Wednesday, October 17, 2012

အတောင်ကျိုးနဲ့ ပျံတဲ့ ငှက်

ဒီနေ့ ..မနက်က က.ည.န ရုံးရောက်တော့ .... လိုင်စင်ဖြေတဲ့ အဆောင်ထိပ်မှာ မုန့်ရောင်းနေတဲ့ သူ့ကိုတွေ့တာပါပဲ...... မြင်မြင်ချင်းပဲ လေးစားသဘောကျလွန်းလို့ .... ခွင့်တောင်းပြီး ဓာတ်ပုံရိုက်လိုက်တာပါ..... သူ့ မှာလက်နှစ်ဘက်လုံး မရှိတော့ပါဘူး .... တဘက်က ကြေးလက် အတုတပ်ထားတာဖြစ်ပြီး ... အဲဒီလက်အတုရဲ့ ထိပ်မှာ ... ချိတ်ကောက်လေး နှစ်ခုကို .. ကပ်ကျေးများလို ညှပ်လို့ ပါရအောင်စီစဉ်ထားပြီး .... အဲဒါလေးနဲ့ လက်တစ်ဘက်လို
အသုံးချပြီး ဈေးရောင်းနေတာပါ.....

သူနာမည်က ကိုတင်အေးတဲ့ ... ဒါပေမယ့် သူ့ကို ဒေးဗစ်ချမ်းလို့ ပဲ သိတာများတယ်လို့ ပြောပါတယ်.... မိဘနှစ်ပါးလုံးလည်းမရှိတောပါဘူး ... အဘိုးအဘွားများနဲ့ နေပြီး အဘိုးအဘွားများကို ပါလုပ်ကျွေးနေသူပါ...... ဘာကြောင့် လက်မရှိတော့တယ်ဆိုတာကို ကိုတော့ အားနာလို့ မမေးခဲ့ပါဘူး ... ဒါပေမယ့် အဲဒီလို လက်နှစ်ဘက်လုံးမရှိပဲ.... မုန့်ရောင်းရင်းနဲ့ ပဲ ... ၀ယ်ခဲ့တာ ရွာသာကြီး မှာမြေကွက် နှစ်ကွက်ရှိပါပြီတဲ့ခင်ဗျာ .. လက်ထဲမှာလည်း သိန်းနှစ်ဆယ်လောက် ရှိပါတယ်တဲ့ .... ကျွန်တော်ကတော့ သူ့ကို လေးလည်းလေးစား ... သိပ်လည်း သဘောကျမိပါတယ်.... ဒီကြားထဲ အဲဒီလိုင်စင်ရုံးရှေ့မှာထိုင်နေသူတွေ အမှိုက်ချရင်လည်း သူက လိုက်ပြောပေးသေးတယ်... ပြီးရင်သူပဲ ကောက်ပြီး အမှိုက်ပုံးအထိရောက်အောင်သွားထည့်ပေးတယ်..... နိုင်ငံကြီးသားမပီသဘူး တဲလေ.... ဒါသူပြောတဲ့ စကားပါ.........

(ကျွန်တော်ကတော့ ပျော်ပျော်ပဲနေတယ်... စိတ်ညစ်နေတော့လည်း ဘာထူးမှာလဲ .... ညစ်တာပဲ အဖတ်တင်မယ်.... ကိုယ်ပင်ပန်းတာပဲ အဖတ်တင်မယ်..... ကျွန်တော်ကတော့ စိတ်မညစ်အောင်ကို ....နေတယ်...ဟဲဟဲ)
တကယ်လည်း အဟုတ်ဗျာ ... သူ့ကိုကြည့်ရတာ ပျော်နေတာပါပဲ ..... တစ်ရုံးလုံးကလည်း သူ့ကို ခင်ခင်မင်မင်ဆက်ဆံတယ်.. ဈေးသည်ချင်းဆိုလည်း လေးစားတယ်.... ဒါက ကျွန်တော် ထိုင်ကြည့်နေလို့ သိခဲ့တာပါ..... ဆေးလိပ် တို့ မုန့်တို့ ဆို ကုန်သွားရင်.. သူ့ဆီကပဲလာယူရောင်းကြရတာကိုး .... ဟိုးအပြင်အထိ ထွက်မ၀ယ်ချင်သူတွေကို .... သူက ပဲ တစ်ပြန် ပြန်သနားပြီး ..ဆေးလိပ်ဘူး တွေ မုန့်ထုပ်တွေ သူ့ဆီက ပေးရောင်းသေးတာ... ....

ဒီတော့ .... တစ်ချို့ တစ်ချို့ ခြေစုံလက်စုံရှိပါလျက်... အလုပ်မလုပ်သူတွေ.... အလုပ်လုပ်နေတာတောင်... ငြီးငြူနေသူတွေ...... ကိုဒေးဗစ်လို နေကြည့်ဖို့ အကြံပေးပါရစေ ..... ကျွန်တော်တို့ သာ သူ့နေရာမှာဆို .... သူ့လို နေနိုင်ပါ့မလား....... သူ့လို ရှာဖွေနိုင်ပါ့မလား ....... တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမှာပါ......

By: လင်းလွန်းညို
(ကိုဒေးဗစ်ချမ်းအား ယခုစာဖြင့် ... ဂုဏ်ပြုလိုက်ပါသည်...)
၅.၁၀.၂၀၁၂

No comments:

Post a Comment