Thursday, August 16, 2012

အောက်တန်းစားလင်းလွန်းညို


ဒီနေ့ တော့ ဘယ်လိုတွေဖြစ်တယ်ရယ်မသိပါဘူးဗျာ …. ပြဿနာတွေကလည်း များ .. ပြောရဆိုရတာတွေကလည်းများ …. နောက်ဆုံး အဘလောဂ့်ပါခံလိုက်ရတဲ့ အထိပါပဲ…. တစ်ခါတစ်ခါကျတော့ လည်း ကိုယ့်ကိုယ်ကို ပြန်ဆုံးမမိတယ်… အော်ကြီး မင်း .. နေရာတကာ ၀င်လျှာရှည်.. ၀င်ပါ.. ၀င်ပြောတတ်တဲ့ အကျင့်ကို ဖျောက်လို့ ….. အဲဒီ ငါးပိချက် အကျင့်က မင်းကို ဘာများ ကောင်းကျိုးပေးသလဲ လို့…… အဲဒီလိုကို ဆုံးမတာပါ…. ဒါပေမယ့်လည်း အကျင့်ဆိုတာ ဖျောက်ရခက်သားကလား …. ဟိုဟာလေး အမြင်မတော်ဝင်ပြော ဟိုဟာလေးစိတ်နဲ့ မတည့် ၀င်ပါနဲ့ …. အဆဲခံရတာလည်း များသပေါ့လေ…..


ဒီကနေ့လည်း …. ကျွန်တော် News Feed ကို ဖတ်ရင်း ဟိုရှဲဒီရှဲနဲ့ ရှဲမောင်မောင်လုပ်နေတုန်း … status လေးတစ်ခုသွားတွေ့ပါလေရော….. ရေးထားတာက … သူမ နော်ဝေနိုင်ငံမှာအနှစ် နှစ်ဆယ်ကျော်…ရောက်နေပေမယ့်လို့ .. မြန်မာပြည်ကို အမြဲလွမ်းဆွတ်နေကြောင်း .. အခု facebookလေးပေါ်လာတော့ …. ဒီပေါ်က မိတ်ဆွေတွေ အပေါင်းအသင်းတွေက သူမကို နွေးထွေးမှုတွေပေးကြောင်း ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်ကြောင်းပေါ့လေ… ဒါကြောင့် အခုမိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ခင်မင်တဲ့ အကြောင်းရေးထားတာ ပါ…. ရေးသားသူက … DVB က မသီတာ ဆိုတဲ့ အမပါ….

ဒီတော့ ကျွန်တော့ ကို မေးစရာရှိတယ်… မင်းနဲ့ ဒီပို့စ်နဲ့ ဘာဆိုင်တုန်းပေါ့ …. မှန်ပါတယ်.. ကျွန်တော်နဲ့ လားလား မှကို မသက်ဆိုင်ပါဘူး …. မသီတာ ဆိုတာ က ကျွန်တော့ friend list ထဲကလည်း မဟုတ်ရပါဘူး … နာမည်ကြီးသူ နောက်ပြီး DVB ဆိုတဲ့ ပြည်သူ့ အသံကို ဟစ်ကြွေးနေတဲ့ ပြည်ပအခြေစိုက် မြန်မာအကြောင်း တွေကို ထုတ်လွှင့်တင်ပြနေတဲ့ သတင်းဌာနကြီးကဆိုတော့ .. သတင်းဆို
ကြိုက်တတ်တဲ ကျွန်တော်ကလည်း subscribe လုပ်ထားမိတာရယ်ပါ…. ဒီတော့ ဒီပို့ စ်နဲ့ ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ပြောရမှာပေါ့လေ…..

DVBကို အရင်က ကျွန်တော်အတော်ကလေး သဘောကျခဲ့တာ ပါ….. အော်… ပြည်သူ့ အသံကိုလွှင့်ပေးနေတဲ့ မီဒီယာကြီးဟဲ့ဆိုပြီး အမြဲမဟုတ်တောင် စောင့်ပြီးကြည့်တတ်ခဲ့တာ ပါ…… အဲဒီ က အစီအစဉ်တင်ဆက်သူတွေ သတင်းကြေငြာသူတွေကိုလည်း …. အင်မတန်လေးစားခဲ့တာပေါ့… အော်… ငါတို့ မပြောနိုင်မလုပ်နိုင်တာကို ငါတို့ကိုယ်စားပြောပေးနေတဲ့ သူတွေပါလား .. ပေါ့လေ.. သိပ်ကို သဘောကျလေးစားခဲ့ဖူးတာ ပါ…. သတင်းတွေကလည်း စုံ အစီအစဉ်တွေကလည်း စုံမဟုတ်လား ….ဒီလိုလေးစားတာတွေက ..ဘင်္ဂါလီအရေးလည်းဖြစ်ရော အကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တော့တာပါပဲ….. စိတ်လည်း အတော်လေသွားတယ်…. ကျွန်တော်လေးစားလှတဲ့သတင်းဌာနကြီးက … အခုတော့ ခေါင်းပေါင်းနဲ့ တိုက်ပုံတောင် ရွဲ့တစောင်းစောင်း ၀တ်ထားတဲ့ ဘင်္ဂါလီ ကုလားစုတ်ကို ပွဲထုတ်သွားတာကိုး ….. အိုး အသည်းတွေလည်း နာတာပေါ့လေ….. ကမ္ဘာအရပ်ရပ်က … ရှိတဲ့ နိုင်ငံခြားသတင်းဌာနကြီးတွေက…. မြန်မာအရေးကို လိမ်စင်တွေလုပ်ပြီး သတင်းမှားတွေထုတ်ပြန်နေတဲ့အချိန်မှာ .. တစ်ချိန်က ကိုယ်သိပ်သဘောကျခဲ့တဲ့ … ပြည်သူ့အသံကို လွှင့်နေတာ ပါဆိုတဲ့ ဒီသတင်းဌာနကြီး ကိုများ အားကိုးရမလား…. ပြည်သူတွေဘက်က ရပ်တည်ပြီးများ သတင်းတွေလွှင့်ပေးမလား… မီဒီယာကို မီဒီယာနဲ့ ယှဉ်တိုက်ပေးမလားပေါ့လေ…. အားကိုးမတဲ့ အချိန်ကျမှ …အဲသလိုလုပ်ချလိုက်တော့ …. ရင်ထဲ အတော်ကလေးဝမ်းနည်းခဲ့ရပါတယ်…. အိုး .. အသည်းနာတာမှပြောမနေနဲ့ …. နောက်ဆုံးတော့ … ကျွန်တော်လည်း နားလည်လိုက်ပါတယ်… အော်… ဘယ်သူက မှ ပြည်သူကို ချစ်လို့ ပြည်သူ့ အသံကိုလွှင့်ပေးနေတာ မဟုတ်ပဲလေလို့ …. အားလုံးက စားဝတ်နေရေးချောင်လည်ဖို့ အတွက်ပဲမဟုတ်လား …တကယ်တော့ ကိုယ့်ပြည်တွင်းရေးဆိုတာ ပြည်တွင်းမှာနေတဲ့ ပြည်သူတွေက ပဲ ဒိုင်ခံလုပ်… ဒိုင်ခံဖြေရှင်း ဒိုင်ခံအသေခံရတာလေ….. ကိုယ့်အားကိုယ်ကိုး စီးပွားတိုးလို့ သာ မှတ်ယူမိပါတယ်……. ဒါပေမယ့် ရင်ထဲမတော့ တအုံ့နွေးနွေးပေါ့လေ…. မြန်မာတွေဖြစ်နေလျက်နဲ့ …. ဒီကုလားကို ပွဲထုတ်လေချင်းပေါ့….

ဒါနဲ့ ဆိုင်မဆိုင်တော့ မသိလှပါဘူး ဒိနေ့ မသီတာ ရဲ့ စတေးတပ်လည်းတွေ့ရော အော်မေးကြည့်ပါဦးမယ်လို့ စိတ်ထဲတွေးမိတာရယ်… ရင်ထဲ တအုံ့နွေးနွေး ဖြစ်နေတာလေးရယ်နဲ့ပေါင်းပြီး….ဟောသလို မေးကြည့်မိပါတယ်….. ကောမန့်မှာပါ….. ကျွန်တော်ရေးမိတာတော့ အတိအကျလည်း မမှတ်မိတော့ပါဘူး …..copyလည်းကူးမထားမိဘူးလေ.. ..  အဓိက ကတော့ …. . ကျွန်တော်အရင်က DVBကိုလေးလည်းလေးစား ကြိုက်လည်းကြိုက်ပါကြောင်း …. အစီအစဉ်တင်ဆက်သူများကိုလည်း သိပ်လေးစားပါကြောင်း …. ဒါပေမယ့် ဒါတွေဟာ ရိုဟင်ဂျာ အရေးဖြစ်တဲ့အချိန်အထိသာဖြစ်ပါကြောင်း … အခုတော့ DVBလည်း ပြည်သူ့အသံမလွှင့်တော့ပါကြောင်း…. သို့သော်လည်း စားဝတ်နေရေးအတွက်ဆိုတာနားလည်ပါကြောင်း ….. ဒါပေမယ့် ရခိုင်မှာ သေနေတဲ့ ကိုယ်ဆွေမျိုး ကိုယ့်တိုင်းရင်းသားတွေ မျက်နှာလေးကို တစ်ချက်လောက်များ မြင်ပေးနိုင်ရင် သိပ်ကောင်းမှာဖြစ်ကြောင်း…သတင်းအမှန်များ လွှင့်စေချင်ပါကြောင်း …. ဒါမှ မဟုတ် သတင်းဌာနပိုင်ရှင်က … ပေးမလုပ်ဘူးဆိုလဲ…. ဒီလောက် သတင်းမှားတွေလွှင့်တဲ့ သတင်းဌာန ငါတို့ မြန်မာပြည်ကို ချောက်ထဲတွန်းချနေတဲ့သတင်းဌာန…. ငါတို့ ဆန္ဒပြန်ပြမယ်ကွာ ဆိုပြီးလုပ်စေချင်ပါကြောင်း ….. ဒါပေမယ့် ဒါတွေဟာ မဖြစ်နိုင်ဘူးဆိုတာ သိပါကြောင်း … ကိုယ့်အားကိုယိကိုးဖို့ သာ ရှိတော့တယ်ဆိုတာ နားလည်ပြီဖြစ်ကြောင်း …. စိတ်လည်းမဆိုးပါဖို့ အကြောင်း…. DVB မှာ အမြဲမြင်နေဖူးတဲ့ အမမို့ …. သိချင်တာတွေ အတင်းမေးမိတယ်ပဲသဘောထားဖို့ အကြောင်း .စသဖြင့်. ဒီလို အေးအေးဆေးဆေးပဲမေးခဲ့မိတာ ပါ……. ရေးမိခဲ့တာ ပါ…… ကျွန်တော်ကို ကမကောင်းတာပါလေ…. နေရာတကာ ၀င်ကိုရှည်တတ်ပါတယ်…..

ဒါနဲ့ ပဲ .. မသီတာ က ကွန့်မန့်မှာပြန်ရေးပါတယ်….

နံပါတ်စဉ်နဲ့ကို ရေးပေးတာ ပါ… ကျေးဇူးတင်စရာကောင်းလှပါတယ်…

၁. သူမတင်ဆက်တဲ့ အစီအစဉ်မှာ မှားရင်ထောက်ပြ .. သူမတာဝန်ယူကြောင်း …
၂.အခုလို ကိုယ့်အဆိုကိုယ်တင်သွင်းပြီး ကိုယ့် ကောက်ချက်ကိုယ်ဆွဲဖို့ မကောင်းကြောင်း …
၃. သူများ ကို အားမကိုးခင်.. ကိုယ်ဘာလုပ်ပြီးပြီလဲ … ဆိုတာ မေးသင့်ကြောင်း…
၎. သက်ဆိုင်သူကိုထောက်ပြရဲ့ တဲ့ သတ္တိ ရှိရမှာဖြစ်ကြောင်း …. စိတ်ထားကို ဖြူစင်အောင်မွေးမြူသင့်ကြောင်း …

စသဖြင့် မာန်ပါပါလေး ကျွန်တော့ ကို ဆုံးမသွားပါတယ်… ကျေးဇူးလည်းတင်ရပါတယ်….. ဒီတော့ ကျွန်တော်ကိုကလည်းလေ မကောင်းလှပါဘူး …. ထပ်လျှာရှည်ပြီး အောက်ပါ comment ရှည်ကြီးကို ရေးမိပြန်ပါတယ်…. ဒါလေးကိုတော့ copy ကူးထားလိုက်မိပါတယ်… ဘာလို့လဲဆိုတော့ … comment ရေးတုန်းက သိပ်ရှည်နေတာ နဲ့ ပေးမရေးတာကြောင့် အပိုဒ်ခွဲပြီး တင်ဖို့ copy ကူးလိုက်တာ ပါ….

ဟုတ်ကဲ့ပါမသိတာရေ.. အမရဲ့ အစီအစဉ်လေးကို အမတာဝန်ယူလို့ အတိုင်းမသိဝမ်းသာလို့ မဆုံးတော့ပါဘူးခင်ဗျာ.... ကျေးဇူးများလည်း အထူးတင်ပါတယ်... သို့ပေမယ့် ကိုယ့်အလုပ်ပဲကိုယ်တာဝန်ယူမယ်ဟေ့ .. ကျန်တာ ငါနဲ့ မဆိုင်ဘူး ..ဆိုရင်တော့ ... ကျွန်တော်လည်းကျွန်တော့ သဘောင်္ပေါ်က အင်ဂျင်ခန်းထဲမှာ အေးအေးဆေးဆေး ထိုင်နေလိုက်ရုံပါပဲဗျာ...... ဒါပေတဲ့ မနေတတ်တာပေါ့လေ.. ကိုယ့်အမျိုးတိုင်းရင်းသားတွေထိတော့ မနေတတ်တာပေါ့ .... အေးဗျာ အဲဒီလို မျိုးချစ်တဲ့ စိတ်ကလေး ပြင်ပါ့မယ်နော်.. ကျွန်တော်မကောင်းတာပါ...... ကျွန်တော်ကလည်း ကျွန်တော့ဘာသာ အဆိုမတင်သွင်းတတ်ပါဘူး .. လေ.... DV B က ရိုဟင်ဂျာတွေခေါ်ဗျူးနေတာ အားလုံးအသိပါပဲ .... အင်းပါလေ... ဒါလည်း ဘယ်သူမှ မသိဘူးပဲထားပါဗျာ ... ကျွန်တော်မကောင်းတာပါ.... နော်... နောက်ကို ကောက်ချက်တွေ မချမိအောင်ခပ်တုံးတုံးကြီးနေပါ့မယ်ဗျာ နော်.... အင်း ပြည်ပမှာလည်း တို့ ပြည်တွင်းမှာလိုပါပဲလား .. ကောက်ချက်ချမခံနိုင်ကြဘူး... ငါကိုကမကောင်းတာပါ..လေ..... ကျွန်တော့ အနေနဲ့ကတော့ သာမန်သဘောင်္အရာရှိပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော့် လစာငွေထဲက ... ငါးသိန်းကျော်ကို လှူဒါန်းပါတယ်... တစ်လကို မှ ဒေါ်လာလေး နှစ်ထောင်လောက်ကို ကုန်းရုန်းရှာရတာကိုးအမရယ်... ငါးသိန်းလောက်ပဲလှူနိုင်ပါတယ်...... နောက်ပြီး ကျွန်တော်တို့ ဘ၀တူသဘောင်္သားတွေ အားလုံးဆီကလည်း တတ်နိုင်သလောက်ပေါ့လေ အလှူငွေတွေ ကောက်ပေးပါတယ်..... ဒါကလည်း တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ လုပ်နိုင်တာကိုလုပ်တာပဲပေါ့လေ.... အမကိုလည်း ဘလိုင်းကြီးမစော်ကားရဲပါဘူးဗျာ ..... DVB မှာ အလုပ်လုပ်နေသော မြန်မာတစ်ယောက်အနေနဲ့ ... ကိုယ့် လူမျိုးကိုယ့်တိုင်းပြည်ကို ဒီလောက်ထိပါးနေတဲ့ ကိတ်စလေး နှာစေးနေလို့ ... မေးမိတာပါ..... ကျွန်တော်သိသလောက်ကတော့ ... ဟိုးတစ်လောက .မန်းသလေးမှာ ... ဆေးခန်းလေးတစ်ခု က နပ်စ်မလေးတွေနဲ့ သန့်ရှင်းရေးဝန်ထမ်းလေးတွေက ... လစာပေးတာကို မကျေနပ်လို့ .... တစ်ယောက်မှ မလုပ်မလုပ်ပဲ ဆေးခန်းကို မလာကြတော့ ပဲ ဆန္ဒပြကြသတဲ့ .... အဲဒီလိုပေါ့လေ... ကျွန်တောတို့ DVB ကမြန်မာများလည်း ... ကိုယ်အမျိုး ကိုယ့်ဘာသာကို ထိတာတော့ မခံဘူးဟေ့ .. ငါတို့ ဒီသတင်းဌာနကို ငါတို့ ကိုယ်တိုင်ပြန်ဆန္ဒပြမယ်ဆိုတာမျိုးလေးများ ဖြစ်မလားလို့ ပါ....... မဖြစ်ပါဘူးလေ.. နော်.. ဆိုင်မှ မဆိုင်ပဲ .. အမ ရဲ့ အစီအစဉ်နဲ့ ဆိုင်ကိုမဆိုင်တာ ဘာဖြစ်စရာရှိလဲ .... နောက်ကျွန်တော်ဟာ အမရဲ့ မိတ်ဆွေမဟုတ်ပါဘူးဗျာ .. အမက နာမည်ကြီးဆိုတော့ ကျွန်တော်လည်း သတင်းလေး ပုလင်းလေးများ ရမလားရယ်လို subscribe လုပ်ထားမိတာရယ်ပါ... မကြိုက်ရင်ပြောပါခင်ဗျာ ... ကျွန်တော်ဖျက်ပေးပါမယ်.. ကျွန်တော့်ကြောင့် DVB က အမတစ်ယောက်စိတ်အနှောက်အယှက်မဖြစ်စေရပါဘူး ..... ကိုယ်လေးစားခဲ့ ... အင်းလေးစားခဲ့ဖူးတဲ့သူကိုး ..... သက်ဆိုင်သူများကိုလည်း ထောက်ပြရဲတဲ့ သတ္တိ .. ဒီစကားကို အတော်ကလေး ကျွန်တော် မရှင်းတာ ပါအမရယ်... သက်ဆိုင်သူဆိုတာ ဘယ်သူတွေလဲ .. ဒိကိတ်စ မှာက .. အကြမ်းဖက် ဘင်္ဂါလီ (အမတို့ အခေါ်တော့ရိုဟင်ဂျာဖြစ်မလားမဆိုနိုင်ဘူး) တွေရယ်.. ပြည်သူရယ်..... အစိုးရရယ်.... မီဒီယာရယ်.... ဒီလေးဦးလေးနွယ်ရယ်ပါ.... နော်... ဒီတော့ ဘင်္ဂါလီတွေကို မကြိုက်ကြောင်းကိုတော့ အားပါးတရပြောခဲ့ကြအော်ခဲ့ကြပြီ အင်တာနက်ပေါ်မှာ…. UNHCR ရုံးရှေ့တော့သွားသေး…. မမှီလိုက်ပါဘူး…  ပြည်သူတစ်ယောက်အနေနဲ့လည်း ရပ်တည်နိုင်ခွင့်ရသလောက်ရပ်တည်ပြီးပြီ..... အစိုးရကိုလည်း အတော်ကလေး စဉ်းစားချင့်ချိန်ပြီးမှ ထောက်ခံသင့်လောက်တယ်... ထင်လို့ ထောက်ခံပြီးပြီ... မီဒီယာများကိုလည်း ... ပြည်တွင်းနဲ ပြည်ပ တန်ရာတန်ရာများ ပြောပြီးပြီ.... လေးစားထိုက်သူကိုလေးစားပြီးပြီပေါ့လေ...... အမက ကျွန်တော့ထက်အမြင်ပိုကျယ်မှာပါ....... ကျွန်တော်ဘယ်သူ့ကို ထောက်ပြ ရမလဲဟင်.... လက်မခံနိုင်ပါဘူး လို့ ကိုယ်နဲ့ သဘောတူနေတဲ့အစိုးရကိုလား .... သဘောတူနေတယ်လေ... ကျွန်တော်လည်း လက်မခံနိုင်ဘူး သူလည်း လက်မခံနိုင်ဘူး ... ဒါကိုထောက်ပြစရာမရှိဘူးလေ... မသိလို့ မေးတာ ပါအမရယ် ဘယ်သူ့ကို ထောက်ပြရမှာပါလဲခင်ဗျာ .. .အမ ထင်ထားသလိုပါပဲ ကျွန်တော်က ခပ်တုံးတုံး စိတ်ထား မစင်ကြယ် မဖြူစင် ကောက်ကျစ် စဉ်းလဲ သူမဟုတ်လား ဗျာ ...... စာရေးကောင်းလိုက်တာ ရေးတာ အတော်ရှည်သွားတယ်..... ကဲ ... ဘာမှ မမှားတဲ့ ကျွန်တော်က တောင်းပန်ပါတယ် အမရယ်နော်... စိတ်မဆိုးပါနဲ့ ... အမလောက်အမြင်မကျယ်တဲ့ ငတုံးတစ်ကောင်ပမွှားတစ်ကောင်က ပြည်ပနာမည်ကြီးမိဒီယာက အမတစ်ယောက်ကို ဖြစ်ချင်တာတွေ ဇွတ်ပြောနေတယ်ပဲ သဘောထားလိုက်ပါ........ အင်း .. ခက်တယ် ခက်တယ်.... ပြည်ပမှာလည်း ပြည်တွင်းလိုပါပဲလား .... အပြောမခံနိုင်ကြပါလားနော်..

အဲသလို ကျွန်တော ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာ ပါ…… ဒီတော့ မသီတာ လည်း သိပ်ကို ဒေါသထွက်သွားတယ်ထင်ပါရဲ့…… ကျွန်တော့ Message မှာ

Thida သီတာ
  • I have BLOCK you. DVB DVB ပြည်ပ မီဒီယာဆိုပြီး ကျမကို ၀ါးလုံးရှည်နဲ့  လာမရမ်းနဲ့  .. ကျ မ တိုင်းပြည်အတွက် လုပ်နေတာ ၁၉၈၈ တောခိုပြီးကတည်းက .. ရှင် တလ ၅ သိန်းလှူတိုင်း ရှင့်သင်္ဘောပေါ်က လူတိုင်း ၅ သိန်း လှူတယ်လို့  ပြောလို့ မရသလိုပဲ DVB က တယောက်ယောက် လုပ်ရင် အဲ့တယောက်ကို သွားပြော .. ကျမ wall ပေါ် အဲ့လို လာရေးနေတာကိုက ကျမ အကြောင်း မသိပဲ ကျမကို လာစော်ကားနေတာ.. ရှင် မရေးခင် ကျမ ဘယ်လို လူစားလဲ သေချာ လေ့လာလိုက်ဦး... ပြောတယ်ဆိုတာ မမှန်လဲ လူတယောက်ကို လုက်ပြောရအောင် ရှင့် စိတ်ဓါတ် အောက်တန်း ကျသလား
    ------------------------------
    The comment:
    Ozzy Win (August 5, 2012): နားလည်သွားပါပြီ ... အခုလို ပြောရတာလည်း စိတ်မထိန်းနိုင်လွန်းလို့ ရယ်ပါ. အမရယ်.... ဆိုင်မဆိုင်တော့ မသိပါဘူးဗျာ .... DVB မှာ အမြဲတွေ့နေရလေတော့ ... ကိုယ့်မြန်မာချင်းမေးချင်တာလေး မေးမိတဲသဘောပါ.... ကျေးဇူးတင်ပါတယ်..
    Content URL: http://www.facebook.com/thida.dvb/posts/403216337538
လို့ ပြန်ရေးပြီး ဘလောဂ့်သွားတော့ တာပါပဲဗျာ …ကွန့်မန့်တွေလည်း ဖျက်ပစ်လိုက်တာ ပါပဲ….. ရင်ထဲမလဲ အတော်ဝမ်းနည်းရပါတယ်..လေ…. တကယ်တော့ သူမဝေါပေါ်အထိတက်ပြီးရေးရတာလည်း မဟုတ်ရပါဘူး… News Feed မှာပေါ်လာလို့ … မေးမိရေးမိတာရယ်ပါ…..DVBနဲ့ အဲဒီ က မြန်မာများကို အထူးတလည် ၀င်ကြည့်ရလောက်…. ၀င်ပြောရလောက်အောင်ကို … စိတ်မ၀င်စားတော့တာပါ….. ဘာမှ မှ မထူးပဲလေ.. သူက DVB ကဆိုတော့ …. ကျွန်တော်ကလည်း … DVB မှာ ဘာလို့ ကုလားတွေကိစ္စနှာစေးနေရသလဲ … ပြည်သူ့ အသံဆိုပြီး ဘာလို့ ဘင်္ဂါလီ (သူတို့ အခေါ်တော့ ရိုဟင်ဂျာပေါ့) ကို ပွဲထုတ်သလဲ သိချင်လို့ မေးမိတာပါလေ………

ဒီလိုမေးမိတယ်…. ဒီလို ရင်ထဲမနေနိုင်မထိုင်နိုင် ဖြစ်ရတယ်ဆိုတာလည်း …. ဒီလောက်အဖိနှိပ်ခံထားရတဲ့ ကြားထဲက … ကိုယ့်လူမျိုးတွေကို တခြား လူမျိုးတွေက လာသတ်.. လာလု .. ရွာတွေ မီးတင်ရှီု့နေတာ ကို မြင်တိုင်း ရင်ထဲ ခံပြင်းလွန်းလို့ ရယ်ပါ…… ကိုယ်တွေဆိုတာ မြန်မာပြည်ထဲနေရပြီး …. အခုဆို တာလီဘန်က ခြိမ်းခြောက်လိုက်… အင်ဒိုက ဂျီဟတ်စစ်ပွဲလုပ်မယ်ပြောလိုက်…. ယူအန်ကလည်း ကိုယ်ဘက်မှာမရှိ….. ရှိသမျှ ပြည်ပမီဒီယာများကလည်း နှာစေးတဲ့လူကစေး… သတင်းလိမ်လွှင့်တဲ့လူကလွှင့်…..အစိုးရဘက်က ထောက်ခံပြန်တော့လည်း … ခေါ်မေး ခေါ်စစ်ပြန်…. ဆန္ဒလေးတောင်ပြလို့ မရ…….အင်ဂျလီနာဂျီုလီတောင် ရိုဟင်ဂျာဘက်ရပ်နေတာဆိုတော့ ….. တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေတာမို့ အားငယ်မိတာ အမှန်ပါပဲ…..ခံပြင်းမိတာလည်း အမှန်ပါပဲ …. လောကမှာ အမှန်တရားဆိုတာ လူတွေအားလုံးဝိုင်းလိမ်ပြစ်လိုက်ရင်ပျောက်သွားရောတဲ့လားလို့ တောင်တွေးမိပါတယ်… ကျွန်တော့ အမြင်ကတော့ … ဘယ်သတင်းဌာနကပဲသတင်းလွှင့်လိမ်လွှင့်လွှင့် .. ကုလားပဲပွဲထုတ်ထုတ် .. အဲဒိ သတင်းဌာနမှာ မြန်မာတစ်ယောက်ရှိနေရင် တစ်ယောက်… နှစ်ယောက်ရှိလည်း နှစ်ယောက်… ဆယ်ယောက်လည်းဆယ်ယောက်ပေါ့လေ… အားလုံးနဲ့ ဆိုင်တယ်လို့ ပဲမြင်ပါတယ်… သူတို့ လည်း တတ်နိုင်သလောက်တားရမယ်ပေါ့လေ…. ဒါဟာ နိုင်ငံရေးတောင်မဟုတ်တော့ ပဲ .. အမျိုးသားရေးဖြစ်လာပြီမဟုတ်လား … ကိုယ့်မြန်မာပြည်ကို သူများလက်ထဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြီးပေးပြီး .. တိုင်းရင်းသား အဖြစ် ရင်နာနာနဲ့ လက်ခံပေးလိုက်ရမှာလေ…. ဒါပေမယ့် မသီတာပြောသလိုပဲ … ကိုယ်အစီအစဉ်လေးနဲ့ ကိုယ်နေတာ … လုပ်တဲ့လူပဲ တာဝန်ရှိတယ်… ငါနဲ့ မဆိုင်ဘူး ဆိုလည်း … ထားလိုက်ပါတော့ဗျာ …. ကျွန်တော်ကပဲမှားနေတာပါ…. ကျွန်တော့မှာလည်း…...ကိုယ့်အမျိုး ကိုယ့်သွေးကိုယ့်သားကို ထိလွန်းလို့ မေးမိတာ…ရေးမိတာရယ်ပါဗျာ…..

မသီတာ ကို ကျွန်တော် ဒီနေရာကနေပဲ … ၀န်ချတောင်းပန်လိုက်ပါတယ်…… ကျွန်တော်မှားသွားတာလေးအတွက်ပါ….. မသီတာကို မေးမိတာကို မှားတယ်လို့ ခုထိကျွန်တော်မမြင်သေးပါဘူး …. ကျွန်တော်မှားတာက ….. နော်ဝေနိုင်ငံလို နေရာမျိုးမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒုက္ခခံပြီး တိုင်းပြည်အတွက်တိုက်ပွဲဝင်နေတဲ့ မသီတာ လို မျိုးချစ်အမျိုးသမီးတစ်ယောက်ရဲ့ ပို့စ်အောက်မှာ …. ကျွန်တော့လို ဘာမှ မသိတဲ့ ငတုံး အောက်တန်းစား …. အလိုက်မသိ…. သူများ မင်္ဂလာယူလို့ ယူနေမှန်းမသိပဲ …. အဲသလို ၀င်နှောက်ယှက်မိလို့ပဲဖြစ်ပါတယ်…..
စိတ်မဆိုးပါနဲ့မသီတာ ရယ်….. တောင်းပန်ပါတယ်…..

ဒါပေမယ့်ပေါ့လေ…. ကျွန်တော်ကတော အောက်တန်းဆက်ကျနေဥိးမှာပါပဲ…… ကိုယ့်အမျိုး ကိုယ့် တိုင်းပြည် ကိုယ့်ရေ ကိုယ့်မြေကို ထိလို့ ….. နာလွန်းလို့ …. ဖြစ်လာတဲ့ ခံပြင်းစိတ်နဲ့ အဲဒီလို အောက်တန်းဆက်ကျရမယ်… အလိုက်မသိ…ဖြစ်နေဦးမယ်ဆိုလည်း …. ဆက်ဖြစ်နေမှာပါပဲ……

ကိုယ့်တိုင်ြး့ပည်ကို ကိုယ်ချစ်လို့ …. ကိုယ့်လူမျိုးကို အစော်ကား အသတ်ဖြတ်မခံနိုင်လို့ အောက်တန်းကျတာ ပဲလေ… ကျပျော်ပါတယ်ဗျာ …… သမိုင်းမှာတော့ တရားခံအဖြစ်မခံနိုင်လို့ ပါ

DVBမှမသီတာ အား … လေးစားလျက်

By:….အောက်တန်းစား လင်းလွန်းညို

စာကြွင်း. မသီတာ ပရိသတ်များလည်း ကျွန်တော့ ကိုသာ ၀ိုင်းဆဲကြပါဗျာ .. ကျွန်တော်ခံပါ့မယ်....

No comments:

Post a Comment