Wednesday, October 17, 2012

ခံတွင်းမပျက်သင့်တဲ့ကြောင်တွေ.. နဲ့ တောင်ပံ အချိုးခံနေရသော ဆက်ရက်များ

ကျွန်တော့ ကို သဘောင်္သားများ ဘက်က အမြဲပဲ အကောင်းရေးနေတယ်.. သနားအောင်ရေးနေတယ်လို့ ဆိုကြပါတယ်.... အဲဒီလိုတော့ လည်းမဟုတ်ပါဘူး.... ကျွန်တော်ကလည်း သဘောင်္သားမို့ သဘောင်္သားများ ခံစားရတာတွေကို ရေးနေမိတာပါ...... ဒီနေ့ တော့ ကျွန်တော့ ကို သဘောင်္သားရဲ့ အမျိုးသမီးတစ်ယောက်က ရင်လာဖွင့်သွားပါတယ်..... ဒီစာကိုလည်း သတိပေးစာလေး အနေနဲ့ ရေးပေးဖို့ ပြောသွားပါတယ်..... ရေးသင
့်တယ်လို့ လည်း ကျွန်တော်ခံယူပါတယ်...... ဒါကြောင့်ရေးပါတယ်..

ကျွန်တော်တို့ သဘောင်္သားများထဲ မှာ လူကောင်းတွေ ရှိသလိုလူဆိုးတွေလည်းရှိတာပါပဲ .... အခု အဲဒီလူဆိုးများထဲက လူဆိုးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်.... ဒီနိုင်ငံက မြန်မာ အမျိုး သမီးငယ်များလည်း သိထားသင့်တယ်လို့ ယူဆပါတယ်....

သူ့ အသက်က ၃၃ နှစ်ရှိပါပြီ... သူ့ မှာ မိန်းမလည်း ရှိ ပါတယ်.. လက်ထပ်ခဲ့တာ ၁၁ နှစ်ရှိပါပြီ..... ကလေးက သားချည်းပဲ နှစ်ယောက်ပါ.... သဘောင်္ကိုတော့ ပြီခဲ့တဲ့ နှစ်က မှ ပထမဆုံး စလိုက်ဖူးတာပါပဲ ...... အဲဒီပထမဆုံး သဘောင်္အခေါက်မှာတင် ၁၁ နှစ်တာ လုံး တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးကို ယောက်ယက်ခတ်စေမယ့် .... ပြဿနာကို ပထမဆုံး စရှာတော့ တာပါပဲ .....

သဘောင်္ပေါ်မှာ အင်တာနက် သုံးရာကနေ .... အသက်နှစ်ဆယ် ၀န်းကျင် အမျိုးသမီးငယ်လေးတစ်ယောက်နဲ့ တွေ့ကြပါတယ်..... ဒီတော့ ... ဇာတ်လမ်းစကြတယ်ပေါ့လေ..... အဲဒီလို စကြရာကနေပဲ .... အဲဒီ အမျိုး သမီးလေးဆီပိုက်ဆံတွေပို့ ပေးရပါတယ်...... အခုလက်ရှိ အဲဒီအမျိုးသမီးလေးကိုင်ထားတဲ့ ဖုန်း ကလည်း သူပဲဝယ်ပေးထားတာပါပဲ ..... အဲဒီလို တစ်ဘက်ကို ပိုက်ဆံတွေ ပို့ ရကနေ... အိမ်ကို ပိုက်ဆံ ပို့ ဖို့ မလောက်မင ဖြစ်လာရာကနေ...... နောက်ဆုံး အိမ်ကနေတောင်ပိုက်ဆံပြန်မှာပြီး တစ်ဘက် က ကလေးမဆီပို့ ပေးရတဲ့ အဆင့်အထိကို ရောက်သွားတော့ တယ်......

ဒါပေမယ့် အိမ်က အမျိုးသမီးကတော့ မသိဘူးပေါ့လေ..... သဘောင်္ပေါ်မှာ အဆင်မပြေမှာစိုးတာနဲ့ ပဲ .... ပိုက်ဆံ အစားအသောက်က အစ လိုလေသေးမရှိအောင် ပို့ ပေးရှာပါတယ်... ဒီမှာလည်း ကလေးနှစ်ယောက်ကို ကျောင်းထားရတာ တစ်ဘက်..... ယောက်ကျားသဘောင်္ပေါ်ကို ပိုက်ဆံပြန်ပို့ ရတာတစ်ဘက်ကြောင့် အတော်လေး ဒုက္ခရောက်ရှာပါတယ်..... ဒီလို နဲ့ သဘောင်္ စာချုပ်ပြည့်တော့ ပြန်လာတယ်ပေါ့လေ....

ဒီပြန်ရောက်တော့ အဲဒီကလေးမနဲ့ လူချင်းသွားတွေ့ ကြ.... အပြင်မှာ ချိန်းတွေ့ကြရာကနေ.... ဟိုတယ်မှာသွားအိပ်တဲ့အထိဖြစ်လာကြပါတယ်..... အဲဒီကလေးမလေးကိုတော့ ... သူဟာလူပျိုပါလို့ ပြောထားပါသတဲ့ ..... ပါလာတဲံပိုက်ဆံလည်း အဲဒီကလေးမကို ထောက်ပံ့ရတာ ဘာညာနဲ့ ကုန်ပြီး နှစ်လ လောက်နေတော့ သဘောင်္ကို ဒုတိယ အကြိမ်ပြန်တတ်သွားပါတယ်.....

တကယ်တော့ လိမ်တယ်ဆိုတာ .. ခဏပဲရတယ် ... ကြာကြာဖုန်းဖိထားလို့ မရပါဘူး ..... အိမ်က အမျိုး သမီးက .... သူ သဘောင်္တက်ပြီး သိပ်မကြာခင်ပဲ ... သူ့ အင်တာနက် ထဲက စာတွေကို ကြည့်ရာကနေ..... သူနဲ့ အဲဒီကလေးမလေး တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းကို စတင်ခြေရာခံမိပါတော့တယ်....... ဒါနဲ့ ပဲ ... နောက်ဆုံးတော့ အားလုံးဘူးပေါ်သလိုပေါ်သွားတယ်ပေါ့ဗျာ ....... အခုတော့ သူ့ကို သဘောင်္ပေါ်က နေပြန်လာခိုင်းလိုက်တာ ရန်ကုန်ရောက်နေပါပြီ....... တစ်ဘက် ကလေးမလေးကိုလည်း စကားပြောကြည့်တော့မှ အသက်နှစ်ဆယ် စွန်းရုံလေးပဲရှိသေးတယ်ဆိုတာ သိရပါတယ်.....
အဲဒီ အမ ရင်ဖွင့်တဲ့ အတိုင်း ပြန်ပြောရရင်...

သူ့ကို အော်ပြောချင်စိတ်လည်း မရှိတော့လောက်အောင်..... ငိုချင်စိတ်တွေလည်း ခမ်းသွားလောက်အောင်ကို ... အမ ၀မ်းနည်းပါတယ် တဲ့ဗျာ .....

ကျွန်တော်ကိုယ်ချင်းစာနိုင်ပါတယ်.... မိသားစု တိုးတက်ရေး အတွက် .. မိသားစု အကွဲခံပြီး .... သဘောင်္လိုက်တဲ့ အလုပ်ထဲ သွားလုပ်ခိုင်းကာမှ..... အိမ်က ပိုက်ဆံပြန်ပို့ ရတဲ့ အထိ ဆိုတော့ ..... ဒီလူ့ကို ... ကျွန်တော်ဖြင့် သဘောင်္သားပါလို့ တောင် ..ချပြရမှာ အတော်ရှက်မိပါတယ်........

အဓိကကတော့ .... အဲဒီ လူရဲ့ ကလေးနှစ်ယောက်ကို အသနားဆုံးပါပဲ ..... အကြီးဆုံးသားကမှ ဆယ်နှစ်. ... အငယ်က ခြောက်နှစ်.... လူလားတောင်မမြောက်သေးခင်... ဖခင်ဆိုးတစ်ယောက်ရဲ့ ဒဏ်ကို ခံစားရတော့မှာကို အတော်စိုးမိပါတယ်.... ဒါပေမယ့် အဲဒီအမျိုးသမီးကတော့ ..မိခင်ကောင်း ပီသ ပါတယ်..... အိမ်ထောင်ကို အကွဲမခံပါဘူး ..... သားသမီးတွေ စိတ်ဒဏ်ရာရမှာ တစ်ခုတည်းအတွက်... သူပဲ စိတ်အဆင်းရဲခံပြီး ဒီအိမ်ထောင်ဝန်ကို ဆက်ထမ်းပါမယ်လို့ ပြောရှာပါတယ်..... ယောက်ကျားကိုလည်း သဘောင်္မလိုက်ခိုင်းတော့ပါဘူးလို့ ပြောရှာပါတယ်....... အဲဒီ အမကို တော့ ကျွန်တော် မသနားနိုင်တော့ပါဘူး .... အရမ်းကိုလေးစားမိတာပါပဲ ...... တကယ်ကို ရှာမှ ရှား အိမ်ရှင်မကောင်းတစ်ယောက်ပါပဲ ဗျာ ....

နောက်ထပ်သနားဖို့ ကောင်းတာကတော့ .... တစ်ဘက်က မိန်းကလေးပါပဲ .... အင်တာနက်ပေါ်က လွယ်လွယ်တွေ့ တဲ့ ယောက်ကျားတစ်ယောက်ကို လွယ်လွယ်ယုံမိတယ်လို့ .... ပြောနိုင်ပါတယ်... ဒါပေမယ့် ဒီသဘောင်္သားဘက်က ဘယ်လောက်များ ယုံလောက်အောင်ပြောထားမလဲ ... ငွေကြေးတွေလည်း ပို့ ပေး ... ယုံလောင်အောင်လည်းပြောလာမယ်ဆို .. ဒီမိန်းကလေး အသက်နှစ်ဆယ်လောက်နဲ့ ..... သာယာမှာပါပဲ .... အခု သူပတ်သက်ခဲ့တဲ့ ဒီ အမျိုးသားကြီးဟာ ... အိမ်ထောင်နဲ့ .. ကလေးတွေနဲ့ ဆိုတော့ ... သူအတော်တုန်လှုပ်သွားမှာပါပဲ .... စိတ်ထဲ အတော်မကောင်းပါဘူး ....

စိတ်အပျက်ဆုံးကတော့ ... အဲဒီ သဘောင်္သားလို့ တောင်ခေါ်မကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲ ..... ဒီလိုလူတွေကြောင့် သဘောင်္သားများလည်း သိက္ခာကျရပါတယ်...... သူ့လုပ်ရပ်အတွက် ... သူရှက်မရှက်တော့ မသိပါဘူး ကျွန်တော်ကတော့ အတော်ရှက်မိပါတယ်... မိန်းမလည်း ရှိ.. ကလေးလည်း နှစ်ယောက်တောင် ရှိပြီး ကာမှ.... ၁၁ နှစ်ကျော် တည်ဆောက်လာတဲ့ အိမ်ထောင်တစ်ခုလုံးကိုတောင်ဂရုမစိုက်ပဲ .. လုပ်ရက်တဲ့ လူစားမျိုး ကိုတော့ ... အတော် စိတ်ပျက်မိပါတယ်.....
အော်... အဲဒီကိစ္စအတွက် ဒင်းက ပေးတဲ့ ဆင်ခြေကလည်း သိပ် နည်းလမ်းကျပါတယ်.... သဘောင်္ပေါ်က လူတွေ ၀ိုင်းမြှောက်ပေးလို့ လုပ်မိတာပါတဲ့ဗျာ ..... ကဲ .. ဒီလို မြှောက်ပေးတိုင်းလုပ်ရအောင်..... သူက ဆယ့်လေးငါးခြောက်နှစ်လူပျိုပေါက်ကလေးတဲ့လား....... ၀ိုင်းမြှောက်ပေးပြီး ချီးစားဆို စားမလား .... အဲဒီလိုပဲမေးလိုက်ချင်ပါတော့တယ်.....

(အမ က ... ဒီတစ်ခေါက်သူပြန်လာရင်.. အိမ်ထောင်သက် ၁၁ နှစ်ပြည့်ပွဲလေး လုပ်ကြမယ်ဆိုပြီး အားလုံးစီစဉ်ထားခဲ့တာ .... အခုတော့ ... ဒီကိစ္စဖြစ်လာတဲ့အခါ... ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပါဘူး ကွယ်...... စောစောက သူမအိပ်ခင်... အဲဓီကိစ္စ စကားပြောနေတုန်းကတောင်... သားအငယ်လေးက ... ဖေဖေက တခြားမိန်းမကို မချစ်နဲ့လေတဲ့ ..... အမကတော့ ..ကလေးတွေကို အသနားဆုံးပဲ ...... သူတို့ မှာ ငယ်ငယ်လေးနဲ့ ဒီလို ဒဏ်ရာတွေ လာရနေရှာပြီ....... မနက်ဖြန်မနက်တော့ အဲဒီကလေးမနဲ့ တွေ့ပြီး စကားပြောဖို့ ချိန်းထားတယ်...... သူကတော့ အဲဒိ ကောင်မလေးရှေ့မှာတောင်းပန်ပါမယ်တဲ့ ...... ပြောပြီး အိပ်ပျော်သွားပြီ... အမမှာသာ အိပ်မပျော်ပဲ အခု မနက်လေးနာရီထိုးရတာ.... )

အဲဒီ အမကိုတော့ သနားလည်း သနားမိ... လေးလည်း လေးစားမိတာပါပဲ .... အမလို မိခင်ကောင်းမျိုး .... ဇနီးကောင်းမျိုးကတော့ ရှားပါတယ် အမရယ်....... သဘောင်္ပေါ်က ယောက်ကျား အတွက်တောင် အိမ်က ပိုက်ဆံပြန်ပို့ ပေးတဲ့ အမျိုါ် သမီးမျိုးကတော့ ... ကျွန်တော့ တစ်သက်တစ်ခါမှ မတွေ့ဖူးတာပါ...... ဒီအိမ်ထောင်လေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေ အမရယ်...... ကျွန်တော် စိတ်ရင်း အမှန်နဲ့ ဆုတောင်းပါတယ်...

ဒီတော့ ..... ဒီနိုင်ငံက မြန်မာအမျိုးသမီးငယ်များကိုလည်း .... ပိုက်ဆံပို့ ပေးတိုင်း ..... မယုံပါနဲ့ ... အပြောကောင်းတိုင်းလည်း မယုံပါနဲ့ ..... ဘာမှန်းညာမှန်းမသိပဲ ... ကိုယ့် ဘ၀ကို ၀ကွက်ထိုးအပ်တဲ့ အလုပ်မျိုါ် မလုပ်မိပါစေနဲ့လို့ ပဲ သတိပေးပါရစေ.......

တကယ်တော့ ဗျာ ..... လိမ်တယ်ဆိုတာ ... ခဏပဲရပါတယ်... ဘယ်လောက်ဖင်ပိတ်ငြင်းငြင်း နောက်ဆုံး ဘူးပေါ်သလိုပေါ်တာပါပဲ ......
ဒီလိုဇာတ်လမ်းမျိုး စချင်နေတဲံ ... စဖို့ ပြင်ဆင်နေတဲ့ သဘောင်္သားများနဲ့ တကွ... တခြား အိမ်ထောင်ရှင် အမျိုးသားများကိုလည်း မှာလိုက်ချင်ပါတယ်...... ဘယ်သူ့ မျက်နှာမှ မကြည့်ရင်နေဗျာ .... ကိုယ်ရင်သွေးတွေ မျက်နှာလေးပဲ တစ်ချက်လောက်ကြည့်ပေးကြပါ.......

(ငါဟာ ဒီသားသမီးတွေန့ ... ငါ့ပေါ် သစ္စာ ရှိတဲ့ ဇနီးသည် အတွက် ထိုက်တန်သော ဖခင်တစ်ယောက် ခင်မွန်းကောင်း တစ်ယောက်ဖြစ်ရမယ် )

လို့... တစ်ခါလောက် တွေးကြည့်ပေးကြပါလား ........ ဖောက်ပြန်တယ် ဆိုတာ ဘယ်သူ့ အပြစ်မှ မဟုတ်ပါဘူး ... ကိုယ့်အပြစ်ပါပဲ.... အဲဒီလူသာ ကိုယ့်လိပ်ပြာကိုယ်ပြန်ရှက်တတ်မယ်ဆို .... ထိုင်နေရင်းနဲ့ နေရာမှာတင်ဘိုင်းကနဲ့လဲသေပစ်လိုက်လို့ ရပါတယ်......

By: လင်းလွန်းညို
၁၁.၁၀.၂၀၁၂

No comments:

Post a Comment