Saturday, August 25, 2012

တုတ်ထိုးချစ်သူ

တုတ်ထိုးချစ်သူ
=========

ရနံ့ ကယ်မြူ
ချူပါကွဲ့ ကိုယ့်အသဲ
ထောင်းတငွေ့ငွေ့ ချိုဟင်းရည်ရယ်က
လျှာရင်းမှာဆွဲ.....

အူပိတ်..လျှာ အချင်းတိုင်မြင်
အတင်းကိုင်တာ .. ဆုတ် အသဲ

နားအုံသား အရိုးနုကိုမှ
အသာ ကိုက်ကာ ခဲ....

ကျွန်တော် စိတ်အပျက်ဆုံး commentရေးသူ သုံးမျိုး သုံးစား



ဒီနေ့ မနက်ပဲ ... ကျွန်တော်ဟာသတိုလေး တစ်ပုဒ်တင်ပါတယ်... မောင်းသူမဲ့လေယာဉ်အသစ် ဆိုတဲ့ ဟာသ ပါ.... အဲဒီ ဟာသပို့စ် လေးအောက်မှာ လာရေးတဲ့ comment များကိုကြ
ည့်ပြီး .... အတော်ကလေး ရင်ထဲမကောင်းလို့ ဒီလိုရေးလိုက်ရတာပါ...ရင်ထဲမကောင်းရတာ က ....မြန်မာပြည်မှာ စာဖတ်တဲ့လူ အတော်နည်းသွားပြိး ဆရာလုပ်တဲ့လူအတော်များလာတာကို သိလိုက်ရလို့ ပါပဲ......

မင်းကများ ကြီးကြီးကျယ်ကျယ်လို့ ပြောလာရင်လည်း ခံရမှာပါပဲ....
မြန်မာပြည်ကလူတွေ ကို စာပိုဖတ်စေချင်ပါတယ်.......

ဒါက အဲဒီပို့စ်ရဲ့ လင့်ခ်ပါ....
https://www.facebook.com/photo.php?fbid=493418044019888&set=a.463675320327494.118428.463656166996076&type=1&relevant_count=1

မောင်းသူမဲ့လေယာဉ် အသစ်

မောင်းသူမဲ့ လေယာဉ်အသစ်....
==================

မြန်မာနိုင်ငံသို့ ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းအား တရုတ်ပြည်သူ သမ္မတနိုင်ငံမှ မေတ္တာလက်ဆောင်အဖြစ် ပေးလိုက်သည်.....

ပထမဆုံး စတင်ပျံသန်းမည့်ခရီးစဉ်ဖြစ်သည်.....
ခရီးသည်များ အသီးသီးနေရာယူပြီးကြပြီဖြစ်သည်....
အင်တာကွန်းမှ စကားသံထွက်လာသည်......

" မင်္ဂလာပါရှင်..... မြန်မာ့လေကြောင်းမှကြိုဆိုပါတယ်ရှင်.... လူကြီးမင်းတို့ ဟာ ယခုဆိုရင်... မြန်မာပြည်ရဲ့ပထမဆုံး.. မောင်းသူမဲ့ခရီးသည်တင်လေယာဉ်ကို စတင်ပျံသန်းမည့်ခရီးစဉ်မှာ လိုက်ပါနေကြခြင်းဖြစ်ပါသည်ရှင်.... ဒီလေယာဉ်ကိုတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ .. လက်ဆောင်ပေးထားခြင်းဖြစ်ပါတယ်.. ရှင်... ကျေးဇူး ပြုပြီ လေယဉ်ထွက်ခွာတော့မှာဖြစ်တဲ့ အတွက်ထိုင်ခုံ ခါးပတ်လေးများ ပတ်ထားပေးပါရန်... လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင်"

မကြာခင်ပဲ .. လေယာဉ်ပျံ ကောင်းကင်ပေါ်သို့ တက်သွားသည်..... ခဏအကြာတွင် အင်တာကွန်းမှ စကားသံထပ်မံပေါ်ထွက်လာသည်....

" ယခုဆိုရင်.... မြန်မာ့လေကြောင်းရဲ့ မောင်းသူမဲ့လေယာဉ်အသစ်ကြီးဟာ....ဟာ အမြင့်ပေ ၂၀၀၀၀ ကျော်ကို ရောက်ရှိနေပါပြီရှုင်....ဒီလေယာဉ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မေတ္တာလက်ဆောင်အဖြစ်ပေးထားခြင်းဖြစ်ပါတယ်ရှင်.... လေယာဉ်ထိန်းချုပ်မှု စနစ် နှင့် စက်ပိုင်းဆိုင်ရာများ အားလုံး ကောင်းမွန်ပါတယ်ရှင်....အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်း.............မာ ကြ..... မာကြ..... ပါ... စေ.... စိတ်ချမ်း.... စိတ်ချမ်း.... တရုတ်...တရုတ်... တ... တ..လက်.. ..ဆောင်..... တွီ တွီတွိ......"

အလွမ်းခက်ခက်များ

အလွမ်းခက်ခက်များ.....
=============

အမှောင်ကလည်းသဲလိုက်တာ ...
လက်ထဲမှာ .... အလွမ်းလေးတစ်ဆုပ်စာနဲ့ ...
သံစုံမြစ်တစင်းက ...စီးဆင်းလို့ ကောင်းတုန်းရယ်......

ဗိုင်းကနဲ့ လဲကျသွားတာမဟုတ်ပေမယ့်..
ထင်ထားတက်ပို ပြီး ရင်က နာတယ်....

မိုးအမြင့်မှာ ... လွှင့်ထားပေမယ်..
ငါဟာ နင့်နှလုံးသားရဲ့ အလံတော်မဟုတ်ခဲ့ဘူး ....

ယုံချင်ယုံ မယုံချင်နေ....
ဒီတစ်ညလုံး ... အခန်းထဲမှာ ..
သံယောဇဉ်တွေ ဖယိုဖရဲနဲ့
ငါလဲကျမေ့မျောသွားခဲ့တယ်.....

တကယ် တကယ်...
အလွမ်းဆိုတာ ခံစားဖူးမှသိတယ်..
လက်တစ်ဆုပ်စာလောက်လည်း..
အတော်ပြင်းတယ်ဗျာ.....

အော်..
အမှောင်ကလည်း သဲကောင်းတုန်း....

by: လင်းလွန်းညို

Thursday, August 16, 2012

သဘောင်္သားလည်း အသည်းနဲ့ ပါ


ဟိုတစ်နေ့က ပျင်းပျင်းရှိတာ နဲ့ မြန်မာကားတစ်ကားငှားကြည့်ဖြစ်ပါတယ်….. ကျွန်တော်က ရုပ်ရှင်အင်မတန်ကြိုက်ပါတယ်……. ရုပ်ရှင်များကြည့်ရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ပါပဲ….. ဒါပေမယ့်မြန်မာကားတွေကိုတော့ အတော်ကြည့်ခဲပါတယ်…. ဘာလို့ လဲဆိုတာတော့ ပြောပြရင်တစ်နေကုန်သွားမှာမို့ မပြောတော့ပါဘူး …. ထားပါလေ… ရုပ်ရှင်ကြည့်ဖြစ်တယ်ပေါ့….


ဝမ်းမသာနိုင်ပေါင်


မောင်တောက်ထိန် အိမ်သို့ ပြန်လာသည်... မျက်နှာက ညှိုးငယ်နေသည်... အ၀တ်အစားများကို ချွတ်ကာ ထမင်းစားပွဲသို့ လေးကန်သော ခြေလှမ်းများဖြင့်လျှောက်လာသည်....ဇနီးသည်ပြင်ပေးထားသော ညစာ ကို အရသာမရှိစွာ စားသည်..... အကြောင်းမ
ဲ့ နံရံကို ငေးစိုက်ကာ တွေတွေကြီးကြည့်ရင်းသက်ပြင်းများ ခဏခဏချနေသည်......
အိပ်ရာဝန်ချိန်အထိမစောင့်တော့ ပဲ သတင်းကောင်းကို ပြောရန် မောင်တောက်ထိန်၏ ဇနီး က ဆုံးဖြတ်လိုက်သည်....ထိုကြောင့် မီးဖိုချောင်ထဲမှပြေးထွက်လာလိုက်ပြီး ...
ဝမ်းသာအားရဖြင့်
" မောင်ရေ.. သိလား ... ကျမမှာကိုယ်ဝန်ရှိနေပြီရှင့်"
မောင်တောက်ထိန် စိတ်မသက်မသာ စွာ ကြည့်ရင်း ပြန်ပြောသည်...

"သြော် ... မင်းရောပဲကိုး"

မီးခြစ်ဆံ

မြန်မာနိုင်ငံတွင်ဖြစ်သည်... ဂျပန်နိုင်ငံသားမိတ်ဆွေ နှင့် အတူ မောင်တောက်ထိန်တစ်ယောက် စားသောက်ဆိုင်တစ်ခုအတွင်းသို့ ၀င်လာသည်..... ထိုင်ခုံတွင်ထိုင်လိုက်ကြပြီး .. သိပ်မကြာခင် ဂျပန်လူမျိုးမှ... မီးခြစ်ကိုထုတ်ရွေ့ မီးခြစ်လိုက်သည်
.... မီးခြစ်ဆံ တစ်ဆံကုန်သွားသည်အထိ မီးခြစ်ဆံကို ကိုင်ထားသည်...... ထိုနောက် နောက်တစ်ကြိမ်ထပ်ရွေ့ မီးထပ်ခြစ်ပြန်သည်....
ထိုသို့ ပင်ကိုင်ထားသည်....

ထိုသုံ့ မီးခြစ်ဆံသုံးဆံကုန်သည်အထိလုပ်လိုက်ပြီး ... မီးခြစ်ဆံဘူးကို ပြန်ချထားလိုက်သည်... မောင်တောက်ထိန်လည်း အံ့သြစွာ

(မသိလို့ မေးပါရစေ မိတ်ဆွေ ..... ဒါဘာလုပ်တာလဲခင်ဗျာ .... ခင်ဗျား တို့ ဂျပန်တွေ အစားမစားခင်လုပ်လေ့လုပ်ထရှိတဲ့ ရိုးရာဓလေ့လားခင်ဗျာ) ဟုမေးလိုက်သည်...

ဂျပန်မှ အေးဆေးစွာပြန်ပြောသည်...

(အော် .. ဘာမှ မဟုတ်ပါဘူး ... အခုပဲမီးခြစ်ဆံသုံးဆံကုန်သွားပြီလေ... ကျုပ်တို့ ဆီမှာ ဆို အဲဒီ စားပွဲထိုး အလုပ်ပြုတ်သွားပြီ.... )

ကျဆိမ့်

တစ်နေ့ သိကြားမင်း ..နှင့် ဒေါ်အောင်ဆန်းစုကြည် ၊ အိုဘားမား၊ မြန်မာ ပြည်သူ မောင်တောက်ထိန်တို့ တွေ့ကြသည်.....

သိကြားမင်း။ ။မင်းတို့ ထဲက တစ်ယောက်ကို ဆုတစ်ခုစိတောင်ါးဖြည့်ပေးမယ်...

ဒေါ်အောင်ဆန်းစုကြည်။ ။ မြန်မာပြည်ကို စစ်အစိုးရစနစ်လုံးဝပပျောက်သွားပြီး ... စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ပေးပါ....

အိုဘားမား ။ ။ မြန်မာ ပြည်ထဲကစီးပွားရေးတွေကို ခရိုနီတွေ နဲ့ တရုတ် က လက်ဝါးကြီးအုပ်ထားတာ ကို ဖယ်ရှားပေးပါ ဒါမှ ကျုပ်တို့ စီးပွားရေးလာလုပ်ပေးလို့ ရမှာ......

သိကြားမင်းက မောင်တောက်ထိန်ဘက်လှည့်ကာ ...

(ကဲ ပြောမင်းရောဘာဆုတောင်းချင်လည်း)

မောင်တောက်ထိန်တစ်ချက်မျှစဉ်းစားလိုက်ပြီး သိကြားမင်းကိုမေးသည်...

(စောစော က ဆန္ဒနှစ်ခုလုံးကို ခင်ဗျား တကယ် ဖြည့်စည်းပေးနိုင်မှာလား ...)

သိကြားမင်း
(ဟ ဖြည့်ပေးနိုင်တာ ပေါ့ကွ... ငါက သိကြားမင်းပဲဟာ)

မောင်တောက်ထိန် ။ ။ အင်းဗျာ ဒါဆိုလည်း ကျွန်တော့ ကို လဘက်ရည် ကျဆိမ့်လေးတစ်ခွက်သာ ပေးပါတော့ ဗျာ......... 
 

My short story cover (look magazine August Issue)


ကျွန်တော် လင်းလွန်းညို ရဲ့ ပထမဆုံး publish လုပ်ခံရတဲ့ ၀တ္ထုတိုလေးပါ....အားပေးကြသော အားမပေးကြသော မုန်းသူချစ်သူ ပရိသတ် သူငယ်ချင်း မိတ်ဆွေ များ အားလုံူး ကျေးဇူး အထူး ပါ....

credit and special thanks 2 my lovely sis Ni Ni Sann
 

 

သိကြားမင်းမဟုတ်တော့ပါ

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီး သေလွန်သော အခါ.... ငရဲပြည်သို့ ရောက်သည်.. သိကြားမင်းနှင့် ငရဲမင်းနှင့်တွေ့ဆုံသောအခါ ငရဲမင်းကပြောသည်...

" ဒီလူကို ခင်ဗျား ခေါ်သွားစမ်းပါဗျာ .... လူတကာကိုလိုက်လှုံ့ဆော်နေတယ်.. တပ်မတော်သာအမိ တပ်မတော်သာ အဖလုပ်နေတ
ယ်.."

တစ်နှစ်ကြာသောအခါ သိကြားမင်းနှင့် ငရဲမင်းပြန်ဆုံကြသည်... ငရဲမင်းက မေးသည်...

"ဘယ်လိုလဲ .. သိကြားမင်း ခင်ဗျား ဆီမှာ ဟိုကောင်ကျော်ဆန်း ကောင်းကောင်းမွန်မွန်နေရဲ့လား "

သိကြားမင်းပြန်ဖြေသည်...

"တစ်အချက်... ကျုပ်ဟာ သိကြားမင်းမဟုတ်ဘူး ... ဗိုလ်မှုးသိကြားမင်း... နှစ်အချက်ခင်ဗျား နဲ့ စကားပြောဖို့ အချိန်မရှိဘူး.. ကျုပ်အခု လွှတ်တော်ထဲမှာ အစည်းအဝေးသွားတက်ရမယ်."

credit 2 မောင်ကောင်းထိုက်....

စိတ်မကောင်းပါဘူး





အဲဒီလို ကြည့်ရတိုင်းစိတ်ထဲမကောင်းပါဘူး .... သူ့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲ ... ဒီလိုလုပ်နေရတာ သူပျော်နေတယ်လို့ ထင်ပါသလား .... ထမင်းစားသောက်ဖို့ နွားတွေကိုလည်ထွန်ခိုင်းတာ ဟာ စားဝတ်နေရေးမို့ ... လက်ခံနိုင်ပါတယ်... အသားစားတာဟာလည်း .... လူ့

ခနာ ကိုယ်ဟာ အစုံစားသတ္တ၀ါမို့ သဘာဝတရားရဲ့ တောင်းဆိုမှုဆိုပြီးလက်ခံနိုင်တယ်.... ဒီလို ကိုယ်စိတ်ပျော်ရွှင်မှုအတွက်... သူ့ရဲ့ မနိုင်ဝန်ကြီးနဲ့ ဒီလို လုပ်ပြနေရတာကို တော့ ... မတရားလှဘူးထင်တာပါပဲ ..... သူဒီလိုလုပ်လာအောင် ဘယ်လို နိုပ်စက်ပြီးလေ့ကျင့်ထားတယ်လို့ ထင်ပါသလဲ .... မလုပ်လို့ ဆိုပြီး အစာငတ်ထားကောင်းထားမယ်.. ရိုက်နှက်ကောင်းရိုက်နှက်မယ်.... ဒါကြောင့်ဒီလိုတွေမြင်တိုင်းစိတ်ထဲမကောင်းပါဘူး ....... ကိုယ့်ပျော်ရွှင်မှု ဟာ ဘယ်သူ့ကို မှ မထိခိုင်စေချင်ဘူး .... အဲဒီ ရှီုးကို သွားကြည့်မယ့် အစား ဟာသ စာအုပ်တစ်အုပ်သာ ဖတ်နေလိုက်ပါတော့မယ်......စဉ်းစားနိုင်ပါစေ

လူစိတ်ရှိတဲ့လူတိုင်း လက်မခံနိုင်ဘူးလို့ ထင်တာ ပါပဲဗျာ.....

ကြိုက်တာရွေး

ကြိုက်တာရွေး
======

ဘုရားသခင်ဟာ မြန်မာပြည်က လူသားတိုင်းကို အခွင့်အရေးသုံးခု အမြဲပေးထားတယ်... ဒါပေမယ့် တစ်ပြိုင်နက်နှစ်ခုကိုသာ ဖြစ်ခွင့်ပေးတယ်.... လူသားတွေက ကိုယ့်ဘ၀ကိုယ်ရွေးချယ်ရုံပဲ

အဒီအခွင့်အရေးသုံးခုကတော့

ရိုးသားခြင်း

အမြော်အမြင်ရှိခြင်းနဲ့

ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ခြင်းတို့ ဖြစ်တယ်.....

နှစ်ခုသာ ပြည့်စုံမှာဖြစ်တာကြောင့် ဒီလိုတွက်နိုင်တယ်...

ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး ... ရိုးသားသူတွေ ဟာ .. အမြော်အမြင်ကြီး သူတွေဖြစ်ခွင့်မရနိုင်ကြဘူး ...

အမြော်အမြင်ကြီးပြီး ရိုးသားသူများ က တော့ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ခွင့်မရနိုင်ဘူး

အဲ ... ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး အမြော်အမြင်ရှိသူတွေကတော့ ... ရိုးသားခွင့် မရှိကြတော့ဘူးပေါ့....... .... :P


L o L......

ထူးမခြားနား

ထူးမခြားနား
=======

မြန်မာဂျာနယ်တစ်စောင်မှအောက်ပါ သတင်းခေါင်းစည်းဖြင့်ရေးသားထုတ်ဝေလိုက်သည်။

(မြန်မာနိုင်ငံလွှတ်တော်ထဲမှ အမတ် တ၀က်သည် သူခိုးများ ဖြစ်ကြသည်။)

လွှတ်တော်ဥက္ကဌနှင့် အမတ်များ သိသိခြင်း ဒေါသထွက်ကြသည်... ဂျာနယ်ကို ချက်ချင်း စာသားပြန်ပြင်ပေးဖို့ ... တောင်းပန်စာထည့်ဖို့ ပြောသည်... ဂျာနယ်က လည်း အောက်ပါအတိုင်းပြန်ပြင်ပေးသည်။

(ယမန်နေ့ထုတ်ဂျာနယ်ခေါင်းစည်းအားပြင်ဆင်ခြင်း

မြန်မာနိုင်ငံလွှတ်တော်ထဲမှ အမတ် တစ်ဝက်သည် သူခိုးများ မဟုတ်ကြပါ။)

ဥာဏ်ကြီးရှင် ဥက္ကဌနှင့် အမတ်များ အားလုံးကျေနပ်သွားကြသည်......:P

LoL....

ရင်နှစ်သွေး



နောင်တော်တို့
ညိတော်တို့ ကိုယုံပါ
အဲဒီအချိန်က
အသက်နှစ်နှစ် လူမှန်းသိတတ်စပေမယ့်
ခုတော့ .. လူသက်တမ်းနှစ်ဆယ်စွန်း…. လူမည်လို့ ထွန်းနေပါပြီ


အောက်တန်းစားလင်းလွန်းညို


ဒီနေ့ တော့ ဘယ်လိုတွေဖြစ်တယ်ရယ်မသိပါဘူးဗျာ …. ပြဿနာတွေကလည်း များ .. ပြောရဆိုရတာတွေကလည်းများ …. နောက်ဆုံး အဘလောဂ့်ပါခံလိုက်ရတဲ့ အထိပါပဲ…. တစ်ခါတစ်ခါကျတော့ လည်း ကိုယ့်ကိုယ်ကို ပြန်ဆုံးမမိတယ်… အော်ကြီး မင်း .. နေရာတကာ ၀င်လျှာရှည်.. ၀င်ပါ.. ၀င်ပြောတတ်တဲ့ အကျင့်ကို ဖျောက်လို့ ….. အဲဒီ ငါးပိချက် အကျင့်က မင်းကို ဘာများ ကောင်းကျိုးပေးသလဲ လို့…… အဲဒီလိုကို ဆုံးမတာပါ…. ဒါပေမယ့်လည်း အကျင့်ဆိုတာ ဖျောက်ရခက်သားကလား …. ဟိုဟာလေး အမြင်မတော်ဝင်ပြော ဟိုဟာလေးစိတ်နဲ့ မတည့် ၀င်ပါနဲ့ …. အဆဲခံရတာလည်း များသပေါ့လေ…..


Sunday, August 5, 2012

ညဈေး အပိုင်း (၇) ဖာတ်သိမ်း

(၁၈)
July 25th ,2000 (MON)
3:00 (AM)
မြောင်းရေများ က …. အောင်မိုး ပါးစပ်တွင်းသို ဝေါကနည်းတိုးဝင်လာသည်…… ရေစီးက တအားသန်သဖြင့် သူဘယ်လိုမှကူးလို့ မရ……
(အား……ဖူး .. ဖရူး)
လူကရေထဲတွင် မြုပ်ချီတစ်ခါ ပေါ်ချီတစ်လှည့်ဖြင့် မျောပါနေရသည်…… မြုပ်သွားသော အချိန်တွေ မြောင်းရေညိုပုပ်ပုပ်များက ပါးစပ်ထဲဒလဟောတိုးဝင်လာပြီး….. ရေစီးနှင့်အတူ အောက်ခြေသို့ ဆွဲခေါ်သွားကြသည်…. ရုတ်တရက်ပြန်ပေါ်လာသော အချိန်ကျ မှထိုရေပုပ်များ ကို ပါးစပ်မှ အန်ထုတ်နိုင်သည်…. ဒါကလည်း ခဏပဲဖြစ်သည်မှုတ်အန်ထုတ်လိုက်ပြီးသိပ်မကြာ ရေပုပ်များ ပါးစပ်ထဲပြန်ဝင်လာကာ .. ပြန်မြုပ်သွားပြန်သည်….. အောင်မိုးကြောက်အားလန့်အားဖြင့်ရုန်းကန်သည်…. တဖြေးဖြေး မောလာသည်.. အသက်ရှုကျပ်လာသည်ရုန်းနိုင်စရာအားက မရှိတော့ ….. တစ်ချက်တစ်ချက်သတိလစ်ချင်သလိုဖြစ်လာသည်….. ထိုအချိန်သူခေါင်းထဲရုတ်တရက်ပေါ်လာသည်ကား ညဦးကတည်းက စိတ်ထဲမှ ရွတ်နေရင် အိပ်ပျော်သွားခဲ့သော သံဗုဒ္ဓေဘုရားရှိခိုးဂါထာပင်ဖြစ်တော့သည်….
စိတ်ထဲ ပေါ်လာသည်နှင့် အောင်မိုးချက်ချင်းရွတ်ပစ်လိုက်သည်နောက်ဆုံးအားကိုးကယ်ရာမဟုတ်လား ….. ဂါထာ တစ်ခေါက်အဆုံးတွင်…. သူ့ကို တစ်ယောက်ယောက်က ဆွဲတင်လိုက်သလို…. ရေပေါ်သို့ တက်လာတော့ သည်…….
(ဘွမ်း…..)
(အားအား .. …. )

Friday, August 3, 2012

ကြိုး (မူရင်း)

ဒါက ကျွန်တော့ " ကြိုး" ရဲ့ မူရင်းကဗျာလေးပါ..ကဗျာအသစ်ကို စကားလုံးအနည်းငယ်ပြောင်းထားပြီး ပထမတင်ပေးခဲ့ဖူးပါတယ်.... အခု အသက် ၂၇ နှစ်အရွယ်ရဲ့ ခံစားမှုပေါ့လေ... .. ဒါလေးကို လွန်ခဲ့ တဲ့ ခုနစ်နှစ်လား ရှစ်နှစ်လား မမှတ်မိတော့ ပါဘူး ကျွန်တော်အသက်နှစ်ဆယ
်ဝန်းကျင်လောက်က ရေးထားတာပေါ့ ... သူငယ်ချင်းတစ်ယောက်က .. သတိတရ .. သူ့ ကဗျာ စာအုပ်လေးထဲမှာ ထည့် သိမ်းပေးထားပြီး .. ဒီနေ့ ... မှ Msg ပို့ ပေးလိုက်တာ ကြောင့် အမှတ်တရလေးမို့ ..တင်ပေးလိုက်ပါတယ်..... အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ခံစားမှု လေးကို ခန့်မှန်းနိုင်ပါတယ်ခင်ဗျာ ....
ဒီကဗျာလေးအတွက် Zay Yar Lynn ကို အထူးကျေးဇူး တင်ပါတယ်....

အာကာဟိန်း ဆိုတာ အာကာဟိန်း အစစ်အမှန်ဟုတ်ရဲ့လား

ဒီကောမန့်လေးက ကျွန်တော်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်အောက်မှာ သူငယ်ချင်း ဖြိုးချိုချိုလင်းက လာရေးပေးထားတာပါ.... သူ့ စကားက တကယ့်စဉ်းစားစရာပါပဲ....

Phyo Cho Cho Lin ဟုတ်တယ်...သူငယ်ချင်းရေ....အာကာဟိန်း ရန်ကြောက်ရတာတော့ ပြောမနေနဲ့...ကိုယ့်ပုံလေးတွေ ပဲများပြီး တင်ထားတာ ပြန်ပြီး...only me ...friend တို့ မြန်မြန် ပြန်ပြောင်းနေရတယ်.......နောက်ပြီး..အသိ မိတ်ဆွေတယောက်က ဖုန်းဆက်လာတယ်...သတင်းထောက်နဲနဲ နဲံအင်တာဗျူး တခုလုပ်ချင်လို့တဲ့ ကူညီပါအုံးပေါ့...ငါက ဘာလဲ ဆိုတော့...သတင်းကြီးနေတဲ့ ကိုရွှေ
မင်းသား အာကာဟိန်း ပြသာနာ ဖြစ်နေတယ်...အဲဒီကောင်လေးက သံလျှင် မှာနေပြီး GTC တက်နေတာတဲ့....အာကာဟိန်း အကောင့်က အရင်တုန်းက အာကာဟိန်း ကိုယ်တိုင် အကောင့်ပါတဲ့...နောက်ပိုင်း အကောင့် ခိုးခံရပြီး ဒီလိုပြသာနာ တွေ တက်လာတယ်တဲ့...အာကာဟိန်း

Thursday, August 2, 2012

ကိုယ့်အိမ်တံခါးကိုယ် သော့လုံလုံခတ်ပြီးပြိလား



မနေ့ည လောက်က ပဲ ကျွန်တော့ ရဲ့ မိတ်ဆွေကြီး Lon Ely ရဲ့ အကောင့် ပျက်ဆီးသွားပါတယ်… အားလုံး သိပြီးသားဖြစ်တဲ့ အာကာဟိန်း ကို မိန်းကလေးများ ပုံအား မဟုတ်ကဟုတ်က မတင်ဖို့ အကြောင်း ပြောရာကနေငြိတယ်လို့ ပြောပါတယ်.. နောက်သိပ်မကြာခင်မှာပဲ သူ့ အကောင့် တိုက်ခိုက်ခံရတော့ တာ ပါပဲ …. အခုတော့ သူ့ရဲ့ friend 5000 ကျော်ရှိနေတဲ့ အကောင့် တစ်ခု လုံးသွားပြီပေါ့ …..

အခုလိုသတင်းကြားရတာ ဒါပထမဆုံးမဟုတ်ပါဘူး … ရှေ့မှာလည်း ကျွန်တော့မိတ်ဆွေတွေ … ခဏခဏအဲဒီလိုဖြစ်ပ
ါတယ်… ကိုယ့်အကောင့်လုံးဝပျက်ဆီးသွားတဲ့အထိတိုက်ခိုက်ခံရတာ .. ကိုယ့်အကောင့်ကို ဟက်ခ်လိုက်ပြီး ကိုယ့် ပုံစံနဲ့ ဒေါ်စုပုံတွေ NLD မကောင်းကြောင်းတွေကို မဟုတ်က ဟုတ်က တင်တာ …. ဒေါ်စုပုံကို မပေါ့တပေါ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်ပြီး ကိုယ့်ပုံစံ နဲ့ .. Group တွေမှာလိုက်ရှဲတာ … နောက့်ပြီး …. အဲဒီလို ပုံမျိုးတွေမှာ ကိုယ့်ကို Tag လုပ်ခံရတာ…နောက်ကိုယ့်ဓာတ်ပုံတွေကို …. အယူခံလိုက်ရပြီး စာတန်းတွေ မဟုတ်ကဟုတ်က စာတွေ… ကိုယ့်ရည်းစားဓာတ်ပုံမှာလည်း ဒီလိုတွေရေးပြီး တင်ခံရတာ …. အစုံအစုံ ပါပဲ

Wednesday, August 1, 2012

ချစ်သူတွေ ရန်ဖြစ်သတဲ့လား

ချစ်သူချင်း မကြာခဏ ရန်ဖြစ်ကြသတဲ့ ......

အမှန်တော့ ချစ်သူချင်းရန်ဖြစ်တယ်လို့ ထင်ကြတာပါ..

တကယ်က ရန်ဖြစ်နေကြတာ မဟုတ်ပါဘူး ...
တစ်ယောက်ကို တစ်ယောက် သိပ်ချစ်တဲ့ အခါ ..
...
တစ်ယောက်က တစ်ယောက်ကို ကောင်းစေချင်လို့ ပြုပြင်နေကြတာ ပါ.....
လူအများ အမြင်မှာ ကိုယ့်ချစ်သူကို စင်းလုံးချောလေးဖြစ်စေချင်တယ်....
သူတပါးက ကိုယ့်ချစ်သူကို မကောင်းပြောတာမျိုါ် အဖြစ်မခံနိုင်ဘူး ...
အယူအဆအလွဲတစ်ခုကြောင့် သူဒုက္ခရောက်သွားမှာ ဆိုးတယ်..

ဒါတွေကြောင့် ကိုယ့်ချစ်သူကို ကိုယ့်အမြင်နဲ့ ပြုပြင်ယူတဲံ အခါ
မတော်တဆ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းလေး တစ်ခုပါပဲ ..

မော်တော်ကား ၀ပ်ရှော့တွေမှာတောင် ကားပြင်တဲ့အခါ ထုသံရိုက်သံ အသံမျိုးစုံ ထွက်တတ်သေးတာ ပဲ ...

တကယ်က .. ကောင်းစေချင်တဲ့ စေတနာ တစ်ခုကြောင့်ပါ ပဲ..လေ
ဒါကြောင့် ချစ်သူခြင်းရန်ဖြစ်တာကို...
ချစ်ခြင်းမေတ္တာရဲ့ ဘေးထွက် သံစဉ်များ လို့ ပဲ မှတ်ယူပါတယ်...... တကယ်ချစ်လေ တစ်ယောက်ကို တစ်ယောက် အပြစ်ပိုမြင်လေ ပိုပြီး ပြုပြင်စေချင်လေပါပဲ ...... :)
BY : လင်းလွန်းညို

အနမ်း... :P


ယောက်ကျားများသည်.. စကားများလွန်းသော မိန်းမလေးများ၏ပါးစပ်အား မည်သို့ ပိတ်ရမှန်းမသိသည့်အဆုံး... နှုတ်ခမ်းချင်းတေစုပ် နမ်းရှုံ့ခြင်းကို တီထွင် ခဲ့လေသည်.... :P


ပြတင်းပေါက်မှန်


ပြတင်းပေါက်မှန်..
==========


စိတ်ရောဂါကုဆေးရုံတွင်ဖြစ်သည်....
ကုသမှုကောင်းစွာခံယူပြီးသော လူနာမောင်တောက်ထိန်အား ဆရာဝန်ကြီးမှ ခေါ်ယူတွေ့ဆုံမေးမြန်းနေသည်...



"ကဲ မောင်တောက်ထိန်..... မင်း ကို ကုတာ လည်း ဆယ်လ၀န်းကျင်ရှိပြီ မင်းလည်း အကုန်လုံးကောင်းနေပြီ.... ဒီတော့ မင်းကို ဒီဆေးရုံကနေဆင်းခွင့်ပေးတော့ မယ်.. မင်းငါ့ကို ဖြေပေးရမှာက.... ဒီဆေးရုံကနေဆင်းရင်မင်း ဘာလုပ်မလဲ"

" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့ လိုက်ခွဲပါမယ်.... "

ဆရာဝန်ကြီးလည်း ခေါင်းတခါခါ ဖြင့် မောင်တောက်ထိန်အား ဆေးဆက်ကုရန်.... လက်ထောက်ဆရာဝန်ကို ညွှန်ကြားလိုက်သည်....

နောက်ခြောက်လခန့် အကြာ

ထိုသို့ ပင်မောင်တောက်ထိန်ကို ထပ်မေးသည်....
" မင်းကို ဆေးရုံက ပေးဆင်းတော့ မယ်... ဆေးရုံက ဆင်းဆင်းချင်း မင်း ဘာလုပ်မလဲ "

ကဲ ကောင်းရော


ဒါက ဆရာမောင်ကောင်းထိုက်စာအုပ်ထဲကပါ...... အမြဲအမှတ်ရနေမိတာ မို့ ပြန်ပြောပါရစေ.. ဟဲဟဲ

မိန်းမနှင့် ယောက်ကျား များနှင့် ပါတ်သတ်ရွေ့ စမ်းသပ်စစ်ဆေးမှုပြုရန်... ပြင်သစ် .. ဂျူး နှင့် ရုရှား တို့ မှ .... မိန်းမတစ်ယောက် နှင့် ယောက်ကျား နှစ်ယောက်တို့ကို လူ မနေသော ကျွန်း တစ်ကျွန်းစီပေါ်သို့ တစ်နှစ်စီ ပို့ ထားလိုက်ကြသည်။

သို့ နှင့် တစ်နှစ်ပြည့်သော အခါ ကျွန်းများ သို့ လိုက်လံစစ်ဆေးလေသည်...



ပထမဆုံးပြင်သစ်များ နေသော ကျွန်းကို ရောက်သွာသည်...


ပြင်သစ်ယောက်ကျား နှစ်ယောက်၏ ပေါင်ပေါ်တွင် ပြင်သစ်မက ထိုင်နေပြီ.... ၀ိုင်ကို

ကျေးဇူးပြုပြီး

ကျေးဇူးပြုပြီး
=======

မိုက်ကယ်လ် ရယ်... ရှင့်ကို အရာအားလုံးနဲ့ ပါတ်သတ်ပြီးခွင့်လွှတ်ပါတယ်... ရှင့်ခြေအိတ်တွေကို မလျှော်ပဲဝတ်တာ .. အစားစားတဲ့ အခါ တပျက်ပျက်မြည်တာ..... မူးလာရင် ရေခဲသေတ္တာနား မှာ အီအီးပါတတ်တာ... လစာ ထုတ်ရက်ဆို လစာကုန်အောင်အရက်သောက်ပြစ်တာ..... တခြား မိန်းမတွေနဲ့ ရှုပ်တာ.... ကျမဖေဖေနဲ့ စကားပြောတဲ့ အခါ စားပွဲပေါ်ကို ခြေထောက်တင်ထားတတ်တာ.... ဂျိုင်းချွေးနံ့နံတာ... အကုန်အကုန်လုံးကို ခွင့်လွှတ်ပြီး သည့်ခံနိုင်ပါတယ်.... ဒါပေမယ့် တစ်ခုတော့ တောင်းပန်ပါရစေမိုက်ကယ်လ်ရယ်.......

ကျမကို နမ်းတဲ့ အခါကျရင်တော့ ရှင့် ပါးစပ်မှာ တပ်ထားတဲ့ ... စီးကရက်လေးကို ခဏလောက်ဖြစ်ဖြစ် ကျေးဇူးပြုပြီး.. ဖြုတ်ထားပေးပါလား ရှင်...... :P

အော် ခင်ဗျားတို့ နှယ်.....

စာရေး ဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲက ဖတ်ဖူးတဲ့ ဟာသလေးပါ.... စာရေးဆရာကြီး ရဲ့ နာမည် ကို မမှတ်မိတာတော့ ခွင့်လွှတ်စေချင်ပါတယ်..

တခါတော့ .... လူသားစားလူရိုင်းတစ်ယောက်နဲ့ .... မောင်တောက်ထိန် ဆုံရပါသတဲ့ ..... ဒီတော့ မောင် တောက်ထိန်က မေးတယ်....

မောင် တောက်ထိန်။ ။ (မင်းတို့ ဆီမှာ လူသတ်သလား )

လူရိုင်း ။ ။ (ဟ သတ်တာပေါ့ကွ)

မောင်တောက်ထိန်။ ။ (ဘာလို့ သတ်တာတုန်း)

လူရိုင်း ။ ။ (ဘာလို့ သတ်ရမှာတုန်း စားဖို့ ပေါ့ကွ စားဖို့ .... )

ဒီတော့ မောင်တောက်ထိန်လည်း ခေါင်းတခါခါ နဲ့ .. .

(အော် မင်းတို့ အတော်ရက်စက်ပါလားကွာ.... လူသားချင်း စားစရာလား.... ဘာအဓိပါယ်ရှိသလဲ )

လူရိုင်းကလည်း ပြန်မေးတယ်...

(ဒါဆို မင်းတို့ေ၇ာ လူမသတ်ဘူးလား )

မောင် တောက်ထိန်။ ။ (အော် သတ်တော့ သတ်တာပေါ့ကွ)

လူရိုင်း ။ ။( ဘာလို့ သတ်တာတုန်း )

မောင် တောက်ထိန် ။ ။ ( အော် .. စစ် ပွဲတွေဖြစ်တဲ့ အခါ... နယ်မြေလုကြ အာဏာလုကြတဲ့ အခါ သတ်တပေါ့ )

လူရိုင်း။ ။ (အင်း သတ်ပြီးတော့ ရော စားသလား .. )

မောင်တောက်ထိန် ။ ။ (မစားဘူးလေ.. စားစရာမှ မလိုတာ ... စစ်ဖြစ်လို့ ပါဆို..)

ဒီတော့ လူရိုင်းလည်း ခေါင်းတခါခါ နဲ့

(မင်းတို့ အတော်ရက်စက်တာ ပဲကွာ.... စားလည်း မစားပဲနဲ့ လူတွေ သတ်နေတယ်....ကဲ.... ဘာ အဓိပါယ်ရှိသလဲ)

ဒီလိုလည်း အသုံးဝင်တယ်..

ဒီလိုလည်း အသုံးဝင်တယ်.
===========

မောင်တောက်ထိန်... ရုပ်တရက် သေဆုံးသွားတယ်..... သေပြီးပြီးချင်းပဲ ကောင်းကင်တံခါးရှေ့ ကိုရောက်နေတာ သူသိလိုက်ရတယ်..... ကောင်းကင်တံခါးကနေ စိန့်ပီတာ ထွက်လာတယ်.....

(လူကလေးမောင်တောက်ထိန် မင်းအခုကောင်းကင်ဘုံကို ရောက်နေတာ ဖြစ်တယ်.. ငါကတော့ စိန့်ပီတာ ပဲ.... ငါဒီနေ့ အလုပ်လည်း အားနေတာကြောင့် မင်းနေထိုင်ရမယ့် ကောင်းကင်ဘုံကို လိုက်ပြမယ်... )
လို့  ပြောတယ်...

မောင်တောက်ထိန်လည်း စိန့် ပီတာ နောက်ကနေလိုက်သွားတာပေါ့.... စိန့်ပီတာက ကောင်းကင်ဘုံက မြိုတော်ခန်းမ.... ကန်တင်း... နတ်ဝန်မှုကြီးကြပ်ရေး ဋ္ဌာန..... ပန်းခြံ.... ရုပ်ရှင်ရုံ နဲ့ .... ကောင်းကင်ဘုံက နေရာ ဋ္ဌာန အတော်များများကို လိုက်ပြပါတယ်... ဒီလို နဲ့ နှစ်ယောက်သား အတော်သွားမိကြတော့ ... တစ်နေရာအရောက်မှာ... အင်မတန်ကြီးမားတဲ့ အဆောက်အအုံကြီးတစ်ခုကို သွားတွေ့သတဲ့ ... မောင်တောက်ထိန်လည်း အတော်အံသြသွားတယ် ဒီလောက်ကြီးတဲ့ အဆောက်အုံကြီးကို သူမှ မမြင်ဖူးပဲကိုး... ဒါနဲ့

(စိန့်ပီတာ. ... ဒါက ဘာအဆောက်အအုံကြီးတုန်းဗျ ) လို့ မေးလိုက်တယ်...
စိန့် ပီတာ ကလည်း

(မင်းသိချင်ရင် ၀င်ကြည့်လေ ငါလိုက်ပြ ပါမယ်) ဆိုပြီး.. အဆောက်အအုံကြီးထဲကို ၀င်သွားတယ်......

အထဲကို ၀င်လိုက်တယ ဆိုရင် ပဲ အဆောက်အုံ ကြီးထဲမှာ ... များပြားလွန်းတဲ့ နာရီများကို တွေ့ရတယ်..... နံရံတွေ အကုန်လုံးဟာ နာရီတွေ နာရီတွေ နာရီတွေ နဲ့ ချည်းပြည့်နေတယ်....

(စိန့် ပီတာ... ဒါက ဘာနာရီတွေလဲဗျ..... နာရိတွေ များလှချည်လား )

(အေး ဒီနာရီတွေကတော့ ... မင်းတို့ လူပြည်မှာ ရှိတဲ့ လူသားတိုင်းရဲ့ နာရီပဲ... နာရီတစ်လုံးတိုင်းဟာ လူသားတစ်ယောက် ရဲ့ သက်တန်း ဘယ်လောက်ကျန်တယ်ဆိုတာကို ကိုယ်စားပြုတယ်..... )

ဒါနဲ့ မောင်တောက်ထိန်လည်း နာရီတွေကို လိုက်ကြည့်နေလိုက်မိတယ်... အဲဒီ မှာ ထူးခြားတာ တစ်ခုကို သွား တွေ့ရတယ်...နာရီတွေဟာ တစ်လုံးနဲ့ တစ်လုံး သွားနေတဲ့ အရှိန်ချင်းမတူကြဘူး .. တစ်ချို့နာရီတွေက နှေးနှေးမှန်မှန်သွားနေပေမယ့် တချို့ နာရီတွေကတော့ မြန်မြန်သွားနေကြတယ်.... ဒါနဲ့ ပဲ

(ဟေ့ စိန့်ပီတာ... နာရီတွေမျာ တစ်လုံးနဲ့ တစ်လုံး သွားတဲ့ နှုန်းမတူပါလားဗျ.. မြန်တဲ့ ဟာက မြန်နေပြီး နှေးတဲ့ဟာ ကနှေးနေတယ်.. )

(အေး ဟုတ်တယ်... လူပြည်က လူတွေက လိမ်ကြတယ်လေ.... သူတို့ တစ်ကြိမ်လိမ်တိုင်း လိမ်တိုင်းမှာ ... သူတို့ နာရီတွေရဲ့ လည် နှုန်းက နည်းနည်း စီ ပိုမြန်လာတယ်... အဓိပါယ်ကတော့ ... သေဖို့ နေ့ ပိုနီးကပ်လာတယ်ပေါ့ကွာ.... )

ဒါနဲ့ မောင်တောက်ထိန်လည်း .... ခေါင်းတငြိမ့်ငြိမ့်နဲ့ နာရီတွေကို ဆက်ကြည့်နေမိတယ်...ဒီလိုနဲ့ ခန်းမတစ်ခုထဲရောက်တော့ ခန်းမရဲ့ မျက်နှာကြက်မှာ... နာရီတစ်လုံးဟာ .... မှန်းမလို့ မရတဲ့ အရှိန်နှုန်းနဲ့ လည်နေတာကို သွားတွေ့ရတယ် ... တဝေါဝေါနဲ့ပေါ့.... ဒါနဲ့ မောင်တောက်ထိန်လည်းတအံ့ တသြနဲ့....

(ဟာ ဟေ့ စိန့်ပီတာ .. ဟိုးမျက်နှာကြက်အလည် က နာရီက လည်တာ မြန်လှချည်လားဗျ.... ဘယ်သူ့နာရီတုန်း )

ဒီတော့ စိန့် ပီတာက ပြန်ဖြေတယ်...

(အော် ဒါလား.... အဲဒါ မင်းတို့ မြန်မာပြည်က ပြန်ကြားရေးဝန်ကြီး ရဲ့ နာရီလေ... သူက တော့ လည်နှုန်းသိပ်မြန်နေတာကြောင့် ငါတို့ ပန်ကာ အဖြစ် အသုံးချထားလိုက်တယ်.... )

ဆောရီးပါ

သူငယ်ချင်းတစ်ယောက်ပြောဖူးတဲ့ ဟာသလေး...

လူတစ်ယောက် အမှုခြောက်မှုဖြင့် ထောင် တွင်း အနှစ်လေးဆယ် တိုက်ပိတ်ခံလိုက်ရသည်.... တိုက်ပိတ်ခံရသဖြင့် ဘာအလုပ်မှ မရှိပဲဖြစ်နေစဉ်.. နံရံပေါ်တွင် သွားနေသော ပုရွက်ဆိတ်ကလေး တစ်ကောင်ကို သွားတွေ့သည်...ထိုပုရွက်ဆိတ်ကလေး ကို ကြည့်နေရင်း နောက်ဆုံး ပုရွက်ဆိတ်ကလေးအား...သီချင်းဆိုသင်ပေးရန် ဆုံးဖြတ်သည်..... သို့ နှင့် နှစ်နှစ်ဆယ်လုံးလုံး ပုရွက်ဆိတ်ကလေးကို သီချင်းဆိုသင်ပေးရာ ...

နှစ်နှစ်ဆယ်ပြည့်သည့်နေတွင် ပုရွက်ဆိတ်ကလေးသည် ကောင်းစွာ သီချင်းဆိုတတ်သွားလေသည်... သို့ နှင့် နောက်နှစ်နှစ်ဆယ်ကို ပုရွက်ဆိတ်ကလေး အား အကသင်ပေးရန် ဆုံးဖြတ်လိုက်သည်.... သို့ နှင့် နှစ်ပေါင်း နော်ကထပ်နှစ်ဆယ်ကို ပုရွက် ဆိတ်ကလေးအားအက သင်ပေးခြင်းဖြင့် ကုန်လွန်လိုက်လေသည်... စုစုပေါင်းအနှစ်လေးဆယ်ပြည်သည့်နေ့တွင်... ပုရွက်ဆိတ်ကလေးမှာ .. အဆိုရော အကပါ ကောင်းစွာတတ်သွားလေသည်.... ထိုလူလည်း ထောင်မှ လွတ်လာလေသည်.... ထောင်မှ လွတ်လွတ်ချင်း ထိုပုရွက်ဆိတ်လေးအား.. တစ်ယောက်ယောက်ကို အရမ်းပြချင်နေသည်.... အဆိုကော အကကော ကောင်းကောင်းတတ်တဲ့ ပုရွက်ဆိတ်ကလေးကိုး...... သို့ နှင့် လမ်းလျှောက်လာရင်း အနီးဆုံးစားသောက်ဆိုင်တစ်ခုသို့ ၀င်လိုက်သည်....စားပွဲထိုးလေးတစ်ယောက်အနားသို့ ရောက်လာပြီး....

(ဘာသုံးဆောင်ပါမလဲခင်ဗျာ..)

(ဟမ်ဘာဂါ အကြီးတစ်လုံး ပေးပါ)

သူလည်း စားပွဲထိုးကလေးကို သူ့ နှစ်လေးဆယ်ကြိုးပန်းမှုအား ပထမဆုံး.... ကြွားလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်..... စားပွဲထိုးကလေး ထွက်သွားပြီး သိပ်မကြာခင်ပဲ ဟမ်ဘာဂါနှင့် အတူ စားပွဲထိုးလေးပြန်ရောက်လာသည်... သူလည်း ပုရွက်ဆိတ်ကလေးကို ဟမ်ဘာဂါ ပန်းကန်စောင်းပေါ်တင်လိုက်ပြီ... စားပွဲထိုးလေးအား

(ဟေ့ ဒီမှာကြည့်စမ်း)

ဟုလှမ်းခေါ်ပြီး.. ပုရွက်ဆိတ်ကလေးကို လက်ညှိုးထိုး ပြလိုက်လေသည်...

ထိုအခါ စားပွဲထိုးလေးလည်း ပုရွက်ဆိတ်ကလေးအား ရုတ်တရက် ဖိသတ်လိုက်ပြီး

(စိတ်မရှိပါနဲ့ အကို ... နောက်ကို ဒါမျိုးမဖြစ်စေရပါဘူး )

ဟုဆိုကာအေးဆေးစွာ.... လှည့်ထွက်သွားလေတော့သည်......

ဖြစ်မှဖြစ်ရလေ


ဖြစ်မှဖြစ်ရလေ
========

တယ်လီဖုန်းမြည်လာသည်...

ထုံးစံအတိုင်းမိန်းမဖြစ်သူက ပဲထကိုင်လိုက်သည်.... ဖုန်းကို လေးဆယ့်ငါးမိနစ်လောက်ကြာအောင်ပြောပြီးမှ ဖုန်းချလိုက်သည်....

ဒါကို မြင်သော ယောက်ကျားဖြစ်သူက

(အမယ် တယ်ဟုတ်ပါလားကွ... စကားများတဲ့ ငါ့မိန်းမ ဒီတစ်ခါတော့ ဖုန်းကို .. လေးဆယ့်ငါးမိနစ်နဲ့ ချလိုက်တယ်... )

(ဟင်းဟင်း ... ဟုတ်တယ်.... ဖုန်းမှားနေလို့)

ဒါလား ကွန်ပျူတာ အသုံးချ ပညာရေး



မြန်မာပြည်မှ ပညာရေး အဆင့်မြှင့်ထားသည်.. ဘတ်ဂျက်များ လည်း ချပေးသည်.... ကျောင်းတိုင်းတွင် ကွန်ပျူတာ များ အသုံးပြု ကာ ပညာသင်ကြားရမည်ဟု သတ်မှတ်ထားသည်.... အမှန်တက်ယ်လည်း ကျောင်းများ သို့ ကွန်ပျူတာ များချပေးလိုက်ပြီ ဖြစ်သည်......

အမေရိကားမှ ပညာရေး လေ့လာသူတစ်ယောက် မြန်မာနိုင်ငံ အထက်တန်းကျောင်းတစ်ကျောင်းသို့ ရောက်ရှိလာသည်.....
ကျောင်းအုပ်ကြီးအာဝင်ရောက်တွေ့ဆုံပြီးမေးသည်...

လေ့လာ သူ ။ ။(ခင်ဗျား တို့ ဆီ မှာ ... ကလေးတွေ ကို ကွန်ပျူတာ အသုံးချပညာရေး ကို ဘယ်အရွယ်က စတင်ပါသလဲ ... )

ကျောင်းအုပ်။ ။(ဟုတ်ကဲ့ ဒုတိယတန်း အရွယ်မှာ ကတည်းက ကွန်ပျူတာ ကို ပညာရေး အထောက် အကူပြု ပစ္စည်း အဖြစ် အသုံးချနေပါပြီ )

လေ့လာသူ အံ့သြ သွားသည်... အရွယ်ငယ်သောဒုတိယတန်းအရွယ်တွင် ကလေးများ ကို ကွန်ပျူတာ အသုံးချရွေ့  မည် သို့  ပညာသင်ကြားနေသည်ကို သိလိုလှသည်...... လေ့လာခွင့်ပြုရန်ပြောသည်...
ကျောင်းအုပ်ကြီးမှ လေ့လာသူကို ဒုတိယတန်း စာသင်ခန်းသို့ ခေါ်လာသည်...

မြန်မာပြည်မှ ကွန်ပျူတာ အသုံးချ ပညာရေးကို အမေရိကန်လေ့လာသူ အံ့သြသွားပါသည်။

စာသင်ခန်းတွင် သင်္ချာ ဘာသာရပ်ကို သင်ကြားနေသည်..... အတန်းရှေ့ စားပွဲပေါ်တွင် စားပွဲတင်ကွန်ပျူတာ သုံးလုံးတင်ထားသည်....

ဆရာမက ..

(မောင် အောင်ကြီးရေ.... ဒီပေါ်က ကွန်ပျူတာ တစ်လုံးကို ဟို ပြတင်းပေါက် နားက စားပွဲပေါ်ရွေ့လိုက်စမ်း ..)

မောင်အောင်ကြီးထလာပြီး ကွန်ပျူတာ ကို မနိုင့်တနိုင်မ ကာ .. ပြတင်းပေါက် ဘောင်နားရှိစားပွဲပေါ်သို့ သွားတင်လိုက်သည်.....
ထိုအခါမှ ဆရာမက

(ကဲ.... ကလေးတို့ ရေ... စားပွဲပေါ်က ကွန်ပျူတာ သုံးလုံးက နေ .. တစ်လုံးနှုတ်လိုက်ရင် ဘယ်နှလုံး ကျန်မလဲကွယ်... )

:P


စက်ဘီး ထောက်ဘီးလေးတွေ

photo credit 2 Yinmon Aung
ကျွန်တော်က တော့ ဒီပုံလေးကို ကြည့်ရတာ သိပ်အားတက်တာပါပဲ .... မြန်မာပြည်က လူငယ်လေးတွေအားလုံး ဒီလို အထောက်အပံ့မဲစွာ ပျံသန်းသွားနေနိုင်မယ်ဆိုရင်..... အသက်ပြည်ပြီးတာတောင်လုပ်ကျွေးနေရတဲ့ မိဘတွေ .... မြေမှာ အလှိမ့်အနင်းခံနေရတဲ့ အရံထောက်ဘီးလေတွေလို မပင်ပန်းတော့ ဘူးပေါ့ .... လုပ်မကျွေးနိုင်တော့ရင်နေပါဗျာ ... မိဘတွေ ကို အနားပေးပါတော့ .... ( အလယ်သားက ယောက္ခမဖို့ ဆိုတာမျိုးတော့မလုပ်နဲပေါ့ဗျာ ဟဲဟဲ )

ချစ်ရဲ့လား...

တစ်စုံတစ်ယောက်က သင့်ကို ချစ်ရဲ့လားလို့ ခဏခဏမေးလို့ စိတ်မပျက်ပါနဲ့ ......
လူဆိုတာ ကိုယ်က သိပ်ချစ်တဲ့ သူဆီက အချစ်ကို အမြဲမျှော်လင့်နေတတ်တာပါ....
ဒါကြောင့် သူတစ်ကြိမ်ချစ်ရဲ့လားလို့ မေးတိုင်း ... ကိုယ်ကို သူ တစ်ကြိမ်ပိုပိုချစ်လာတယ်လို့ ယူဆပါ.... ဒါဆို သင်စိတ်ပျက်တော့လိမ့်မယ် မထင်ပါဘူး .......
လင်းလွန်းညို

မယုံရင် စမ်းကြည့်

ကျွန်တော် တွေးမိတဲ့ ယောက်ကျားနဲ့ မိန်းမ ကွာခြားချက်လေး တစ်ခု...

ယောက်ကျားတွေဟာ သူတို့ ရဲ့ အမျိုးသမီးတွေကို အမြဲတမ်းပျော်ရွှင် စေချင်ပြီး .. မိန်းမတွေ ကတော့.... သူတို့ ရဲ့ အမျိုးသားတွေကို အမြဲတမ်းမပျော်ရွှင်စေချင်ဘူး...

ကျွန်တော်တို့ ယောက်ကျားတွေက ကိုယ် မိန်းမပြုံးနေရင် သိပ်စိတ်ချမ်းသာတာဗျ.... တကယ်...

အနေလည်း ချောင်တယ်လေ....

ဒီတော့ သူတို့ ကို အမြဲ စိတ်ချမ်းသာအောင်ထား ရတယ်... အဲ ..

မိန်းမတွေကတော့ ဒီလိုမဟုတ်ဘူးဗျ... ကျွန်တော်တို့ ပျော်နေပြီိဆို မကြိုက်တော့ဘူး..

ဥပမာ.. မိန်းမရေ ဒီနေ့ ဘောလုံးပွဲကွာ ကျော်ကိုကို သွင်းသွားတာ ကောင်းလိုက်တာ.. တကယ်ကြည့်ကောင်းတယ်ကွာ လို့ အားရပါးရ ပျော်ပြီး ပြောကြည့် .. မနက်ဖြန်မနက် ခင်ဗျား ကို မနက်စာ မကျွေးတော့ ဘူး .. .ဘာလို့ မကျွေးတာလဲ လို့ သွားမေးကြည့် ... (ရှင့် ကျော်ကိုကို ကို သွားချက်ခိုင်းလေ.... ကျော်ကိုကို ကမှ ဒီလောက်ကောင်းနေတာ .. အိမ်ကို ခေါ်ထားလိုက်ပါလား ) ဆိုပြီးပြော မှာဗျ....

အဲ အရမ်းလွယ်တဲ့ စမ်းသပ်ချက်တစ်ခု လုပ်ကြည့်မလား...... ခင်ဗျား အလုပ်က ပြန်လာတဲ့ အချိန် ... အိမ်တံခါးကို မိန်းမလာဖွင့်တဲ့ အခါ အားရပါးရပြုံးပြ လိုက်ပါ...... (နေစမ်းပါဦး .. ရှင်က ဘာပြုံးလာတာလဲ ) လို့ ခပ်တည်တည် နဲ့ မမေးရင် .. ကျွန်တော့ ကို သာ ဖနောင့်နဲ့ လာပေါက်လိုက်.... တကယ်...

မိန်းကလေးများနှင့် စကားပြောခြင်း

မေးခွန်း။ ။မိန်းကလေး တစ်ယောက်ကို အကောင်းဆုံးစကားပြောတဲနည်းကို သိချင်တယ်

အဖြေ။ ။တကယ်တန်းဆို ဘာစကားမှတောင်ပြောတတ်စရာမလိုဘူး....သူမဘာပြောပြောခေါင်းငြိမ့်တတ်ဖို့ နဲ့ ..... မင်းနားလည်လည် မလည်လည်.... ဂရုတစိုက်နားထောင်တတ်ချင်ယောင်ဆောင်တတ်ဖို့ ပဲလိုတယ်..... စကားပြောတဲ့ အလုပ်ကို သူမကို ပဲဒိုင်ခံလုပ်ပါစေ..... တကယ်လို့..... မင်းဟန်ဆောင်နေတယ်ဆိုတာ သူမက သိနေခဲ့ရင်တောင်မှ... မင်းကို သဘောကျနေမှာပဲ..... ဒို ယောက်ကျားတွေမှာ.... အဲဒီလို ဟန်ဆောင်နိုင်ဖို့ တောင် အတော်မလွယ်တာ ကလား....:P

တွေးမိတွေးရာ

ရင်တစ်ခုလုံး အချစ်တွေ လွှမ်းခဲ့ဖူးတယ်....

လှမ်းခဲ့တဲ့ မင်းခြေလှမ်းတိုင်းဟာ ငါ့ ရင်တွင်း သစ်ပင်တွေဖြစ်ချင်ဖြစ်မယ်...

မင်းပြုံးခဲ့တဲ့ အပြုံးတိုင်းဟာ .. ငါ့သက်ပြင်းခပ်မောမော ရှိုက်သံတွေ ဖြစ်ချင်ဖြစ်မယ်....

မင်းရဲ့ စိတ်ကျေနပ်မှုတိုင်းဟာ... ငါ့ နှလုံးသွေးရဲရဲတွေ ဖြစ်ချင်ဖြစ်မယ်....

ဒါပေမယ့် မင်းကျေနပ်စွာရွေ့ လျားနေဖို့ လိုအပ်တယ် မဟုတ်လား...

ငါ့ရင်တစ်ခုလုံး အချစ်တွေလွှမ်းနေခဲ့ဖူးတယ်........... ချစ်သူ

မေတ္တာတရား

ကျွန်တော်တို့ ရဲ့ ၀ိဥာဉ်ပေါ်မှာ တင်ကျန်နေတဲ့ အမှိုက်သရိုက်မှန်သမျှကို ဆေးကြောပေးနိုင်တဲ့ တစ်ခု တည်းသော အရာ ဟာ (love) မေတ္တာ တရားပါတဲ့


သင်ရော?

သဘောကျချင်ကျ မကျချင်နေ.. ကျွန်တော်ကတော racism ကို မုန်းတယ်...


တွေးမိတာလေးပါ

 
ခေတ်အဆက်ဆက် မိန်းမတွေကို ပညာရှင်များ က အရာ များ စွာ နဲ့ နှိုင်းယှဉ်ပြခဲ့ ကြပါတယ်...

ကျွန်တော်ကတော့ မိန်းမတွေကို ဘဲဥနဲ့ နှိုင်းလေ့ ရှိပါတယ်.... ဘာလို့ လဲဆိုတော့ ....

၁... ဘဲဥဟာ အဆုံးမရှိသလို အစမရှိဘူး .. ဖင်နဲ့ ခေါင်းနဲ့ ညီနေတယ်... ဘယ်ဘက်က အတည့်မှန်း ဘယ်သူမှ မသိနိုင်ဘူး ... မှန်းဆရသိပ်ခက်ပါတယ်...

ဒီလိုပဲ မိန်းမတွေကို မှန်းဆရသိပ်ခက်တယ် သူတို့ ငြိမ်နေလို့ ဘာကို တွေးနေလည်း .. သူတို့ လုပ်တဲ့ အလုပ်က တစ်ခု စိတ်ထဲ ခံစားနေရတာ ကတစ်ခု ... ဘာဆို ဘာမှကို မှန်းဆလို့ မရတဲ့အထဲ မှာ မိန်းမတွေပါပါတယ်...

၂... ဘဲဥတွေကို ကြမ်းပြင်ညီညီ ပေါ်ထောင်ကြည့် ပါ .. တစ်ခါမှ တည့် မတ်အောင်ထောင်လို့ မရနိုင်ဘူး .... ပြီးတော့ .... ဘယ်ဘက်ကို လဲကျမယ်ဆိုတာလည်း မသိနိုင်ဘူး .....

ဒီစကားကိုတော့ မရှင်းတော့ ပါဘူး နော့ ... ရှင်းပြရင် ကျွန်တော့ အမတွေရော ညီမတွေ ပါ ၀ိုင်း ပြောကြတော့ မှာ .. ဟီဟိ.....

ဒါတွေက ကျွန်တော့ အတွေးသက်သက်သာဖြစ်ပါလိမ့်မယ်ခင်ဗျာ ... (လျှော်ချလိုက်ရပါတယ်.. မဟုတ်ရင် မလွယ်ဘူး ဟူး)

by: လင်းလွန်းညို