Saturday, September 29, 2012

မြန်မာ ရုပ်ရှင်ဒါရိုက်တာများ .. ဘာသာရေးနှင့်ပတ်သက်၍ အလေးထားစေလို


ကြာတာတော့ ကြာပါပြီ.... လေးငါးလလောက်တောင်ရှိမလားပါပဲ ... မြန်မာ ဗီစီဒီ ကားတစ်ကားကြည့်ဖြစ်ပါတယ်... မင်းသားက ကျော်ရဲအောင်နဲ့ မင်းသမီးကတော့
မမှတ်မိတော့ပါဘူး .... ဒါရိုက်တာလည်း နာမည်ရှိပြီးသား ဒါရိုက်တာ တစ်ယောက်ပါပဲ .. နာမည်ကိုတော့ မေ့နေပါပြီ....

ဇာတ်ကားမှာ ကျော်ရဲအောင်က ဂွကျကျ လူပျိုကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရပါတယ်.... တစ်နေ့တော့ ရွာဦးကျောင်းဆရာတော်က .. သူ့ဆီကို စာရေးပါတယ်... ဆရာတော် အရေးပေါ်ဖြစ်နေလို့ ပါတဲ့ ... ဒီလိုစာရေးပြီးခေါ်ပါတယ်.... သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့ ဘဘုန်းကြိးမို့ ... စိတ်တွေပူပြီးတောကို ပြန်သွားပါရောပေါ့လေ....

ရွာက ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးက မာမာချာချာပါပဲ ..... သရုပ်ဆောင်သူက လူရွှင်တော်ကြီး ဦးပေါ်လေး ဖြစ်ပါတယ်... ဒီတော့ .. အရှင်ဘုရား နေမကောင်ဘူး အသည်းအသန်ဖြစ် နေတယ်ဆိုဘုရားဆိုတော့ .... ဘုန်းကြီးက နင့်ကို ဒီလိုမှ မခေါ်ရင်မရလို့ ခေါ်လိုက်ရတာ လို့ ဆိုပါတယ်.... ထားပါဥိးလေ...

ဒါနဲ့ ဘာအကြောင်းကြောင့်လဲဆိုတော့ ..... သူ့ကို မိန်းမပေးစားဖို့ပါတဲ့ခင်ဗျာ .... ရွာထဲက ဘယ်သူ လေးပေါ့လေ... အဲဒီကလေးမနဲ့ သဘောတူပါသတဲ့ ... ဒါနဲ့ ဇာတ်လမ်းအရ... ရွာဦးကျောင်းဆရာတော်အတင်းပေးစားလို့ ... မင်းသမီးနဲ့ ကျော်ရဲအောင်ညားပြီး ရန်ကုန်ကိုပြန်ပါလာသတဲ့ .....

ကဲပြောစရာက ဒီနေရာလေးမှာ နှစ်ခုရှိပါတယ်..... အပေါ်မှာ ပြောထားသလို ဘုန်းကြီးက .... ကျော်ရဲအောင်မလာမှာဆိုးလို့ .... စာကိုလိမ်ရေးပြီးခေါ်တယ်ဆိုတော့ .... ကာယကံမြောက်... ၀ီစီကံမြောက်... မနော်ကံမြောက်ပါ လိမ်သလိုဖြစ်မနေပါဘူးလား ....... ဒါတစ်ပိုင်းပေါ့လေ..

နောက်တစ်ချက်က ....ဗုဒ္ဓဘာသာဝင်တွေရဲ့ ရဟန်းဝိနည်းမှာ .. ရဟန်းများဟာ.....ဘယ်ယောက်ကျားမိန်းမ ကိုမှ.... အတူနေထိုင်ဖြစ်အောင်... မတွန်းပို့ရပါဘူး ... မင်္ဂလာဆောင်ပေးလို့ လည်းမရပါဘူး ...... သူနဲ့ သူမ ယူလို့ နေရာချထားပေးလို့ ကိုမရတာပါ...... ဒါက အကြမ်းပြောတာပါ.... အတိအကျကို ရှာပြီးတင်ပေးပါဦးမယ်..... ပြောချင်တာကတော့ ... ဘုန်းကြီး က မင်္ဂလာဆောင်ပေး.... စေ့စပ်ပေး ... အောင်သွယ်ပေး ... တာမျိုးလုပ်ခွင့်မရှိပါဘူး ....

မင်္ဂလာဦးဆွမ်းကျွေးနဲ့ မဆိုင်ဘူးနော်.... မင်္ဂလာဦးဆွမ်းကျွေးမှာ ဘုန်းကြီးက .. သူ့ကို ကပ်လှူတဲ့ ဆွမ်းမို့ ... ဘုန်းပေးတာ ပါ.... မင်္ဂလာဆောင်တာကို လာချီးမြှောက်တာမဟုတ်ပါဘူး ... ဒါကိုလည်း ကွဲပြားဖို့ လို့ပါတယ်......

ဒီတော့ မြန်မာ ဒါရိုက်တာများ ကို တစ်ခုလောက်တော့ မေတ္တာရပ်ခံပါရစေ .... မြန်မာ ရုပ်ရှင်လောကကို ကြိုက်သလို စွဲနှစ်နိုင်ပါတယ်..... နောက်ဆုံး သုံးစားလို့ မရတဲ့ကားတွေပဲရီုက်ရိုက် ... ဒါ ခင်ဗျားတို့ အပိုင်းသာဖြစ်ပါတယ်.... စိတ်လည်းမ၀င်စားပါဘူး ... ကြည့်လည်းမကြည့်ပါဘူး ..... ဒါပေမယ့် ... ဘာသာရေးနဲ့ ပတ်သက်တဲ့ အခန်းလေးတွေ ရိုက်တော့မယ်ဆိုရင်တော့ .... ရဟန်းဝိနည်း စာအုပ်လေးကို ပြန်ဖတ်..... ဗုဒ္ဓ၀င်လေး ပြန်ဖတ်ပြီးမှ ရိုက်စေချင်ပါတယ်....

တော်ကြာ မှ... နောင်လာနောက်သား များ က ... ဘုရားသားတော်... တွေကို အောင်သွယ်လို့ ထင်ကုန်ရင် .. အခက်ပါ ခင်ဗျာ ..... ကြည့်လည်း လုပ်ကြပါဦး ဒါရိုက်တာတို့ ရယ်......... ၀ိနည်းစာအုပ်ဖတ်တာပဲဗျာ .... တစ်ရက်နှစ်ရက်ဆို အကြမ်းဖြင်းလောက်သိပါတယ်.....

အဲသလောက်တော့ မပျင်းကြပါနဲ့ .... သာသနာ ဖျက်ဆိုတဲ့ နာမည်ကို ယူဖို့ သတ္တိရှိနေပြီဆိုရင်တော့လည်းတစ်မျိုးပေါ့လေ.....

မေတ္ဆာသက်သက်ဖြင့်
လင်းလွန်းညို

No comments:

Post a Comment