Tuesday, July 31, 2012

ကီဝီဆိုဒါလား .. အက်ပ်ပဲလ် ဂရင်းတီးလား


မိတ်ဆွေ…….သင်ကီဝီသီးကြိုက်ပါသလား… ဒါထက်သင်ကီဝီသီးကို မြင်ဖူးပါသလား… နေပါဦးလေ… ဘာကြောင့်များ ဒီလောက်မေးနေရသနည်း…. ဟုတ်ပါသည်…..မေးရခြင်းအကြောင်းက ရှိပါသည်… မြန်မာပြည်မှ လူအတော်များများ ကီဝီသီးကို မြင်ဖူးသူ အတော်ရှားပါသည်… ကျွန်တော့ အတွေ့ အကြုံ အရ လူ ၁၀၀ မှာ ၇၀ လောက်က မသိကြ…. စားဖူးသူလည်း အတော်ရှားပါသည်…ကျွန်တော်လို သဘောင်္သား ရင့်မာကြီး တစ်ယောက်ပင်လျှင် ကီဝီသီးကို သဘောင်္လိုက်မှ စားဖူးခြင်းဖြစ်ပါသည်…..ကီဝီသီး ၏ အရောင်မှာ အညိုရောင်ဖြစ်သည်… အတွင်းသားမှာ စိမ်းဖန့်ဖန့်ဖြင့် …အလယ်မှ ထက်ခြမ်းခြမ်းလိုက်လျှင်… အမဲရောင် အစေ့ငယ်လေးများ စွာဖြင့်… စိမ်းဖန့် ဖန့် အသားကိုစားချင့် စဖွယ် မြင်နိုင်သည်… ကီဝီသီး၏ အရသာမှာချဉ်ပြုံးပြုံးဖြစ်ပါသည်…. အချို့ ကတော့သိပ်မကြိုက်ကြ… ကျွန်တော့် အတွက်တော့ ကီဝီသီးသည် ကျွန်တော်အကြိုက်ဆုံး အသီးများ ထဲ မှ တစ်မျိုး ဖြစ်ပါသည်…..အပြင်ဆိုင်တွေ မှာ ၀ယ်လို့ မရနိုင်သည့် ကီဝီသီးကို …. စီးတီးမတ်…. အိုးရှင်း အစရှိသော စူပါမားကတ်ကြီးတွေကို ရောက်မှ ပဲ ၀ယ်စားဖြစ်သည်…… အဲ နောက်ပြီးစားသောက်ဆိုင်များ… သို့ ရောက်သည့် အခါ… ဖျော်ရည် အဖြစ်သောက်ဖြစ်သည်….. ကီဝီ ဆိုဒါသည်.. ကျွန်တော် အတော်သဘောကျသောဖျော်ရည်ဖြစ်ပါသည်…..အရသာ ချိုချို ချဉ်ချဉ်နှင့်မို့ …. စားသောက်ပြီး အအီပြေအဖြစ် သောက်ဖို့ အလွန်ကောင်းသည်….ဘာကြောင့် ဒီလောက် ကီဝီသီး ဋီကာ လာဖွင့်နေရသနည်း ဟု မေးစရာရှိပါမည်….ကျွန်တော့် တွင်လည်း အဖြေက ရှိနေပါသည်……ပြီးခဲ့သော တစ်လခန့် က ဖြစ်မည်ထင်ပါသည်……



ကျွန်တော်သည် ကျွန်တော့ ချစ်သူအား ပုံမှန် ညနေ ငါးနာရီခွဲလျှင် … လှည်းတန်းထိပ်တွင် ရုံး အပြန် သွားကြိုနေကျဖြစ်သည်….. ချစ်သူအားကြိုပြီး လှည်းတန်း တွင်ရှိသော မုန့်ဆိုင်အတော်များများ လျှောက်စားတတ်သော အကျင့်လည်း ရှိပါသည်….ထိုနေ့ ကလည်း ပုံမှန်အတိုင်း ညနေငါးနာရီခွဲ ကျွန်တော့ ကောင်မလေးအားသွားကြို ဖြစ်ပါသည်….. ပုံမှန်အတိုင်းပင် ဘယ်ဆိုင်မှာ မုန့် စားမလဲ ရွေးကြသည်….

တစ်ခါတစ်လေ သွားစားဖြစ်နေကျ ဆိုင်ကလေးဖြစ်သော … လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှ…. မိုးဂျေ ဆိုသော ဆိုင်ကလေးတွင်.. လျှာဂျွမ်းပြန်ကော်ရည်သွားစားရန် သဘောတူဖြစ်ကြသည်….. ထို ဆိုင်ကလေးမှာ အစားအစာ လည်း စုံ ဈေးလည်း အတော်သက်သာသည်….သင်တန်းတက်နေသော .. ကျောင်းသူကျောင်းသားများ စားနိုင်လောက်သော ဈေးဖြင့်သာ အစားအသောက်များ ကို ရောင်းပေးသည်… ဥပမာ… အအေး တစ်ခွက် (အသီးဖျော်ရည်)ငါးရာ…. တရုတ်ထမင်းကြော်တစ်ပွဲ ရှစ်ရာ…. သဘောင်္သီးထောင်း တစ်ပွဲ ခြောက်ရာ .. စသဖြင့် သက်သက် သာသာရှိလှသည်… သာမာန်သိပ်အစားမကြီးလှသော အတွဲ တစ်တွဲ ထိုင်လိုက်လျှင် တစ်ထောင်ဝန်းကျင်လောက်နှင့် အဆင်ပြေနိုင်သည်…..ဆိုင်အပြင် အဆင်လေးကလည်း အတော်ကောင်းပါသည်… အရသာ ကလည်း အကောင်းကြီးမဟုတ်တောင်… ပေးရတာနှင့် တန်သည်ဟု ဆိုနိုင်သည်…. ဈေးနှုန်းက အဓိက မဟုတ်သော်လည်း အစားကောင်းကြိုက်သော ကျွန်တော့်အတွက်..ထိုဆိုင်မှ ကော်ရည်ခေါက်ဆွဲက အတော် အဆင်ပြေသည်ဟု ဆိုရမည်….. ကော်ရည် ခေါက်ဆွဲ မှာလျှင်… ဘေးမှ ငါးပိထောင်းကို သံပုရာရည်လေးဖြင့်ဖျော်ထားသောချဉ်စပ် လေးပါ လာချပေးသေးသည်…. ထို ကြောင့်ပင် ထိုဆိုင်ကလေးကို ရွေးဖြစ်ကြခြင်းဖြစ်သည်….

သို့ နှင့် ဆိုင်ရောက်တော့ .. လျှာဂျွန်းပြန်ကော်ရည်က ကုန်နေပြီဖြစ်သည်….. အမှန်က .. ကိုယ်စားချင်တာ မရလျှင် ထို ဆိုင်မှ လှည့် ထွက်ခဲ့ ဖို့ ကောင်းသည်… .. အစားငမ်းစမ်းမိတာ ပဲ ကိုယ် အပြစ်ဖြစ်မည် ထင်ပါသည်…. ကျွန်တော့ ကောင်မလေးကလည်း…. တစ်ခုခု စားချင်နေပုံရသည်….

( ကဲ.. ဒါဆို ချစ်ဘာစားမလဲ မှာလေ…. သဘောင်္သီးထောင်းစားမလား? )

(အင်း ကောင်းတယ်… သဘောင်္သီးထောင်းတစ်ပွဲ ကို ပဲမျှစားလိုက်မယ်လေ.. နော်)

(ညီလေးရေ..သဘောင်္သီးထောင်း တစ်ပွဲ….. အဲ မန်နူးပြန် မယူသွားနဲ့ ဥိး အအေးမှာဦးမယ် )

ဟုတ်သည်လေ… သဘောင်္သီးထောင်းက ချဉ်ချဉ် ချိုချို စပ်စပ်မို့ … အအေး ကြိုမှာထားမှ တော်ကာကျမည်… ဒါနဲ့…အအေးမှာ ရန် မန်နူးပြန်ဖတ်ရပြန်သည်…. အအေးကလည်း အတော်စုံတာမို့ ဘာမှာရမှန်း မသိသေး… သောက်နေကျ မဟုတ်တာလေး သောက်ကြည့် မည်ဟု စိတ်ကူးမိသည်.. ကျွန်တော့ ကောင်မလေးက တော့… ကဘလာရည် တစ်ခွက်မှာပြီးနေပြီ….. ဟိုဟို ဒီဒီ ရှာကြည့်နေရင်း…. တွေ့ ပါပြီ…… နံ မည် အတော်ဆန်းသည်….. ဘာတဲ့… အက်ပဲလ် ..ဂရင်းတီး ရှိတ်ခ် ဆိုပဲ…. ပန်းသီးနှင့် ဂရင်းတီး ရှိတ်လိုက်လျှင် ဘယ်လို နေမလဲ ကျွန်တော်သိချင်လာသည်…. …. ဒါ အမြဲ တွဲစပ်ဖျော်တဲ့ အရာလည်း မဟုတ်…. ကဲ ဒါပဲမှာမည်…

(ညီလေး .. ဒီ အက်ပဲလ် ဂရင်းတီး ရှိတ်ခ် ပေးပါ)

(ပုလဲ ထည့် ဦးမလားအကို)

(အေး ထည့် မယ်… )

ကောင်လေး လှည့် ထွက်သွားသည်….. ကျွန်တော်လည်း အက်ပဲလ် ဂရင်းတီးရှိတ်ခ်…. ဘယ်လို လာမလဲ အတော်သိချင်နေပါသည်…. ပန်းသီးနံ နှင့် လက်ဘက်နံ ရောနေမည် ဆိုတော့ အတော်မွှေးမည့် သဘောရှိသည်…. အရသာ က ချိုဖန့် ဖန် ဖြစ်မလား မသိ…. ဘာပဲဖြစ်ဖြစ် အသစ်အဆန်း တစ်ခုကို မြည်းစမ်းကြည့် ဖို့ အတော် အားသန်နေမိသည်….

သိပ်မကြာ… သဘောင်္သီးထောင်းက ရောက်လာပါသည်….. အအေးကတော့ ရောက်မလာသေး…. ဒါနဲ့ သဘောင်္သီးထောင်းပဲ နှစ်ယောက်သား… မြည်းကြည့်လိုက်သည်…. အရသာက သိပ်အဆင်မပြေ….. ခါတိုင်းစားရသော အရသာမဟုတ်…. အချို များနေသည်… အငန်ပေါ့နေသည်… ကျွန်တော်လည်း စားပွဲထိုးကလေးကို လှမ်းခေါ်ကာ…

(ညီလေးရေ… ဒါလေးပြင်ပေးပါကွာ… အငန်နဲ့ အချဉ်လေး နည်းနည်း လေးပေးပါ)

ကောင်လေးက .. (ဟုတ်ကဲ့ အကို) ဟု ဆိုကာ .. ပန်းကန်ကို ပြန်ယူသွားသည်….

ထိုအချိန်တွင် အခြားစားပွဲထိုး ချာတိတ် တစ်ယောက်က…. ( အကို … ကီဝီသီးဖျော်ရည် မှာသေးလား)

လက်ထဲတွင် …ဖျော်ရည်ခွက်ကို ကိုင်ထားရင်း လာမေးသည်…ကျွန်တော်ကလည်း မမှာကြောင်းပြောလိုက်သည်… စိတ်ထဲမှတောင် အော်.. ဒီဆိုင်မှာ ကီဝီသီး ဖျော်ရည်ရသားပဲ ..ဟု ပင်တွေးလိုက်သေးသည်…. အထက်မှာပြောခဲ့ သလို ကျွန်တော်က ကီဝီသီး ကြိုက်သည်မဟုတ်လား….

ချာတိတ်လည်း … ဖျော်ရည်ခွက်ကိုင်ကာ… လျှောက်မေးနေသည်…ကျွန်တာ် ကလည်း ဘာရယ် မဟုတ် လိုက်ကြည့်နေမိသည်….. ဖြစ်ချင်တော့ ဘယ်ဝိုင်းမှ မမှာ…. ဒါနှင့် အအေးဖျော်သောကောင်တာကို သူသွားပြန်မေးပြန်.သည်…. ကောင်တာမှ ချာတိတ်မများက .. ကျွန်တော့ ၀ိုင်းက ဖြစ်ကြောင်းလက်ညှိုးထားလာသည်…. ကျွန်တော် သဘောပေါက်လိုက်သည်…. သူတို့ အက်ပဲလ် ဂရင်းတီး နှင့်… ကီဝီသီး မှားဖျော်ပြီ……( အေးလေ… ဘာပဲဖြစ်ဖြစ်…. ငါလည်း ကီဝီသီး ကြိုက်တာ ပဲလေ.. ပြောတော့ ပြောကြည့် လိုက်ပါမယ်…မှားဖျော်တာ ဆိုလည်း ယူထားလိုက်တော့ မယ်)… ဟု ပင်တွေးထားလိုက်သေးသည်…. ချာတိတ်က ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့ ၀ိုင်းသို့ ရောက်လာပါသည်…

(အကို ဒီမှာ အအေးရပြီ အကို) ဟု ခပ်တည်တည်နှင့်…. လာချကာလှည်ထွက်သွားတော့သည်…

. ဟင် … ဒါဘာတုန်း…. ငါမှာထားတာလည်း မဟုတ်… မှားဖျော်ပြိးမှ… မှားပြီးလာချပေးတာတောင် …မှားဖျော်မိလို့ ဆိုတာတောင်ပြောမသွား….. ကျွန်တော် အနည်းငယ် ဒေါသထွက်သွားသည်…. ထို စားပွဲထိုးကလေး.. အနားရောက်လာသည် အထိစောင့်ပြီး…. လှမ်းခေါ်လိုက်သည်….

(ညီလေး…လာဦး…. ဒါငါမှာထားတာမဟုတ်ဘူးလေ…. )ဟုပြောကာ ခေါ်လိုက်စဉ်…

(ဟာ ရစ်တယ်ကွာ..) ဟု ထို ချာတိတ်က မကြားတကြားပြောရင်း လှည့်လာသည်….ခက်သည်က သူ့ မကြားတစ်ကြားကို ကျွန်တော်က ကြားပါသည်… ကျွန်တော်ကြားသလို ဘေးဝိုင်းတွေကလည်း ကြားပါမည်….. အတော်ဒေါသထွက်စရာကောင်းသော ကိတ်စဖြစ်သည်……. သူက ရစ်တယ်ကွာဟု ပြောရလောက်အောင်… နံပါတ်တစ် ကျွန်တော်က စားသုံးသူ ဖြစ်သည်… နောက်တစ်ချက်…နံပါတ်နှစ် ကျွန်တော်သည်. .. အသက် နှစ်ဆယ့် ခုနစ်ရှိပြီ.. ကျွန်တော့် ရုပ်နဲ့ ဆိုထိုထက်ပင်ကြီး သည် .. ထင်ရသေးသည်…. သူပမာမခန့် လုပ်ရလောက်သော အရွယ်လည်း မဟုတ်…. နံပါတ်သုံး .. ကလေးပဲ မသိလို့ ပြောတာဟု ပြောရလောက်အောင်လည်း…. သူ့ အသက်က .. ဆယ့်ခုနစ် ဆယ်ရှစ်ခန့်ရှိနေပြီ…. ပြီးတော့ ဆိုင် အပြင်အဆင် နဲ့ ယူနီဖောင်းဝတ်ထားတဲ့ စားပွဲထိုး ဖြစ်လျက်နဲ့ သူဒီလို ပြောစရာမရှိ….. အကြောင်းကို မရှိ…. ကျွန်တော် တော်တော် ကြီးကို ဒေါသက ထွက်နေပြီ….. သို့ ပေမယ့် စိတ်ကို ထိန်းပါသည်… ကျွန်တော့ ကောင်မလေးက လည်း မျက်ရိပ်မျက်ကဲပြသည်…. ကျွန်တော့ ဒေါသကြောင့် သူအရှက်ကွဲမှာကို လည်း ကျွန်တော်အားနာမိသည်…. ဦးထွန်းလင်းခြံလမ်းဆိုတာ ညနေဆိုသင်တန်းပေါင်းများစွာ အတက်အဆင်းများနှင့် အတော်စည်ကားသည့် လမ်းမဟုတ်လား … ကဲပါလေ.. ကျွန်တော် စိတ်ထန်းရင်း အသံကို လျှော့ကာ….

(မဟုတ်ဘူးညီလေး အကို မှာတာ အက်ပဲဂရင်းတီး… ဒါကီဝီသီးဖျော်ရည်ပဲ)

( ဟုတ်တယ် လေ .. အတူတူပဲ…ကီဝီလည်း ဒါပဲ… အက်ပဲဂလင်းတီးလည်းဒါပဲ )

ဟုပြောပြီး ထွက်သွားတော့သည်…. ဘယ်လောက် မိုက်ရိုင်းသနည်း…ပြီးပြီးရောလုပ်သည့် အချိုး ဖြစ်သည်……မိတ်ဆွေ စဉ်းစားကြည့် စေချင်ပါသည်…...အက်ပဲ ဂရင်းတီးနှင့် ကီဝီ ဘာဆိုင်သနည်း…. နည်းနည်းလေးတောင် ပတ်သက် ကြည့် လို့ မရ… ပန်းသီးလဘက်ရည်နှင့်… ကီဝီ…တောက်!



ကျွန်တော်ပြောသလို မြန်မာပြည်မှာ ကီဝီသီး စားဖူးသူ ရှားပါသည်… ကြားဖူးသူရှားပါးသည် ဆိုလျှင်တောင်…. အက်ပဲလ်ဂရင်းတီးသည်.. ပန်းသီးနှင့် လက်ဘက်စိမ်းဖြစ်သည်…… ကီဝီနှင့် ဘာမှ မဆိုင်မှန်း အသိသာကြီးဖြစ်သည်…နံပြားကို ပလာတာနှင့် လာနှပ်ချလျှင်တောင်… ဆင်တူတူမို့ ….. နည်းနည်း သည်းခံလို့ ရသေးသည်…. ခုဟာ က အသိသာကြီးဖြစ်သည်.

တောက်!.ဒါ စားသုံးသူကို ဒင်းတို့ဒါတွေ စားဖူးမှာလည်း မဟုတ်ပါဘူးကွာ…. ငါပြောလိုက်ရင်.. ပြီးတာပဲ .. ဒီလိုပဲ သောက်သွားမှာပဲ ဟူသော အချိုး မျိုး နှင့် လုပ်သွားခြင်းဖြစ်သည်.. နှပ်ချသွားခြင်းဖြစ်သည်.. စော်ကားသွားခြင်းဖြစ်သည်……ကျွန်တော့ ရုပ်က ဒါမျိုးတွေ မစားဖူး မသောက်ဖူး ရုပ် အတော်ပေါက်နေပုံရပါသည်…ပြီးတော့ သူပြောတိုင်းပြိး ပေးရမည်… အတော်နုံချာထုံထိုင်းနေပုံရပါသည်….. သူဒါမျိုးလုပ်နေတာ ဘယ်နှစ်ခါရှိပြီလဲ မသိ… ထို လမ်းထဲ မှာက… နယ်မှ လာသော အဆောင်နေသူတွေ…. သင်တန်းတက်သူတွေ.. အများ အားဖြင့် နယ်ကလူတွေ များကြသဖြင့်… ဒီ အချိုးမျိုးနှင့် သူ ဆက်ဆံနေတာ အတော်ကြာပြီထင်သည်…နယ်မှ လာသူများ အတော်များများ ကျွန်တော်တွေ့ ဖူး သည်က .. အားနာတတ်သည်… သိပ်ပြီး ကွန်ပလိမ်း မတက်….သည်းခံတတ်ကြသည်လေ…. နောက်တစ်ချက်ကကျွန်တော် အထက်မှာ ပြောခဲ့ သလို… ကီဝီသီးကို လူသိပ်မသိဘူး မဟုတ်လား…..ရန်ကုန်နေသူ အတော်များများ တောင် မသိတာ နယ်က လူဆို ပိုမသိနိုင်ဘူးပေါ့….. ဒါတောင်ကျွန်တော့ စိတ်ထဲ မှ. သူတို့ မှားဖျော်တယ် ဆိုပြီး ၀န်ခံလျှင်တောင် ဒီဖျော်ရည်ကို သောက်ဖို့ စဉ်းစားထားပြိးသားဖြစ်သည်…..အထက်မှာ ပြောခဲ့ ပြီးသား… ကီဝီသီး ကို ကျွန်တော် အတော်ကြိုက်သည်ပဲ…. ဖျော်ရည်တစ်ခွက်မှားဖျော်လို့ .. သူတို့ တွေ ဆိုက်လျော်ရတာမျိုးလည်း မဖြစ်စေချင်….. ပိုက်ဆံငါးရာက .. ကိုယ့် အတွက် ဘာမှ မဟုတ် ပေမင့်… သူတို့ တွေ အတွက်တော့ များချင်များနေပေလိမ့်မည်….. သို့သော်… ဒီလို သိသိကြီးနှင့်…. ညစ်ပတ်တာမျိုး… မိုက်ရိုင်းတာမျိုးတော့ ဘယ်လို မှသည်းမခံနိုင်…..ထို အချိန်တွင်… ပြင်ခိုင်းထားသော သဘောသီးထောင်းက ရောက်လာပါသည်….

စားကြည့်သည်… ဘာဘယ်လို ပြင်လိုက်သည်တော့ မပြောတတ်… အရသာ ကအ တော်ကို စုတ်ပြတ်သတ်သွားသည်….. ကျွန်တော် ဒေါသထွက်နေတာကြောင့်လည်း ပါမည်ထင်သည်…..ဘယ်လို မှ စားလို့ မရ…. ခါတိုင်း နှစ်နှစ်ခြိုက်ခြိုက်သောက်လေ့ရှိသော…. ကီဝီးသီး ဖျော်ရည်ခွက်သည်လည်း…. ကျွန်တော့ ရှေ့ တည့်တည့်မှ လာပြောင်ပြနေသလို … ( ဟားဟား ငပေါကြီး.. ဒါလေးတောင်မသောက်ဖူးဘူး…. ခံခံ… နည်းတောင်နည်းသေးတယ် ဟို က တောသားစားပွဲထိုးက ပြောတိုင်းသာ ခံ) ဟု ပြောနေသယောင်……ထိုင်နေရင်း လက်တွေက တစ်ဆက်ဆက်တုန်လာသည်… ကီဝီသီဖျော်ရည်ခွက်ကလည်း စိမ်းဖန့် ဖန့် နှင့် တစ်ဆက်ဆက် တုန်နေသည် ထင်သည်……ကျွန်တော် ဘာလုပ်ရမည်နည်း….. တစ်ခုခုတော့ လုပ်မိတော့ မည်….အခြေအနေကို သဘောပေါက်သော.. ကျွန်တော့ ကောင်မလေးက….ချက်ချင်းပိုက်ဆံထုတ်…. စားပွဲပေါ်တင်ပြီး ကျွန်တော့ ကို ဆွဲကာ ထွက်လာတော့ သည်…. လမ်းလျှောက်နေရင်းတောင်…. ကျွန်တော်… ဒေါသက မပြေနိုင်သေး….

(ဒါ သက်သက် မိုက်ရိုင်းတာကွာ….. မှားတယ်ဆိုရင် တော င်… အစ်ကိုရေ… မှားသွားလို့ .. ဘာညာလောက်တော့ ပြောသင့်တယ်…. အခုဟာက…. လူကို သက်သက်… စော်ကားတာ.. ငနုံတွေပါကွာ…. ကီဝီသီးကို ကြားဖူးမှာ… သောက်ဖူးမှာတောင်မဟုတ်ဘူး…. ငါပြောလိုက်ရင် ယုံပြီးသောက်မှာပဲ ဆိုတဲ့ အချိုး

ငါ့ ရုပ်က အဲသလောက်တောင် နုံချာတဲ့ ရုပ် ပေါက်နေလားဟေ……. ကြည့်စမ်းပါဦးကွာ….ပြီးတော့ ရစ်တယ်… ဆိုတာက ပြောသွားသေးတယ်…. ဒါ စားပွဲထိုးက ပြောရမယ့် စကားလား…. တောက်!

တောသားစားပွဲထိုးက … နှပ်ချသွားတာ ကွာ……ဟွန်း ပိုက်ဆံတောင်ရှင်းခဲ့ဖို့ မကောင်းဘူး… မောင်က ဆိုင်ရှင်ကို ရှာနေတာ… ပြောမလို့ … ဒီနေ့ မှ ဆိုင်ရှင်အဘွားကြီးကလည်း မရှိဘူး….)

(စိတ်လျှော့ ပါမောင်ရယ်…… နောက်ဒီဆိုင် မစားတော့ ဘူးပေါ့ ….ဟုတ်လား… )

(အေး စားလို့ လည်း မရပါဘူး.. .နောက်တစ်ခါ ဒီဆိုင်ထဲ ငါထပ်ဝင်မိရင် ငါ့လောက် အသုံးမကျတဲ့ကောင်ရှိတော့ မှာ မဟုတ်ဘူး)

(ကဲပါ ဒေါသကို လျှော့ပါ….)

(လျော့ ပါတယ် လျော့လို့ ပဲ မင်းနဲ့ ဒီအထိလိုက်လာတာပေါ့….. တောက်! ကွာ……. )

ကျွန်တော့ အဖြစ်က .. ဖျော်ရည် အသစ်လည်း မသောက်ရသည့်  အပြင် သောက်ဖူးပြီးသား ကိုယ်ကြိုက်တဲ့ ဖျော်ရည်တောင် ပြန်မသောက်နိုင်တော့ သည့် ဘ၀ဖြစ်နေသည်….

MORE J (မိုးဂျေ) ဘယ်တော့ မှ နောက်တစ်ခါ မစားတော့ ဟု ဆုံးဖြတ်လိုက်သည်…..

ကျွန်တော်တို့ နှစ်ယောက်လည်း တောက် တစ်ခတ်ခတ်နှင့်…. လှည်းတန်းလမ်းအတိုင်း ကျွန်တော့ အိမ်ဘက်သို့ လျှောက်လာခဲ့ကြသည်….လမ်းတွင် စိမ်းဖန့် ဖန့် ကီဝီသီး ဖျော်ရည်ခွက်က မျက်စိထဲ က မထွက်…. ခါတိုင်းလို သောက်လို့ ကောင်းလွန်းလို့ တော့ မဟုတ်…. ကိုယ့်ကို အရူးလုပ်သွားသော…. လူတစ်ယောက်ကို ….. မြင်နေရသလိုမျိုးဖြစ်သည်….. ထိုနေ့ညနေ က အဖြစ် အပျက်ကို ဘယ်လို မှ မမေ့ နိုင်….ပြန်တွေး တိုင်း စိတ်ထဲ တွင်တစ် နုံနုံဖြစ်နေသည်….. ဘာမှ ပြန်မပြော ပြန်မလုပ်လိုက်ရသည်က ပိုဆိုးနေသေးသည်…..

ပြိးခဲ့ သည့် နှစ်ရက်ခန့် က.. သူငယ်ချင်းများ နှင့် မြေနီကုန်း စီးတီး မတ်အောက်တွင် မုန့် အတူစားဖြစ်ကြသည်…. စားသောက်ပြီး အအေးမှာတော့ သူငယ်ချင်းက…အလိုက်တသိ ( ဟေ့ယောင်…. ကီဝီဆိုဒါပဲလား)ဟု မေးသည်…

ကြားကြားချင်…. စိတ်ထဲ မှ… အောင့်ကနဲ့ ဖြစ်သွားသည်…..ဒေါသက အလိုလို နေရင်း ထောင်းကနဲ ထွက်လာသည်….

(မဟုတ်ဘူး.. ကီလည်း မကီဝီဘူး… ဆိုလည်း မဆိုဒါဘူး… နောက်တစ်ခါလည်း ငါ့ရှေ့ မှာ အဲဒီ နာမည်လာမပြောနဲ့ .. မကြားချင်ဘူး….နောက်တစ်ခု ပန်းသီး….ဂရင်းတီး စတာတွေလည်း ကြားချင်ဘူး.. ဒါပဲ )

သူငယ်ချင်းများ က ၀ိုင်းမေးကြပါသည်… ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြမိသည်… ပြန်ပြောနေရင်ပင်ဒေါသထွက်သည်….. ရယ်တဲ့ လူက ရယ်ကြပါသည်…… နောက်အဲဒီ ဆိုင်သွားမစားနဲ့ ပေါ့ကွာ ဟု ပြောသူက ပြောသည်….. သူတို့ ဘယ်လို ပြောပြော ရင်ထဲမှ အဆိုင်အခဲ က ကျေမသွား…. အစော်ကားခံလိုက်ရတာက ကိုယ်မဟုတ်လား…..ကီဝီသီးလို့ ကြားလိုက်တိုင်း…. အက်ပဲလ်ဂရင်းတီးလို့ ကြားလိုက်တိုင်း…. ရစ်တယ်ကွာ ဆိုတဲ့ စားပွဲထိုး မျက်နှာက အလိုလို နေရင်း ကပ်ပါလာသည်….. ပြီးလျှင်… (အတူတူပဲလေ….. ကီဝီလည်း ဒါပဲ…. အက်ပဲလ်ဂလင်းတီးလည်း ဒါပဲ) ဟူသော … ပြီးပြီးရော.. ကျွန်တော့ ကို ငနုံ င အ နလပိန်းတုံး တစ်ကောင်အဖြစ် စော်ကားလိုက်သော စကား…. က နားထဲ ပြန်ကြားနေမိသည်…..

သေချာစဉ်းစားကြည့်လျှင် စားပွဲ ထိုး ဆိုသည်မှာစားသောက် ဆိုင်တစ်ဆိုင်၏ အသက်ပဲဖြစ်သည်….. သူသည်… ၀ယ်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူဖြစ်သည်…. စားသောက်ဆိုင် ပိုင်ရှင်များ မိမိ ဆိုင်ဝန်ထမ်းများ ကို …တစ်ပတ်ကို တစ်ခါလောက်တော့…. စားသုံးသူကို ဘယ်လို ဆက်ဆံရမယ်… ဘယ်လို ၀န်ဆောင်မှုပေးရမယ် ဆိုတာ မျိုးကို သင်ကြားပေးသင့်သည်….. ပြောပြသင့် သည်……. စားပွဲထိုး ဒုက္ခပေးလို့ … အရင်း ပြုတ်သွားသော ဆိုင်ပေါင်းများ စွာ တွေ့ဖူးသည်

ထို့ အပြင်…. ဆိုင်မှ စားပွဲများ တွင် သို့ မဟုတ်.. လွယ်လင့် တကူ ရှိသော နေရာ….. သို့ မဟုတ်… လူမြင်သာသော နေရာများတွင်… အကြံပေးစာ လက်ခံသည့် စာတိုက်ပုံး သို့ မဟုတ်.. ခြင်းကလေး များ ထားသင့် သည် ထင်သည်…. ဒါမှလည်း .. ကိုယ့်ဆိုင်မှာ ဘာတွေ တကယ်ဖြစ်နေသည် ဆိုတာ ကို သိနိုင်မည်ဖြစ်သည်…… မဟုတ်လျှင်တော့… စားပွဲထိုး နှပ်ချသမျှ ခံနေရမည် ဖြစ်သည်….. ကဲ ထားလိုက်ပါလေ.. ဒါတွေက ကျွန်တော် ဖြစ်ချင်တာတွေ လျှောက်ပြောနေတာပဲဖြစ်မည်ထင်ပါသည်….. ဘယ်သူမှ လည်း သိပ်ဂရုစိုက်မည် မထင်ပါ….. ဈေးသက်သာ ဖို့ က သာ အရေးကြီးသည် မဟုတ်လား…..

သူဟာနှင့် သူတော့ အဆင်ပြေပါသည်…..ကျွန်တော့ တစ်ယောက်ကို မရောင်းရလို့ လည်း မိုးဂျေရဲ့ ဆိုင်ရှင်အတွက် ဘာမျှနစ်နာသွားမည် မထင်ပါ…… ကောင်းပါသည်….



ရန်ကုန်မြို့ မှ ဆိုင် အတော်များများ အဲဒီ ပုံစံတွေ များ နေကြပြီ ကြုံရတာတွေလည်း အတော်များနေပါပြီ…. သည်းခံ ပြီးပြန်လာရ… ဒေါသတွေ မျိုချပြီးပြန်လာရတာတွေလည်း များနေပါပြီ…

ကျွန်တော်…. ကီဝီဆိုဒါ… ကီဝီသီး… ကီဝီ ဖျော်ရည်ပန်းသီး.. ဂရင်းတီးဖျော်ရည် စသည်များကို လုံးဝမသောက်ဖြစ်တော့ ပါ မစားဖြစ်တော့ ပါ…. နံမည် ကြားတိုင်း ခံပြင်းတာလား… ဒေါသထွက်တာလား…. ရှက်တာလား…. ဘာမှန်းမသိသော အချိုးကျရောစပ်ထားသောဝေဒနာ တစ်ရပ် အပြင်းအထန်ခံစားရသောကြောင့် ဖြစ်သည်…





ကျွန်တော် ကြားဖူးပါသည်……

စားသုံးသူ/ ၀ယ်သူသည် အမြဲ တန်း မှန်သည် ဟု ကြားဖူးပါသည်…. ကျွန်တော်သည်… အမြဲတန်းမမှန်ချင်ပါ…. စားသုံးသူ သည်သာ နံပါတ် တစ်ဟုလည်း ကြားဖူးပါသည်….ကျွန်တော် နံပါတ်တစ်လည်း မဖြစ်ချင်ပါ…..

ကျွန်တော့ ကို လူလို သူလို သဘောထားပြီး….. မှာထား တဲ့ အစားအစာကို မှာထားတဲ့ အတိုင်း အေးအေးဆေးဆေး လာချပေးသော… အခွင့် အရေးကို သာလိုချင်ပါသည်…….ကျွန်တော်တို့ ဆီက စားသုံးသူတွေ ဒီ အခွင့် အရေးတောင်မရှိတော့ ဘူးလား… ဟုတွေးမိသည်….

ပိုက်ဆံပေးရပြီး စားသောက်ရတာ အတန်ဆုံးဆိုင်ကို ပြပါဆိုလျှင် ၀ိုင်ကေကေအို ကို ပဲ ပြရမည်ထင်သည်…… ဆားဗစ်ချားဂျက်စ် ကောက်သော်လည်း .. ပေးရတာ နှင့် တန်သော ၀န်ဆောင်မှု.. ယဉ်ကျေးပျူငှာမှုကို ပေးသည်…. ကျွန်တော့ ကို လူလို သူလို ဆက်ဆံသော ဆိုင်မို့ ထို ဆိုင်မှာ ပဲ စားဖြစ်တာ ကြာပြီ…..

ထားပါတော့ လေ…….

ကီဝီ သီး နှင့် အက်ပဲ ဂရင်းတီး ကို တော့……… ကျွန်တော် မေ့လောက်သော အချိန်လောက်မှ ပဲ ပြန်သောက်ဖြစ်မည် ထင်ပါသည်….

MORE J (မိုးဂျေ) ကို မေ့လောက်သော အချိန်…..

ထို စားပွဲထိုးကို မေ့လောက်သော အချိန်…

ကျွန်တော့ ခံပြင်း… ရှက်ရွံမှုတွေကို မေ့ပျောက်နိုင်သောက်သော အချိန် မှပဲ ဖြစ်မည်

ကျွန်တော့ သူငယ်ချင်းများ ကတော့ .အအေးမှာသည့် အခါတိုင်း. ကီဝီဆိုဒါလား… အက်ပဲဂရင်းတီးလား ဟု …. ဘယ်တော့ မှ မမေးတော့ပါ…..ကျေးဇူးကြီးလှ ပါသည်…….

မိတ်ဆွေ………သင်ကီဝီသီး စားဖူးပါသလား…. သို့ မဟုတ် မြင်ကော မြင်ဖူးပါသလား…. မမြင်ဖူးလျှင်ရှာကြည့်ထား စားဖူးထားစေချင်ပါသည်.....မဟုတ်လျှင် ကျွန်တော့ လို ငနုံ တစ်ကောင် အဖြစ် … သင် သက်မှတ်ခံရပေဦးမည်…………

ကျွန်တော် တစ်နေ့ လောက်တော့ သက်သေ ထူပါဦးမည်….

ကီဝီဆိုဒါသည်….. အက်ပဲလ် ဂရင်းတီး မဟုတ်ကြောင်း…………

by: လင်းလွန်းညို

No comments:

Post a Comment