Wednesday, September 5, 2012

ကမ္ဘာမကြေဘယ်သူရေးခဲ့သလဲ

ကမ္ဘာ မကြေ ဘယ်သူရေးခဲ့သလဲ
===================

ယမန်နေ့ က ကျွန်တော့ သူငယ်ချင်းတစ်ယောက်က မြန်မာနိုင်ငံတော်သီချင်းရေးသားသူ ကို .. မသိလို့ ... လာမေးပါတယ်....
ဒီတော့ ဒီပေါ်မှာလည်း မသိသေးသူများရှိဦးမယ်လို့ ထင်ပါတယ်...

မြန်မာ နိုင်ငံတော်သီချင်း ကမ္ဘာ မကြေ ကို ၀ိုင်အမ်ဘီဆရာတင်က ၁၉၃၀ ခုနှစ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်.. ၀ိုင်အမ်ဘီ ဆရာတင်ဖြစ်ရခြင်းကတော့ ... သူ့ ကိုယ်ပိုင်ကျောင်း Young Men Buddhist's School ကြောင့် ဖြစ်ပါတယ်.. ၀ိုင်အမ်ဘီအေမဟုတ်ပါဘူး .....


.၁၉၄၇ မှာ နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်....စာသားအချို့ ကို မိတ်ဆွေ သခင်ဘသောင်းက ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်...

စရေးစကတော့ ... မြန်မာ ဂီတနဲ့ သာရေးခဲ့တာ ဖြစ်ပါတယ်..နောက်မှ အော်ကက်စထရာကိုပြောင်းလဲခဲ့တာ ပါ.....

ဆရာတင်ဟာ ကမ္ဘာ မကြေသီချင်းကို ၁၉၃၀ ဇူလိုင်လ ၂၀ ရက်နေ့မှာ ... ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ပထမဆုံး လူထုကို ချပြခဲ့တယ်လို့ ဆိုပါတယ်... ဒီအခန်းအနားအပြီးမှာပဲ .... အင်္ဂလိပ် အရာရှိများ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်... ၁၉၄၆ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်..... ၁၉၄၇ ခုနှစ်မှာတော့ ... ကမ္ဘာမကြေသီချင်းကို .. နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ခဲ့ ပြီး ဆရာတင်အားဆုငွေ တစ်ထောင်ဆုချခဲ့ပါတယ်...

၁၉၅၀ ဇန်န၀ါရီလ လေးရက် လွတ်လပ်ရေးနေ့မှာ မြန်မာ အစိုးရမှ ..ဆရာတင်အား ၀ဏ္ဏကျော်ထင်ဘွဲ့ ကိုအပ်နှင်းခဲ့ပါတယ်.......

By: လင်းလွန်းညို

No comments:

Post a Comment