Thursday, September 20, 2012

အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်လူငယ်များ နှင့် ဒိုင်များ သို့ ...

ခုပဲ အိမ် မက်ဆုံရာ Season 3 (Dance) အတွက် လူရွေးပွဲကို ကြည့်နေပါတယ်..... Boy Generation ဆိုတဲ့ အဖွဲ့ (ချာ တိတ် နှစ်ယောက်) ပြိုင်တာကို ကြည့်ပြီး အတော် စိတ်ပျက်သွားတယ်... မကောင်းလို့ ကောင်းလို့ မဟုတ်ပါဘူး .. သူတို့ ပြောသွားတဲ့ စကားကို စိတ်ပျက်တာ ပါ.... (ကျွန်တော်တို့ က နှစ်ရက် ပဲ အချိန်ရ တော့ အမြန်တိုက်ပြီး လာပြီုင်လိုက်တာ ပါ) ဆိုပဲ ..... သီချင်း တစ်ပုဒ် အတွက် အက တိုက်တာ ... ၂ ရက် နဲ့ ပြိုင်ပွဲတစ်ခု
ကို ၀င်ဖို့ စဉ်းစား တတ်တဲ့ ဒီချာတိတ်တွေ ဦးနှောက်ကို ကြည့်ပြီး .... ဒီခေတ် ဒီကာလ မှာ .... ဖြစ်သလို လုပ်နေကြတဲ့ ဒီချာတိတ်တွေလို လူငယ်တွေ ဘယ်လောက်များနေပြီလဲလို့ အလန့်တကြားတွေးမိပါတယ်.......

ကိုယ့် ပြိုင်ပွဲတစ်ခုကို ၀င်တော့ မယ်ဆို ... အနည်းဆုံး တော့ ... ရုပ်မပျက်လောက်အောင် တော့ .. လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ် ထင်ပါတယ်....sTAGE FRIGHT ဆိုတာကို လက်ခံပေးလို့ ရပေမယ်.. ဒါကို လည်း ထိန်းနိုင်ဖို့ ကိုယ်က ပြင်ဆင်ရမယ်.. ပြိုင်မယ်ဆို ပြင်ဆင်ရမယ်.. ဒါကိုယ့်တာဝန်ပဲ .... တီဗွီထဲ ပါရတော်ပြီဆိုရင်လည်း .... ဒါဟာ ကိုယ့် အရှက် ကိုယ်ခွဲတာနဲ့ တူတူပါပဲ .... လူငယ်တွေ မှာ အစ
ီအစဉ် တစ်ကျလုပ်တတ်တဲ့ အကျင့် တွေ ပျောက်ကုန်ပြီလား .... ပြင်ဆင် တတ်တဲ့ အကျင့်တွေ ပျောက်ကုန်တာလား ..... တွေးရင်းတောင် ၀မ်းနည်းမိပါတယ်.... ဒီလူတွေ ဟာ နောင်တစ်ခေတ်မှာ ဒီနိုင်ငံတော်မှာ လူကြီးဖြစ်လာမယ့်လူတွေပါ..... ပြီးပြီးရော လုပ်တတ်တဲ့ အကျင့်လေးတွေ ပြင်သင့်ပြီ... အဆိုးဆုံးကတော့ .. ဒိုင်ထဲမှာ မက်သရူး ဘာညာကွိကွ ဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်ပါနေတာ ... သိရင်... ကိုယ်က ပိုပြီး သိက္ခာ မကျအောင်လုပ်သင့်တယ်ထင်ပါတယ်....

ဒိုင်တွေကိုလည်း အကြံလေးတစ်ခုတော့ ပေးချင်ပါတယ်... မကောင်းတာကို မကောင်းဘူးလို့ ဒဲ့ပြောစေချင်တယ်.... ဒါဟာ ညှာရမယ့် ကိစ္စမဟုတ်ဘူး ... ကိုယ် က မကော်ငးတာကိုလည်း ကောင်းပါတယ်.... မဆိုးပါဘူး လုပ်လိုက်တာ ဟာ .. လူငယ်တစ်ယောက်ကို သူ့ ကိုယ်သူ အသိအမြင်လွဲအောင်လုပ်တာ ပါပဲ ..... ကိုယ် မကောင်းဘူးဆိုတာ သိမှ ကိုယ်ပြင်သင့်တယ်ဆိုတာ သိမယ်... အခု ဒိုင်ထဲမှာ ဇေယျာ (Uranium)ကို သဘောအရမ်းကျပါတယ်... ပြောသင့်သလောက်ပြောပါတယ်.... တစ်ချိန် လုံး အရမ်းကောင်း ပါတယ် ဆိုတာ ကြီးက စိတ်ပျက်ဖို့ အတော်ကောင်းနေပါတယ်....
လူငယ်တွေ ကိုညှာ သင့်တဲ့ နေရာမှာ ညှာပါ... ပြောသင့်တာကိုတော့ ပြောရမယ်... ဒါဟာ ချစ်တာ နဲ့ နှစ်တာ ကွာခြားသလိုပါပဲ ... ဒိုင်တွေ အနေနဲ့ ပြိုင်ပွဲဝင်တွေကို ကောမန့်ပေးတာ ဟာ ချစ်လို့ ညှာသလိုမဖြစ်ပဲ ..... ဘာလုပ်လုပ် ကောင်းပါတယ်လုပ်နေပြီး .. ဆွဲနှစ်သလိုဖြစ်သွားရင်.... လူငယ်တွေ အတွက်ပို ပြီး ဒုက္ခရောက်နိုင်တယ်လို့ မြင်ပါတယ်....

ကဲပါလေ.. ကျွန်တော် အစိုးရိမ်လွန်တယ်ပဲ ထားလိုက်ပါ... ဒါပေမယ့် လိုအပ်နေတယ်လို့ ကော မထင်ကြဘူးလား ခင်ဗျာ ...

မေတ္တာသက်သက်ဖြင့်
လင်းလွန်းညို

1 comment:

  1. thanks for saying so on behalf of the audiences...
    hope more...

    ReplyDelete