Wednesday, October 17, 2012

ပန်းမပျိုး .. ပန်းချိုးတဲ့လက်

ဒီစာ ကို မရေးခင် ကျွန်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာ စတဲ့ ကန်တော့ ထိုက်သော ဆရာ အားလုံး ကို အရင်ကန်တော့ ပါတယ်..... ဆရာ ဆရာမ ဆိုတာ အနန္ဒ ဂိုဏ်းဝင် ပါ ..... နေတိုင်းရှိခိုး ကန်တော့ ကြရတာပါ...... ကျေးဇူး ဟာ လည်း ပူဇော် အထူး ထားပြီး ... ဆပ်နိုင်သလောက် ဆပ်ကြရပါတယ်..... ဒါပေမယ့် ... ဒီလို ကန်တော့ ခံ ..အရိုအသေခံ ... အကြည်ညို ခံနိုင်ဖို့ ဆိုတာကလည်း
.... ဆရာ ပီသ မှသာ ဖြစ်ပါလိမ့်မယ်..... ဆရာ တစ်ယောက်ပီပီ တပည့်တွေ အပေါ် မေတ္တာ ထား ရပါလိမ့်မယ်.......

ကျွန်တော်တို့ ဒီဘက် ခေတ်ကာလမှာ ... ဆရာ ဆရာမ များထဲမှာ ... အတော်ကလေး စိတ်ပျက်ဖွယ် ကိစ္စ ရပ်တွေ တွေ့လာရပါတယ်....ဒါတွေဟာလည်း .... ပညာရေး စနစ်ညံ့ဖြင်းလို့ ပါပဲ .....ထားပါလေ..... အဲဒီ ထဲက .. ပြဿနာလေး တစ်ခုကိုပြောပြချင်တာပါ....

မနေ့က ကျွန်တော့ အဖွားလေး ဆုံးတော့ .. အသုဘ သွားရင်း .. ကျွန်တော့ အဒေါ်တစ်ယောက်ဆီက ... ကြားလာရတာ ပါ...... သူ့ တူကလေး တစ်ယောက် ..... ဖြစ်တာ ပါတဲ့ဗျာ ..... သိပ်မကြာသေးပါဘူး
ပြီးခဲ့တဲ့ ၁၁.၁၀.၂၀၁၂ က မှဖြစ်တဲ့ ကိစ္စ ပါ...

ကလေး နာမည်က လမင်းခန့် ပါ.... အ.ထ.က (၂) စမ်းချောင်း မှာ သူငယ်တန်းတက်နေပါတယ်......တန်းခွဲ (A) မှာပါ..... သူ့ အတန်းပိုင်ဆရာမ နာမည်က ဒေါ်ခင်မျိုးလွင်ပါ......

ပြဿနာ ရဲ့ အစကတော့ .. ဆရာမ က White Board မှာ ... စာရေးပြီး သူငယ်တန်းကလေးများကို စာကူးစေပါတယ်... ( အတော်စဉ်းစားမရတဲံ့ကိစ္စ ပါ... အဲဒီလို သင်ကြားနည်းကို ... ဘယ်က သင်ပေးလိုက်သလဲ မသိပါဘူး ..... သူငယ်တန်းကလေးကို ....စာကူးခိုင်းသတဲ့ .... သြော် ကောင်းလိုက်တဲ့ ပညာရေး .. ထားပါလေ) အဲဒီလို စာကူးတဲ့ အခါ.. မောင်လမင်းခန့်က စာမကူးပါဘူး တဲ့ ..... ဒီတော့ ... ဒေါ်ခင်မျိုးလွင် က မောင်လမင်းခန့်ကို စာမကုးရကောင်းလားဆိုပြီး .... အမှောင်ခန်းထဲမှာ ထည့်ပိတ်ထားဖို့ ဆွဲခေါ်ပါသတဲ့ .....

ဒီတော အမှောင်ခန်းဆိုတဲ့ ကိစ္စ ကိုပြောပါမယ်..... အဲဒီ အမှောင်ခန်းဆိုတာလည်း ခုမှ ပေါ်လာတာမဟုတ်ပါဘူး.... အရင်ကတည်းက ... ကလေးတွေကို အပြစ်လုပ်ရင်.. အဲဒီထဲ ထည့်ပြီး ပိတ်ထားပါသတဲ့ ... ခြောက်နှစ်အရွယ် ကလေး တစ်ယောက် အမှောင်ခန်းထဲမှာ ဘယ်လောက်ကြောက်နေလိုက်မလဲ .....ဘယ်လောက်ငိုယိုတောင်းပန်တောင်းပန် .... မဖွင့်ပေးပါဘူး တဲ့ဗျာ ..... ဒေါ်ခင်မျိုးလွင်လုပ်ရပ် က... လူမဆန်ဘူးလို့ တောင်ပြောလို့ ရပါတယ်... နောက်တစ်ချက်က ... အ.ထ.က (၂) စမ်းချောင်းဆိုတာ .... အစိုးရကျောင်းပါ... ဒီလို အစိုးရကျောင်းမှာ .... ဒီလို ခြောက်နှစ် အရွယ်ကလေးငယ်တွေကို အမှောင်ခန်းထဲ ပိတ်ပြီး ဆုံးမတဲ့ စနစ်ရှိနေတာ ကို ....အတော်အံ့သြရပါတယ်.... ကျောင်းအုပ်ဆရာမကြီးကလည်း ဒါကို ခွင့်ပြုထားပါသတဲ့ ... ပိုပြီး အံ့သြရပြန်ပါတယ်.... ဆရာဖြစ်သင်တန်းများမြှ .... ကလေးစိတ်ပညာ မသင်ပေးလိုက်ဘူးလား....... ဒီလိုသာလုပ်နေရင်... ကလေးတွေဟာ နောင်တစ်ခေတ်ရဲ့ လူကြောက်ကလေးတွေ အဖြစ် မွေးဖွားလာတော့မှာပေါ့ ....... အဲဒီ ဆရာမတွေ ... ကို ဘယ်လို ဆရာဂိုဏ်းထဲသွင်းရမလဲ ... ကျွန်တော် အတော်စိတ်ထဲမကောင်းပါဘူး .. ညံ့ဖျင်းလှတဲ့ ပညာရေး စနစ်ရှိနေရတဲ့ အထဲ ... ဒီလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့် ကိစ္စမျိုးတွေ.... ခြိမ်းခြောက် ... ညှင်းပန်း နှိပ်စက်နည်းမျိုးတွေဟာ ..... မရှိကို မရှိသင့်တောပါဘူး .... ဒေါ်ခင်မျိုးလွင် .. ဟာ အတော်လူမဆန်သော ဆရာမ လို့သာပြောပါရစေ ........ ဒါတောင် သူ့ ဆီမှာ ကလေးကို တစ်လ တစ်သောင်းခွဲနဲ့ ကျူရှင်ပုံမှန်ထားပြီး ...... လစဉ် ကန်တော့ ပစ္စည်း အမျိုးမျိုးနဲ့ ကန်တော့ နေတာပါ........ အဲဒီလို ကျူရှင်ထားတော့လည်း .. သူ့ကျူရှင် တစ်ခုတည်းမဟုတ်ပဲ .. နောက်ထပ်ကျူရှင်တစ်ခုပါတွဲယူခိုင်းပါသေးတယ်......ကဲ ထားပါလေ...

ကိစ္စ က အဲဒီလောက်နဲ့ မပြီးသေးပါဘူး .... ဒီတော့ ... ကလေးကို အဲဒီလိုဆွဲခေါ်တဲ့ အခါ.. မောင်လမင်းခန့်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း အဲဒီအမှောင်.ခန်း ထဲမှာ အခြား ကလေးနှစ်ယောက်နဲ့ အတူ အပိတ်ခံရဖူးပါတယ်...... ဒါကြောင့်ကြောက်လွန်း လို့ သူစာကူးပါတော့ မယ်ဆိုပြီး ငိုယိုတောင်းပန်ရှာပါတယ်... ဒါကိုဒေါ်ခင်မျိုးလွင်က .. မရမက... အတင်း ဆွဲခေါ်တာကြောင့် လက်ထဲမှာ ပါလာတဲ့ ခဲတံ နဲ့ ဆရာမ ရဲ့ တင်ပါးကို ထိုးမိပါတယ်...... အဲဒီ အခါ... ဒေါ်ခင်မျိုးလွင်လည်း အတော်နာသွားမယ် ထင်ပါတယ်..... ဒေါသတကြီးနဲ့ ကလေးကို ဆွဲဆောင့် ရိုက်နှက်တော့တာ ပါပဲ ........ ပြောစရာကျန်ခဲ့တာက .. ကလေးက ပန်းနာရင်ကျပ်ရှိပါတယ်.. ဒီလိုပန်းနာရင်ကျပ်ရှိတဲ့ ကလေးကို .... ဒီလိုလုပ်တယ်ဆိုတာ အတော်တော့ ... စိတ်ပျက်ဖို့ ကောင်းပါတယ်.......

နောက်ဆုံး ကလေးမှာ .... မျက်နှာမှာ လက်ငါးချောင်းနဲ့ ရီုက်ထားတဲ့ အရာနဲ့ .. အစင်းခြစ်ရ နှစ်ရာ ... (ကလေးကို ပါးပိတ်ရိုက်တဲ့ အခါ ... လက်သည်းနဲ့ ပါခြစ်မိပုံရပါတယ်... )နားရွက် တစ်ဘက် နီယောင်နေခြင်း .... လက်ဝဲဘက်မျက်စိနားမှာ .... ညိုမည်းဒဏ်ရာ တစ်ချက်..... နဲ့ လက်ဖျံမှာ ... သွေးစိုးနေတဲ့ အပေါက် တစ်ခုတို့ စတဲ့ ဒဏ်ရာတွေ ရလာပါတော့တယ်.......

ဒါတောင် အဲဒီဖြစ်တဲ့ နေ့ က ကျောင်းလာကြိုတဲ့ ကလေးမိဘကို ဒေါ်ခင်မျိုးလွင်က .... (ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ် )လို့ ကျောင်းကြိုလာတဲ့
မိဘများနှင့် ကလေးများရှေ့မှာ ပြောပါတယ်..
နောက်ပြီး .....

“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး”

လို့လည်း ပြောလိုက်ပါတယ်....(

(.နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ် ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုဘူး )

စဉ်းစားကြည့်စေချင်ပါတယ်... ဒါဟာ ကျောင်းဆရာမ ပြောရမယ့် စကားပါလား ......... ဒေါ်ခင်မျိုးလွင်လို နှုတ်ကြမ်းတဲ့ ဆရာမ မျိုး.... စိတ်ဓာတ်အောက်တန်းကျတဲ့ ဆရာမ မျိုးကတော့ ..... အတော်လေး ... ရှာမှ ရှားပါပဲ ....

ဒီကိစ္စ ကို ... ဆရာမကြီး ကိုတိုင်တဲ့ အခါလည်း ... ဆရာမကြီး က .. အရေး ယူပါမယ်လို့ ပြောပါတယ်..... အခုထိတော့ ဒေါ်ခင်မျိုးလွင်ဟာ ပိုနေမြဲ ကျားနေမြဲပါပဲ ..... ဘယ်လိုတွေများ အရေးယူလိုက်တယ်ဆိုတာ မေးခွန်းထုတ်စရာပါ...... မေးလည်း မေးပါတယ်.. ဆရာမကြီး အနေနဲ့ ဘယ်လိုများ အရေးယူပါသလဲ ဆိုတော့ .. ဒါက ဌာနတွင်းက ကိစ္စ မို့ အပြင်လူသိခွင့် မရှိပါဘူးတဲ့ ဗျာ ...... ကဲ ......စမ်းချောင်း (၂) က ဆရာမကြီးလည်း အတော်ရယ်စရာကောင်းတာပါပဲ ..... တရားဥပဒေမှတောင်.. .တရားခံကို ဘာပြစ်မှုချသလဲ ဆိုတာ..... ပွင့်လင်းမြင်သာစွာ အများပြည်သူက သိစေရပါတယ်.... အခု ဒီ ဆရာမ ဒေါ်ခင်မျိုးလွင်ရဲ့ အောက်တန်းကျပြီးရိုင်းစိုင်းတဲ့ .. အကြင်နာမဲ့ တဲ့ ... ကလေးတွေအပေါ်ရက်စက်တဲ့ အပြုအမှုတွေ အတွက်..... အရေးယူမှုကို ကာယကံရှင် မိသားစုကတောင် သိခွင့်မရှိဘူးတဲ့လား ....... စမ်းချောင်း (၂) မှ ကျောင်းအုပ်ဆရာမကြီး ဟာ ဒီလောက်ပဲ အသိပညာရှိသလား ..... အတော်ကလေး အံ့သြယူရပါတယ်...... ဒီတစ်ကျောင်းလုံးက ကလေးတွေ ဘ၀က ရင်လေးစရာပါပဲ .....

အခု ကလေးကိုလည်း ကျောင်းမလွှတ်ရဲတော့ပါဘူး ..... တိုင်သင့်တာတွေတော့လည်း တိုင်ထားပါတယ်....... အဓိ ကက တော့ ဗျာ .... ဆရာ ဆရာမ ဆိုတိုင်း ကျွန်တော်တို့ လေးစားမပေး.. ကြည်ညိုမပေး ...အနန္ဒ ဂိုဏ်းဝင်အဖြစ် မသတ်မှတ်ပေးနိုင်တော့ ပါဘူး .... ဒီလို ဒေါ်ခင်မျိုးလွင်လို ...ဆရာမ မျိုးကို .... ဘယ်လို စိတ်နဲ့ ကန်တော့ ရမလဲ ... လေးစားကြည်ညိုရမလဲ .. ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရမလဲ .. ..... မစဉ်းစားတတ်အောင်ပါပဲ .....

ဒီလို ဆရာမမျိုးကို .... ကျွန်ေတာ်တို့ ဆရာမ အဖြစ် ဆက်ခေါ်သင့်ပါသေးလား?

မေးခွန်းတွေရဲ့ အဖြေကို ဒေါ်ခင်မျိုးလွင်ဘယ်လိုဖြေမလဲ ကျွန်ေတာ် တကယ်နားထောင်ကြည့်ချင်ပါတော့တယ်ခင်ဗျာ ...........

BY :လင်းလွန်းညို

စာကြွင်း...

ကျွန်တော် ဒီစာကိုရေးတာ ဖွတယ်လို့ ထင်ကြပါလိမ့်မယ်.... ဟုတ်ပါတယ်.. ဖွပါတယ်....

သမ္မတကြီးနဲ့ ... ဒေါ်အောင်ဆန်းစုကြည်စကားအရ .... နိုင်ငံရဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ... ပြည်သူတွေက ပါ ၀ိုင်းဝန်းပြုပြင်ပေးဖို့ ... ပြောဖူးပါတယ်....

ဒါကျွန်တော့် တော် ပြုပြင်ပေးတာပါပဲ ....

ဖြစ်စဉ်အားပြောပြပေးသော ... ဒေါ် ခင်အိအိတင် အား အထူးကျေးဇူး တင်ပါတယ်.....

သတင်း... သတင်း... တကယ့် သတင်း

ရန်ကုန် ဆိပ်ကမ်းတစ်ခု က ကွန်တိန်နာထဲမှာ လက်နက်များ မိတယ်ဆိုတဲ့သတင်းကိုကြားမိပြီးနောက် ဘာဆိုဘာမှ ထပ်မကြားရတောပါဘူး ...... မြန်မာပြည်က အရေးကြီးသတင်းတွေဟာ ဇာတ်သိမ်းခန်း မပါတဲ့ ရုပ်ရှင်တစ်ကားလိုပဲ အစကလေးကြားရပြီးပျောက်ပျောက်သွားတတ်တဲ့ အစဉ်အလာက ခုထိရှိနေတုန်းပါပဲ ...

ကွန်တိန်နာဆိုတာ .... ပင်လယ်ကုးပြီးပို့ ပေးရတာမို့ တစ်ဘက်က ပို့ တဲ့လူ သို့ မဟုတ် ကုမ္ပဏီရဲ့ အမည် ... လိပ်စာ အကုန်ပါရမှာပေါ့ ... ဒီဘက်က လက

်ခံသူရဲ့ .. အမည်တွေ လိပ်စာတွေလည်း ပါရမှာပါပဲ .... မည်သူက မည်သူ့ကို မသိပို့လိုက်လေသတည်းလည်း လုပ်ရအောင်.... လက်တစ်ဆုပ်စာလောက်ပစ်လိုက်လို့ ရတဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး ......

ဒီတော့ သတင်းတွေ အမှောင်ချနေသ၍ ဒါ ဟာ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံပါလို့ .... လက်ခံထားလို့ မရသေးပါဘူး ....... ကိုယ်စကားနဲ့ ကိုယ့်အလုပ် ညီကြပါစေဗျာ ......

လင်းလွန်းညို

နေနိုင်ရင်နေ.. မနေနိုင်ရင်သွား ..

တစ်ချို့ မူဆလင်မိတ်ဆွေများ (အားလုံးမဟုတ်ပါ တစ်ယောက်စ နှစ်ယောက်စ ) က လည်း ဒီလိုပြောတယ်....

(ငြိမ်းချမ်းရေး အတွက် ဆန္ဒပြတော့ တရားစွဲတယ်..... လူသားချင်းစာနာစိတ်နဲ့ လာရောက်ကူညီချင်သူတွေကို ကန့်ကွက်ဆန္ဒပြတာကျ.... ခွင့်လွှတ်သတဲ့ )

ဒီတော့ .... ဒီလိုမျိုးနောက်နောင်လာပြောကြဦးမယ့် မိတ်ဆွေ တွေကို ပြောပါရစေ ..... ကျွန်တောတို့ ကန့်ကွက်နေတာ အကူအညီပေးမှုကို မဟုတ်ဘူး ရုံးစိုက်တာကို ကန့်ကွက်နေတာဖြစ်တယ်...... ရုံးစိ

ုက်စရာမလိုပဲ .... လူသုံးဆယ်လောက် သေတဲ့ ဒီကိစ္စ ကို ရုံးစိုက်ပြီး ထိုင်စောင့်ကြည့်ချင်တယ်ဆိုတော့ ... ဒီနိုင်ငံက OIC လာပြီးစောင့်ကြည့်ရလောက်အောင်... အချုပ်အချာ အာဏာ မဲ့နေတာ မဟုတ်ပါဘူး ..... နောက်တစ်ချက်ကတော့ ... OIC က ရိုဟင်ဂျာ တိုင်းရင်းသားသတ်မှတ်ရေးနဲ့ ခွဲထွက်ရေး မတောင်းပါဘူး လို့ ဘယ်သူက အာမခံနိုင်ပါသလဲ ..... (မင်းက ဒါကို ဘာသက်သေနဲ့ ပြောနိုင်သလဲ) လို့ မေးလာရင်.... ပြစရာက လွယ်လွယ်လေး .... ထိုင်းနိုင်ငံ တောင်ပိုင်း က .... ခွဲထွက်ရေးတောင်းနေသူ(Abu Yasir Fakri)ကို ပံ့ပိုးပေးနေတာ ကို သွားကြည့်ရင် အသိသာဆုံးပါပဲ ... ဒါထက်ကောင်းတဲ့ သက်သေ ဘယ်မှာသွားရှာမလဲ..... ဒီတော့ ကိုယ်လိုတာတွေ ဆွဲမပြောနဲ့ ဗျာ .... ကျွန်တော်က မြန်မာမွတ်ဆလင်တွေကို အသလွတ်လိုက်တိုက်ခိုက်နေရင်တောင်.... ၀င်ကာကွယ်ပေးခဲ့သူပါ....... အေး တစ်ခုတော့ ရှိတယ်.... ဒီနိုင်ငံမှာနေရင်.. .ဒိနိုင်ငံက ပြည်သူအများစုရဲ့ ဆန္ဒ အတိုင်း ရေးဆွဲထားတဲ့ လူ့ အခွင့်အရေး ဥပဒေနဲ့ ပဲနေရမယ်..... မကျေနပ်ရင်မနေကြနဲ့ ဗျာ ... ဒါပါပဲ ..... ဘယ်သူက မှ တားမထားပါဘူး ......

OIC ရေးဆွဲထားတဲ့ CDHRI ( Cairo Declaration on Human Rights in Islam) ဖတ်ပြီးကြပြီလား ..... သွားဖတ်ကြည့်လိုက်ပါဥိး ..... ပြီးမှ အဲဒီ အတိုင်းနေနိုင်မယ်ဆို .... ခင်ဗျားတို့ ကို ဆော်ဒီ ကနေ ကြိုဆိုနေလား သွားကြည့်လိုက်ဦးပေါ့ ..... ဒါပါပဲ ဗျာ ....

ပြည်သူ့ ဆန္ဒ

ကျွန်တော်တို့ တစ်မျိုးသားလုံး တစ်နိုင်ငံလုံးရဲ့ ကြိုးစားမှု ရလဒ်လို့ ပဲမြင်ပါတယ်... ပြည်သူဆန္ဒသာ အဓိက ဖြစ်ပါတယ်........ တစ်ခုပါပဲ ... မလှိမ့်တပတ်တော့မလုပ်ပါနဲ့ .... ပြည်သူမှာလည်း မျက်စိတွေ နားတွေ.. ဦးနှောက်အကြီးကြီး တွေနဲ့ ပါပဲခင်ဗျာ .... အခုလို ချက်ချင်းထုတ်ပြန်ကြေငြာပေးတာ ..... ၀မ်းသာပါတယ်......

ဆန္ဓပြပွဲ မှ အပြန်

ဆန္ဒပြပွဲ ကို တခဲနက်တက်ရောက်ခဲ့တယ်..... အော်လိုက်တာ အသံတွေပါဝင်တယ်..... မြန်မာ တို့ ရဲ့ စည်းလုံးမှုကလည်း တကယ် အားရစရာပါပဲ ..... အစည်းအဝေးလေး တစ်ခုရှိနေလို့ ခုမှ အိမ်ြ့ပန်ရောက်တော့ တယ်..... နေက ချစ်ချစ်တောက် ပူနေတော့ .... လမ်းလျှောက်ကြသူတွေ အတော်ပင်ပန်းတယ်.. အဆိုးဆုံးက တော့ ဘုန်းဘုန်းတို့ အတွက်ပဲ ..... နေသိပ်ပူတဲ့ အခါ .. အကာအကွယ်မရှိတော့ .... အတော် ဒုက္ခရောက်ရှာတယ်.... ဒါပေမယ့် လေးစားကြည်ညိုဖွယ်ကောင်း
တာက .... ဒီနေပူတာလောက်ကို ဘယ်သူမှ ဂရုစိုက်မနေပဲ ..... ဆန္ဒပြသူအင်အား လျော့သွားတာမရှိပဲ ပိုတိုးလာတာပဲရှိတယ်.......ဘယ်သူ မှ ခွဲမထွက်သွားခဲ့ဘူး ... OIC အလိုမရှိ..... အမျိုးဘာသာ .. ကာကွယ်ပါ... စတဲ့ ကြွေးကြော်သံတွေဟာ .... တို့ မြန်မာနိုင်ငံတိုင်းရင်းသားများ အားလုံးရဲ့ ..... ကိုယ်မြေကိုယ့်ရေကို ချစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ ဆိုတာ ပေါ်လွင်သွားပါတယ်....... နောက်ဥပုဒ် နေ့ များလည်း ထပ်မံ ဆန္ဒပြခဲ့ရင်..... နေပူပူ မိုးရွာရွာ လိုက်ဖို့ အဆင်သင့်ပါပဲ ခင်ဗျာ ....... စာရွက်တွေလည်း ဝေလိုက်ရတာ ... မိတ္တူ ငါးထောင်ဖိုး ဆွဲထားတာ လောက်တောင်မလောက်ဘူး ...... လမ်း မတော်မှ အကို များကလည်း .... ရေသန့် ဘူးအသေး ဘူး ငါးရာလောက်ကို ကားနဲ့ တင်ပြီး ... လိုက်ဝေပေးခဲ့တယ်...... ပြောချင်တာကတော့ ... နောက် တစ်ပတ် ဥပုဒ် နေ့ တကယ်လို့ ထပ် ဆန္ဒပြဖို့ လိုလာခဲ့ရင် ... ရေ အလှူရှင်များ ကို .. ဖိတ်ခေါ်ပါတယ်..... စီတန်းလှည့်လည်နေသူများဘေးကို ကားနဲ့ ရပ်ပြီး ဝေလို့ ရပါတယ်...... ဓာတ်ဆားထုတ်များလှူချင်ရင်လည်း ပိုအဆင်ပြေတာပေါ့ဗျာ ...... နေသိပ်ပူတော့ ...... ဓာတ်ဆားထုတ်လိုမျိုး တွေလိုမယ် လို့ ထင်ပါတယ်.........

ကျွန်တော်က OIC ကို မကန့်ကွက်ဖူးတဲ့လား

OIC ကို မကန့်ကွက်ဘူးလားလို့ လာမေးကြလို့ ပြန်ဖြေပါမယ်.....

OIC ကို ကျွန်တော် ကန့်ကွက်ပါတယ်.... ဒါပေမယ့် ကန့်ကွက်တာဟာ အစ္စလာမ်မစ် အဖွဲ့ အစည်းမို့ မဟုတ်ပါဘူး ...... သူ့လုပ်ရပ်နဲ့ သူ့ Plan တွေက .. တိုင်းပြည်နဲ့ လူမျိုးအတွက် အကြီးအကျယ်ထိခိုက်စေနိုင်လို့ ပါပဲ ..... ဒါလေးတော့ ကွဲပြားမှဖြစ်မယ်... ကျွန်တော်တို့ ဟာ ဘာသာရေး အရ တိုက်ခိုက်နေတာ မဟုတ်ပါဘူး..... အဓိက ကိုယ့်မြေကို သူများလက်ထဲ အပါမခံနိုင်.... ကိုယ

့် လူမျိုးကို တိုင်းတပါး သားတွေ ရက်စက်တဲ့ ဒဏ်က မခံနိုင်ခြင်းသာ ဖြစ်ပါတယ်......

ဘာသာရေးစစ်ပွဲဆိုတာကို သူတို့ ကသိပ်လုပ်ချင်နေတာပါ..... အခု OIC အဖြစ် ၀င်မရသေးတော့ ... Humanitarian Aids ဆိုတဲ့ အချိုးမျိုးနဲ့ လာပြန်ပါတယ်..... ဒီတော့ ... OIC ကိုပြောစရာ စကားက ရှင်းရှင်းလေးပါပဲ .... မင်းတို့ ဒီက မူဆလင် များအတွက် သိပ်ကူညီချင်တယ်.. .လူသားချင်းစာနာလွန်းလို့ ပါဆို မတားပါဘူး ကူညီနိုင်ပါတယ်..... အစားအသောက် ပေးနိုင်တယ်... နေထိုင်ဖို့ ပစ္စည်းများ ကူညီနိုင်တယ်.... ရုံးစိုက်ဖို့ မှမလိုပါပဲ .... ငွေကြေးတွေ ထောက်ပံ့ဖို့ မှ မလိုပဲ .... အဲ အဲဒီလိုလုပ်ြ့ပီးရင်တော့ ... အကြမ်းဖက်မှု မှာပါဝင်ခဲ့တဲ့ မူဆလင်များကို စစ်ဆေးရေး မှာလည်း .... စစ်စစ် မှန်မှန် ... ကူညီရလိမ့်မယ်.. ဒါကလည်း ရုံးစိုက်စရာမှ မလိုပဲလေ.. ဒီက စစ်ဆေးရေးကော်မတီ က ... မူဆလင် ကိုယ်စားလှယ်ကို ... လိုသလောက်လေး ထောက်ပံ့ရတော်ပြီပေါ့ ....

ဒီလောက်ဆို ကျွန်တော်တို့ မြန်မာတွေ လူသားချင်းမစာနာတာမဟုတ်ဘူးနော်.... ဆန္ဒပြနေတာလည်း .... လူသားချင်းစာနာတဲ့ အကူအညီတွေကို .... မပေးပါနဲ့လို့ ပြောတာမဟုတ်ဘူး ..... ရှင်းရှင်လေး .... အနှောင်အဖွဲ့ ကင်းတဲ့ အကူအညီပဲပေးဖို့ ပါပဲ ..... ဘာလူမှတောင်လာစရာမလိုဘူး .. အစားအသောက်နဲ့ .... နေထိုင်ဖို့ ပစ္စည်းတွေ လေယာဉ်နဲ့ သာပို့လိုက်.... ဟုတ်ပြီလား .. ဒီက ... မူဆလင်ကိုယ်စားလှယ်တွေ ဆီလွှဲပေးလိုက်ပေါ့ ....

ဒီတော့ ၁၅ ရက်နေ့ လုပ်မယ့် ဆန္ဒပြပွဲမှာလည်း ဘာသာရေး လူမှု အဖွဲ့အစည်းမို့ မထောက်ခံတာ မဟုတ်ပဲ ..... မလိုအပ်ပဲ ရုံးမစိုက်ဖို့ ဆန္ဒပြတာ သာ ဖြစ်တယ်.... သူတို့ Plan ကြီးကို လက်မခံနိုင်လို့ သာ ဖြစ်တယ်ဆိုတာ ပြတတ်ဖို့ လိုပါတယ်.... ဘာသာရေး စစ်ပွဲကို သူတို့ က လိုလားနေချိန်မှာ .. ကိုယ်က အစမဖော်မိဖို့ လိုပါတယ်......

ကဲဒီလောက်ဆို OIC နဲ့ ပါတ်သက်ပြီး ကျွန်တော့ သဘောထားကို မြင်လောက်ပြီထင်ပါတယ်... ၁၅ ရက်နေ့ ဆန္ဒပြပွဲကိုလည်း ကျွန်တော်သွားဦးမှာပါပဲ .....

လင်းလွန်းညို

တွေးမိသမျှ...

အမြင်မတူ တာတွေ ရှိသင့် တာပေါ့ ... သိပ်မှန်ပါတယ်.... ဒါပေမယ့် အမြင်မတူတဲ့ နေရာမှာ ရည်မှန်းချက်ချင်းတော့ တူဖို့ လိုပါတယ်... ဥပမာ ... ရန်ကုန်က နေ.. မန္တလေးကို သွားတဲ့ အခါ.... ရထားနဲ့ သွားမှာလား ... ကားနဲ့ သွားမှာလား ဆိုတာကို သဘောထားကွဲလွဲနိုင်ပါတယ်... အဓိက ကတော့ Destination ဖြစ်တဲ့ မန္တလေး ကို ကျွန်တော်တို့ ရောက် သွား ဖို့ ပဲ မဟုတ်လား ..... အဲ အဲဒီ ထဲမှာမှ... မရဘူး ကွာ ငါကတောု့ လမ်းလျှောက်ပဲ သွားမယ်..... ပြီးတော့ လမ်းကို နောက်ပြန်ပဲလျှောက်မယ်ဆိုရင်တော့ ... အဲဒီလို အမြင်မတူမှုကို ထားခဲ့ရပါတော့မယ်..... ဒါဟာ အမြင်မတူတာမဟုတ်တော့ဘူး .... ကန့်လန့်တိုက်တာဖြစ်သွားပြီ..... သူဘယ်တော့မှ မှ မန္တလေးမရောက်နိုင်တော့ဘူးလေ......