ယောက်ကျားတွေက ပိုက်ဆံ ရှိပြိဆို စပျက်ဆီးတယ်.....
မိန်းမတွေက တော့ .. ပိုက်ဆံမရှိတော့ဘူး ဆိုရင် စပျက်ဆီးတော့ တာပဲတဲ့....
ဟိုတစ်နေ့က ဘယ်ထဲမှာလဲမသိပါဘူး ဖတ်ဖြစ်လို့ သတိရလို့ ရေးလိုက်တာပါ..
စာဖတ်သူအား....အကျိုးယုတ်စေသော အဆိပ်အတောက်ဖြစ်စေမည့် စာများ မရေးပါ...အကျိုးရှိမည့် ပြောသင့်ပြောထိုက်သည်များ ရေးသင့်ရေးထိုက်သည်ကိုလည်း လူအမုန်းခံရေးဖို့ .. လုံး၀၀န်လေးလိမ့်မည်မဟုတ်ပါ... အဲဒါကျွန်တော့ သစ္စာပါပဲ
Thursday, September 20, 2012
အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်လူငယ်များ နှင့် ဒိုင်များ သို့ ...
ခုပဲ အိမ် မက်ဆုံရာ Season 3 (Dance) အတွက်
လူရွေးပွဲကို ကြည့်နေပါတယ်..... Boy Generation ဆိုတဲ့ အဖွဲ့ (ချာ တိတ်
နှစ်ယောက်) ပြိုင်တာကို ကြည့်ပြီး အတော် စိတ်ပျက်သွားတယ်... မကောင်းလို့
ကောင်းလို့ မဟုတ်ပါဘူး .. သူတို့ ပြောသွားတဲ့ စကားကို စိတ်ပျက်တာ ပါ....
(ကျွန်တော်တို့ က နှစ်ရက် ပဲ အချိန်ရ တော့ အမြန်တိုက်ပြီး လာပြီုင်လိုက်တာ
ပါ) ဆိုပဲ ..... သီချင်း တစ်ပုဒ် အတွက် အက တိုက်တာ ... ၂ ရက် နဲ့
ပြိုင်ပွဲတစ်ခု
ကို ၀င်ဖို့ စဉ်းစား တတ်တဲ့
ဒီချာတိတ်တွေ ဦးနှောက်ကို ကြည့်ပြီး .... ဒီခေတ် ဒီကာလ မှာ .... ဖြစ်သလို
လုပ်နေကြတဲ့ ဒီချာတိတ်တွေလို လူငယ်တွေ ဘယ်လောက်များနေပြီလဲလို့
အလန့်တကြားတွေးမိပါတယ်.......
ကိုယ့် ပြိုင်ပွဲတစ်ခုကို ၀င်တော့ မယ်ဆို ... အနည်းဆုံး တော့ ... ရုပ်မပျက်လောက်အောင် တော့ .. လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ် ထင်ပါတယ်....sTAGE FRIGHT ဆိုတာကို လက်ခံပေးလို့ ရပေမယ်.. ဒါကို လည်း ထိန်းနိုင်ဖို့ ကိုယ်က ပြင်ဆင်ရမယ်.. ပြိုင်မယ်ဆို ပြင်ဆင်ရမယ်.. ဒါကိုယ့်တာဝန်ပဲ .... တီဗွီထဲ ပါရတော်ပြီဆိုရင်လည်း .... ဒါဟာ ကိုယ့် အရှက် ကိုယ်ခွဲတာနဲ့ တူတူပါပဲ .... လူငယ်တွေ မှာ အစ
ီအစဉ် တစ်ကျလုပ်တတ်တဲ့ အကျင့် တွေ ပျောက်ကုန်ပြီလား .... ပြင်ဆင် တတ်တဲ့ အကျင့်တွေ ပျောက်ကုန်တာလား ..... တွေးရင်းတောင် ၀မ်းနည်းမိပါတယ်.... ဒီလူတွေ ဟာ နောင်တစ်ခေတ်မှာ ဒီနိုင်ငံတော်မှာ လူကြီးဖြစ်လာမယ့်လူတွေပါ..... ပြီးပြီးရော လုပ်တတ်တဲ့ အကျင့်လေးတွေ ပြင်သင့်ပြီ... အဆိုးဆုံးကတော့ .. ဒိုင်ထဲမှာ မက်သရူး ဘာညာကွိကွ ဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်ပါနေတာ ... သိရင်... ကိုယ်က ပိုပြီး သိက္ခာ မကျအောင်လုပ်သင့်တယ်ထင်ပါတယ်... .
ဒိုင်တွေကိုလည်း အကြံလေးတစ်ခုတော့ ပေးချင်ပါတယ်... မကောင်းတာကို မကောင်းဘူးလို့ ဒဲ့ပြောစေချင်တယ်.... ဒါဟာ ညှာရမယ့် ကိစ္စမဟုတ်ဘူး ... ကိုယ် က မကော်ငးတာကိုလည်း ကောင်းပါတယ်.... မဆိုးပါဘူး လုပ်လိုက်တာ ဟာ .. လူငယ်တစ်ယောက်ကို သူ့ ကိုယ်သူ အသိအမြင်လွဲအောင်လုပ်တာ ပါပဲ ..... ကိုယ် မကောင်းဘူးဆိုတာ သိမှ ကိုယ်ပြင်သင့်တယ်ဆိုတာ သိမယ်... အခု ဒိုင်ထဲမှာ ဇေယျာ (Uranium)ကို သဘောအရမ်းကျပါတယ်... ပြောသင့်သလောက်ပြောပါတယ်.... တစ်ချိန် လုံး အရမ်းကောင်း ပါတယ် ဆိုတာ ကြီးက စိတ်ပျက်ဖို့ အတော်ကောင်းနေပါတယ်....
လူငယ်တွေ ကိုညှာ သင့်တဲ့ နေရာမှာ ညှာပါ... ပြောသင့်တာကိုတော့ ပြောရမယ်... ဒါဟာ ချစ်တာ နဲ့ နှစ်တာ ကွာခြားသလိုပါပဲ ... ဒိုင်တွေ အနေနဲ့ ပြိုင်ပွဲဝင်တွေကို ကောမန့်ပေးတာ ဟာ ချစ်လို့ ညှာသလိုမဖြစ်ပဲ ..... ဘာလုပ်လုပ် ကောင်းပါတယ်လုပ်နေပြီး .. ဆွဲနှစ်သလိုဖြစ်သွားရင်.... လူငယ်တွေ အတွက်ပို ပြီး ဒုက္ခရောက်နိုင်တယ်လို့ မြင်ပါတယ်....
ကဲပါလေ.. ကျွန်တော် အစိုးရိမ်လွန်တယ်ပဲ ထားလိုက်ပါ... ဒါပေမယ့် လိုအပ်နေတယ်လို့ ကော မထင်ကြဘူးလား ခင်ဗျာ ...
မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို
ကိုယ့် ပြိုင်ပွဲတစ်ခုကို ၀င်တော့ မယ်ဆို ... အနည်းဆုံး တော့ ... ရုပ်မပျက်လောက်အောင် တော့ .. လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ် ထင်ပါတယ်....sTAGE FRIGHT ဆိုတာကို လက်ခံပေးလို့ ရပေမယ်.. ဒါကို လည်း ထိန်းနိုင်ဖို့ ကိုယ်က ပြင်ဆင်ရမယ်.. ပြိုင်မယ်ဆို ပြင်ဆင်ရမယ်.. ဒါကိုယ့်တာဝန်ပဲ .... တီဗွီထဲ ပါရတော်ပြီဆိုရင်လည်း .... ဒါဟာ ကိုယ့် အရှက် ကိုယ်ခွဲတာနဲ့ တူတူပါပဲ .... လူငယ်တွေ မှာ အစ
ီအစဉ် တစ်ကျလုပ်တတ်တဲ့ အကျင့် တွေ ပျောက်ကုန်ပြီလား .... ပြင်ဆင် တတ်တဲ့ အကျင့်တွေ ပျောက်ကုန်တာလား ..... တွေးရင်းတောင် ၀မ်းနည်းမိပါတယ်.... ဒီလူတွေ ဟာ နောင်တစ်ခေတ်မှာ ဒီနိုင်ငံတော်မှာ လူကြီးဖြစ်လာမယ့်လူတွေပါ..... ပြီးပြီးရော လုပ်တတ်တဲ့ အကျင့်လေးတွေ ပြင်သင့်ပြီ... အဆိုးဆုံးကတော့ .. ဒိုင်ထဲမှာ မက်သရူး ဘာညာကွိကွ ဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်ပါနေတာ ... သိရင်... ကိုယ်က ပိုပြီး သိက္ခာ မကျအောင်လုပ်သင့်တယ်ထင်ပါတယ်...
ဒိုင်တွေကိုလည်း အကြံလေးတစ်ခုတော့ ပေးချင်ပါတယ်... မကောင်းတာကို မကောင်းဘူးလို့ ဒဲ့ပြောစေချင်တယ်.... ဒါဟာ ညှာရမယ့် ကိစ္စမဟုတ်ဘူး ... ကိုယ် က မကော်ငးတာကိုလည်း ကောင်းပါတယ်.... မဆိုးပါဘူး လုပ်လိုက်တာ ဟာ .. လူငယ်တစ်ယောက်ကို သူ့ ကိုယ်သူ အသိအမြင်လွဲအောင်လုပ်တာ ပါပဲ ..... ကိုယ် မကောင်းဘူးဆိုတာ သိမှ ကိုယ်ပြင်သင့်တယ်ဆိုတာ သိမယ်... အခု ဒိုင်ထဲမှာ ဇေယျာ (Uranium)ကို သဘောအရမ်းကျပါတယ်... ပြောသင့်သလောက်ပြောပါတယ်.... တစ်ချိန် လုံး အရမ်းကောင်း ပါတယ် ဆိုတာ ကြီးက စိတ်ပျက်ဖို့ အတော်ကောင်းနေပါတယ်....
လူငယ်တွေ ကိုညှာ သင့်တဲ့ နေရာမှာ ညှာပါ... ပြောသင့်တာကိုတော့ ပြောရမယ်... ဒါဟာ ချစ်တာ နဲ့ နှစ်တာ ကွာခြားသလိုပါပဲ ... ဒိုင်တွေ အနေနဲ့ ပြိုင်ပွဲဝင်တွေကို ကောမန့်ပေးတာ ဟာ ချစ်လို့ ညှာသလိုမဖြစ်ပဲ ..... ဘာလုပ်လုပ် ကောင်းပါတယ်လုပ်နေပြီး .. ဆွဲနှစ်သလိုဖြစ်သွားရင်.... လူငယ်တွေ အတွက်ပို ပြီး ဒုက္ခရောက်နိုင်တယ်လို့ မြင်ပါတယ်....
ကဲပါလေ.. ကျွန်တော် အစိုးရိမ်လွန်တယ်ပဲ ထားလိုက်ပါ... ဒါပေမယ့် လိုအပ်နေတယ်လို့ ကော မထင်ကြဘူးလား ခင်ဗျာ ...
မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို
Saturday, September 15, 2012
အဲယားကွန်း
ရီမုတ်ကွန်ထရိုးမှ… အဖွင့်အပိတ်ခလုတ်ကို တစ်ခေါက်ထပ်နိုပ်ပြီးဖွင့်ကြည့်သည်….. တွီ ဆိုသော အသံနှင့်အတူ… လေတဟူးဟူးစတိုက်လာသည်….. သိုပေမယ့် လေပူကြီးဖြစ်သည်… ပုံမှန် ပန်ကာမှလာသောလေလို လေပူကြီးပဲဖြစ်သည်….. အဲကွန်းလေ မဟုတ်… အေးစိမ့်စိမ့်ဖြစ်မနေ….. ဒါဆိုသေချာသွားပါပြီ…. တစ်ခုခုတော့ ဖြစ်နေပြီ……. ဒီတစ်ကြိမ်နှင့်ဆို အဖွင့်အပိတ်လုပ်ကြည့်နေတာလေးငါးကြိမ်ရှိပြီဖြစ်ပါသည်….. ဖုန်ဝင်မည်ကိုကာကွယ်ထားသည် စကာလေးများကိုလည်းဆေးပြီးပြီ… ဒါဆိုဘာများဖြစ်နိုင်ဦးမည်နည်း …. Outdoor Unit
ကတစ်ခုခုဖြစ်တာဆိုလျှင်တော့ … သူထွက်မကြည့်နိုင်တော့….
မနက်ကတင်အကောင်းကြီးဖြစ်သည်… အခုမှ ဘာထဖောက်သနည်းမသိ…. မတတ်နိုင်တော့ …
သူစိတ်ပျက်လက်ပျက်နှင့် … ရီမုတ် ကို ချကာ အိပ်ယာပေါ်သို့ သာ
လာထိုင်လိုက်ရတော့သည်…… ခုတော့ … သူအမုန်းဆုံးမကြားချင်ဆုံး…
လက်မခံချင်ဆုံးသော အခြေအနေတစ်ခုကို …. သူလက်ခံလိုက်ရပါတော့မည်…. ဟုတ်ပါသည်…
သူ့ အိပ်ခန်းမှ အဲယားကွန်းပျက်သွားပါလေပြီ……..
(အဲကွန်းမရှိလျှင်မအိပ်တတ်ဘူး )
(အဲကွန်းမရှိလျှင်မအိပ်တတ်ဘူး )
အလွဲ
စိုမှာစိုးလို့ မိုးမိပါသတဲ့
ဒါပေမယ့်
သူမမိုးတာ
ကျွန်တော့နှလုံးသားမှ မဟုတ်ပဲလေ....
ငါ့မှာတော့ ခုထိ
မိုးထဲ... လေထဲ...
by: လင်းလွန်းညို
မိုးထဲ... လေထဲ...
by: လင်းလွန်းညို
မိုးမမြင်လေမမြင်
တစ်ဆုပ်ကြဲရင်
တစ်လှည်းဝင်သတဲ့...
ငါ့အချစ်
တစ်ဆုပ်စာလောက်ကြံမိတာ
အလွမ်းတွေ အုံလိုက်ကျင်းလိုက်..
နေပျောက်မထိုးအောင်
စိုက်ပျိုးမိလျက်သားဖြစ်နေခဲ့တယ်....
By: လင်းလွန်းညို
တစ်ဆုပ်စာလောက်ကြံမိတာ
အလွမ်းတွေ အုံလိုက်ကျင်းလိုက်..
နေပျောက်မထိုးအောင်
စိုက်ပျိုးမိလျက်သားဖြစ်နေခဲ့တယ်....
By: လင်းလွန်းညို
Friday, September 14, 2012
ဒီဟင်း ဘယ်လောက်လဲ ?
ကျွန်တော့ အမေက မူကြိုလေး တစ်ခုဖွင့်ထားပါတယ်.... မူကြိုဆိုတော့ ဆရာမလေးတွေလည်း များသပေါ့လေ.... သူ့မှာ ဆရာမ ခြောက်ယောက်ရှိပါတယ်..... အမေက ၀န်ထမ်းတွေ အပေါ် သက်ညှာတတ်သူတော့မဟုတ်ပါဘူး ... ဒါပေမယ့် နိုပ်စက်သလ
ိုလည်း
တစ်ခါမှ မလုပ်ဖူးဘူး .... နည်းနည်း စကားပြောတော့ အပေါက်ဆိုးတယ်...
နည်းနည်းမဟုတ်ပါဘူး အတော်ဆိုးပါတယ်.... ဒါပေမယ့် သူ့ဆရာမတွေကိုလည်း ...
မြှောက်စားသင့်သလောက်မြှောက်စားပါတယ်.. ဥပမာ .. တယ်လီဖုန်း ငါးသိန်းနဲ့
စရတော့ ... လစဉ် တစ်လ သုံးသောင်းထင်တယ်.. လခထဲက ဖျက်ပြီး ဖုန်းဝယ်ပေးတာ
မျိုး .. ဖုန်းကို အရင်ဝယ်ပေးလိုက်တာ ပါ... ပြီးမှ လခဖြတ်ဖြတ်သွားတာပေါ့
.... ဒီကြားထဲမှာ ... အလုပ်ထွက်သွားရင်တော့ လည်း ကိုယ်နာတာပေါ့လေ....
နောက်ပြီး အစားအသောက်က အစ ပေးကျွေးတာမျိုးပေါ့လေ.. လုပ်ပါတယ်... မိသားစု
ခရီးထွက်တဲ့ အခါမျိုးတွေလည်း .... စရိတ်ငြိမ်းခေါ်သွားပေးပါတယ်...ထားပါလေ...
ပြောချင်တာက .. အမေ့မူကြိုမဟုတ်ပါဘူး ... စားသောက်ဆိုင် အကြောင်းပါ....
မုန့်ဟင်းခါးဆိုင်က ဂျပန်တွေ..
မနေ့က ညနေက Diet လုပ်နေရင်းကနေ ဘယ်လိုမှ မနေနိုင်တာနဲ့ မုန့်ဟင်းခါးတစ်ပွဲလောက်စားမိပါတယ်... စားတဲ့ဆိုင်က လှည်းတန်းလမ်းမပေါ်က ၀င်း မြောင်းမြမုန့်ဟင်းခါးပါ..... ဆိုင်က လူ အတော်ကျတယ်.... တိုးဝှေ့ပြ
ီးတောင်မှာရတယ်.... ဒါနဲ့ ကျွန်တော်စားနေတုန်း .... အနောက်နားက ကောင်မလေးနှစ်ယောက် ရောက်လာတယ်
(အန်တီ မုန့်ဟင်းခါး ရလား )
(အန်တီ မုန့်ဟင်းခါး ရလား )
Subscribe to:
Posts (Atom)



