Wednesday, October 17, 2012

သတင်း... သတင်း... တကယ့် သတင်း

ရန်ကုန် ဆိပ်ကမ်းတစ်ခု က ကွန်တိန်နာထဲမှာ လက်နက်များ မိတယ်ဆိုတဲ့သတင်းကိုကြားမိပြီးနောက် ဘာဆိုဘာမှ ထပ်မကြားရတောပါဘူး ...... မြန်မာပြည်က အရေးကြီးသတင်းတွေဟာ ဇာတ်သိမ်းခန်း မပါတဲ့ ရုပ်ရှင်တစ်ကားလိုပဲ အစကလေးကြားရပြီးပျောက်ပျောက်သွားတတ်တဲ့ အစဉ်အလာက ခုထိရှိနေတုန်းပါပဲ ...

ကွန်တိန်နာဆိုတာ .... ပင်လယ်ကုးပြီးပို့ ပေးရတာမို့ တစ်ဘက်က ပို့ တဲ့လူ သို့ မဟုတ် ကုမ္ပဏီရဲ့ အမည် ... လိပ်စာ အကုန်ပါရမှာပေါ့ ... ဒီဘက်က လက

်ခံသူရဲ့ .. အမည်တွေ လိပ်စာတွေလည်း ပါရမှာပါပဲ .... မည်သူက မည်သူ့ကို မသိပို့လိုက်လေသတည်းလည်း လုပ်ရအောင်.... လက်တစ်ဆုပ်စာလောက်ပစ်လိုက်လို့ ရတဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး ......

ဒီတော့ သတင်းတွေ အမှောင်ချနေသ၍ ဒါ ဟာ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံပါလို့ .... လက်ခံထားလို့ မရသေးပါဘူး ....... ကိုယ်စကားနဲ့ ကိုယ့်အလုပ် ညီကြပါစေဗျာ ......

လင်းလွန်းညို

No comments:

Post a Comment