Tuesday, July 31, 2012

ဒေါက်ဖိနပ်များ


 

 ကျွန်တော့ အမြင်ထဲမှ တလက်လက်ဖြစ်နေသည်များကို ကျွန်တော် မုန်းပါသည်…


.ကျွန်တော်အမြင်ထဲမှ.. အလှဆင်ထားသော အင်္ဂလိပ်စာလုံး.. နာမည်များကို ကျွန်တော်မုန်းပါသည်….

ကျွန်တော့ အမြင်ထဲမှ…နံပါတ်များကို ကျွန်တော်မုန်းပါသည်….

ကျွန်တော့ အမြင်ထဲမှ.. ခပ်မြင့်မြင့် ခပ်နိမ့် နိမ့် မနိမ့် မမြင့် အရာများကို ကျွန်တော်မုန်းပါသည်….

ရှင်းရှင်းပြောရလျှင်ဒေါက်ဖိနပ်များကိုကျွန်တော်မုန်းပါသည်….



သူမတယ်လီဖုန်းဆက်တော့ .. ကျွန်တော်အိပ်ရာမှ နိးစဖြစ်ပါသည်…ထိုနေ့ကစနေနေ့ဖြစ်သည်…...

သန်ဘတ်ခါဆိုလျှင်သူမ၏ အဒေါ်တစ်ယောက် မင်္ဂလာဆောင်ရှိသည်ဟုပြောသည်…. သူမ ကသတို့

သမီးအရံလုပ်ရမည်ဖြစ်ကြောင်းလည်း ပါသည်…. ဘာဖြစ်သနည်း.. ကောင်းတာပေါ့….ဟု

ပင်စိတ်ထဲကတွေးမိလိုက်သေးသည်…..သတို့သမီးအရံလုပ်ဖို့ ဆိုသည်မှာ နည်းသည့် အခွင့်အရေးမဟုတ်..

ရုပ်ကလည်း ချောရဥိးမည်…. ခနာကိုယ်လည်း အသင့်အတင့် လှရမည်….. ပြီးလျှင် ဆွေမျိုး မိတ်ဆွေထဲတွင်

အရေးပါအရာရောက်သူလည်း ဖြစ်ရမည် ဒါကိုယ့်ကို အရာသွင်းသည့် ကိတ်စ … ကောင်းသည်ပဲပေါ့…



သူမကျွန်တော်နှင့် ထိုနေ့ နေ့လည်တွင်တွေ့ဖြစ်ကြသည်…. အဓိက အကြောင်းက မင်္ဂလာဆောင်သတို့

သမီးအရံလုပ်သည့် အခါ ၀တ်ရန်.. ဖိနပ်ဝယ်ဖို့ ဖြစ်သည်…. ချစ်သူနှင့်ဈေးဝယ်ထွက်ဖူးသ

အမျိုးသားတိုင်းသိသော ကိတ်စတစ်ခုကို ပြောပါမည်… အလွန်ခြေထောက်အညောင်းခံရပြီ

အလွန်မျက်နှာပြောင်ရပါသည်…. ဒီစကားကို ရှင်းပါမည်….



ခြေထောက်ညောင်းသည့် ကိတ်စကတော့ ရှင်းပါသည်… မိန်းကလေးများ ဈေးဝယ်သည့် အခါ…

တစ်နေရာတည်းနှင့်မပြီးတတ်….တစ်ဆိုင်တည်းလည်း မဟုတ်.. သူမတို့ သွားရာနောက်သို့

တကောက်ကောက်လိုက်ပေးနိုင်ရသည်….

အဲ မျက်နှာပြောင်ရသည် ဆိုသည်က…. မိန်းမများ ဈေးဝယ်သည့် အခါ… တစ်နေရာတည်းမပြီးရခြင်းမှာ

ရွေးလွန်းခြင်းကြောင့်ဖြစ်သည်… ကျွန်တော်တို့ ယောက်ကျားတွေ ဈေးဝယ်တာကတော့

ရှင်းသည်…အဲဒါလည်း မိန်းမနှင့်ယောက်ကျားကွာခြားချက်ဖြစ်သည် ယောက်ကျားတွေက

ပစည်းတစ်ခုဝယ်တော့မည်ဆိုလျှင် ကိုယ်ဘာပစည်းလိုချင်တယ်ဆိုတာ သိသည်… shopping mall

ထဲရောက်… တာနှင့်ကိုယ်ဘယ်ဆိုင်မှာဝယ်နေကျလဲဆိုတာကိုလည်း သိသည်… ဘယ်ဈေးနဲ့

မှဝယ်နိုင်မည်ဆိုသည်ကိုလည်း သိသည်… ၀ယ်သည် .. ဒါဆိုပြီးပြီ….

မိန်းမများက ထိုသို့ မဟုတ်… ကိုယ်ဘာပစည်းလိုသည်ဆိုတာကို သိသည်.. သို့ သော်ထိုပစည်းကို အရင်မရှာ

ဥပမာ ..ဖိနပ်ဝယ်ချင်သော မိန်းမသည်.. အင်းကျီဆိုင်တွေ့လျှင်လည်း ၀င်ကြည့်တတ်သည်…

အရုပ်ဆိုင်ကလေးတွေ့လျှင်လည်း ၀င်ကြည့်တတ်သည်… မိတ်ကပ်လေးများ တွေလျှင်လည်း

ဝင်ကြည့်တတ်သေးသည်…. Promotion ပွဲနဲ့ များတိုးလျှင်ဆိုဖွယ်ရာမရှိ.. ဈေးကလေးတန်ရဲ့လား…

ဘာပစည်းက ဘာအတွက်.. အောက်ခံကို ဒီလိုလိမ်းပြီး… ဒါလေးဖို့လိုက်မှ…. အဲ… ပြီးလျှင်ပရိုမိုးရှင်းလုပ်သော

ရှိုးကိုလည်း ကြည့်ချင်လိုက်သေးသည်….. အားလုံြး့ပီးမှ….. ဖိနပ်ကို စရှာတော့သည်…အဲဒါတွေလုပ်နေလို့

ဖိနပ်ရှာဖို့ အချိန်နည်းသွားလျှင်လည်း… အတူပါလာသော ချစ်သူယောက်ကျားလေး၏အပြစ်သာဖြစ်သည်..

အကြောင်းပြချက်က သူသတိမပေးလို့ပါတဲ့ … ဒါမှ မဟုတ်.. သူတစ်ခုခုလေး စိတ်ဝင်တစားကြည့်မိတဲ့

ဆယ့်ငါးမိနစ်လောက်အချိန်ကြောင့်ပါတဲ့ … ကဲ…. ထားပါလေ…



ဘယ်ဆိုင်ဝယ်နေကျဆိုတာလဲ ထိုမိန်းကလေးသိပြန်သေးသည်.. သို့ သော် ထိုဆိုင်သို့

တန်းတန်းမတ်မတ်မသွား …… အသစ်ဖွင့်တဲ့ ဆိုင်.. အသစ်ဖွင့် တဲ့ shopping mall ကို

အရင်သွားသေးသည်… အဲဒီ မှာ စိတ်တိုင်းကျရှာဖွေပြီးတော့မှ… သွားနေကျshpping mall မှ ၀ယ်နေကျ

မဟုတ်သော ဆိုင်တွေကို အရင်ကြည့်သည်…. ပြီးမှ နောက်ဆုံး ၀ယ်နေကျဆိုင်ကို သွားကြည့်သည်…

ဒါတောင်ဝယ်ချင်မှဝယ်သည်…. ဒီတော့ အထက်ပါအတိုင်း … အားပါးတရပါတ်ခဲ့သော ဆိုင်များမှာ

ဘာဝယ်ခဲ့သလဲလို့ မေးလျှင်ဘာမှ မ၀ယ်.. ဆွတ်ကြည့် ချွတ်ကြည့် စီးကြည့်… နှင့် ..

ခဏပတ်ကြည့်လိုက်ဦးမယ်.. နောက်မှ ပြန်လှည့်လာခဲ့မယ်နော်….. ဟူသော လက်သုံးစကားကို သုံးကာ

ပတ်လေသည်…. အဲ… ၀ယ်တာ မ၀ယ်တာအပထား ဈေးကတော့ ဆစ်နိုင်သမျှ ကို ဆစ်သည်… နောက်ဆုံး

ဆိုင်ရှင်က တည့်လောက်တဲ့ဈေးကို ပြောလျှင်… ထိုထက် ထက်နှိမ့်ဆစ်ကာ… ဒါမှ မဟုတ်.. အရောင်ကြီးက

တစ်မျိုးကြီး…. နောက်တစ်ရံမရှိဘူးလား… တစ်ခြားအရောင်ရော…. ဆိုဒ်မမှန်ဘူးနဲ့ တူတယ်.. စတာတွေ ချဲ့

ပြောပြီး လစ်ထွက်တတ်သည်… ဒါကြောင့် ကျွန်တော်တို့ ယောက်ကျားတွေ… သူတို့ နှင့်ဈေးဝယ်လိုက်လျှင်..

အတော်ကလေးမျက်နှာပြောင်မှ ဖြစ်လိမ့်မည်….. ကျွန်တော်မိန်းမဈေးဝယ်နောက်လိုက်လုပ်တာ ..

အတော်ကျွမ်းနေပါပြီ…….



ကဲပါလေ မိန်းမဈေးဝယ်ကျမ်းဒီလောက်ကြေပြီး.. ဒီလောက်သည်းခံသည့်

ကျွန်တော်…(ကိုယ့်ကိုယ်ကိုတော့ဒီလိုပဲထင်ပါသည်)…. ဘာကြောင့် ဒေါက်ဖိနပ်တွေကို မုန်းရပါသနည်း….

လာပါပြီ.. ဇာတ်လမ်းက ခုမှ စတာဖြစ်သည်… ကျွန်တော်ကအကြံပေးပါသည် .. ကဲဖိနပ်ဝယ်မယ်ဆိုလည်း



တော်ဝင်စင်တာသွားမလား.. junction square သွားမလား.. ဒိနှစ်ခုက ကျွန်တော်နေသော နေရာနှင့် နီးသည်..

တော်ဝင်စင်တာက charlies and keith က သူမ၀ယ်နေကျဆိုင်ဖြစ်သည်… ထုံးစံအတိုင်း junction square

ကိုပဲသူမရွေးပါသည်… ဒါနဲ့ နေ့လည် နှစ်နာရိသာသာလောက်မှာ junction square ကိုရောက်ကြသည်..

ကျွန်တော်အကြံတစ်ခုရလိုက်သည်… ခဏနေလျှင်သူမ ဈေးပတ်တော့မည်.. ဒါဆို

ကျွန်တော်နေ့လည်စာငတ်သွားနိုင်သည်… ဒါနဲ့… အပေါ်က thai kitchen မှာ ထမင်းစားဖို့ အကြံပေးသည်..

အောင်မြင်စွာပဲသူမလက်ခံပါသည်… ထမင်စားသောက်ပြီးတော့နှစ်နာရီ ခွဲခါနီးလောက်ဖြစ်သည်… သူမကို

ပြောပြရသည်..ညနေစာကို ကျွန်တော့ အမေအိမ်မှာလိုက်စားဖို့…. အမေကခေါ်ထားကြောင်းဆိုတော့.. သူမက

အိုကေတဲ့ .. ငါးနာရီလောက်သွားကြမည်ပေါ့… ဒါနဲ့ ဈေးစပတ်ပါသည်…



ထုံးစံအတိုင်း… အပေါ်ဆုံးထပ်က အရုပ်ဆိုင်တန်းဆိုတော့ အရုပ်ဆိုင်တွေ ၀င်ကြည့်ဖြစ်သည်… သူမရဲ့

တူကလေးတစ်ယောက်မွေးနေ့ ရှိလို့ လက်ဆောင်ဝယ်ပေးရမည်ဟုလည်း ပြောသည်… ဒါနဲ့ရာကြသည်ပေါ့..

ကျွန်တော်ကလည်း အရုပ်ဆို ဒီအရွယ်ရောက်သည့် တိုင်သဘောကျတတ်သည်… အပေါ်ထပ်က ဂျပန်ဆိုင်

moshi moshi မှာ one piece cartoon collection ရုပ်တွေ တွေ့လို့ ခဏ… ခဏဆိုမှ… ဆယ်မိနစ်ခန့်

ဝင်ကြည့်ဖြစ်သည်.. ဈေးကြီးလို့ မ၀ယ်နိုင်… ကြည့်ရုံတင်ကြည့် ခဲ့ရသည်.. ဒါနဲ့… သူမ

အရုပ်ဆိုင်နောက်တစ်ဆိုင်မှာ.. မွေးပွ car cartoon မှ အရုပ်ကလေး သွားတွေ့သည်… အရုပ်က အနေတော်

ဈေးလည်း သင့်သည်.. ၀ယ်ဖို့ ပြောသည်.. မ၀ယ်သေး ကြည့်ဦးမည်ဆိုကာ… ပတ်ပြီးသား အပေါ်ထပ်ကို

နောက်တစ်ပတ်ထပ်ပတ်သည်…. နောက်ဆုံး ထို မွှေးပွဆိုင်သို့ ပြန်ရောက်လာသည်… ကားရုပ်ကို

ကောက်ကိုင်သည်…



(မောင်.. ဒါက ကောင်းပါ့မလား .. ချစ်စိတ်ထဲတော့ မတန်ဘူးထင်တာပဲ… တစ်ခြားအရုပ်ကြည့်ရင်

မကောင်းဘူးလား.. ဟို stitch အရုပ်ကလေးဆိုရင်ရော… အို… ဈေးက များလိုက်တာ.. ဒီခွေးရုပ်ကျတော့

လည်း ဈေးကသက်သာ ပါတယ်.. ဒါပေမယ့် အပေါစားကြီးလိုပဲ… ) ဘာညာ စသဖြင့် ဘာတွေ ပြောမှန်းမသိ..

ပြောချင်ရာပြောပြီး နောက်ဆုံး လင်းပိုင်ရုပ် ကို ကြည့်ကာ သဘောကျသည်ဆိုပြီး ကျွန်တော့ ထောက်ခံချက်ကို

တောင်းသည်… ကျွန်တော်မထောက်ခံလည်း သူမ အကြောင်းအမျိုးမျိုးပြပြီး သူမ၀ယ်မှာမှာပဲဖြစ်သည်… ဒါတွေ

ရိုးနေပါပြီ….. ဘာမှ မငြင်း ညီလာခံတုန်းက လိုပဲ အားပါးတရထောက်ခံလိုက်သည်… အဲဒီ မှာ တင်

လေးနာရီက ခွဲတော့မည်..မထောက်ခံလျှင်.. ဆက်ခြေထောက်ညောင်းဦးမည်မဟုတ်လား…



ပြီးမှ…( ဟင်အချိန်မရှိတော့ ဘူး နာရီဝက်ပဲရှိတော့ တယ်… အဲဒါကြောင့်ပေါ့.. မောင်ဟို ဂျပန်ဆိုင်မှာ

အရေးမပါတဲ့ အရုပ်တွေကြည့်နေလို့ ကြာတာ.. ပြီးတော့ ၀ယ်တာလည်း မဟုတ်ဘူး…

ခုဘယ်အချိန်ဖိနပ်ကြည့်ကြမလဲ .. ကဲ….) ထုံးစံအတိုင်း ကျွန်တော်မျိုးကို အပြစ်တင်သည်… ဒါကလည်း

ရိုးအီနေပြီဖြစ်သည်… ကိတ်စမရှိ .. အေးဆောရီးကွာ.. ကဲကဲ ဖိနပ်သွားကြည့်ကြမယ်.. ပြောနေကြာတယ်ဆိုပြီး

ဖိနပ်ဆိုင်တွေရှိရာ .. ဒုတိယထပ်သို့ ဆွဲခေါ်လာခဲ့လိုက်သည်…..



ဖိနပ်ဆိုင်တွေရောက်တော့ .. charles and keith ကို အရင်ဝင်ကြည့်ဖို့ ကျွန်တော်က ပြောသည်… ဒါက

ဝယ်နေကျ ဘရန်းမဟုတ်လား… ထုံးစအတိုင်း… မကြည့်… တစ်ခြားဆိုင်တွေ အရင်ဝင်ကြည့်သည်…

ပထမတစ်ဆိုင်… ကြည့်သည်… သိပ်စိတ်တိုင်းကျပုံမရ… စိတ်တိုင်းကျတောင် ပထမတစ်ဆိုင်မှာ ၀ယ်ရိုးထုံးစံ

သူတို့ မှာ မရှိ….. နောက်တစ်ဆိုင်… သူမကြိုက်သည် ပုံစံလေးတွေ့သည် brand က vievie ဖြစ်သည်..

မော်ဒယ် အဆိုတော်ချမ်းချမ်း ကြော်ငြာတဲ့ ဖိနပ်….…. ဈေးက များနေသည်… ကိုးသောင်းကျော်..

ဖိနပ်တစ်ရံကိုးသောင်းတော့ ပေးမ၀ယ်နိုင်… ဆွဲခေါ်ခဲ့လိုက်သည်… နောက်တစ်ဆိုင် ဈေးလေးတွေက တော့

သင့်သည် သုံးလေးသောင်းဝန်းကျင်… မဆိုးလှ..ကျွန်တော်ကိုယ်တိုင်စိတ်လိုလက်ရလိုက်ရွေးပေးသေးသည်…

ကျွန်တော်ညွန့်ပြသော ဖိနပ်အတော်များများ ကို သူမက သဘောမကျ… ထားပါလေကျွန်တော့မျာ မျက်စိမရှိလို့

ပဲဖြစ်မည်…. သူမစီးကြည့်သော ဖိနပ်များကို ကျ ကျွန်တော်က မကြိုက်… အဲကြိုက်လိုက်ပါလားဗျာ…

ခြေညောင်းသက်သာတာပေါ့ လို့ များ သွားမတွေးနှင့်… ဒီလောက်နဲ့ သူမ၀ယ်ဦးမှာ မဟုတ်ဆိုတာ

ကျွန်တော်သိသည်လေ…. ဒါနဲ့ နာရီကြည့်တော့ ငါးနာရီထိုးဖို့ … ဆယ်မိနစ်ပဲလိုတော့သည်….



သူမကို ဆော်သြရတော့သည်.. အိမ်မှာ အမေတို့ က ထမင်းစားစောင့်နေမည်မဟုတ်လား.. လူကြီးတွေကို

ဒီတိုင်းစောင့်ခိုင်းလို့ မကောင်း… ဖုန်းကလည်း ဆက်နေပြီ… ဒါတောင်သူမက ..အေးအေးဆေးဆေးပင်..



(၀တ်ရမယ့် အင်းကျီက .. အ၀ါမှာ ရွှေရောင် ဆီးကွင့်နဲ့ ဆိုတော့… ရွှေရောင် သို့ မဟုတ်… အ၀ါဝင်းဝင်းလေးမှ

လှမှာ….. )စသဖြင့် ထင်မြင်ချက်တွေ လာတောင်းနေသေးသည်…



(ဒါဆိုလည်း မြန်မြန်ရွေးလေကွာ..ဟို မှာ အမေတို့ က စောင့်နေတာကို…. ) ကျွန်တော် နည်းနည်းတော့

ဒေါသထွက်လာပြီ…. ကဲပါလေစိတ်လျှော့ပါ… ဒါမျိုးကရိုးနေပါပြီ….



နောက်တစ်ချက်အဆိုးဆုံးက တော့ သူဝင်သမျှ ဆိုင်တွေက မိန်းမဖိနပ်ဆိုင်မို့ အထဲမှာ မိန်းမတွေ

ချည်းဖြစ်သည်… ကျွန်တော်တစ်ကောင်းတည်း ယောက်ကျားရင့်မ ထီးထီးကြီး…. ရေအိုးလေးတွေကြားမှာ

သစ်ငုတ်တို အနက်ကြီးဆိုက်ထားသလို… အမြင်မှာ သိပ်မအပ်စက်လှ ဟုထင်သည်… ရှက်လည်း

နည်းနည်းရှက်လာသည်.. တစ်ချို့ဆိုင်တွေဆို နှစ်ခါသုံးခါ ဖြတ်လျှောက်မိလို့ မှတ်မိသူက မှတ်မိနေပြီ…



ရိုးနေပါပြီဟု စိတ်ထားနေရင်းက မရိုးနိုင်တော့… ဒေါသကလေးက အညွန့်လူလာပြီ.. … အဲဒီ အချိန်မှာပဲ

ကျွန်တော့ မျက်စိထဲ အတော်အဆင်ပြေသော ဖိနပ်တစ်ရံတွေလိုက်သည် .. brand က တော့ သိပ်နာမည်မရှိ..

ဈေးက နှစ်သောင်းဝန်းကျင်… ရွေရောင်ဇာလေးက ရှေ့မှာ ဖုံးထားပြီး… အနောက်က ကြိုးသိုင်းမဟုတ်ပဲ



ကွင်းလျှောကြိုးလေးကို ခြေကျင်းဝတ်မှာ စွတ်ပြီးဝတ်ရခြင်းဖြစ်သည်.. ဒီဇိုင်းလည်း ဆန်းသည်..ထိပ်က

မိချောင်းခေါင်းလို ခပ်ရှုးရှုးလေး… သူမကို ၀တ်ကြည့်ခိင်းသည်… ၀တ်ကြည့်သည်.. အတော်ပဲဖြစ်သည်..

ဒါပေမယ့် သူမသဘောမကျသေး…. ဒီလောက်ကြည့်ပြီးနေပြီဖြစ်သည်.. နာရီဝက်မက

..တစ်နာရီနီးပါးဖိနပ်တွေချည်းကြည့်နေရသည်… ၀ယ်ဖို့တော့ ကောင်းနေပြီ.. ထမင်းလာစားပါမည်ဆိုရွေ့

အိမ်မှာလူကြီးတွေလည်းစောင့်နေသည်…. သူမစိတ်ကိုလျှော့ချလိုက်သည်

မ၀ယ်တော့ပါဘူးမောင်ရယ်နောက်နေ့မှပဲ ကြည့်တော့မယ်… ဟုဆိုကာ အိမ်သို့ လိုက်လာသည်….



ငါးနာရိကျော်ကျော်မှအိမ်ကို ရောက်သည်…အိမ်ရောက်တော့ ထမင်းစားကြပြီး အဖေတို့

နှင့်စကားပြောရင်းလေအနည်းငယ်ပစ်လိုက်မိသေးသည်.. သူမက ပြန်ချင်ပြီဆိုရွေ့ နာရီကြည့်မိတော့ ..

ခြောက်နာရီ… ကဲဒါဆိုလည်း ပြန်ကြမည်ပေါ့….. အောက်ကို ဆင်းလာပြိးကားပေါ်ရောက်မှ….



(မောင်ရယ် အချိန်ရသေးတာပဲလေ…. တော်ဝင်စင်တာ တစ်ချက်ဝင်လိုက်ရအောင်နော်) တဲ့…. ကဲ…



ဘယ်လောက်အမြင်ကတ်စရာကောင်းပါသနည်း… အစကတည်းက တော်ဝင်စင်တာသွားလိုက်လျှင်ပြီးနေပြီ…



ကဲပါလေ.. စိတ်ကို လျှော့ရင်းသူ့ သဘောအတိုင်းတော်ဝင်စင်တာကို လိုက်ပို့ပေးလိုက်သည်…



စပါပြီ….. Charles and keith , ၀င်ဝင်ချင်း ညာဘက်ထောင့်မှာကြည့် …. သားရည်ရောင် တ၀န်းဝန်း..နှင့်….

စီးလိုက်ချွတ်လိုက်…. ထလာသည်.နှာခေါင်းကို ရှုံကာ ခေါင်းခါပြသည်… မကြိုက်သေးဘူးဆိုသည့်

သဘော….. နာရီကို မှတ်ထားလိုက်သည်.. ဆယ့်လေးမိနစ်….



နောက်တစ်ဆိုင်…. VNC…….အောက်ထပ် မှဖြစ်သည်… ထုံးစံအတိုင်းကြည့်ပြန်သည်…

ခရစ်စတယ်တွေကတ၀န်းဝန်း….. တလက်လက်…. မကြိုက်သေး ပြန်ထွက်လာပြန်သည်… ဒါက ဆယ်မိနစ်..



နောက်တစ်ဆိုင် color plus ၀င်ကြည့်ပြန်သည်….. မကြိုက်.. ပြန်ထွက်လာသည်… ဒါက … ဆယ့်နှစ်မိနစ်…



အပေါ်ထပ်တက်သည်.. topcio ထင်သည်.. ဒါလည်း ချမ်းချမ်းကြော်ငြာတဲ့ ဆိုင်… ၀င်ကြည့်ပြန်သည်..

သိပ်မကြာပြန်ထွက်လာပြန်သည်… ဒါက… ဆယ်ငါးမိနစ်ကြော်သည်….



အပေါ်ထပ်ကပဲ ဝေဒီက ဖွင့်ထားသော lily နှင့် သုံးခန်းတွဲဖိနပ်ဆိုင်ကို ၀င်ပြန်သည်….. ကျွန်တော်အထဲကို

ဘယ်လိုမှ မလိုက်နိုင်တော့….



သူမပြောနေသော နံပါတ်တွေ.. နာမည်တွေ.. တလက်လက်တွေ.. အနိမ့် အမြင့်တွေက ..

အတော်ခေါင်းရှုပ်လာသည်… ဘယ်လို့ မှ မခံနိုင်တော့….



(မင်းပဲ ၀င်ကြည့်တော့ ကွာ… ငါအပြင်မှာပဲစောင့်နေတော့ မယ်)ဟုပြောလိုက်ပြီး.. ဆိုင်ရှေ့

မှာပဲခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလိုက်တောာ့သည်.. ဒါတောင်တစ်ချက်တစ်ချက်.. သူမက

အပြင်ထွက်လာကက .. ဒါလေးက ဘယ်လို ဟိုဟာ လေးက ဘယ်သို့ လုပ်ချင်သေးသည်….



အချိန်လည်း မမှတ်နိုင်တော့… စိတ်ထင် နာရီဝက်ခန့်ရှိမည်ထင်သည်… အိမ်ကထွက်လာကတည်းက

ခုထိမထိုင်ရသေး…. ခြေထောက်က အတော်ညောင်းနေပြီ……



လူက တစ်ဖြေးဖြေးညီးစီစီဖြစ်လာသည်…. ဖိနပ်မူးတယ်ပဲပြောရမလားမသိ….

ဖိနပ်မြင်လျှင်အန်ချင်သလိုပင်ဖြစ်လာသည်…..



သူမထွက်လာသည်…. စိတ်ကြိုက်ခုထိမတွေ့သေး..နာရီကြည့်တော့ ရှစ်နာရီထိုးတော့ မည်… ပိတ်တဲ့

ဆိုင်တွေပိတ်ကုန်ပြီ…..



ဆိုင်တွေပိတ်ရုံမကလို့ ဘာပိတ်ပိတ် သူမက မလျှော့နိုင်သေး… အောက်က VNC ကို

တစ်ခေါက်ပြန်ဆင်းလာသည်.. စောစောက သဘောမကျတကျ ဖိနပ်ကလေးကိုပြန်တောင်းကြည့်သည်..

ဈေးဆစ်ပြန်သည်… ဒီလိုကြည့်နေရင်း။.. … တစ်နေရာရောက်တော့.. အဲဒီဆိုင်ထဲမှာပဲ ..

သူမအတော်သဘောကျသော ဖိနပ်တစ်ရံသွားတွေ့သည်….. သူမ၀မ်းသာမသာတော့ မသိ…

ကျွန်တော်ကတော့ အတော်ဝမ်းသာသည်… အိမ်ပြန်ခွင့်ရတော့မည်မဟုတ်လား….



ထုံးစံကိုတော့ လုံးဝအပြတ်မခံ…. ဈေးဆစ်လို့ မရသည့် ဈေးကပ်ရောင်းသော

တစ်ခွန်းဆိုင်ပင်ရသလောက်ဈေးဆစ်သေးသည်.. မရတော့မှ… ဘယ်တတ်နိုင်မလဲဆိုတဲ့လေသံဖြင့် ဖိနပ်ကို

စီးကြည့်သည်..ဖိနပ်က အနည်းငယ် သေးနေသည်….ဆိုဒ်ကြီးရှာတော့ သူမ၀တ်နေကျ …၁၇ က မရှိ နံပါတ်

၁၉ ပဲရှိသည်…. ကျွန်တော်… အတော်ဝမ်းနည်းသွားသည်… ဆိုင်ရှင်ကိုလည်း

အားကိုးတကြီးရှာပေးပါဟုပြောမိသည်….. အရောင်းဝန်ထမ်းကလေးမကရှာပေးပါသည်… သိုသော်

ငွေရောင်ပဲရှိသည်..ရွှေရောင်အတွက် နံပါတ် ၁၇ က မရှိတော့….. ကျွန်တော်အတော်ဝမ်းနည်းသွားသည်….

ဒေါသလည်းထွက်လာသည်….



သူမကဆိုင်အပြင်ထွက်လာပြီး.. နောက်တစ်ဆိုင်ဝင်ဖို့ စိတ်ကူးသည်… မတတ်နိုင်တော့.. ပြောမှရတော့မည်..

ခြေထောက်တွေကော.. မျက်နှာတွေကော.. မျက်လုံးတွေကော..ဦးနှောက်တွေပါ အတော်ညောင်းနေပြီ….



(ကဲပါကွာ… နောက်နေ့မှပဲဝယ်ပါတော့… ငါဘယ်လိုမှမရတော့လို့ ပါ… တောင်းပန်ပါတယ်…. လိုက်လည်း

မလိုက်နိုင်တော့ဘူ… အဲဒီ ဖိနပ်တွေကိုလည်း မကြည့်ကို မကြည့်ချင်တော့တာပါ…)ဟု

တောင်းတောင်းပန်ပန်ပြောတော့ မှ…….တော်ဝင်စင်တာထဲက ထွက်လာသည်…



ကံအလွန်ကောင်းတယ်ပဲပြောရမည်… တစ်ဘက်ကမ်းမှာရှိနေသော.. ပြည်လမ်းစိန်ဂေဟာကလည်း

ပိတ်နေပြီ… မဟုတ်လျှင်သူဝင်ဖို့ ကြိုးစားဦးမည်….



ဒါနဲ့ သူ့ကို အိမ်လိုက်ပို့သည်… လမ်းတွင်လည်း အားမနာ .. ဖိနပ်စကားပဲပြောလာသည်…. တားလို့

လည်းမရ… ကျွန်တော်အိမ်ပြန်ရောက်သည်… ဘာမှ မလုပ်နိုင်…အ၀တ်အစားတန်းလည်း

မျက်နှာလေးသစ်ပြီးသည်နှင့်… အိပ်ရာထဲ ထိုးလှဲသွားတော့သည်….



ဒါတောင်အိမ်မက်က မက်ဖြစ်အောင်မက်သေးသည် ..ဖိနပ်အကြောင်းပဲဖြစ်သည်…… ဆိုးလိုက်တဲ့ အိမ်မက်…







မနက်မိုးလင်းတော့ ထုံးစံအတိုင်းဖုန်းဆက်ပြန်ပါသည်…. ဒီတစ်ခါတော့ … မတတ်နိုင်



(မင်းဟာမင်းသွားကွာ.. ငါလုံးဝမလိုက်နိုင်တော့ဘူး…. ဖိနပ်ဝယ်လို့ပြီးပြီ.. ဆိုငါ့ကို လာခေါ်လိုက်..

ငါလာကြိုမယ်.. ) ဟု ခပ်ပြတ်ပြတ်ပဲပြောလိုက်သည်….



အဲဒီ တစ်လက်လက်တွေကို မုန်းလှပါပြီ…………



မနက်ကိုးနာရီကတည်းက … သူမစထွက်သည်.. ပထမ..မေးတော့.. ကမ်ဘာအေး ဂမုန်းပွင့်ဟုပြောသည်…

ဆယ်နာရီခွဲလောက်ကျတော့… သူမဖုန်းလာသည်…. လှည်းတန်း စိန်ဂေဟာမှာဖြစ်ကြောင်းသတင်းပို့သည်…

နေ့လည် ဆယ့်တစ်နာရီလောက်ကျ ဖုန်းထပ်ဆက်တော့….. မြေနီကုန်း.. ဒဂုံစင်တာမှာ ဖြစ်သည်… ဒဂုံစင်တာ

ဝမ်း.. ပြီးတော့ တူး… ဒါနဲ့ နေ့လည် တစ်နာရီမှာ..ဖိနပ်တစ်ရံအောင်မြင်စွာ ၀ယ်ယူပြီးစီးကြောင်းဖုန်းဆက်သဖြင့်

ကျွန်တော်သူမကို သွားကြိုလိုက်ပါသည်……



သူမကို ခေါ်ပြီး ကျွန်တော့ အိမ်သို့ ပြန်လာကြသည်… ဒီလောက်တစ်ရက်နဲ့ တစ်ပိုင်း.. စုစုပေါင်း..

ကိုးနာရီတိတိအချိန်ပေးဝယ်ယူခဲ့သော ဖိနပ်ကို အမှန်အတိုင်းပြောလျှင်ကြည့်လည်းကြည့်ချင်သည်…..

သို့သော်ကြည့်လမ်းမကြည့်ချင်တော့…… ဖိနပ်ဆို အတော်မုန်းနေပြီမဟုတ်လား အထူး

သဖြင့်ဒေါက်ဖိနပ်ပေါ့လေ..



အိမ်ရောက်ရောက်ချင်း… (မောင်ရေ.. ဖိနပ်ကလေးကြည့်ပါဦး.. )ဆိုလို့.. ကျွန်တော်.. ထုတ်ကြည့်လိုက်သည်…

ဒီတစ်ကြိမ်ကျမှ…… ဒေါက်ဖိနပ်ကို အတော်မှ အတော်ကလေး မုန်းသွားသည်…… ဒေါက်ဖိနပ်သည်

မာယာအလွန်များလေသည်… အမြင်ကို မှားစေသည်….. ဒီဒေါက်ဖိနပ်နဲ့ တောကြီးမျက်မည်းကို

ထပ်တူတောင်ထားလိုက်ချင်သည်…. လူတစ်ယောကို မာယာသုံးပြီး ..မောအောင်သူလုပ်နိုင်လေချင်း…



သူမ၀ယ်လာသော ဒေါက်ဖိနပ်မှာ… junction square တွင်ထိုမနက်က .. ကျွန်တော်ပြခဲ့သော…

ထိပ်ရူးရွေရောင် ဒီဆိုင်းအဆန်းနှင့် ဒေါက်ဖိနပ်သာဖြစ်ပါတော့သည်…. ဒီဒေါက်ဖိနပ်က ..မနေ့ကတည်းက

တွေ့ဝတ်ကြည့်ပြီးသာကြိုက်လိုက်လျှင်.. ဒီလောက်ထိ စိတ်ပျက်စရာဖြစ်လာစရာမရှိ… ခုတောာ့ ဒေါက်ဖိနပ်က

မာယာသုံ့းပြီး မလှချင်ယောင်ဆောင်လိုက်လို့သာ….. ဒီလောက်ထိ ခြေညောင်းလူညောင်း..

ဦးနှောက်ညောင်းဖြစ်ခဲ့ရသည်…..ဘယ်လောက်မုန်းစရာကောင်းပါသနည်း………..



ကျွန်တော်က ပြောပြသေးသည်…( ဒါမနေ့ က မင်းမကြိုက်ဘူး.. ဆိုတဲ့ဟာမဟုတ်ဘူးလား..

ဖိနပ်ကြီးကရှည်ရှည်ကြီးဆိုပြီး မင်းထားခဲ့တာလေ) ဆိုတော့ လုံးဝမဟုတ်ကြောင်း.. ဒါဟာ သူမဒီနေ့

မှတွေ့တာဖြစ်ကြောင်း…. ဘယ်လိုမှ မတူကြောင်း.. ဟိုဖိနပ်ကဟိုလိုကြီးဖြစ်ပြီး.. ဒီဖိနပ်က ..

ဒီလိုလေးဖြစ်ကြောင်းကို … ရေပတ်မ၀င်ငြင်းရင်းရှင်းရင်း…. ပြောပါလေတော့သည်….



ကျွန်တော် ပြိုင်မငြင်းတော့ပါ… ပြိုင်လည်း မငြင်းချင်တောပါ. ပြိုင်လည်း မငြင်းနိုင်တော့ပါ…. သူရဲ့

ဒေါက်ဖိနပ်မစ်ရှင်.. အောင်မြင်သွားပြီမဟုတ်လား… ကျွန်တော်အနားရတာပေါ့ဟုပဲ

သဘောထားလိုက်ါသည်…အိပ်ရာပေါ်သို့ အေးဆေးသက်သာစွာလှဲချပြီး…. သူငြင်းနေသမျှကို သာ

မျက်စိမှတ်ရင်း နားထောင်ပေးနေလိုက်မိပါသည်….



ကျွန်တော့အမြင်ထဲမှ တလက်လက်တွေကို ကျွန်တော်မုန်းပါသည်…ကျွန်တော့ အမြင်ထဲမှ ရွှေရောင်

ဇာစထိပ်အနားကွပ်ထားတာလည်းမုန်းပါသည်… ကျွန်တော့အမြင်ထဲမှ…. ရွှေရောင်

ခြေကျင်းဝတ်ကြိုးသိုင်းကိုလည်း မုန်းပါသည်……ခပ်ရှုးရှုးထိပ်နှင့် ခပ်ရှည်ရှည်ဒီဇိုင်းကိုလည်း… မုန်းပါသည်…..

မာယာများလှသော ဒေါက်ဖိနပ်အား ကျွန်တော်မုန်းပါသည်….





သို့သော်.. မင်္ဂလာဆောင်ဓာတ်ပုံတွေထွက်လာသည့် အခါ….( ဖိနပ်ကလေးနဲ့လိုက်တယ်….

အတော်လှတာပဲ)ဟု ပြောပေးရပါဦးမည်………………………

by: လင်းလွန်းညို

No comments:

Post a Comment