Tuesday, July 31, 2012

ပင်လယ်ပျော်တဲ့လား...


နှစ်လရက်ကို သရုပ်ခွဲ
အထုပ်ဆွဲပြီး ပုတ်ပြတ်ရောင်းတဲ့အလုပ်

အချိန်နဲ့ ငွေကြေး
ကံကြမ္မာနဲ့ နှလုံးသား
ကြေးကြီးထပ်… ဈေးကြီးဖြတ်ပြီး လဲလှယ်တဲ့အလုပ်

လှိုင်းကြီးလှေအောက်…
လှေမှောက်မှာက တစ်မျိုး
ကျောမချခင် အကုန်ထုတ်
အသက်ပါနှုတ်မယ့် ဓမြ*တွေက တစ်ဖုံ
ထိတ်တလန့်တွေကုံလုံတဲ့ အသက်နဲ့ရင်းမှ ထမင်းစားရမယ့် အလုပ်…….

ပင်လယ်ကြီးရေ
ခင်ဗျားကို ခပ်သောက်မိလို့ ပဲ…
ကျုပ်ကိုများပြန်ခပ်သောက်နေရော့သလား……
(အဟား…)
ညစ်ကျယ်ကျယ် ပဲရယ်ချပြစ်လိုက်မိတယ်….

ပြောပြီးပါပကော
ပင်လယ်ပျော်ရအောင် ကျုပ်က စင်ရော်မှ မဟုတ်ပဲလေ………………

By: လင်းလွန်းညို

No comments:

Post a Comment