Friday, August 3, 2012

အာကာဟိန်း ဆိုတာ အာကာဟိန်း အစစ်အမှန်ဟုတ်ရဲ့လား

ဒီကောမန့်လေးက ကျွန်တော်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်အောက်မှာ သူငယ်ချင်း ဖြိုးချိုချိုလင်းက လာရေးပေးထားတာပါ.... သူ့ စကားက တကယ့်စဉ်းစားစရာပါပဲ....

Phyo Cho Cho Lin ဟုတ်တယ်...သူငယ်ချင်းရေ....အာကာဟိန်း ရန်ကြောက်ရတာတော့ ပြောမနေနဲ့...ကိုယ့်ပုံလေးတွေ ပဲများပြီး တင်ထားတာ ပြန်ပြီး...only me ...friend တို့ မြန်မြန် ပြန်ပြောင်းနေရတယ်.......နောက်ပြီး..အသိ မိတ်ဆွေတယောက်က ဖုန်းဆက်လာတယ်...သတင်းထောက်နဲနဲ နဲံအင်တာဗျူး တခုလုပ်ချင်လို့တဲ့ ကူညီပါအုံးပေါ့...ငါက ဘာလဲ ဆိုတော့...သတင်းကြီးနေတဲ့ ကိုရွှေ
မင်းသား အာကာဟိန်း ပြသာနာ ဖြစ်နေတယ်...အဲဒီကောင်လေးက သံလျှင် မှာနေပြီး GTC တက်နေတာတဲ့....အာကာဟိန်း အကောင့်က အရင်တုန်းက အာကာဟိန်း ကိုယ်တိုင် အကောင့်ပါတဲ့...နောက်ပိုင်း အကောင့် ခိုးခံရပြီး ဒီလိုပြသာနာ တွေ တက်လာတယ်တဲ့...အာကာဟိန်း
အစစ်မဟုတ်ပါဘူးတဲ့....အခု အဲကာဟိန်း ဆိုတဲ့ ကောင်လေးက ရပ်ကွက်ထဲလည်း မထွက်ရဲ...ကျောင်းလည်း မသွားရဲတော့ဘူးတဲံ...ကောင်းမှာလည်း အသက် အန္ဒရာယ် ရှိနိုင်လောက်တဲ့ အထိ ခြိမ်းခြောက်မှု့ တွေ များလာလို့တဲ့ ရူးချင်ချင် ပုံစံတောင် ဖြစ်နေတယ်ပြောတယ်....ဖုန်းဆက်လာတဲ့ အသိ ရဲ့ သူငယ်ချင်း ရဲ့ ညီလို့ ပြောပါတယ်.......ဟုတ်မဟုတ် တော့ ငါလည်း မသိတော့ဘူး။။

ကျွန်တော့်အနေနဲ့ ကတော့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်..... ဒီတလောအတွင်း အာကာဟိန်းအပါအ၀င် ဒီလို မဟုတ်ကဟုတ်က ... NLDနဲ့ ပါတ်သတ်တာ တွေ.... ဘာသာရေးနဲ့ ပါတ်သက်တာတွေ .... လူမျိုးရေးနဲ့ ပါတ်သက်တာတွေကို တင်နေတဲ့ အကောင့် ၃ ခုလောက်ထိပ်တိုက်တွေ့ဖူးပါတယ်..... ၂ ခုက personal account ဖြစ်ပြီး နောက်တစ်ခုကတော့ ... Page ပါ.... ထူးဆန်းတာ က အဲဒီ သုံးယောက်လုံးဟာ GTC ကဖြစ်နေပြီး အားကာဟိန်းကလွဲလို့ ကျန်တဲ့ နှစ်ယောက်က ... ကျောင်းဝတ်စုံနဲ့ ပုံကို profile တင်ထားတာ ပါ... အာကာဟိန်းကလည်း သူ့ ပုံအမှန်.. နာမည်မှန်.. ကျောင်းတောင်ထည့် ပေးထားပါသေးတယ်.......နောက်တစ်ချက်က အခု အာကာဟိန်းကိုယ်တိုင်က အခိုးခံရတယ် လို့ ဆိုလာပြီး ... နောက်တစ်ယောက်ကလည်း သူ့ အကောင့်ဟာ အခိုးခံရတာ ပါပဲလို့ ဆိုပါတယ်...အကောင့် ပိုင်ရှင် အမှန်က Ken Chan ဆိုတဲ့ ညီလေးပါ... ဒီတော့ .... ကျွန်တော့ စိတ်ထင် GTC ကျောင်းသားတွေ မကြွကြွလာအောင် မသောင်းကျန်းသောင်းကျန်းအောင်.... ဒီပေါ်ကလူတွေကလည်း ဒီကျောင်းသားတွေကို မုန်းအောင်လို့ .... အဓိကရုါ်ဏ်းဖြစ်အောင်လို့ သွေးထိုးနေတယ်လို့ မြင်ပါတယ်...
တစ်ချို့များကလည်း တွေးပါမယ်.. ဘာလို့ဒီကောင့်ကို ရွေးတာလဲ ....ဒီကောင်က ဘာကောင်မို့ အဟက်ခံရတာလဲ .. စသဖြင့်ပေါ့လေ..
ကျွန်တော့ စိတ်ထင်တော့
အားနည်း တဲ့ ... security
ကိုးကွယ်တဲ့ ဘာသာသို့ မဟုတ်.... ကုလားဆင်ဖြစ်နေတဲ့ သူမျက်နှာနဲ့
အရေး အကြီး ဆုံးဖြစ်တဲ့ ကျောင်းသားဖြစ်နေခြင်းပါပဲ.....

ကျွန်တော်ပြောခဲ့ ပြီးပါပြီ GTC ကျောင်းသားမျက်နှာနဲ့ လုပ်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး ... နောက်နှစ်ယောက်ရှိပါသေးတယ်..

ဒီတော့ ကျွန်တော်ကတော့ ဒီလို စဉ်းစားမိပါတယ်...

အာကာဟိန်းဟာ သူ့ မွေးနေ့ နဲ့ ကျောင်းကလွဲလို့ ဘာ အင်ဖော်မေးရှင်းမှ ထည့် မထားပါဘူး ...

အဓိက ကတော့ ကျောင်းကို ထည့်ထားတာဟာ ... ယောက်ကျားလေး များ လှတဲ့ ဂျီတီစီ. .. ကို ... စုံမှတ်တစ်ခုလို သတ်မှတ်ပုံရပါတယ်...

ပထမသူ့ Target့ က မြန်မာ တွေ အားလုံးကို စော်ကားတယ်...

နောက်ထပ် သူ့ target က စစ်တပ်ကိုလည်း သိက္ခာအမျိုးစုံချပြန်ပါတယ်...

ဒီတော့ သူ့ Target နှစ်ခု နဲ့ သူ့ ရပ်တည်မှုကို တွက်ဆကြည့်မယ်ဆိုရင် ... ကျောင်းသား ထု နဲ့ ... တပ်မတော် နဲ့ ပြည်သူနဲ့ ကို လှည့်ရန်တိုက်ပေးတယ်လို့ မြင်ပါတယ်.... ဒါဟာ အုံကြွမှု အတွက် လမ်းစပါပဲ .... မဟုတ်မခံ ကျောင်းသားလူငယ်.... လက်နက်ကိုင်တပ်မတော်နဲ့ .... ပြည်သူရဲ့ ဘာသာရေးကို တိုက်ခိုက်မှု .. ဒါတွေ အားလုံးကိုထောက်ချင့်နိုင်ပါတယ်.....

ကာကွယ်ဖို့ ကတော့ .... ကိုယ့် အကောင့် အဟက်ခံရရင် report လုပ်ပါ..... အာကာဟိန်း .. ဒီတိုင်းထိုင်နေတာ ထက်ကို ... တစ်ခုခုလုပ်တာ ပိုကောင်းပါလိမ့်မယ်..... ကျွန်တော် လင့်တစ်ခု ကျွန်တော့ page မှာ တင်ပေးထားပါမယ်.. google chrome user များ အသုံးပြုနိုင်ပါတယ်... Facebook Reporter ဆိုတဲ့ softwear ပါ.... ဒီတိုင်း report လုပ်လို့ မရရင် .. အဲဒါနဲ့ လုပ်လို့ ရပါတယ်.... အဲဒါ ကျွန်တော့ ကို လာပေးသွားတာ ပါပဲ ... မစမ်းကြည့်ရသေးပါဘူး .... ကျွန်တော်က mozilla user မို့ ပါ...chrome user များအနေနဲ့ .... တစ်ခုခု လုပ်ပေးပါရန် .. မေတ္တာရပ်ခံပါတယ်

https://chrome.google.com/webstore/detail/hiilegpgjjoeoogedabgepimjogmodae

ဒီတော့ အခု လက်ရှိလုပ်နေတာ ဟာ အာကာဟိန်းအစစ်မဖြစ်နိုင်ဘူးလို့ ပဲမြင်ပါတယ်.... သူခိုးတောင်မှ အိမ်ကိုတက်ခိုးရင်.... လူမိမှာစိုးလို့ မျက်နှာမှာ အ၀တ်စီးတတ်သေးတာ ပဲ.... ဒါမျိုးတွေလုပ်နေပြီး ငါကွလို့ .... ဘယ်သူမှ မပြောရဲလောက်ဘူးလို့ ထင်ပါတယ်..... နောက်တစ်ချက်ကတော့ ... လူယုတ်မာတစ်ယောက်ကြောင့် အပြစ်မဲ့တဲ့ ကျောင်းသားလူငယ်တစ်ယောက် ဒုက္ခရောက်မသွားစေချင်တဲ့ စေတနာသက်သက်လည်း ပါပါတယ်..... အာကာဟိန်းအနေနဲ့ ကလည်း မီဒီယာမှာဖြစ်ဖြစ်....တစ်ခုခု ကို ဖွင့်ဟ ပြောဖို့ လိုလာပါပြီ....... လုပ်သင့်တယ်လို့ မြင်ပါတယ်.... ချင့်ချိန်စဉ်းစားနိုင်ပါစေ ......

by :လင်းလွန်းညို.

No comments:

Post a Comment