Friday, August 3, 2012

ကြိုး (မူရင်း)

ဒါက ကျွန်တော့ " ကြိုး" ရဲ့ မူရင်းကဗျာလေးပါ..ကဗျာအသစ်ကို စကားလုံးအနည်းငယ်ပြောင်းထားပြီး ပထမတင်ပေးခဲ့ဖူးပါတယ်.... အခု အသက် ၂၇ နှစ်အရွယ်ရဲ့ ခံစားမှုပေါ့လေ... .. ဒါလေးကို လွန်ခဲ့ တဲ့ ခုနစ်နှစ်လား ရှစ်နှစ်လား မမှတ်မိတော့ ပါဘူး ကျွန်တော်အသက်နှစ်ဆယ
်ဝန်းကျင်လောက်က ရေးထားတာပေါ့ ... သူငယ်ချင်းတစ်ယောက်က .. သတိတရ .. သူ့ ကဗျာ စာအုပ်လေးထဲမှာ ထည့် သိမ်းပေးထားပြီး .. ဒီနေ့ ... မှ Msg ပို့ ပေးလိုက်တာ ကြောင့် အမှတ်တရလေးမို့ ..တင်ပေးလိုက်ပါတယ်..... အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ခံစားမှု လေးကို ခန့်မှန်းနိုင်ပါတယ်ခင်ဗျာ ....
ဒီကဗျာလေးအတွက် Zay Yar Lynn ကို အထူးကျေးဇူး တင်ပါတယ်....

ကြိုး
==

ရစ်နှောင်လွန်းလေစွ...
ခွန်မဲ့.....အားမဲ့လောက်အောင်

တင်းထန်လွန်းလေစွ...
ရုန်းမဲ့.....ခတ်မဲ့လောက်အောင်

ယှက်နွယ်လွန်းလေစွ...
ဖြေခဲ.....ဖျက်ခဲလောက်အောင်

ချည်ရစ်တော့ချစ်သူ...
အလစ်အငိုက်ကို...စောင့်မနေပါနဲ့
အလွမ်းချေးအထပ်ထပ်နဲ့
စောင်းအိုတစ်လက်
ချည်ရစ်ပါတော့...

ခွေခေါက်သိမ်းဆည်းခဲ့ရတဲ့နှစ်တွေအတွက်
ငါ့နံနက်တွေကိုအပြစ်တင်ပါ
ငါကိုယ်တိုင်တောင်
အလိုက်မသိတာလား.....မသိလိုက်တာလား

အားမရှိတော့ဘူး...

အခွင့်မရှိတော့ဘူး...

ဟုတ်စွ...
တကယ့်ကို....အခွင့်မရှိတော့ဘူး

ဒီလိုနဲ့
တစ်ရစ်ပြီး...တစ်ရစ်
ငါလည်း....ဆက်ထုံးတွေကြားမှာ..နစ်။ ။

by: လင်းလွန်းညို

No comments:

Post a Comment