မယ်ဆိုတာ တော့ အမှန်ပါပဲ….

နေ့ချင်းညချင်းတောာ့ဖြစ်မလာနိုင်ပါဘူး……

ကျွန်တော်တို့ ကြိုးစားရပါမယ်…..

အဲဒီလို ပြုပြင်ပေးနိုင်မှ…. ကျွန်တော်တို့ လူငယ်တွေ လဘက်ရည်ဆိုင်မှာ အချိန်မကုန်.. ဂိမ်းဆိုင်မှာ

အချိန်မကုန်ပဲ…. အနာဂါတ်အတွက် အဆင့်သင့်သော လူငယ်များ….

အရည်အသွေးပြည်မှိသောလူငယ်များဖြစ်လာပါလိမ့်မယ်….

စိတ်ဓာတ်အဆင့်အတန်းမြင့်မားသော …..ဥာဏ်ရည်ဥာဏ်သွေးပြည်မှိသော…

နိုင်ငံသားတွေဖြစ်လာပါလိမ့်မယ်…..

စီးပွားရေးကတော့ ..နိုင်ငံခြားရင်း်နှီးမြုပ်နှံမှုတွေ.. နဲ့…. ဒီမိုကရေစီလမ်းကြောင်းပွင့်လာတာနဲ့

အမျှတိုးတက်လာမှာပါ….. အခု တောင်လက်တွေ.. အချို့အကျိုးတွေ ခံစားနေရပါပြီ…

ဒါအကင်းပဲရှိပါသေးတယ်.. နောက်လာဦးမှာပါ…..

နောက်လာဦးမယ့် အခွင့်အလမ်းတွေ အတွက်.. ကျွန်တော်တို့ နိုင်ငံသားတွေ အဆင်သင့်ပြင်ဆင်ထားဖို့

သင့်တယ်လို့ မထင်ဘူးလား….



အပြစ်တင်ချင်လည်း တင်ပါ….. တင်နိုင်ပါတယ်… အမှားလုပ်ခဲ့ရင်တော့ အပြစ်တင်ရမှာပေါ့… ဒါပေမယ့်…

ကိုယ့်အချိန်တွေကို သူတစ်ပါးအကြောင်းပြောရင်းအချိန်ကုန်မယ့် အစား.. ကိုယ့်အကြောင်းကိုယ်ပြောရငး

အချိန်ကုန်တာ ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်….



ကဲ…… ဒိတော့…. အားလုံးကို မေတာရပ်ခံပါရစေ…

ကျွန်တော်တို့ အဆင့်သင့်ပြင်ဆင်ထားလိုက်ကြပါစို့………..

by: လင်းလွန်းညို