Wednesday, October 17, 2012

1 LITRE OF TEARS

ဒီတစ်ပတ်တော့.. ဂျပန်Aneme ကားတွေ ကြည့်နေရင်းကနေ... ညီလေးတစ်ယောက် က လာပေးလို့ ..1 liter of tears ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုကြည့်ဖြစ်ပါတယ်... အစမှာ က တည်းက " Noting special, about a girl who was chosen by a mysterious illness" ဆို တော့... စိတ်ညစ်ရဦးမယ့် ဇာတ်ပဲလို့ ထင်မိပါတယ်.... ကျွန်တော်က ပျော်ပျော်နေတတ်တယ်လေ... တတ်နိုင်သမျှစိတ်ညစ်ရမယ်ဇာတ်တွေဆိုသိပ်မကြည့်ဖြစ်ဘူး... ကိ
ုရီးယားကားတွေလို... သိပ်အဓိပါယ်မရှိပဲငိုငိုနေတာကို သဘောမကျလို့ပါ.... ဒါနဲ့ တာဝန်နဲ့ ၀တ်တရားအရလို့ သဘောထားပြီး ကြည့် ဖြစ်နေရာ က နေ... ထိုင်ရာက မထနိုင်လောက်အောင်.... ကောင်းတဲ့ဇာတ်လမ်းတွဲလေးဖြစ်နေခဲ့ပါတယ်....

ဒီကားလေးက ... တကယ်ဖြစ်ရပ်မှန်ကို ပဲပြန်ရိုက်ထားတာပါ... အတွဲက လည်း ၁၁ တွဲပဲမို့ ... ပေမရှည်ပါဘူး... လိုတာလေးတွေပဲ ရွေးပြသွားပါတယ်...ဒီဇာတ်ကားလေးက... Ikeuchi Aya ဆို တဲ့ဆယ့်ငါးနှစ်သမီးကလေးတစ်ယောက်.... Spinal Cord ထဲက Nerves တွေ အလိုအလျှောက်သေကုန်တဲ့ ရောဂါကို ခံစားရင်း နောက်ဆုံးသေဆုံးတဲ့ အထိ သတ္တိ ရှိရှိ ရင်ဆိုင်သွားတာလေးကို ရိုးရိုးလေးပြသွားတာပါ.... ဒီရောဂါက ... အတော်ရှားရှားပါးပါး ဖြစ်ခဲတဲ့ ရောဂါပါပဲ .... လူကို သေစေတာမဟုတ်ပေမယ့် .... နာဗ် ကြော ထိန်းချုပ်မှုတွေ တဖြည်းဖြည်းနည်းလာတဲ့ အခါ.... ပထမ လမ်းလျှောက်လို့ မရ.. နောက်စကားပြောလို့ မရ.. နောက် အစားစားလို့ ပါမရတော့ပဲ ... ခန္ဓာ ကိုယ်တွင်းက အလိုအလျှောက် အလုပ်လုပ် တဲ့ ... အစာချက် အင်္ဂါတွေကပါ အလုပ်လုပ်တော့ ..... အစားမ၀င်တော့ တဲ့ အထိဖြစ်.... နောက်ပိုင်း အသက်ရှု တဲ့ အဖွဲ့ အစည်းက ပါ .. .အလုပ် မလုပ်တော့ တာကြောင့် တဖြေးဖြေးချင်း သေဆုံးသွားရတဲ့ ရောဂါမျိုးပါ....

ဒီဇာတ်ကားမှာ... ရုပ်ရှင်တော်တော်များများမှာ ပြတတ်တဲ့... အရှုံးမပေးခြင်းဆိုတာထက်... လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းအဓိပါယ်ကို ပြထားတာပို ကြည့်လို့ ကောင်းပါတယ်... ခုတစ်လော ကျွန်တော့ အနားမှာ...သေ ချင်တယ် သေသွားရင်ကောင်းမယ်.. စသဖြင့်ညည်းတွားနေတဲ့ သူတော်တော်များများ တွေ့ရပါတယ်...

ဘာလို့ သေချင်ရသလဲ ဆိုတော့.....အပူအပင်တွေ များလို့ ပေါ့လေ.... မှန်ပါတယ်.. .တစ်မိသားစုလုံးတာဝန်ကို ထမ်းထားရလို့.... ဒါမှ မဟုတ်လည်း အလုပ်မှာ အမှားမလုပ်ပဲ လုပ်တယ်ဆိုပြီး စွပ်စွဲခံရလို့.... အချစ်ဆုံးချစ်သူက ဖြတ်သွားလို့.....အကြွေးတွေဝိုင်းနေလို့... အိမ်ငှားဖို့ ပိုက်ဆံမလောက်တော့လို့... စတဲ့ အကြောင်းပြချက်တွေ.... နဲ့ သေချင်နေသူတွေ တော်များများတွေ့ရပါတယ်..... သူတို့ ရှင်သန်ခြင်းဆိုတဲ့ အဓိပါယ်ကို ဘယ်လောက် မေ့နေကြသလဲ....

လူတွေမှာလဲကျတတ်တာ ဓမ္မတာ တစ်ခုလိုဖြစ်နေပါပြီ...ကိုယ်တစ်ယောက်တည်းမှ ထူးထွေပြီးဖြစ်တာတော့ မဟုတ်ပါဘူး ...လူတွေဟာ ..အရင်က လည်းလဲခဲ့ဘူးတာပါပဲ... ဒါပေမယ့်... လဲနေတာကို နာလွန်းလို့ အော်နေရင် .... ကိုယ်ကို အားလုံးက ကျော်တက်သွားမှာပါ....ကျော်တက်တာကို .... မှ... ငါရှုံးပြီးဆိုပြီး ထပ်ငို... အိုး.... သံသရာက မဆုံးနိုင်တော့ပါဘူး.....ဒါနဲ့ ပဲ လောက မှာလူမသိသူမသိ... ဘယ်သူ့ အတွက်မှ အကျိုးမပြုပဲ.... အသုံးမကျစွာ သေဆုံးသွားတဲ့ ထဲ နံပါတ်တစ်ခုအဖြစ်တိုးသွား တာပါပဲ....

Ikeuchi Aya ရဲ့ အတွေးလေးကို သဘောကျပါတယ်... သူမက လမ်းမလျှောက်နိုင်တော့ဘူး... တစ်ဖြည်းဖြည်း စကားမပြောနိုင်တော့ဘူး... အဲဒီနောက် အစားတောင် ကိုယ့်ဟာကိုယ်မစားနိုင်တော့ဘူး... ဒီတော့ သူများကို မှီခိုရတယ်.... အဲတော့ သူက တွေးတယ်... " သူဟာလူတွေကို တစ်ချိန်လုံးမှီခိုနေရတယ်.... သူမသေခင်လေးတစ်နေ့တော့.. လူတွေကို ပြန်ကူညီနိုင်တဲ့သူဖြစ်ချင်ပါတယ်" တဲ့.... ဘယ်လောက်လှ တဲ့ အတွေးလဲ..... သေခါနီး ၁၅ နှစ်သမီးတစ်ယောက်ဟာ..... သူကိုယ်သူ အသုံးကျသူအဖြစ်သူနေချင်ခဲ့တယ်.... တကယ်လည်း သူနေခဲ့ရပါတယ်.... အသက် နှစ်ဆယ့် ငါးနှစ်မှာ သူသေဆုံးပါတယ်... သူသေဆုံးပြီး နောက်....သူdiary ကို စာအုပ်ပြန်ထုတ်တော့.... စာအုပ်ရေ...၁၈,၀၀၀,၀၀၀ ကျော်ရောင်းရပါတယ်... ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်တဲ့ အခါလည်း အောင်မြင်ခဲ့ပါတယ်...

သူသေဆုံးသွားတာ...1988 ခုနှစ်ကပါ... ဒါပေမယ့်... အခုအနှစ်၂၀ ကျော်တဲ့ အထိ သူအုတ်ဂူမှာ.... ကျေးဇူးတင်ပန်းစည်းတွေလာချတဲ့ သူတွေ ရှိနေတုန်းပါ.... သူ့စာတွေကို ဖတ်ပြီး....ဘ၀မှာ အမြင်သစ် အတွေးသစ်ရသွားသူတွေ... ရှင်သန်နေသမျှကာလပါတ်လုံးရှုံးနိမ့်တယ်ဆိုတာမရှိဘူးဆိုတာ သိသွားသူတွေ.... အများကြီးပါ..ကျွန်တော် ပါ တစ်ယောက် အပါအ၀င်ပေါ့. အသက်ရှင်နေခြင်းကိုက ကျွန်တော်တို့ ရဲ့ အောင်မြင်ခြင်း တစ်ခုပါပဲ ....

ကျွတော်သိပ်သဘောကျတဲ့ Britain ၀န်ကြီးချုပ် ၀င်စတန်ချာချီရဲ့ မိန်းခွန်းလေးတစ်ခုရှိပါတယ်....

" Success isn't final.

Failure isn't fatal.

It is courage that count"

ဆိုတဲ့စကားလေးပါ.... ဒီစကားလေးရဲ့ အဓ္ဓိပါယ်ကို 1 liter of tears ကြည့် ပြီး ရှာကြည့်နိုင်ပါတယ်....အောင်မြင်တယ်.. ရှုံးနိမ်တယ်ဆိုတာလောကဓံပါ... ကိုယ်တစ်ယောက်တည်းကြုံတာမဟုတ်ပါဘူး.... အဲ အသက်ရှုပုံခြင်းတူပေမယ့်... စိတ်ဓာတ်ချင်းကွာတယ်ဆိုသလို..... သတ္တိကောင်းတဲ့လူက .... အားသာသွားတာပါပဲ....

သေချင်နေသော...သူများ... ဒီဇာတ်လမ်းတွဲလေးကို..ကြည့်စေချင်ပါတယ်... အဲ..... မသေချင်သေးသူများလည်း ကြည့်နိုင်ပါတယ်... 1 liter of tears ပါ....
ရှင်သန်နိုင်ကြပါစေ....... 

By: လင်းလွန်းညို
၁၃.၁၀.၂၀၁၂

No comments:

Post a Comment