Tuesday, July 31, 2012

ပင်လယ် သရီးသောင်ဇင်

အဟွတ် အဟွတ်...

ချောင်းကလည်း ဆိုးလိုက်တာ....

လက်ကြားထဲက ပလက်စတစ်စကို ကြည့် မိ...

တင်စရာအပြစ်တွေတစ်ပွေ့တစ်ပိုက်နဲ့

ဝန်ယူမယ့် သူက မဲ့နေခဲ့တယ်....



အဟွတ်အဟွတ်...

ချောင်းကထပ်ဆိုးပြန်တယ်...

လေကောင်းလေသန့် ... သြော်လေကောင်းလေသန့်

အရင်ကတော့ ငါ့ပေါ်က ဖြတ်ပြီးသူတို့တွေရှုရိုက်လိုက်တာ...

ခုတော့ ငါကိုယ်တိုင်တောင်ရှုစရာလေ မဲ့နေခဲ့ပြန်တယ်...



အဟွတ်အဟွတ်

ဟဲ့ချောင်း... ထွီ

အော် ဒီဆီဆိုးဆီညစ်တွေက ငါ့လည်ချောင်းလာကပ်နေသကိုး....

ဟာ ပလပ်စတစ်တွေ ပါလာပြီ... ... ဒုတ်ခပဲ

ဟိုတစ်လော က နောက်ဆုံးလက်ကျန်ဝေလငါးတစ်ကောင်းလည်း ဒီနည်းနဲ့ ပဲ

သေရတယ်....

ငါသေလို့ မဖြစ်သေးဘူ



အဟွတ်အဟွတ်

ပြေးမှ... ထပြေးမှ...

ဘုန်း အင့်...... အော် ပုလင်းခွံတွေ နင်းမိပြန်ပြီ...

ထပြေးမယ်... ထ...ထပြေးမယ်...... အို....

မေ့နေလိုက်တာ..

ဘာမှ တောင် မမြင်ရတဲ့ ဒီနှစ်ထဲ .. ငါ ဘယ်ကို ပြေးမလဲ????


By: လင်းလွန်းညို

No comments:

Post a Comment