Saturday, September 29, 2012

မှတ်မှတ်သားသား သူ့စကား

တချို့ကလည်း မေးကြတယ် ......တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ သိသာမြင်သာစေပါ့မယ်
ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် .....။

ဒေါ်အောင်ဆန်းစုကြည်
ယေးလ်တက္ကသိုလ်မိန့်ခွန်းမှ...

မြန်မာ ရုပ်ရှင်ဒါရိုက်တာများ .. ဘာသာရေးနှင့်ပတ်သက်၍ အလေးထားစေလို


ကြာတာတော့ ကြာပါပြီ.... လေးငါးလလောက်တောင်ရှိမလားပါပဲ ... မြန်မာ ဗီစီဒီ ကားတစ်ကားကြည့်ဖြစ်ပါတယ်... မင်းသားက ကျော်ရဲအောင်နဲ့ မင်းသမီးကတော့
မမှတ်မိတော့ပါဘူး .... ဒါရိုက်တာလည်း နာမည်ရှိပြီးသား ဒါရိုက်တာ တစ်ယောက်ပါပဲ .. နာမည်ကိုတော့ မေ့နေပါပြီ....

ဇာတ်ကားမှာ ကျော်ရဲအောင်က ဂွကျကျ လူပျိုကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရပါတယ်.... တစ်နေ့တော့ ရွာဦးကျောင်းဆရာတော်က .. သူ့ဆီကို စာရေးပါတယ်... ဆရာတော် အရေးပေါ်ဖြစ်နေလို့ ပါတဲ့ ... ဒီလိုစာရေးပြီးခေါ်ပါတယ်.... သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့ ဘဘုန်းကြိးမို့ ... စိတ်တွေပူပြီးတောကို ပြန်သွားပါရောပေါ့လေ....

News Watch ဂျာနယ်ကတော့ .. နားစွန်နားဖျားနဲ့ လုပ်ချလိုက်ပြန်ပြီ


ပြီးခဲ့တဲ့ နှစ်ရက်လောက်က ... ကျွန်တော့်ဆီကို News Watch သတင်းဂျာနယ်...ကပါဆိုပြီးဖုန်းဆက်ပါတယ်..... အကြောင်းကတော့ မြန်မာ သဘောင်္သားများ သမဂ္ဂ နဲ့ ပတ်သတ်ပြီ

းသိချင်လို့ ပါလို့ ဆိုပါတယ်... ဒီတော့ ကျွန်တော်က .... မနက်ဖြန်.. (၂၇.၀၉၂၀၁၂) မှာ ... ကျွန်တော်တို့ သမဂ္ဂဖြစ်မြောက်ရေးကော်မတီကနေ.... ကြီးမှုးပြီး... World Maritime Day အထိန်းအမှတ် Titanic နှစ်တစ်ရာပြည်နဲ့လည်း သက်ဆိုင်တဲ့ ဟောပြောပွဲလေး လုပ်ဖို့ ရှိတယ်.... ညီလေး သတင်းယူချင်လာခဲ့ပါဆိုတော့ ..... မဟုတ်ပါဘူး တဲ့ သူက သဘောင်္သား သမဂ္ဂအကြောင်းလေး သိချင်ယုံသက်သက်ပါတဲ့ ... ဒီတော့ ကျွန်တော်လည်း အကြမ်းဖျင်းပြောပြလိုက်ပါတယ်....

တွေးမိတွေးရာ

တစ်ယောက်ကို တစ်ယောက် ပြစ်တင်ရှုံချတယ်.. .. အငြင်းပွားတယ်ဆိုတာ ... တကယ်တော့ ... လက်ဝှေ့ကြိုးဝိုင်းတစ်ခု နဲ့ အပြေးလမ်းတစ်ခု ကွာခြားသလိုပါပဲ ...... လက်ဝှေ့ပွဲတွေကြည့်ကြည့်လေ.... တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ထိုးသတ်ကြတယ်. .... ဒီနားလေးတင်ပတ်လည်ရိုက်ပြီးထိုးနေတာ ရှေ့လည်း မရောက်ဘူး နောက်လည်း မရောက်ဘူး .... နောက်ဆုံးပွဲပြီးရင်.... တစ်ယောက်က နိုင်သွားမယ်... အဲဒီနိုင်တဲ့လူလည်း သွားကြည့် အဖုအပိမ့်တွေနဲ့ ပါပဲ
...... ကျွန်တော်တို့ ဟာ .... အပြေးပြိုင်ပွဲ တစ်ခုမှာဝင်ပြေးနေကြတာပါ... ဘယ်သူရှေ့ရောက်နေသလဲ ဆိုတာ ပဲကြည့်ပါတယ်.... အချင်းချင်း .... ထိုးသတ်ပုတ်ခတ်နေကြရင်တော့ ... ဒီနေရာမှာပဲ ရပ်နေမှာပဲ ရှေ့ကိုလည်း မရွေ့ဘူး .. နောက်လည်း ပြန်မဆုတ်ဘူး ...... မိတ္တဗလဋီကာ ထဲမှာ ပါပါတယ်... အပြစ်တင်တယ်ဆိုတာ ကောင်းတဲ့အလုပ်တော့ မဟုတ်ပါဘူး ... လူတစ်ယောက်ကို အပြစ်တင်လိုက်ရင်... အဲဒီလူ ဟာ ပြင်သွားသလား ... သူမမှားကြောင်းကို ဘူးခံငြင်းသလား ... ဒါလက်တွေ့ကြုံဖူးကြမှာပါ.... ဒါကြောင့် အပြစ်တင်ရှုံချ ..နေတာ ဟာ တစ်ဘက်နဲ့ တစ်ဘက် ငြင်းခုန်နေပြီး ဘာမှ အကျိုးမရှိတဲ့ အရာလို့ ပဲမြင်ပါတယ်.......

ရှင်းရှင်းပြောပါမယ်... ကျွန်တော်တို့ နိုင်ငံမှာ ရှေ့တိုးစရာအများကြီးပါ..... ကျေးဇူး ပြုပြီး ရန်ဖြစ်မနေကြပါနဲ့
 
လင်းလွန်းညို

ကိုရွှေဘဏ်တို့ ရှင်းကြပါဦး..

ဒီနေ့ သဘောင်္သား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီရုံးခန်းမှာ ဟောပြောပွဲရှိလို့ ရောက်နေတုန်း.... မိတ်ဆွေတစ်ယောက်က ဒေါနဲ့ မောနဲ့ ရုံးခန်းပေါ်တက်လာပါတယ်.... အကြောင်းရင်းကတော့ အောက်မှာပြထားတဲ့ ဒေါ်လာတစ်ရာတန်ကိစ္စပါပဲ ... ဒီဒေါ်လာတစ်ရာတန်ကို ..... သိမ်ဖြူက တ
ရားဝင်ဖွင့်ထားတဲ့ Money Changer မှာ .... ငွေသွားလဲတာ .... လက်မခံဘူးလို့ ပြောပါတယ်.. .အကြောင်းပြချက်က အနည်းငယ်ညစ်ပတ်နေလို့ ပါတဲ့ခင်ဗျာ ..... ကဲ ညစ်ပတ်ရအောင် ... ဒီပိုက်ဆံကို သေချာ ကြည့်ပါ ဘယ်နားများ ညစ်ပတ်နေပါသလဲ ... ခေါက်ရိုးလည်း မကျိုးညစ်လည်း မညစ်ပတ်ပဲ .... အခုလို တရားဝင် ငွေလဲဌာန တစ်ခု က လက်မခံဘူးဆိုတော့ ..အတော်စဉ်းစားစရာပါပဲ .....

တွေးမိတွေးရာ

မှားနေတဲ့လူတစ်ယောက်ဟာ.... သူ့ကိုယ်သူ မှားမှန်းမသိသေးသ၍ .... မှားတယ်လို့ လက်မခံသေးသ၍ .... ရှေ့မှာ အမှန်တရားကြီး ကို ငုတ်တုတ်ချပြတောင်... ဘူးခံဖင်ပိတ်ငြင်းနေဦးမှာပဲ....... အမှန်တရားကို တကယ်လိုချင်ပါသလား ... ဘယ်သူ့ ကိုမှ မကြည့်ပါနဲ့ ... ကိုယ့် ကိုယ်ကို အရင်ပြန်ဆန်းစစ်လိုက်ပါ.... အဲ... သူများကို ကြည့်နေကျ မျက်စိနဲ့ ပဲကြည့်ဖို့ တော့ လိုမှာပေါ့လေ....... လူဟာ ကိုယ်ဘာဖြစ်နေသလဲ သိမှ... ဘာဆက်လုပ်ရမယ်ဆိုတာသိမယ်....

လင်းလွန်းညို

တွေးမိတွေးရာ

မိဘဆိုတာ သားသမီးကို ရွေချယ်ခွင့်မရှိသလို.... သားသမီးဆိုတာလည်း မိဘကို ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါဘူး ... ဒီတော့ ငါက မိဘပဲ ငါခိုင်းတာလုပ်ရမယ်ဆိုတာမျိုး..... ငါက သားသမီးပဲ .. သူတို့ မှာတာဝန်ရှိတယ်ဆိုတာမျိုး စတဲ့ အပေါစားအတွေးအခေါ်တွေခဏဘေးဖယ်ပြီး ..... မိသားစု တွင်း အဆင်ပြေမူအတွက်သာ အဓိက ဦးစာပေးစဉ်းစားသင့်တယ်.... မိသားစု တစ်ခုဟာ တိုင်းပြည်တစ်ခုလိုပဲ .... မိသားစု အရေးဟာ လည်း နိုင်ငံရေးလိုပါပဲ... သိမ်မွေ့နိုင်သမျှ သိမ်မွေ့လေ.... အကျိုးများလေပါပဲ

လင်းလွန်းညို

မှတ်မှတ်သားသား သူ့စကား

ဒါဟာ အစုလိုက် အပြုံလိုက်လူသတ်ပွဲပဲ... လူတွေကို လပေါင်းများစွာဖမ်း... နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာ မျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေ ပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲကြည့်ဖူးတယ်... ဒါပေမယ့် ဒီလောက်များဘူး ... ဒီလိုလူမျိုးတွေကို ရင်ဆိုင်ဖို့ အတွက် .. ၀ုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့ သွားလုပ်လို့ မဖြစ်ဘူး... စနစ်တကျပြင်ဆင်ကြရမယ်... သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်.... ဒီမိုကရေစိရေး တက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုန်းတွေကို တဆင့်ချင်းဆွဲချွတ်ပစ်ရမယ်......

အောင်မိုးဝင်း
မြောက်ပိုင်းမှ အရိုးတွန်သံများ

မှတ်မှတ်သားသားသူ့ စကား

နိုင်ငံရေး အတွေးအခေါ်မရှိတဲ့ .... လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ တော်လှန်ရေးသမားတွေ ဖြစ်မလာနိုင်ပါဘူး .. အကြမ်းဖက်သမားလောက်... ဓားပြဂိုဏ်းလောက်သာ ဖြစ်လာမှာ အသေအချာပါ

အောင်မိုးဝင်း
မြောက်ပိုင်းမှ အရိုးတွန်သံများ

မရယ်ပါနဲ့

မရယ်ပါနဲ့
=====
credit 2 Xiao Di :P

ဆေးခန်းတစ်ခုတွင်ဖြစ်သည်။ ကိုအုပ်စိုးကသူနာပြုဆရာမလေးအားမရယ်ဘို့အရင်ပြောလေသည်။“စိတ်ချပါရှင် ကျမက ပရိုဖက်ရှင်နယ်ပီသပါတယ်၊ လုပ်သက်နှစ်(၂၀)အတွင်း ဘယ်လူနာကိုမှ မရယ်ဖူးပါဘူး” သူနာပြုဆရာမလေးက ကတိပေးသည်။ ...

“ဒါဆိုလည်း ပြီးတာပဲဗျာ” ကိုအုပ်စိုးက ဘောင်းဘီကို လျှောချလိုက်ရင်းသူ၏ ပဲမြစ်ကို ပြလိုက်သည်။ အရွယ်ကား AAA ဓါတ်ခဲအရွယ်အတိုင်း ကွက်တိ။ သူနာပြုဆရာမလုပ်သက်တလျှာက် မြင်ဖူးသမျှတွင် အသေးဆုံးပင်။

စိတ်ကိုထိန်းထားသည့်ကြားက မနေနိုင်၍ ခစ်ခနဲ ရယ်မိသဖြင့် မျက်နှာကို မနည်းထိန်းကာ “ဆောရီးနော်၊ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ နောက်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ ကဲ ပြောပါအုံး... ဘာဖြစ်လို့လဲ”

“ယောင်နေလို့ပါ”

သူနာပြုဆရာမလေးလည်း အူကိုနှိပ်လျှက် ထွက်ပြေးလေ၏။

မှတ်မှတ် သားသား သူ့စကား

" စိတ် အလေ့အကျင့်တွေထဲက တစ်ခုကတော့ ကျွန်မ အကြိုက် ဆုံပေါ့လေ... ဘာလဲဆိုတော့ ဘာက သိပ်ခက်ခဲသလဲ ဆိုတာနဲ့ ဘာက တကယ့်ကို မဖြစ်နိုင်ဘူးလဲ ဆိုတဲ့ ကြားမှာ ဆုံးဖြတ်ဖို့ ဖြစ်တယ်.. "

မေရီလိုင်ယွန် (Mary Lyon) 28.02.1797 ...05.03.1849
မောင့် ဟိုးလ်ယုတ်ခ် မိန်းကလေးကျမ်းစာသင်ကျောင်း တည်ထောင်သူ

ပျဉ်းမငုတ်တို .. (ဆရာကြီးမင်းသုဝဏ်)

ဒီကဗျာကို စဖတ်ဖူးတာ က ကျွန်တော် ရှစ်တန်းနှစ်လောက်မှာဖြစ်ပါတယ်... အဲဒီတုန်းကတော့ ဘာမှ ထိထိ ရှရှမခံစားခဲ့ရပါဘူး .. ၀န်ခံပါတယ်... ကျွန်တော် မခံစားတတ်ခဲ့ပါဘူး ... နောက်တော့ .... ဒုတိယအကြိမ် ဖတ်ဖြစ်ခဲ့တာက ... ရေကြောင်းသိပ္ပံကျောင်းဆင်းပြီးကာစလောက
်မှာဖြစ်ပါတယ်... အဲဒီအချိန်က ကျွန်တော် ကိုယ့်ဘ၀ကိုယ် စရုန်း တဲ့အချိန်ဆိုတော့ ... ဒီကဗျာလေးရဲ့ သဘောကို ခံစားတတ်လာပါပြီ..... ဒါကြောင့် ကျွန်တော့ မှတ်စုထဲမှာ မှတ်သားထားမိပါတယ်...... နောက်တော့ အချိန် ရတိုင်း မှတ်စုဖတ်တိုင်းပေါ့လေ.... ဖတ်ဖတ်မိနေခဲ့တာ အကြိမ်မရေမတွက်နိုင်အောင်ပါပဲ .... ဖတ်တိုင်း ဖတ်တိုင်း စိတ်ကို ရသစုံပေးနိုင်စွမ်းလွန်းလှသော ကဗျာကလေးဖြစ်ပါတယ်.... သြော်ဒါကြောင့်လည်း နာမည်ကျော်ခဲ့တာကိုး ....
ဒီကဗျာ က ကျွန်တော့ စိတ်အစဉ်ကို များစွာပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်... ကြံကြံခံ့နိုင်စွမ်းကိုလည်း ပေးခဲ့တယ်.....
ယခု ကို ဘဲရှုပ်ဆီကနေ ပုံကလေးပါ တွဲရတော့ ... ပိုသဘောကျမိပါတယ်....

ကျွန်တော့ ဘ၀ တစ်ဆစ်ချိုးမှာ .... အင်အား အပေါင်း သယ်ဆောင်ပေးခဲ့တဲ့ ကဗျာလေး မို့ အမှတ်တရတင်ပေးလိုက်ပါတယ်...

ဆရာကြီးမင်းသုဝဏ်အား ရိုသေရှိခိုး ကန်တော့ ပါတယ်...

ပျဉ်းမငုတ်တို
========

ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့

ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်

ကုန်းမိုထက်တွင် တပင်တည်း။



ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေးတက်လှာ၊ အိုင်းအမာသို့

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။



ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်

စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်လည်း၊

စစ်ရောက်စခန်း လက်ပြညွှန်း။



ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်။

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြေထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောက်ျားကောင်းတကား။ ။

(မင်းသုဝဏ်)

ဓာတ်ပုံအတွက် ကိုဘဲရှုပ်အား အထူးကျေးဇူး တင်ပါသည်။

လူငယ်တွေလမ်းလွဲမလိုက်စေချင်ပါ..... အိုအေစစ်ဂျာနယ်သို့

အိုအေစစ်ဂျာနယ် မှာ .. ဟောဒီ လင့်ခ်လေး တင်ထားတာ တွေ့လိုက်တယ်.... ဒါဟာ လူငယ်တွေကိုလမ်းလွဲလိုက်အောင်လုပ်တာလို့ ပဲမြင်ပါတယ်..... ဒီတော့ ကျွန်တော် ဒီအတိုင်းသွားပြောခဲ့တယ်.... အသည်းတွေယားလို့ ပါ..... လူငယ်တွေ ခမျာ အချစ်ကြီးရင်.. ဒီလိုပဲ ထွင်းကြရမ
ယ် ထင်ကုန်မယ်... ဒါမျိုးထွင်းတာဟာ သိပ် အန္တရာယ်များ ပါတယ်.... အခန့်မသင့်ရင် ..မေးခိုင်ပိုးတောင်ဝင်နိုင်ပါတယ်...... .တကယ်တော့ လူငယ်တွေလမ်းလွဲစေမယ့် အရေးအသားနဲ့ သတင်းမျိုးကို တင်ကို မတင်သင့်ပါဘူး ...

https://www.facebook.com/photo.php?fbid=220641238065258&set=a.124484854347564.18755.100003581517789&type=1&relevant_count=1. ဒါမျိးတွေကို မျက်နှာဖုံးတင်ပေးပြီးလုပ်စားတာဟာ လူငယ်တွေကို လမ်းလွဲလိုက်စေတာပါပဲ ..... ဒီလိုထွင်းရမယ်.. ဒီလို လုပ်ကြတယ်.. ဒီလိုအချစ်ကြီးတယ်... ဆိုတဲ့ အချိုးမျိးပြသနေတာ ဟာ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး .... နော်ကလူငယ်တွေလိုက်လုပ်လို့ ..... ဘေးဥပါဒ်တစ်ခုခုဖြစ်ရင် ..ခင်ဗျား တို့ ဥပါဒ်ဒန်မကင်းပါဘူး ..... လူငယ်တွေအတွက် အကျိုးရှိတာကို မတင်ပဲ ဒါမျိုးတွေ လူမလေးခွေးမခန့်အလုပ်တွေကို တင်နေတာဟာ .. ပရိသတ်ကို အဆိပ်ခတ်တာနဲ့ တူတူပဲ..... ဒီလို ရူးနှမ်းနှမ်းလုပ်ရပ်တွေကို ရွေးချယ်တင်ပြပေးနေတဲ့ အယ်ဒီတာ တွေဟာ ဘယ်လို ဦးနှောက်နဲ့ အလုပ်လုပ်နေကြသလဲ .... ကိုယ့်စီးပွားဖြစ်ဖို့ တဘို့တည်းကြည့်တဲ့ တစ်နပ်စားဥာဏ်တွေပဲရှိသလား ... ဘယ်လိုလူမျိုးတွေ အလုပ်လုပ်စားနေသလဲ ...... ကိုယ်သားသမီးဒီလိုလုပ်လာရင်.. ကိုယ်လက်ခံနိုင်မလား အရင်ဆုံး စဉ်းစား .... ထမင်းတစ်နပ်စားရတာလွယ်.တယ်.... ဒါပေမယ့် အဲဒီထမင်းဟာ ဘယ်သူငိုစာရယ်စာမှ မဖြစ်ပဲ ဖြူဖွေးသန့်စင်ဖို့ တော့ ခက်တယ်.. ဂျာနယ်ရောင်းကောင်းချင်တယ်ဆို ဒီထက် ပိုပြီး အကျိုးဖြစ်ထွန်းမယ့် သတင်းတွေအများကြီပါ.... ဒါအချစ်ကြီးတယ်မခေါ်ဘူး ... ရိုင်းရိုင်းပြောရင် .. စောက်ရူးထတယ်ခေါ်တယ်... နောက်လူငယ်တွေက ဒါကို အဟုတ်ကြီါ်မှတ်ပြီါ် စောက်ရူးလိုက်ထကုန်ရင်.... ခင်ဗျား တို့ ဘာဆက်လုပ်မလဲ ..... ထမင်းမစားခင်ကိုယ့်ထမင်းကိုယ်ပြန်ကြည့်တတ်အောင်လုပ်ပါ.... တနပ်စားဆိုတာ .... အစားလွယ်သလောက် ..တစ်သက်လုံး နာမည်မကောင်းနိုင်ဘူး ....
 
လင်းလွန်းညို

Sunday, September 23, 2012

မြန်မာနိုင်ငံရုပ်ရှင်ရုံများ အတွင်း နိုင်ငံတော်အလံအလေးပြုခြင်း ကဏ္ဍအား ဆက်လက်ထားရှိသင့်မရှိသင့်…


အောက်တွင်ရေးသားထားသည်များနှင့် ပတ်သက်၍ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်…. ဆွေးနွေးနိုင်ပါသည်… အချက်အလက် ပြည့်ပြည့်စုံစုံနှင့် ဆွေးနွေးချက်များ အား လေးစားခြင်းအားဖြင့် … ပါဝင်ဆွေးနွေးပါမည်…. ဆဲရေးတိုင်းထွာခြင်း .. နှင့် အခြား အဓိပ္ပါယ်မဲ့သည့် ဝေဖန်ဆွေးနွေးမှုများအတွက်… မည်သို့ မျှတုံ့ပြန်လိမ့်မည်မဟုတ်ပါ ခင်ဗျား ….. ကျေးဇူး အထူးတင်လျက်ပါ…..


Thursday, September 20, 2012

ရယ်စရာကောင်းတဲ့ တိုက်တန်းနစ်

ရယ်စရာကောင်းတဲ့ တိုက်တန်းနစ်

ခုလေးတင်ပဲ တိုက်တန်းနစ် သရီးဒီ သွားကြည့်ပြီးပြန်ရောက်ပါတယ်…… ကြည့်ဖူးသမျှ သရီးဒီရုပ်ရှင်များထဲမှာ တကယ်ကို ပေးလိုက်ရတာနဲ့ တန်အောင် ကြည့်ခွင့်ရတဲ့ကားပါပဲ …. ကျွန်တော်ကိုယ်တိုင်ကလည်း ရုပ်ရှင်သိပ်ကြိုက်တဲ့လူဖြစ်တ

ာလည်းပါမယ်…. နောက်ပြီး … ရုပ်ရှင်တစ်ကားကို …. စိတ်ရောကိုယ်ပါ နှစ်ပြီးကြည့်တတ်တာကြောင့်လည်း ပါပါလိမ့်မယ်….. တကယ့်ကို ရင်သပ်ရှုမောကြည့်ခဲ့ရတဲ့ ဇာတ်ကားပါပဲ….. ပထမ ကြည့်ခဲ့စဉ်တုန်းကလည်း သိပ်ကြိုက်ခဲ့ပါတယ်… အခုကြည့်တော့လည်း ကြိုက်တာပါပဲ…. အစကဆို ဒီကားကိုပြန်မကြည့်တော့ဘူးလို့ တောင် စဉ်းစားမိပါတယ်…. ဘာလို့ ဆို…. ကျွန်တော့် အဖေက သဘောင်္သားဆိုတော့ … ဒီလို ရေထဲ မှာ ဒုက္ခရောက်တဲ့ ဇာတ်လမ်းကြည့်ရရင် .. အင်မတန် စိတ်ပူပါတယ်…. အခုကိုယ်ကိုယ်တိုင်လည်း သဘောင်္သားဖြစ်လာတော့ .. ပိုဆိုးတာပေါ့လေ….. ကျွန်တော့အမေဆို အတင်းခေါ်တာတောင်လိုက်မကြည့်ပါဘူး …. စိတ်မကောင်းလို့ တဲ့ .. အဖေ့ကို စိတ်ပူလို့ တဲ့လေ….. ဒါပေမယ့်လည်း … ဒီကားကို သရီးဒီနဲ့ ဆိုတော့ …. စိတ်ပါဝင်စားစွာနဲ့ ပဲ သွားကြည့်ဖြစ်ခဲ့ပါတယ်….

ပထမပိုင်းကတော့ … ဂျက်ခ် နဲ့ ရို့စ်တို့ ရဲ့ … အချစ်ခန်းလေးတွေ…. သဘောင်္ပေါ်ပါတဲ့ ခရီးသည်များရဲ့ character တွေ…. အဲဒီခေတ်ရဲ့ အင်္ဂလိပ် အထက်တန်းလွှာများရဲ့ ..စရိုက်တွေကို မြင်နိုင်ပါတယ်….. နောက်တော့ ရေခဲတောင်နဲ့ တိုက်မိပြီး...သဘောင်္ပျက်တဲ့ အခန်းပေါ့… အဲဒီအခန်းကတော့ .. ပရိသတ်ရဲ့ ရင်ကို တကယ်ကိုင်လှုပ်တဲ့ အခန်းပါပဲ…. ကြည့်ရတဲ့ ပရိသတ်ကို စိတ်မောလာအောင်… သနားတတ်လာအောင် … ကြေကွဲလာအောင်… ၀မ်းနည်း လာအောင်.. လုပ်နိုင်လွန်းပါတယ်…
ဒီလိုဖြစ်အောင်လည်း ငွေကြေးအတော်အကုန်အကျခံပြီးရိုက်ခဲ့တာကိုး… အဲ ဒါပေမယ့် အဲဒီ ထဲမှာ မြန်မာ ပရိသတ် တစ်ချို့ တော့ မပါဘူး ပေါ့လေ….

ကျွန်တော်တို့ ရဲ့ အချို့ အချို့ သော မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ဟာ အတော် ပျော်တတ်တယ် ထင်ပါတယ်… ဘယ်လောက်ငိုစရာကောင်းတဲ့ အခန်းပြပြ ရယ်နေတော့ တာပါပဲ … အတော်ပျော်တတ်တဲ့လူတွေပဲလို တွေးပြီး ၀မ်းသာပေးရမလိုလို ပါ…..

ဒီကနေ့ တိုက်တန်းနစ်မှာဆို…. သဘောင်္ပျက်တော့ … သဘောင်္အနောက်မှီးကြီးထောင်လာတယ်.. အဲဒိ အခါ… ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကနေ… Bible ထဲမှ စာများရွတ်ဆိုဆုတောင်းပေးပြီး…. သူ့ကို အားကိုးဖက်တွယ်ထားသူတွေကို လက်မောင်းတစ်ဘက်တည်းနဲ့ ဆွဲပေးထားပါတယ်…. ဒါကိုကြည့်ရတာ အတော်ရင်ထဲမကောင်းပါဘူး … အော်.. လူတွေ သေခါနီးလာရင်… ရရာကို ဖက်တွယ်တတ်လာတယ်…. ဘယ်သူက သေချင်မလဲ …. သေမှာကြောက်လွန်းတော့ .. ဘုရားတွေဆုတောင်းဘာတောင်းပေါ့လေ….. စိတ်မချမ်းသာစရာပါ….. ဒါကိုလည်း ရယ်ပါတယ်…. တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး .. အတော်များများ ရယ်ကြပါတယ်….. နောက်ပြီး သဘောင်္ကြီးက ပဲ့ပိုင်းထောင်လျက်ဖြစ်သွားရာကနေ… ပြန် အကျ…. ပင်လယ်ထဲမှာ လူပေါင်းများစွာ … ပေါ်ကို .. အုန်းကနဲပြန်ကျတဲ့အခန်း… စဉ်းစားကြည့်ပါ… ဒီလောက်သဘောင်္ကြီးအလေးချိန် နဲ့ ဒီလူတွေ.. သေရချည့်ရဲ့ ….. ဒါကလည်း ရယ်စရာအခန်းပါပဲ …. တဟားဟား နဲ့ ကိုရယ်တာပါ….. စိတ်မကောင်းဖြစ်နေတဲ့ ကိုယ်တောင် သူတို့ နဲ့ လိုက်ပျော်ရမလိုဖြစ်လာပါတယ်….

နောက်ပြီး … တယောသမားများ ပေါ့ .. သူတို့ တွေ ကတော့ .. လူတွေ panic ဖြစ်နေတဲ့အချိန်… ငါတို့ တယောထိုးပေးမယ်… ဆိုတာမျိုးပေါ့ …. ခပ်ကြောင်ကြောင်အတွေးပေမယ့် … သူတို့ လို ဂီတသမားအတွက်တော့ .. ဂီတဟာလည်း အသက်ကယ်ဆေးတစ်ခွက်ပါပဲ … ဒါပေမယ့် တကယ်တန်းသဘောင်္ကြီးလည်း နစ်ရော… သူတို့ လူစုခွဲဖို့ လုပ်ပါတယ်…. ဒါပေမယ့် .. အဲဒိထဲက တစ်ယောက်ကတော့ … တယောဆက်ထိုးနေခဲ့တယ်… တယောသံကိုကြားရတော့ .. ကျန်တဲ့လူစုခွဲပြီးထွက်သွားသူတွေ အကုန်ပြန်လာပြီး … တယောဆက်ထိုးပေးကြပါတယ်…. ဒါဟာ partnership….နောက်ပြီး … လူတွေရဲ့ နောက်ဆုံးအချိန်အတွက်… လုပ်ပေးနိုင်တာကိုလုပ်သွားရင်း သေမယ် ဆိုတာမျိုးအတွေးလေးနဲ့ပေါ့လေ….. ဒါကိုလည်း ရယ်တာပါပဲ …… တစ်ချို့ ဆို.. တစ်ဟားဟား နဲ့တောင်ရယ် လိုက်ပါသေးတယ်…. . ဒီလိုပေါ့လေ.. တစ်ခန်းနှစ်ခန်းမဟုတ်ပါဘူး … အခန်းအတော်များများကိုရယ်နေကြတော့ …. ငါကြည့်နေတဲ့ တိုက်တန်းနစ်က ရယ်စရာကားများလားလို့ တောင်ထင်ချင်လာပါတယ်…

ဒါရိုက်တာ James Cameron များ ကိုယ်တွေနဲ့ အတူထိုင်ကြည့်ရင်…. ဘယ်လိုများနေမလဲမသိပါဘူး … သူ့ မှာကြိုးစားပန်းစားရိုက်လိုက်ရတာ….. အော်… မြန်မာပရိသတ်ကိုတော့ … ရယ်စရာလောက်ပဲပေးနိုင်တာပါလားဆိုပြီး … မြုပ်သွားတဲ့ သဘောင်္ကြီးနဲ့ တောင်အတူလိုက်သွားချင်စိတ်ပေါက်သွားမယ်ထင်ပါတယ်……

မြန်မာပရိသတ်များလည်း … ဟာသကားတွေအကြည့်များတော့ ရုပ်ရှင်ဆို ရယ်ရမယ်လို့ ချည်းတွေးနေတော့တယ်နဲ့ တူပါတယ်ဗျာ …..

ကျွန်တော့ မှာသာ ငိုရမလို ရယ်ရမလို… ဒါတောင် နောက်မှာထိုင်နေတဲ့ ချာတိတ် က … ခုန်ကို ခြေထောက်နဲ့ ကန်ကန်နေတာက တစ်မျိုး … ကျွန်တော့ ကျောမှီကို ခြေကန်ပြီး ဒူးနှန့်တယ်နဲ့တူပါတယ်…. လူက တိုက်တန်းနစ်ကို ဗိုက်ဘရေးရှင်းနဲ့ ပါကြည့်ခဲ့ရပါတယ်…. ၀မ်းနည်းတာတောင် တုန်တုန် တုန်တုန်နဲ့ပါ…..

ဒီလိုရယ်ကြတာ ခုမှ မဟုတ်ပါဘူးလေ…. ဟိုးငယ်ငယ် သူ့ ကျွန်မခံပြီ (ဒါရိုက်တာ ဦကြည်စိုးထွန်း) ကြည့် တုန်းကလည်း ကြုံဖူးပါတယ်…. သူ့ကျွန်မခံပြီဇာတ်ကားထဲမှာ ပါတော်မှုခန်းဟာ သိပ်ကို နာမည်ကြီးပါတယ်… ကြည့်ဖူးသူများလည်း မှတ်မိမှာပါ… ပရိသတ်ကို မျက်ရည်လည်ရွှဲဖြစ်လောက်အောင်ကို ၀မ်းနည်းစေတဲ့ .. အခန်းပါ…. မြန်မာမင်း သီပေါနဲ့ … မိဖုရား စုဖရားလတ်တို့ ကို ရထားလုံးခေါ်မလား .. အဲဒီ ယာဉ်ကို ခေါ်တာ တစ်မျိုးရှိပါတယ်.. ကျွန်တော်မေ့သွားပါပြီ… အဲဒီယာဉ်ငယ်နဲ့ ဂေါ်ဝိန်ဆိပ်ကို ခေါ်သွားတဲ့အခန်း… ကိုယ့် ဘုရင်ပါတော်မှုတဲ့အခန်း.. ပရိတ်သတ်များမှာလည်း တနင့်နင့်ပေါ့ … ဒီအချိန်မှာ စုဖရားလတ်က … ဘုန်းကြီးကျောင်းရှေ့က အဖြတ်…. “အရှင်ဘုရား .. တပည့်တော်မတော်…. ပါသွားပါပြီဘုရား… “ (စကားလုံးအတိအကျမမှတ်မိပါ) လို့ ငိုပြီးအော်တော့ … အိုး ပရိသတ်လည်း မျက်ရည်မဆည်နိုင်ငိုကြတော့တာပေါ့ .. ကျွန်တော်လို ချာတိတ်တောင်ငိုတာဗျာ …. အဲသလိုငိုကောင်းနေတုန်း .. ၀ုန်းကနဲ့ ကြားလိုက်ရတာက ..

“ဟေ့ ကောင်တွေ မင်းတို့ မျိုးချစ်စိတ်မရှိဘူးလား … ကိုယ်မြန်မာဘုရင်ပါတော်မူနေတာကွ… ရယ်စရာမဟုတ်ဘူး “ ဆိုပြီး
လူကြီးတစ်ယောက်က အော်ပါလေရောဗျာ …. လှမ်းကြည့်လိုက်တော့ … ချာတိတ် လေးတွေဗျာ .. ၁၉ ၂၀ လောက်ရှိမပေါ့ … သူတို့ ကဘာကိုရယ်ကြတယ်တော့မသိပါဘူး…. အဲဒီမှာ ထိုးမလားကြိတ်မလားတွေဖြစ်ကြလို့ မနည်းကို ဖြန်ဖြေကြရပါတယ်… မင်္ဂလာရုံ (သိမ်ကြီးဈေး) မှာပါ….

အမှန်တော့ .. ကိုယ်ပျော်တာလည်းပျော်ပေါ့လေ…. အခြားလူတွေ ကိုလည်း ငဲ့သင့်တာပေါ့….. ရုံထဲမှာ တဟီးဟီး တဟားဟား လုပ်နေတော့ … အနှောက်အယှက်ဖြစ်တာပေါ့ဗျာ … ဒါပါပဲ

ထားပါ….. တိုက်တန်းနစ်ကိုပဲပြန်သွားပါစို့ ….

ဒီလိုနဲ့ ပဲ သုံးနာရီကြာ ကြေကွဲဖွယ် တိုက်တန်းနစ်ရုပ်ရှင်ကြီးကို …. ၀မ်းနည်းဝမ်းသာ တုန်တုန် တုန်တုန် နဲ့ … ရယ်မောပျော်ရွှ့င်တတ်သော မြန်မာရုပ်ရှင်ကြည့်ပရိသတ် အချို့ နဲ့ အတူကြည့်ပြီးသကာလ…..

ဘယ်သော အခါမှ ရုပ်ရှင်ကို ရုံမှာ သွားမကြည့်ဖြစ်အောင်နေတော့မယ်လို့ ဆုံးဖြတ်မိပါတော့တယ်ခင်ဗျာ ……

James Cameron ကြီးကိုလည်း တွေ့ရင်ပြောချင်ပါသေးတယ်… ကြော်ငြာ ပိုစတာက Experience It Never Before In 3D ဆိုတာ တကယ်ပါပဲ … ကျွန်တော့်မှာ ဒီလို ရသမျိုးတစ်ခါမှကို မခံစားခဲ့ရဖူးပါဘူးဗျာ….. ၀မ်းနည်းဝမ်းသာ တစ်ဟားဟား တုန်တုန်တုန်တုန် ရသလေ……

By:လင်းလွန်းညို…

တွေးမိတွေးရာ

လူတွေက သိပ်ရယ်စရာကောင်းတယ်....

ကိုယ်က မဟုတ်တာလုပ်လိုက်တယ်... ပြီးရင်... ကိုယ့်ဘေးကလူတွေကို မယုံတော့ဘူး.....

ဥပမာ ... ဖောက်ပြန်ထားခဲ့ဖူးတဲ့ ယောက်ကျားတစ်ယောက်ဟာ ... သူမိန်းမကို လိုက်ပြီးမယုံသင်္ကာဖြစ်တတ်တယ်... (ချစ်လို့ သ၀န်တိုတာနဲ့ မတူတော့ဘူးနော်... )

ဖောက်ပြန်ဖို့ ကြံရွယ်နေတဲ့မိန်းမတစ်ယောက်ကလည်း .... သူယောက်ကျား ဖောက်ပြန်တော့မယ်ဆိုပြီး တတွတ်တွတ်ပြောပြီး ... မယုံသင်္ကာ ဖြစ်တတ်ပြန်တယ်.....

မိတ်ေ

ဆွတွေထဲမှာလည်း တူတူပါပဲ ...

တခါတခါမြန်မာစကားပုံလေးတွေက သိပ် မှန်နေတတ်တယ်ဗျ.....

ဘာတဲ့
ကိုယ့်စိတ်နဲ့ နှိုင်းရင်တော့ ရိုင်းမှာပဲတဲ့ ......

ဖတ်မိတာလေး

ယောက်ကျားတွေက ပိုက်ဆံ ရှိပြိဆို စပျက်ဆီးတယ်.....

မိန်းမတွေက တော့ .. ပိုက်ဆံမရှိတော့ဘူး ဆိုရင် စပျက်ဆီးတော့ တာပဲတဲ့....

ဟိုတစ်နေ့က ဘယ်ထဲမှာလဲမသိပါဘူး ဖတ်ဖြစ်လို့ သတိရလို့ ရေးလိုက်တာပါ..

အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်လူငယ်များ နှင့် ဒိုင်များ သို့ ...

ခုပဲ အိမ် မက်ဆုံရာ Season 3 (Dance) အတွက် လူရွေးပွဲကို ကြည့်နေပါတယ်..... Boy Generation ဆိုတဲ့ အဖွဲ့ (ချာ တိတ် နှစ်ယောက်) ပြိုင်တာကို ကြည့်ပြီး အတော် စိတ်ပျက်သွားတယ်... မကောင်းလို့ ကောင်းလို့ မဟုတ်ပါဘူး .. သူတို့ ပြောသွားတဲ့ စကားကို စိတ်ပျက်တာ ပါ.... (ကျွန်တော်တို့ က နှစ်ရက် ပဲ အချိန်ရ တော့ အမြန်တိုက်ပြီး လာပြီုင်လိုက်တာ ပါ) ဆိုပဲ ..... သီချင်း တစ်ပုဒ် အတွက် အက တိုက်တာ ... ၂ ရက် နဲ့ ပြိုင်ပွဲတစ်ခု
ကို ၀င်ဖို့ စဉ်းစား တတ်တဲ့ ဒီချာတိတ်တွေ ဦးနှောက်ကို ကြည့်ပြီး .... ဒီခေတ် ဒီကာလ မှာ .... ဖြစ်သလို လုပ်နေကြတဲ့ ဒီချာတိတ်တွေလို လူငယ်တွေ ဘယ်လောက်များနေပြီလဲလို့ အလန့်တကြားတွေးမိပါတယ်.......

ကိုယ့် ပြိုင်ပွဲတစ်ခုကို ၀င်တော့ မယ်ဆို ... အနည်းဆုံး တော့ ... ရုပ်မပျက်လောက်အောင် တော့ .. လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ် ထင်ပါတယ်....sTAGE FRIGHT ဆိုတာကို လက်ခံပေးလို့ ရပေမယ်.. ဒါကို လည်း ထိန်းနိုင်ဖို့ ကိုယ်က ပြင်ဆင်ရမယ်.. ပြိုင်မယ်ဆို ပြင်ဆင်ရမယ်.. ဒါကိုယ့်တာဝန်ပဲ .... တီဗွီထဲ ပါရတော်ပြီဆိုရင်လည်း .... ဒါဟာ ကိုယ့် အရှက် ကိုယ်ခွဲတာနဲ့ တူတူပါပဲ .... လူငယ်တွေ မှာ အစ
ီအစဉ် တစ်ကျလုပ်တတ်တဲ့ အကျင့် တွေ ပျောက်ကုန်ပြီလား .... ပြင်ဆင် တတ်တဲ့ အကျင့်တွေ ပျောက်ကုန်တာလား ..... တွေးရင်းတောင် ၀မ်းနည်းမိပါတယ်.... ဒီလူတွေ ဟာ နောင်တစ်ခေတ်မှာ ဒီနိုင်ငံတော်မှာ လူကြီးဖြစ်လာမယ့်လူတွေပါ..... ပြီးပြီးရော လုပ်တတ်တဲ့ အကျင့်လေးတွေ ပြင်သင့်ပြီ... အဆိုးဆုံးကတော့ .. ဒိုင်ထဲမှာ မက်သရူး ဘာညာကွိကွ ဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်ပါနေတာ ... သိရင်... ကိုယ်က ပိုပြီး သိက္ခာ မကျအောင်လုပ်သင့်တယ်ထင်ပါတယ်....

ဒိုင်တွေကိုလည်း အကြံလေးတစ်ခုတော့ ပေးချင်ပါတယ်... မကောင်းတာကို မကောင်းဘူးလို့ ဒဲ့ပြောစေချင်တယ်.... ဒါဟာ ညှာရမယ့် ကိစ္စမဟုတ်ဘူး ... ကိုယ် က မကော်ငးတာကိုလည်း ကောင်းပါတယ်.... မဆိုးပါဘူး လုပ်လိုက်တာ ဟာ .. လူငယ်တစ်ယောက်ကို သူ့ ကိုယ်သူ အသိအမြင်လွဲအောင်လုပ်တာ ပါပဲ ..... ကိုယ် မကောင်းဘူးဆိုတာ သိမှ ကိုယ်ပြင်သင့်တယ်ဆိုတာ သိမယ်... အခု ဒိုင်ထဲမှာ ဇေယျာ (Uranium)ကို သဘောအရမ်းကျပါတယ်... ပြောသင့်သလောက်ပြောပါတယ်.... တစ်ချိန် လုံး အရမ်းကောင်း ပါတယ် ဆိုတာ ကြီးက စိတ်ပျက်ဖို့ အတော်ကောင်းနေပါတယ်....
လူငယ်တွေ ကိုညှာ သင့်တဲ့ နေရာမှာ ညှာပါ... ပြောသင့်တာကိုတော့ ပြောရမယ်... ဒါဟာ ချစ်တာ နဲ့ နှစ်တာ ကွာခြားသလိုပါပဲ ... ဒိုင်တွေ အနေနဲ့ ပြိုင်ပွဲဝင်တွေကို ကောမန့်ပေးတာ ဟာ ချစ်လို့ ညှာသလိုမဖြစ်ပဲ ..... ဘာလုပ်လုပ် ကောင်းပါတယ်လုပ်နေပြီး .. ဆွဲနှစ်သလိုဖြစ်သွားရင်.... လူငယ်တွေ အတွက်ပို ပြီး ဒုက္ခရောက်နိုင်တယ်လို့ မြင်ပါတယ်....

ကဲပါလေ.. ကျွန်တော် အစိုးရိမ်လွန်တယ်ပဲ ထားလိုက်ပါ... ဒါပေမယ့် လိုအပ်နေတယ်လို့ ကော မထင်ကြဘူးလား ခင်ဗျာ ...

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

Saturday, September 15, 2012

အဲယားကွန်း



ရီမုတ်ကွန်ထရိုးမှ… အဖွင့်အပိတ်ခလုတ်ကို တစ်ခေါက်ထပ်နိုပ်ပြီးဖွင့်ကြည့်သည်….. တွီ ဆိုသော အသံနှင့်အတူ… လေတဟူးဟူးစတိုက်လာသည်….. သိုပေမယ့် လေပူကြီးဖြစ်သည်… ပုံမှန် ပန်ကာမှလာသောလေလို လေပူကြီးပဲဖြစ်သည်….. အဲကွန်းလေ မဟုတ်… အေးစိမ့်စိမ့်ဖြစ်မနေ….. ဒါဆိုသေချာသွားပါပြီ…. တစ်ခုခုတော့ ဖြစ်နေပြီ……. ဒီတစ်ကြိမ်နှင့်ဆို အဖွင့်အပိတ်လုပ်ကြည့်နေတာလေးငါးကြိမ်ရှိပြီဖြစ်ပါသည်….. ဖုန်ဝင်မည်ကိုကာကွယ်ထားသည် စကာလေးများကိုလည်းဆေးပြီးပြီ… ဒါဆိုဘာများဖြစ်နိုင်ဦးမည်နည်း …. Outdoor Unit

ကတစ်ခုခုဖြစ်တာဆိုလျှင်တော့ … သူထွက်မကြည့်နိုင်တော့…. မနက်ကတင်အကောင်းကြီးဖြစ်သည်… အခုမှ ဘာထဖောက်သနည်းမသိ…. မတတ်နိုင်တော့ … သူစိတ်ပျက်လက်ပျက်နှင့် … ရီမုတ် ကို ချကာ အိပ်ယာပေါ်သို့ သာ လာထိုင်လိုက်ရတော့သည်…… ခုတော့ … သူအမုန်းဆုံးမကြားချင်ဆုံး… လက်မခံချင်ဆုံးသော အခြေအနေတစ်ခုကို …. သူလက်ခံလိုက်ရပါတော့မည်…. ဟုတ်ပါသည်… သူ့ အိပ်ခန်းမှ အဲယားကွန်းပျက်သွားပါလေပြီ……..

(အဲကွန်းမရှိလျှင်မအိပ်တတ်ဘူး )


အလွဲ



စိုမှာစိုးလို့ မိုးမိပါသတဲ့

ဒါပေမယ့်
သူမမိုးတာ

ကျွန်တော့နှလုံးသားမှ မဟုတ်ပဲလေ....

ငါ့မှာတော့ ခုထိ
မိုးထဲ... လေထဲ...

by: လင်းလွန်းညို

မိုးမမြင်လေမမြင်



တစ်ဆုပ်ကြဲရင်
တစ်လှည်းဝင်သတဲ့...

ငါ့အချစ်
တစ်ဆုပ်စာလောက်ကြံမိတာ
အလွမ်းတွေ အုံလိုက်ကျင်းလိုက်..
နေပျောက်မထိုးအောင်
စိုက်ပျိုးမိလျက်သားဖြစ်နေခဲ့တယ်....

By: လင်းလွန်းညို

Friday, September 14, 2012

ဒီဟင်း ဘယ်လောက်လဲ ?



ကျွန်တော့ အမေက မူကြိုလေး တစ်ခုဖွင့်ထားပါတယ်.... မူကြိုဆိုတော့ ဆရာမလေးတွေလည်း များသပေါ့လေ.... သူ့မှာ ဆရာမ ခြောက်ယောက်ရှိပါတယ်..... အမေက ၀န်ထမ်းတွေ အပေါ် သက်ညှာတတ်သူတော့မဟုတ်ပါဘူး ... ဒါပေမယ့် နိုပ်စက်သလ
ိုလည်း တစ်ခါမှ မလုပ်ဖူးဘူး .... နည်းနည်း စကားပြောတော့ အပေါက်ဆိုးတယ်... နည်းနည်းမဟုတ်ပါဘူး အတော်ဆိုးပါတယ်.... ဒါပေမယ့် သူ့ဆရာမတွေကိုလည်း ... မြှောက်စားသင့်သလောက်မြှောက်စားပါတယ်.. ဥပမာ .. တယ်လီဖုန်း ငါးသိန်းနဲ့ စရတော့ ... လစဉ် တစ်လ သုံးသောင်းထင်တယ်.. လခထဲက ဖျက်ပြီး ဖုန်းဝယ်ပေးတာ မျိုး .. ဖုန်းကို အရင်ဝယ်ပေးလိုက်တာ ပါ... ပြီးမှ လခဖြတ်ဖြတ်သွားတာပေါ့ .... ဒီကြားထဲမှာ ... အလုပ်ထွက်သွားရင်တော့ လည်း ကိုယ်နာတာပေါ့လေ.... နောက်ပြီး အစားအသောက်က အစ ပေးကျွေးတာမျိုးပေါ့လေ.. လုပ်ပါတယ်... မိသားစု ခရီးထွက်တဲ့ အခါမျိုးတွေလည်း .... စရိတ်ငြိမ်းခေါ်သွားပေးပါတယ်...ထားပါလေ... ပြောချင်တာက .. အမေ့မူကြိုမဟုတ်ပါဘူး ... စားသောက်ဆိုင် အကြောင်းပါ....


မုန့်ဟင်းခါးဆိုင်က ဂျပန်တွေ..



မနေ့က ညနေက Diet လုပ်နေရင်းကနေ ဘယ်လိုမှ မနေနိုင်တာနဲ့ မုန့်ဟင်းခါးတစ်ပွဲလောက်စားမိပါတယ်... စားတဲ့ဆိုင်က လှည်းတန်းလမ်းမပေါ်က ၀င်း မြောင်းမြမုန့်ဟင်းခါးပါ..... ဆိုင်က လူ အတော်ကျတယ်.... တိုးဝှေ့ပြ

ီးတောင်မှာရတယ်.... ဒါနဲ့ ကျွန်တော်စားနေတုန်း .... အနောက်နားက ကောင်မလေးနှစ်ယောက် ရောက်လာတယ်

(အန်တီ မုန့်ဟင်းခါး ရလား )

ပျင်းချက်ကယ် ကမ်းကုန်



မည်သူက မည်သူထက်ပိုပျင်းသနည်း ဆိုသည်ကို ပြောနေကြခြင်းဖြစ်သည်...

(ဟိုတစ်နေ့က လမ်းမှာ ဒေါ်လာတစ်ရာတန်ကျနေတာတွေ့လိုက်တယ်.. ဒါပေမယ့် ခါးကို ကုန်းပြီးကောက်လိုက်ရမှာပျင်းလို့ မကောက်ခဲ့ဘူး )


(မင်းပျင်းတာ ဘာဟုတ်သေးတုန်း ... ဟိုတစ်နေ့က ရုပ်ရှင်သွားကြည့်တာ တစ်ချိန်လုံးအော်နေရတယ်...)

(ဟင်.........အော်တာနဲ့ ပျင်းတာ ဘာဆိုင်တုန်း)

(ဆိုင်တာပေါ့ .... ခေါက်ထိုင်ခုန်ကို ဆွဲချပြီးထိုက်လိုက်တဲ့ အချိန်မှာ ငါ့ရွေဥဟာ ခုံကြားမှာ သွားညပ်နေခဲ့တယ်.... ဒါပေမယ့် ထလိုက်ရမှာ ပျင်းတာနဲ့ ပဲ .. တစ်ချိန်လုံးအော်နေလိုက်တော့ တာ)

:P LMAO

Thursday, September 13, 2012

ခုနစ်ရက် အတွင်း ဆယ်ပေါင်နှင့် အထက် အဆီချ Diet Program


ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်.... ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :) ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......


အဆီကျဟင်းရည် ချက်နည်း


ဂရိနတ်ဘုရားများ ဆွေဇင်မျိုးဆက်



အခုတစ်လော ဂရိနတ်ဘုရား ဇာတ်ကားတွေ အတော်ကြည့်ရပါတယ်… Clash of Titans ဘာညာ စသဖြင့်ပေါ့လေ…. ဒီတော့ ဂရိနတ်ဘုရားတွေ အကြောင်းသိချင်ကြမယ်လို့ ထင်ပါတယ်….. ပျင်းပျင်းပြေပြေပေါ့ ….. ကျွန်တော်က ဒါကို မှတ်စုအဖြစ်မှတ်ထားခဲ့တာ ဆိုတော့ … တိုတို တုတ်တုတ် ပဲ သွားပါမယ်… ရေးထားသလောက်ပေါ့ ….. အပျင်းလည်း ပြေ ဗဟုသုတလည်းရမယ်ထင်ပါတယ်….


Wednesday, September 5, 2012

ကမ္ဘာမကြေဘယ်သူရေးခဲ့သလဲ

ကမ္ဘာ မကြေ ဘယ်သူရေးခဲ့သလဲ
===================

ယမန်နေ့ က ကျွန်တော့ သူငယ်ချင်းတစ်ယောက်က မြန်မာနိုင်ငံတော်သီချင်းရေးသားသူ ကို .. မသိလို့ ... လာမေးပါတယ်....
ဒီတော့ ဒီပေါ်မှာလည်း မသိသေးသူများရှိဦးမယ်လို့ ထင်ပါတယ်...

မြန်မာ နိုင်ငံတော်သီချင်း ကမ္ဘာ မကြေ ကို ၀ိုင်အမ်ဘီဆရာတင်က ၁၉၃၀ ခုနှစ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်.. ၀ိုင်အမ်ဘီ ဆရာတင်ဖြစ်ရခြင်းကတော့ ... သူ့ ကိုယ်ပိုင်ကျောင်း Young Men Buddhist's School ကြောင့် ဖြစ်ပါတယ်.. ၀ိုင်အမ်ဘီအေမဟုတ်ပါဘူး .....


ဒီမိုကရေစီဆိုတာဘာလဲ..

ဒီမိုကရေစီဆိုတာ ဘာလဲ
==============

ကျွန်တော်တို့ မြန်မာ လူငယ်တွေ ဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးနဲ့ ဝေးနေခဲ့တာ နှစ်ပေါင်း လေးငါးဆယ်ရှိပါပြီ….. ဒီတော့ မျိုးဆက်လည်း တစ်ဆက်ပြတ်ရောပေါ့ …… ဒါကြောင့် ဒီမိုကရေစီဆိုတာဘာလဲလို့ စိတ်ဝင်စားသူများကလည်းေ

မးကြပါတယ်…. ကျွန်တော့်အနေနဲ့ ကတော့ … ဒီနိုင်ငံမှာ ယခုလက်ရှိကျင့်သုံးနေတဲ့ အုပ်ချုပ်ပုံစနစ် အကျဉ်းလေးကို တော့ သိထားသင့်တယ်ထင်တာ ပါပဲ ……အကျဉ်းဆိုတဲ့ အတိုင်းတိုတိုတုတ်တုတ်နဲ့ လိုရင်းလေးပဲရေးမှာပါ….. Democracy ရဲ့ အဓိက အနှစ်သာရလေးနဲ့ ပေါ်ပေါက်လာပုံလေးပါပဲ…… ဒါကြောင့် ဖတ်မှတ်မိသမျှကို ဘာသာပြန်ပေးလိုက်ပါတယ်……. အကြမ်းဖျင်းလောက် လေ့လာလိုသူများ အတွက် အဆင်ပြေပါလိမ့်မယ်…. မှားယွင်းတာပါခဲ့ ရင် ကျွန်တော့ အပစ်သာဖြစ်ပါတယ်.….


BC နှင့် AD တို့ ၏ အဓိပ္ပါယ်


ခုနှစ် သက္ကရာဇ်တွေကို ကြည့်တဲ့ အခါ... BC နဲ့ AD ဆိုပြီးတွေ့ရပါလိမ့်မယ်... ခရစ်တော်မပေါ်မီအချိန်ကို BC (Before Christ) လို့ သတ်မှတ်ပါတယ်....ဒါကတော့ သိတဲ့လူများမှာပါ....

ဒါဆို AD ကရော...

AD က တော့ Medieval latin စကားဖြစ်ပြီး အရှည်ကတော့ Anno Domini ဖြစ်ပါတယ်... အဓိပ္ပါယ်ကတော့ In the Year of Our Lord လို့ ဆိုပါတယ်...

ဒီထက်ရှည်ချင်သေးရင်...အပြည့်အစုံက... Anno Domini Nostri Iesu (Jesu) Christi ("In the Year of Our Lord Jesus Christ")... ဖြစ်ပါတယ်... ဒါကို ပဲ BCE (Before Christ Era) နဲ့ .. CE (Christ Era) ဆိုပြီးခေါ်တတ်ပါသေးတယ်.......ဒီတော့ BCနဲ့ AD ဟာပြောင်းပြန်ဖြစ်ပါတယ်..... BC က ဂဏန်း နည်းလေလေ နောက်ကျလေ ဖြစ်ပြီး ဂဏန်းများ လေလေ စောလေလေ ဖြစ်ပါလိမ့်မယ်...

ဥပမာ ..BC 1000 ဟာ BC 20 ထက် ပိုစောပါတယ်.....

AD ကတော့ ဂဏန်းတန်ဖိုးနည်းလေလေ  ပိုစောလေ ဖြစ်ပါတယ်...ဂဏန်းတန်ဖိုး များလေလေ နောက်ကျလေ ပေါ့...
ဥပမာ.... AD 1000 ဟာ AD 20  ထက်များစွာနောက်ကျပါတယ်.... ဒီလိုတွက်ရပါမယ်....

ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာနဲ့ ..ခုနှစ်သက္ကရာဖ်များ နဲ့ အတိအကျသိချင်ရင်တော့ ..wikipedia မှာ ရှာကြည့်နိုင်ပါတယ်..

By: လင်းလွန်းညို

သူတို့ အတွေး သူတို့ အမြင် .. သူတို့ ဟာသ

လူတိုင်းအသက်ရှည်ရှည်နေချင်ကြတယ်.... ဒါပေမယ့် ဘယ်သူမှ မအိုချင်ကြဘူး .. :)

ဂျိုနသန်ဆွက်ဖ်


အတွေ့အကြုံဆိုတာ ... ကိုယ့်အမှားတွေ နဲ့ ပတ်သက်လို့ လူက ပေးတဲ့ နာမည်.....

အော်စကာ ၀ိုင်းလ်


ဘားနက်ရှောကို မေးသည်...
(ဆရာကြီးခင်ဗျား ... ဆရာကြီးဟာ အခုခေတ်မှာ အသက်ရှင်နေတာ မဟုတ်ခဲ့ဘူးဆိုရင်.. ဘယ်ခေတ်မှာများ အသက်ရှင်ချင်ပါသလဲ)

ဘားနက်ရှောမှ ပြန်ဖြေသည်..

( နပိုလီယံ ဘိုနာဘတ် လက်ထက် ပြင်သစ်နိုင်ငံမှာ..... အဲဒီတုန်းက လူတစ်ယောက်ကပဲ သူ့ကို သူနပိုလီယံဖြစ်တယ်လို့ ယူဆခဲ့တယ်လေ...)



ကျွန်တော့ စာအုပ်စင်ကိုကြည့်.... ကျွန်တော့ ထက်ပိုများ တဲ့ ဗဟုသုတပေါင်းများစွာကို စုထားတယ်... ဒါပေမယ့် ရူပဗေဒပညာရှင်က သူမဟုတ်ဘူး .. ကျွန်တော်...

နာမည်ကြီး ရူပဗေဒပညာရှင် ပီ၊ အင်၊ လေးဘေးဒက်ဖ်