Wednesday, September 5, 2012

သူတို့ အတွေး သူတို့ အမြင် .. သူတို့ ဟာသ

လူတိုင်းအသက်ရှည်ရှည်နေချင်ကြတယ်.... ဒါပေမယ့် ဘယ်သူမှ မအိုချင်ကြဘူး .. :)

ဂျိုနသန်ဆွက်ဖ်


အတွေ့အကြုံဆိုတာ ... ကိုယ့်အမှားတွေ နဲ့ ပတ်သက်လို့ လူက ပေးတဲ့ နာမည်.....

အော်စကာ ၀ိုင်းလ်


ဘားနက်ရှောကို မေးသည်...
(ဆရာကြီးခင်ဗျား ... ဆရာကြီးဟာ အခုခေတ်မှာ အသက်ရှင်နေတာ မဟုတ်ခဲ့ဘူးဆိုရင်.. ဘယ်ခေတ်မှာများ အသက်ရှင်ချင်ပါသလဲ)

ဘားနက်ရှောမှ ပြန်ဖြေသည်..

( နပိုလီယံ ဘိုနာဘတ် လက်ထက် ပြင်သစ်နိုင်ငံမှာ..... အဲဒီတုန်းက လူတစ်ယောက်ကပဲ သူ့ကို သူနပိုလီယံဖြစ်တယ်လို့ ယူဆခဲ့တယ်လေ...)



ကျွန်တော့ စာအုပ်စင်ကိုကြည့်.... ကျွန်တော့ ထက်ပိုများ တဲ့ ဗဟုသုတပေါင်းများစွာကို စုထားတယ်... ဒါပေမယ့် ရူပဗေဒပညာရှင်က သူမဟုတ်ဘူး .. ကျွန်တော်...

နာမည်ကြီး ရူပဗေဒပညာရှင် ပီ၊ အင်၊ လေးဘေးဒက်ဖ်

No comments:

Post a Comment