Thursday, August 2, 2012

ကိုယ့်အိမ်တံခါးကိုယ် သော့လုံလုံခတ်ပြီးပြိလား



မနေ့ည လောက်က ပဲ ကျွန်တော့ ရဲ့ မိတ်ဆွေကြီး Lon Ely ရဲ့ အကောင့် ပျက်ဆီးသွားပါတယ်… အားလုံး သိပြီးသားဖြစ်တဲ့ အာကာဟိန်း ကို မိန်းကလေးများ ပုံအား မဟုတ်ကဟုတ်က မတင်ဖို့ အကြောင်း ပြောရာကနေငြိတယ်လို့ ပြောပါတယ်.. နောက်သိပ်မကြာခင်မှာပဲ သူ့ အကောင့် တိုက်ခိုက်ခံရတော့ တာ ပါပဲ …. အခုတော့ သူ့ရဲ့ friend 5000 ကျော်ရှိနေတဲ့ အကောင့် တစ်ခု လုံးသွားပြီပေါ့ …..

အခုလိုသတင်းကြားရတာ ဒါပထမဆုံးမဟုတ်ပါဘူး … ရှေ့မှာလည်း ကျွန်တော့မိတ်ဆွေတွေ … ခဏခဏအဲဒီလိုဖြစ်ပ
ါတယ်… ကိုယ့်အကောင့်လုံးဝပျက်ဆီးသွားတဲ့အထိတိုက်ခိုက်ခံရတာ .. ကိုယ့်အကောင့်ကို ဟက်ခ်လိုက်ပြီး ကိုယ့် ပုံစံနဲ့ ဒေါ်စုပုံတွေ NLD မကောင်းကြောင်းတွေကို မဟုတ်က ဟုတ်က တင်တာ …. ဒေါ်စုပုံကို မပေါ့တပေါ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်ပြီး ကိုယ့်ပုံစံ နဲ့ .. Group တွေမှာလိုက်ရှဲတာ … နောက့်ပြီး …. အဲဒီလို ပုံမျိုးတွေမှာ ကိုယ့်ကို Tag လုပ်ခံရတာ…နောက်ကိုယ့်ဓာတ်ပုံတွေကို …. အယူခံလိုက်ရပြီး စာတန်းတွေ မဟုတ်ကဟုတ်က စာတွေ… ကိုယ့်ရည်းစားဓာတ်ပုံမှာလည်း ဒီလိုတွေရေးပြီး တင်ခံရတာ …. အစုံအစုံ ပါပဲ ….

ဒါတွေဘာလို့ ဖြစ်နေတာ ပါလဲ …. အရှင်းဆုံးစကားပြောရရင်တော့ ကိုယ်တွေက သူတို့ နဲ့ ပတ်သက်ထားမိလို့ ပါပဲ…

ဒီ facebook ပေါ်မှာ friend များလေ ကောင်းလေ ဆိုပြီး တွက်သူတွေလည်း ရှိပါလိမ့်မယ်… ဒိတော့ လာ add လုပ်သမျှသော လူအားလုံးကို …. ကိုယ့်လိုပဲလို့ သဘောထား ပြီး သောင်းသောင်းဖျဖျ ဘာအစစ်အဆေးအမေးအမြန်းမှ မရှိလက်ခံထားလိုက်ပါတယ်….အဲဒါက ပထမဆုံးကိုယ့်အပစ်ပါပဲ … အဲဒီ လာအက်သူတွေထဲမှာ … စောစော ကလို လူစားမျိုးတွေ ပါနေလို့ ကတော့ အပင်ပန်းခံ ဟက်ခ်စရာတောင်မလိုပဲ …. ကိုယ်ပုံတွေ အကုန်ကို လွယ်လင့်တကူယူပြီး လုပ်ချင်တိုင်းလုပ်တော့မှာပါ….. အိမ်တစ်အိမ်မှာ တံခါးကို သောမခတ်ပဲ ဟင်းလင်းဖွင့်ထားလို့ သူများ ၀င်ခိုးသွားတယ်ဆိုရင် … သူခိုးအပြစ်က ၅၀% ဆို အိမ်ရှင်မှာလည်း ၅၀% အပြစ်ရှိပါလိမ့်မယ်…. ကိုယ်တံခါးကိုတော့ ကိုယ်လုံအောင်ပိတ်ဖို့ လိုပါတယ်…

နောက်တစ်မျိုးလည်းရှိပါသေးတယ်….ဘယ်သူတွေမကောင်းဘူး ဆိုတာသိတယ်.. ဘယ်အကောင့်က ရိုဟင်ဂျာ အကောင့် ဘယ်အကောင့်က စစ်ခွေးအကောင့် ဘယ်အကောင့်က ဘာဆိုတာ သိသိနဲ့ လက်ခံထားတဲ့ သူပါ….. သူတို့ ကို ကျွန်တော်မေးပါတယ်… ဘာလို့ လက်ခံထားတာ ပါလဲဆိုတော့ …. ဒီကောင်တွေ ဘယ်လိုခြေလှမ်းလှမ်းတယ်ဆိုတာ သိချင်လို့ ပါတဲ့ ခင်ဗျာ …..

သေချာပြန်စဉ်းစားကြည့်ပါ… အဲဒီ မဟုတ်တာလုပ်တဲ့လူတွေက ဒီ facebook ကို ဘာလို့ သုံးတာ ပါလဲ … သတင်းနဲ့ အချက်အလက်ဖြန့်ဝေဖို့ပါ….. ဒီတစ်ခုတည်းပါပဲ ….ဒီတော့ ကိုယ်က သူ အက်ထားတာကို လက်ခံထားလေ… သူ့ ရည်မှန်းချက်က အောင်မြင်လေလေပါပဲ ….. သူက ကိုယ့်ကို သိစေချင်တာ ဒေါသထွက်စေချင်တာ ကို တင်မယ်မှန်းသိသိကြီးနဲ့ ကိုယ်က လက်ခံပြီး သူပြောသမျှခံနေတာ လေ…. ဒီကြားထဲ ကိုယ့် ကိုများ သူ့ ဓာတ်ပုံတစ်ပုံမှာ Tag လုပ်လိုက်လို့ကတော့ … သူတို့ အတွက် သာကောင်းပေါ့ဗျာ …. ကိုယ်သူငယ်ချင်းတွေအကုန်လုံးလည်း သိပြီးဖြစ်…. သူတို့ အကြံအောင်ပြိပေါ့ …. ဒီတော့ မြွေပွေးမှန်းသိသိနဲ့ …. ငါ့ဘယ်လိုပေါက်မလဲသိချင်လို့ ခါးပိုက်ပိုက်ထားတာ ကတော့ … အတော်ကလေး … စိတ်ပျက်စရာပါပဲ … ပေါက်တော့မှ ပဲ ဟိုလူလုပ်ပါ.. ရှဲပေးကြပါ.. လုပ်လာကြပါတယ်……

ဒီတော့ ဘုမသိဘမသိ .. သူငယ်ချင်းများချင်တာ ချည်းသက်သက် သိတဲ့လူတွေ….. သိသိကြီးနဲ့ အက်ထားတာ ကို လက်ခံပြီး ဒင်းဘာလုပ်မလဲစောင့်ကြည့်ချင်သူတွေ ရှိနေသရွေ့ ….. သူတို့ လုပ်ငန်းကြီးဟာ ဆထက်တံပိုးတိုးပြီးအောင်မြင်နေမှာပါပဲ … သူတို့ လိုချင်တဲ့ သတင်းဖြန့်ဝေမှုကြီးလည်း အဆင်ပြေ … ကိုယ်တွေဒေါသထွက်တာကိုလည်း ပြုံးပြုံးကြီးထိုင်ကြည့်ပေါ့လေ…… ဥပမာ ကိုယ့်ကို ဆဲမယ်ဆိုတဲ့လူရှေ့မျက်နှာပြ အဆဲခံနေသလိုပေါ့ ….

နောက်တစ်ချက်သိထားသင့်တယ်ထင်လို့ ပြောပါမယ်… အခုလို မမှန်သတင်းလွင့် … မဟုတ်တာ လုပ်နေတဲ့လူတစ်ယောက်ဟာ … သူ့ ပုံကို သူပြရဲလေ့မရှိပါဘူး….. လူပဲဗျာ .. အပြင်မှာတွေ့လို့ မျက်နှာတံတွေးနဲ့ လာထွေးမှာတော့ ကြောက်တာပေါ့….. စစ်ခွေးတွေတောင် … သူတို့ ဆီမှာ အကောင့်တွေကို နှစ်ခုသုံးခုလုပ်ထားတတ်ပါတယ်…. တစ်ခုက ပြည်သူ တွေကို ဆဲဖို့ … မမှန်သတင်းလွှင့်ဖို့ …. အရှက်မရှိတာတွေအကုန်လုပ်ဖို့ ….နောက်တစ်ခုကတော့ …. သမ္မတကြော်ငြာလုပ်ဖို့ ….ခပ်တည်တည်နဲ့ သမ္မတကြီးဘက်တော်သားလူခန့်လူတည်ကြီးလုပ်ဖို့ ….. ဥပမာ မင်းသူနဲ့ သွေးသစ္စာ လိုပေါ့ .. အမှန်ကတော့ တစ်ယောက်တည်း .. ဒါပေမယ့် အကောင့် က နှစ်ခု…. နှစ်ခုလုံးမှာလည်း သူ့ ပုံတွေ မတင်ရဲပါဘူး ….
ဒီတော့ အာကာဟိန်း အကောင့်က profile ပုံဟာ အဲဒီလူအစစ်လို့ သင်ထင်ပါသလား .. လူတစ်ယောက်ရဲ့

ဓာတ်ံပုံသုံးလေးပုံလောက်ရှိနေရင်….. ကောင်းကောင်းလုပ်လို့ရပြိပေါ့ …. ဒါမှမဟုတ် အကောင့်တစ်ခုကို ဟက်ခ်ထားလိုက်ရင် ..အဲဒီ အကောင့် ကပုံတွေအကုန်ကိုယ့်ပုံပဲပေါ့ …. ဒီတော့ ဓာတ်ပုံတွေကို မယုံစားပါနဲ့ အာကာဟိန်း ပုံနဲ့ မဟုတ်ပဲ နောက်အကောင့်သစ်တစ်ခုနဲ့ ကိုယ့်ဆီလှည့်ဝင်လာရင် ဘယ်လို ကိုယ်သိနိုင်မလဲ ….. ဟုတ်ကဲ့ ကိုယ့် အကောင့်လုံခြုံရေးအတွက် ကျွန်တော်တို့ တစ်ခုခု လုပ်မှဖြစ်ပါတော့မယ်…….

ကဲဒိတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ……

ဟုတ်ကဲ့ ပထမဆုံးပြောချင်တာ ကတော့ … ကိုယ့်အကောင့် privacy ကို ကိုယ်ချိန်းထားဖို့ ပါပဲ …. မိတ်ဆွေများ အနေနဲ့ အခုလက်ရှိအကောင့် ဟာ privacy setting မှာ public ဖြစ်နေမယ်ဆိုရင်…. အဲဒီလူတွေက မိတ်ဆွေကို လာအက်စရာတောင်မလိုပဲ .. မိတ်ဆွေရဲ့ ဓာတ်ပုံ ကိုယ်ရေးအချက်အလက်…. အကုန်အကုန်ကို လွယ်လင့်တကူမြင်နိုင် ယူသုံးနိုင်မှာဖြစ်ပါတယ်….. ဟက်ခ်တာက မှ ပင်ပန်းနေပါဦးမယ်….
တကယ်လို့ privacy setting ကို friend ကို ချိန်းထားလိုက်ရင်တော့ ကိုယ့်သူငယ်ချင်းများ ကပဲ … ကိုယ့် ဓာတ်ပုံ များ ကိုယ်ရေးအချက်အလက်များ .. ကိုယ်တင်သမျှ post များ …. အားလုံးကို မြင်နိုင်ပါတယ်… လွယ်လွယ် ပြောရရင်တော့ .. အပြင် add friend မလုပ်ထားတဲ့လူ ဘယ်သူမှ မမြင်နိုင်ပါဘူး …. ဒိကိစ္စက .. ကိုယ့်ပုံလှလှလေးတွေတင်ပြိး …. သူငယ်ချင်းတွေ အများကြီးရှာတတ်တဲ့ ညီငယ်ညီမငယ်များ အတွက်ကတော့ နည်းနည်း ကသိကအောင့်ဖြစ်ပါလိမ့်မယ်… ဒါပေမယ့် သိစေချင်တာ က … ကိုယ်လှတာ လူမသိခင်….. ကိုယ့်ကို သိက္ခာ အချခံလိုက်ရမယ်ဆိုတာ ကိုပါပဲ …..

Privacy setting ကိုချိန်းတာ သိသူတွေရှိသလို မသိသူများလည်း ရှိတတ်တာမို့ လုပ်ပုံလုပ်နည်းလေးပြောပါမယ်….. ကျွန်တော်တို့ facebook page ရဲ့ အပေါ်ဆုံး ညာဘက်ထောင့်နားမှာ … Homeဆိုတာလေးတွေ့ပါမယ်… အဲဒီဘေးကပ်လျက်မှာ down arrow လေးရှိပါတယ်…. အဲဒါလေးနဲ့ ကျွန်တောတို့ log out လုပ်လေ့ ရှိတယ်လေ… အဲဒီထဲမှာ privacy setting ထဲကို ၀င်…. ဒါဆိုရင်…. ပြင်လို့ ရပါပြီ….. public.. friend …နဲ့ customs ထင်ပါတယ်… အဲဒီ သုံးခုတွေ့ပါမယ်… အလယ်က friends ကိုရွေးထားပေးရင် ရပါတယ်…..ပြိးရင် save လုပ်ပြီးထွက်လိုက်ရုံပါပဲ….. ဒါဆို ကျွန်တော်တို့ ရဲ့ အချက်အလက်… ဓာတ်ပုံတွေ အားလုံးကို .. ကိုယ့်သူငယ်ချင်းတွေကလွဲပြီး.. ဘယ်သူမှ မမြင်နိုင်တော့ ပါဘူး………
ဒုတိယ လုပ်ရမှာကတော့ ….. friend များကို စိစစ်လက်ခံခြင်းပဲဖြစ်ပါတယ်…..

ဒီပေါ်မှာ တစ်နေ့ ကို frd request ၅၀ ကျော် ၆၀ နီးပါးရနေသူတွေတောင်ရှိပါတယ်…. ကဲဒါဆို အဲဒါတွေအကုန်လုံး ဖွင့်မစစ်နိုင်လို့ …. အကုန် confirm ကွာဆိုပြီးလုပ်လိုက်တော့ မလို့ လား……. မလုပ်ပါနဲ့ ခင်ဗျာ….. အဲဒါဟာ အရေးအကြီးဆုံးပါ…. ဖြစ်နိုင်ရင် .. အေးအေး ဆေးဆေး တစ်ယောက်ချင်းစီကို တစ်ချက်လောက် ဖြစ်ဖြစ် သူတို့ timeline လေးကို ၀င်ကြည့်လိုက်ပါ……. ကိုယ့်ကို ဒုက္ခပေးမယ့် လူတွေရဲ့ လက္ခဏာတွေကတော့

၁ profile ပုံအမှန်မတင်ထားခြင်း….နာမည်မှန်မဟုတ်… (့ဥပမာ …. သွေးသစ္စာ…. အလာဟ် အရှင်တော်မြတ်နှင့် တွေ့ဆုံချိန် ထိုခဏ၀ယ် စသဖြင့်ပေါ့)

၂ သူငယ်ချင်းနည်းနေပြီး ရှိတဲ့ လူတစ်ရာကျော်လောက်ဟာ တစ်လအတွင်းမှာ အက်ထားခြင်း….

၃ public လုပ်ထားခြင်း…. (ဒါမှ သူဖြန့်သမျှက အကုန်လုံးဆီပြန်နိုင်မယ်မဟုတ်လား )

၎ ဒါကတော့ အရှင်းလင်းဆုံးပါပဲ … သူ့ ပို့စ်တွေကို တစ်ချက်လောက်ကြည့်လိုက်ပါ…. ဒါဆိုပြီးပြီပေါ့

ဒီထက်ကောင်းတဲ့ အချက်ကတော့ … Message ပို့ ခိုင်းတာ ပါပဲ … စကားနည်းနည်းပြောကြည့်လိုက်ရင်… သိသာပါလိမ့်မယ်..
ဘယ်လိုလူမျိုးဆိုတာ … ဒီတော့ …. ကိုယ့် ကိုယ်ကို လူသိများ ဖို့ ထက် … အရှက်မကွဲဖို့ ကပိုအရေးကြီးတယ်လို့ ထင်ပါတယ်….. လူသိများ ချင်ရင်…

ကိုယ့် ပို့စ်လေးတွေ လူတကာသိစေချင်ရင်. . သူငယ်ချင်းသိပ်များစရာမလိုပါဘူး …. သူငယ်ချင်းများ ပြီးသားလူတွေသာ ကိုယ့်အကောင့်ထဲကောက်ထည့်ထားလိုက်ပြီးရင် ..တင်သမျှ ပို့စ်တွေမှာ tag ပေးလိုက်ပါ… ဒါဆိုလည်း လူသိများလာမှာပါပဲ……..

ကဲ ဒါဆို နောက်ဆုံး အချက်ကိုပြောပါမယ်… လုံးဝအားမနာပါနဲ့ Block လုပ်ပါ…..

Block ရဲ့ သဘောတရားဟာ … ကိုယ်Block လုပ်ထားသူနဲ့ ကိုယ်ဟာ ဘယ်တော့မှ ဒီ facebook ပေါ်မှာပြန်မတွေ့နိုင်တော့ပါဘူး …အလုံခြုံဆုံးအလုပ်ပါပဲ …..ဒါကို ပြောရတာ က သိနေပြီးသားလူတွေရှိသလို မသိသေးတဲ့လူတွေလည်း ရှိတာကြောင့်ပါ…

Blockလိုက်ခြင်းအားဖြင့် ….နံပါတ် တစ်အနေနဲ့ သူတို့ အခုလုပ်နေတဲ့ သတင်းဖြန့်ဝေမှုတွေ ဆက်လုပ်လို့ မရတော့ ပါဘူး …. စဥ်းစားကြည့်လေ… ရေဒလဟော ထွက်နေတဲ့ အပေါက်မှာ ခံမယ့်ခွက်မှ မရှိရင်… အဲဒီရေဟာ သဲထဲရေသွန်ဖြစ်သွားပြီပေါ့….. အဲဒီလိုလူမျိုးကို အားလုံး ၀ိုင်းဘလောဂ့်ထားဖို့ လိုပါမယ်…..

နံပါတ်နှစ်ကတော့ ကိုယ့် အကောင့်ဟာ ဒီလို ပေါက်ပန်းသေးတွေနဲ့ မဆက်နွယ်နေတော့ တဲ့ အတွက်…. အေးအေးဆေးဆေး စိတ်ချလက်ချ သုံးနိုင်ပြိပေါ့ဗျာ ….. ကိုယ့် ကို သူတို့ ရဲ့ ပေါက်ပန်းလေးဆယ် ပို့စ်တွေမှာလည်း တက်ခ်လုပ်မှာ မကြောက်ရတော့ဘူးပေါ့ ……

ဘယ်သူ့ကို ဘလော့ရမလဲကတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ…. ဒီပေါ်မှာ ရိုဟင်ဂျာ .. ဘာသာရေးအစွန်းရောက်…. စစ်ခွေး ….. သွေးထိုးသူ … စသဖြင့် အမျိုးစုံပါပဲ … ကိုယ်က ရိုဟင်ဂျာကို မုန်းတယ် စစ်ခွေးတွေကိုတော့ ခင်တယ်ဆိုလည်း .. ရပါတယ်…. ကိုယ့်ကိစ္စနဲ့ ကိုယ်ပါပဲ

ကျွန်တော်ကတော့ အဆင်မပြေသူအားလုံး ကို block ထားပါတယ် အကောင့် ကာကွယ်ရေးပါပဲ….

ဒီတော့ … ကိုယ်သိပ်မသင်္ကာဘူး …. ကိုယ့်ကိုလည်း လာအက်ထားတယ်…. Post များ ဟာလည်း အဆင်မပြေ ဘူး .. ဘာသာရေးတိုက်ခိုက်ထားတာ ….. နိုင်ငံရေး အပုတ်ချထားတာ စသဖြင့် ဖြစိနေမယ်ဆိုရင်.. ကိုယ်ကဦးအောင် ဘလော့ဂ်လုပ်ပါ….. ငါ့ကို မထိသေးဘူးလေ… ငါနဲ့ လည်း စကားမပြောဖူးသေးဘူး ငါနဲ့လည်း မသိဘူး .. သူငယ်ချင်းလည်း မဟုတ်ဘူး …. ဒီတော့ ငါနဲ့ ဘာမှ မဆိုင်ဘူးဆိုပြီးဒီတိုင်းလွှတ်မထားပါနဲ့ … Block လုပ်ထားမှ ကိုယ့်အတွက်လုံခြုံမှာပါ…. ၀ရမ်းပြေးတစ်ယောက်ထွက်ပြေးနေတာ ကို … ငါနဲ့မဆိုင်ဘူးလုပ်နေပြီး ကိုယ့်အိမ်ထဲရောက်လာမှ အသိနောက်ကျတာမျိုးဖြစ်နေရင်တော့ … ခက်ပါလိမ့်မယ်…..

နောက်ပြီး .. စောစော က … သိတော့ သိတယ် ကျွန်တော်ကတော့ ဒီကောင်တွေကို ဖဲ့ချင်သေးတာ … ဆိုရင်လည်း ကိုယ့် personal နဲ့ ပတ်သက်တာလေးတွေ အားလုံး ကိုယ့် အကောင့်ထဲကနေသာ ဆွဲထုတ်ထားလိုက်ပါ…… စိတ်ချရအောင်ပေါ….

.နောက်တစ်ချက်မှာချင်သေးတာ က …. ဒီကောင်တွေ မျှဝေနေတဲ့ ပို့စ်တွေကို ပြန်ပြီး မြန်မာလိုတွေရေးသားမျှဝေနေတဲ့ ကိစ္စပါပဲ …ဥပမာ ရိုဟင်ဂျာတွေ တင်ထားတဲ့ ပုံတစ်ပုံကို … သတင်းမှားတစ်ပုဒ်ကို …… (ဒီမှာကြည့်ပါဦးဗျာ …. ဒီလိုတွေသတင်းမှားတင်ထားတယ်. . ဒီလင့်ခ်မှာ ပါ… အားလုံးအမြန်ရှဲပေးကြပါ ဆိုမျိုးပေါ့).. တကယ်တော့ …. အဲဒီလိုလုပ်တာ ဘာအကျိုးထူးသွားတယ်လို့ သင်ထင်ပါသလဲ …. ဘာတွေ အကျိုးယုတ်သွားတယ်လို့ သင်ထင်ပါသလဲ …. ပြီးခဲ့တဲ့ တလောလောက်ကပဲ … ကျွန်တော့ ပို့စ်တစ်ခုအောက်မှာနိုင်ငံခြားသားတစ်ယောက်က ၀င်ပြီး comment ရေးသွားပါတယ်….. ကျွန်တော်တင်ထားတဲ့ ပုံက … ဘင်္ဂါလီတွေ ဒုတ်ကုင်ဓါးကိုင်နဲ့ မောင်တော မှာအရေးအခင်းစဖြစ်ကာစက ပုံပါ…. အောက်က စာကတော့ မြန်မာလိုပေါ့…..ဒိတော့ သူက ပြောပါတယ်…

.( အဲဒါ ဘာဖြစ်နေတာလဲ …ဘယ်နိုင်ငံမှာလဲ ….. မင်းရေးထားတာတွေအားလုံးကို ငါလေးထောင့်တုံးလေးတွေပဲမြင်ရတယ်….. )

လို့ ဆိုပါတယ်…. ဒီတော့ သူ့ကို ဘိုလိုပြန်ရှင်းပေးရပါတယ်…… အဲဒီတော့ post ရှဲသူတွေ အနေနဲ့ သိထားရမှာက …. ကိုယ်တင်လိုက်တဲ့ ရှဲတဲ့ ရိုဟင်ဂျာသတင်းမှားကို ကိုယ့်နိုင်ငံက လူတွေမြင်လို့ ဆတ်ဆတ်ခါနာတာထက်….. တခြားနိုင်ငံကလူတွေ မြင်သွားပြီး သတင်းပိုပြန့် ပို အဟုတ်ထင်သွားမှာက ပိုကြောက်ဖို့ ကောင်းပါတယ်…သူတို့ လိုချင်တဲ့ သတင်းဖြန့်ဝေရေးကို ကိုယ်တွေက ပံ့ပိုးကူညီသလိုတောင်ဖြစ်နေပါသေးတယ်…… ရိုဟင်ဂျာတွေက သတင်းလိမ်တင်တာတောင်… ဘိုလိုပဲတင်တာဗျ….ဘာလို့ လဲဆိုတော့ ဒီသတင်းကို သူတို့ လူမျိုးတွေလည်း သိစရာမလိုဘူး …. ကျွန်တော်တို့ မြန်မာတွေလည်း သိစရာမလိုဘူး … အနောက်နိုင်ငံတွေကို ပြန့်နုံ့သွားဖို့ ကိုသာ ဦးတည်တာပါ…. အဲဒီတော့ ကိုယ့်ကို ဒုက္ခပေးမယ့် သတင်းမှားကို ကိုယ်က ပြန်ဖြန့် နေတာ ထက်ဘာမှ ပိုမထူးလှပါဘူး …. ကျွန်တော်တို့ ရဲ့လေးထောင့် အတုံးအတုံးလေးတွေကို ဘယ်သူမှ နားမလည်နိုင်သေးဘူးဆိုတာ သတိရှိစေချင်ပါတယ်… ….. ဒါကြောင့် သတင်းနဲ့ ဓာတ်ပုံများ…ရှဲမယ်ဆိုလည်း အင်္ဂလိပ်လို ရေးပြီးမှ ရှဲတာအကောင်းဆုံးပါပဲ… မလုပ်တတ်ရင်လည်း မရှဲပဲသာနေလိုက်ပါ…… အဲဒိသတင်းတင်တဲ့ ကောင်တွေကို ဘလောဂ့်ထားလိုက်ပေါ့….

ဒီမှာမေးစရာတစ်ခုက Report လုပ်တာ ပါပဲ … ဒိလိုမဟုတ်ကဟုတ်ကလုပ်နေတာ ကို report လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်…..အားလုံး တစ်ညီတစ်ညွတ်တည်း reason တစ်ခုတည်းကို ၀ိုင်း report လုပ်မယ်ဆိုရပါတယ်…. ဒါပေမယ့် လုပ်လည်း အလကားပဲလေ.. သူတို့ က နောက်ထပ်အကောင့်တစ်ခုနဲ့ ၀င်လာဦးမှာပါပဲ. .. အကောင့်လုပ်ရတာကလည်း ထင်သလောက်မခက်ဘူးမဟုတ်လား ….. အဲဒိတော့ ဘလော့ဂ်ထားလိုက်တာ စိတ်အအေးရဆုံးပါပဲ …. Privacy setting ကိုချိန်းထားတာ စိတ်အအေးရဆုံးပါပဲ ….. friend တွေကို စိစစ်လက်ခံတာ အကောင်းဆုံးပါပဲခင်ဗျာ ….

ဒီတော့ မိတ်ဆွေအပေါင်း သူငယ်ချင်းညီအစ်ကို မောင်နှမများ အားလုံး အဟက်ခ်ခံရခြင်း အကောင့် အတိုက်ခိုက်ခံရခြင်း် များ မှ ကင်းဝေးပါစေ …… လို့ ပဲဆုတောင်းလိုက်ပါတယ်….

ကိုယ့်အိမ်တံခါးကို ကိုယ် သော့ခတ်ဖို့ ဘယ်တော့ မှ မမေ့ပါနဲ့ ….

By: လင်းလွန်းညို

No comments:

Post a Comment