Tuesday, July 31, 2012

ဒူးရင်းသီး


 

ကျွန်တော်ဒူးရင်းသီးအလွန်ကြိုက်ပါသည်…. ဒူးရင်းသီးကြိုက်လွန်းသဖြင့်လည်း
ရာသီပေါ်ပြီဆိုသည်နှင့်ပေါ်ဦးပေါ်ဖျားဝယ်စားတတ်သည့် အကျင့်လည်းရှိပါသည်ဒူးရင်းသီးကို
အမြင်နှင့်မပြောနှင့် အနံ့ရကတည်းက ကို ဆိုင်ရှိရာသို့ တန်းတန်းမတ်မတ်ကျွန်တော်သွားနိုင်ပါသည်
စူးများလွန်းသော အခွံကို ခဲရာခဲဆစ်ခွဲပြီး ထွက်လာသည် အ၀ါ ၀ံ့ဝံ့ ဒူးရင်းမွှာများကို မြင်ရသည်မှာ
အတော်စိတ်ချမ်းသာဖွယ်ကောင်းပါသည်တစ်ခါတစ်ခါတော့ လည်းတွေးမိသည်ဒီလောက် အနံ့အရသာနဲ့
ပြည့်စုံလို့လည်းသူ့ အခွံမှ ဆူးတွေ များနေခဲ့တာကိုး နှင်းဆီပန်းလိုမျိုးပေါ့ဟု….. သဘာဝက အတော်လည်း
ထူးဆန်းသည်တကယ်အနံ့အရသာနှင့်ပြည်စုံသည် များကို သူနှင့်ထိုက်တန်သော ဥာဏ်ရည်
ထိုက်တန်သော ကြိုးစားအားထုတ်မှုရှိသူကို သာ ပေးတတ်ပါသည်
ဒူးရင်းသီးတစ်လုံးစားချင်ပြီးဆိုလျှင်ပထမဆုံ့း…. အဆူးမဆူးအောင်ကိုင်တဲ့ နည်းကို သိရမည်
အခွံခွာသည့်အခါလည်းမနာမကျင်အောင်ဂရုစိုက်ရဦးမည်ဒါတွေကို အဆင်အပြေဆုံး ကျော်လွှားနိုင်တာ
လူတွေပဲဖြစ်သည်လူ၏ဥာဏ်ရည်နဲ့ မှ.. ကြိုးစားမှုနဲ့ မှာသာ ဒူးရင်းသီး၏ အခွံမာမာဆူးမာမာ များကို
ကျော်လွှ့ားပြီးအထဲမှ အနံ့အရသာနှင့်ပြည်စုံသော အသားကို စားခွင့်ရကြသည်….သဘာဝတရားကိုရော
လူသားတို့ ဥာဏ်ရည်ကို ပါကျေးဇူးတင်ရပါသည်

 ဒူးရင်းသီးကို စားလာသည်မှာ .. နှစ်ပေါင်းများလာလို့ ဖြစ်မည်ထင်သည်ကျွန်တော်ဒူးရင်းသီးပါးလည်း
အတော်ဝပါသည်ဒူးရင်းသီးတစ်လုံးကိုကြည့်လိုက်ပြီး လက်နှင့်ပုတ်ကြည့်လိုက်သည် ဆိုလျှင်ပဲမှည့် သလား
ချိုသလား…. အသားများသလား နည်းသလား ကို ခွဲခြားနိုင်သည်ဒါဘယ်လို တတ်တာတုန်းလို့ လာမမေးနှင့်
ကျွန်တော်တကယ်မဖြေတတ်ပါရှေ့ က ပြောခဲ့ သလို ဒူးရင်သီးပါးဝလာတယ်လို့ ပဲ ပြောရမည်ဖြစ်သည်….
ဒီရက်ပိုင်းလည်း ဒူးရင်းသီးတွေ စတင်ပေါ်လာပါပြီ….. နွေအ၀င်မို့ အပူကို ကြောက်သော်လည်း
စားဖြစ်အောင်တော့စားဦးမည်ဟုအားခဲထားလိုက်သည်

ဒီလိုနှင့်.. ပြီးခဲ့သော သုံးလေးရက်က.. ကျွန်တော့်ကောင်မလေးနှင့်ကျွန်တော်သူမမိဘများနေရာ
ကန်တော်ကလေး ဘက်သို့ သွားဖြစ်ကြသည်…. သူမတို့ အိမ် အပေါ်ထပ်သို့ တက်ခါနည်း အနားတွင်
သစ်သီးများရောင်းသောဆိုင်ရှိသည်ထုံးစံအတိုင်း ချစ်လှစွာသော ဒူးရင်းသီးက အနံ့ဖြင့် ကျွန်တော့်ကို
စတင်ဖျားယောင်းပါတော့သည်ကျွန်တော်အိမ်ပေါ်သို့ မတက်နိုင်…. နှာခေါင်းက
ဆွဲလှည့်လိုက်သဖြင့်ကျွန်တော့ ခေါင်းက .. ဒူးရင်းသီးဆိုင်ဘက်ကိုရောက်နေပြီရောင်းသူဈေးသည်
မိန်းမကြီးကလည်း အထားအသိုကောင်းသည်.. ဒူးရင်သီးများ ကို ပုံထားပြီး အပေါ်တွင်.. အမွှာကြီးကြီး
အသားများများ .. ၀င်းဝါဆိုပြေလှသော ဒူးရင်းသီးကို ထက်ခြမ်းခြမ်းကာ ပလပ်စတစ်နှင့် အုပ်ပြထားသည်
ကျွန်တော်လိုဒူးရင်းသီးရူးမပြောနှင့်ဒူးရင်းသီးကို ကြုံမှ စားသော ကျွန်တော့ ကောင်မလေးပင်ဝယ်ချင်ချင်
ဖြစ်နေပြီဖြစ်သည်ဒါနဲ့ ကျွန်တော်လည်း အခွင့်အရေးကို လက်လွတ်မခံ

(လာပါ ချစ်ရယ်မောင်တို့ ဒါလေးဝယ်ပြီး အပေါ်တက်ကြတာပေါ့အမေတို့ ကိုလည်း ကျွေးလို့ ရတာပေါ့)
ဟု မဲဆွယ်လိုက်သည်သူမလည်း စိတ်လိုလက်ရခေါင်းငြိမ့်ပါသည်ဒါနှင့် ကျွန်တော်လည်း
ဈေးဆိုင်နားရောက်သွားပြီး ရောင်းသူမိန်းမကြီးအား
(ဒူးရင်းသီး ဘယ်လိုရောင်းလဲ?)
(ဒီဘက်က .. သုံးထောင် အဲဒါက ယိုးဒယားသီး.. ဟိုဘက်က ထောင့်ငါးရာ.. အဲဒါက.. ဗမာသီး) ဟုဆိုပါသည်
ဒီနေရာမှာလည်း ကျွန်တော်စဉ်းစားမိတာရှိသေးသည်ငါတို့ ဗမာတွေ ဒူးရင်းသီး စိုက်တာတောင်..
ယိုးဒယားကို မမှီနိုင်တော့ ဘူးလား ဟုဖြစ်သည်ဒါပေမယ့်ဒီနေရာတော့ မျိုးချစ်စိတ်ထက်သန်ပြီး
ဗမာသီးကို မစားနိင်ပါ.. ဗမာသီးတွေ ကြည့်ရတာအတော်.. စိမ်းနေသည်.. ဒါအပြင်အလုံးကလည်း
သေးသေးသည်ကဲ.. မတတ်နိုင်ယိုးဒယားသီးကို သာ အားပေးမည်ဟုဆုံးဖြတ်လိုက်သည်

(ဒါဆိုယိုးဒယားသီးပဲ ပေးပါအမ.. ကျွန်တော များများယူမှာပါ.. တစ်လုံးနှစ်ထောင့်ငါးရာပဲ ထားပါ…)

ယောက်ကျားပီပီ ဈေးဆစ်လိုက်သေးသည်.. မိန်းမကြီးကလည်း အဆင်ပြေပါသည်.. ဒါနှင့်ပဲ ဒူးရင်းသီးလူလည်
ကျွန်တော် စတင်ရွေးပါပြီပထမဆုံး ဒူးရင်းသီး အရောင်လေးတွေကြည့်ရသည်တစ်ခါတစ်လေ
တစ်လုံးလူံး ၀ါနေပြီး အထဲကျမှမာကျစ်ကျစ်ဖြစ်နေတတ်တာမျိုးကရှိသေးသည်တစ်လုံးကိုရွေးလိုက်သည်
ခတ်လတ်လတ်ပဲဖြစ်သည်ပုတ်ကြည့် သည် .. အသံခပ်အုပ်အုပ်နှင့်အိုကေ..
ဒီတစ်လုံးခွဲခိုင်းလိုက်သည်.. အသားကို မြည်းကြည်တော့ အတော်ချိုသည်.. ကျွန်တော့ ကောင်မလေးကို
လည်းပေးမြည်းသည်.. သူက ခေါင်းတငြိမ့်ငြိမ့်နှင့်သဘောကျသွားသည်ဘယ.်ရမလဲ ဒူးရင်သီးဘိုးအေ
ကျွန်တော်ရွေးတာပဲလေ….. ဒါနဲ့ နောက်တစ်လုံး ကို ရွေးပြန်သည်.. ဒီတစ်လုံးကတော့ ကြီးသည်..
အသားလည်း ထူပုံရသည်.. ယူလိုက်ပြန်သည်.. နောက်ထပ်တစ်လုံးရွေးသည်.. ဒါလည်း အိုကေပဲဖြစ်သည်
ကျွန်တော် အားလုံးပေါင်းလေးလုံးယူမည်ဟုစိတ်ကူးထားသည်နောက်ဆုံးတစ်လုံး  ရွေးနေတုန်း
ဈေးသည်မိန်းမကြီးမှ.. ( မောင်လေး.. ဒီအလုံးလေးယူပါလား ဒီအလုံးက တစ်အားချိုတာ..) ဟု
ဒူးရင်းသီးတစ်လုံး ထိုးပြပါသည်

ထိုဒူးရင်းသီးကို ကြည့်လိုက်ကတည်းက အတော်စိတ်ပျက်ဖို့ ကောင်းနေပါပြီအခွံက
ခဲရောင်တောင်ခပ်ပုပ်ပုပ်သန်းနေသေးသည်… .. အလုံးကလည်း နှစ်ထောင့်ငါးရာပေးရလောက်အောင်ကို
အရွယ်ကမရှိ.. ပုတ်ကြည့်လိုက်သည်.. ဂလိုင်သံထွက်လာသည် ..သေချာပြီးဒါအဆံချောင် ဂျပ်ခဲ
(ရတယ်အမ.. မယူတော့ဘူးကျွန်တော့ဟာ ကျွန်တော်ပဲရွေးပါမယ်) ဟုပြောလိုက်သည်

မိန်မကြီးကမရ.. ( တကယ်မောင်လေးရဲ့ မယုံရင်ခွဲပြမယ်.. .တအားချိုတာ .. အလုံးအမြင်သာမလှ တာ အထဲက
တအားချိုပဲ…)

(ရတယ်အမမခွဲနဲ့ ကျွန်တော်မယူဘူးကျွန်တော်ရွေးထားတာပဲပေးပါ)

(နေဦး နေဦး ခဏလေး အမပြမယ်) ဟုဆိုကာအခွံကို သုံးထောင့်ပုံလေးလှီးထုတ်လိုက်သည်အသားကို
ဓားဖျားလေးဖြင့်ကလော်ကာမြည်းကြည့်ရန်ပေးပါသည်ကျွန်တော်လည်း ယူမြီးကြည့်လိုက်သည်..
ထင်သည့် အတိုင်းပင်.. ဘာအရသာမှ မရှိကျွန်တော်ပြောပြီးပါပကော ကျွန်တော်ဒူးရင်းသိးပါးဝပါသည်

(အမမြည်းကြည့်ဦး ဘာအရသာမှ မရှိဘူးတွေ့လား ကျွန်တော်ပြောသားပဲ…. ရောရော့ ဒီတစ်လုံးခွဲကြည့်… )
ဟု ကျွန်တော်နောက်ဆုံးတစ်လုံးခွဲခိုင်းလိုက်သည်သူခွဲပေးသည်ကောင်းပါသည်.. စောစောက
အသီးနဲ့များ ဆီနဲ့ရေ…. လားလားမျှမဆိုင်ဒါနှင့်ကျွန်တော်ရွေးထားသော လေးလုံးကို ယူပြီး
ပိုက်ဆံရှင်းသည်.. ဒီတော့မှ ပြသနာက စပါတော့သည်… (မောင်လေးရယ်ဒီ အသီးလေးပါယူသွားပါလား.. )
ဟုဆိုကာ စောစောက ဘာအရသာမှ မရှိသော အသီးကို ထိုးပေးသည်..

(အာအမကလည်း မယူပါဘူး.. ကျွန်တော်က လေးလုံးပဲယူမှာ.. ကျွန်တော်ရွေးထားတာပဲပေးပါ)

(မယူလို့ မရဘူးလေ.. ခွဲပြီးနေပြီ…. )

ကျွန်တော်အတော်အံ့သြရပါသည်.. ကျွန်တော်ဒီအသီးကို လုံးဝမခွဲခိုင်းခဲ့ပါသူ့ဟာ
သူအသည်းအသန်ခွဲခြင်းဖြစ်သည်

(ကျွန်တော်ခွဲခိုင်းတာမှ မဟုတ်ပဲ အမ ဟာ အမ ခွဲတာ လေ… )

(ဒီ အသီးကိ ငါက ဒိုင်ကနေ..အကုန်ချိုတယ်ဆိုတဲ့ အာမခံချက်နဲ့ ယူလာတာ..ဟဲ့ မချိုလို့ လဲပြန်သွင်းလို့ရတာ
မဟုတ်ဘူးအဲတော့ နင့်ကို ရောင်းတာ နင်ယူကိုယူရမယ်)

ဘာဆိုင်သနည်းတွေးကြည့်လို့ကို မရသူဟာသူဒိုင်ကယူပြီး မချိုတာ ကျွန်တော်နှင့်လားလား မှ
မအပ်စပ်…. စဉ်းစားရကြပ်လာသည်တစ်ခုပြောရန်မေ့ခဲ့သည် ကျွန်တော်က ယောက်ကျားတန်မယ့်
နည်းနည်းလည်း စွာတတ်ပါသည်

(ဘာဆိုင်တုန်းဗျ….. မယူနိုင်ဘူးကျွန်တော်ရွေးထားတာ တွေပဲပေးမရွေူးထားတဲ့ ဟာတော့ မယူနိုင်ဘူး)

(အောင်မာအေးမ၀ယ်နိုင်ရင် အစကတည်းက မရွေးနဲ့ရှင်းလား…. ကိုယ်ရွေးပြီးမှ မ၀ယ်နိုင်ဘူး ဟွန်း)

ကျွန်တော်အတော်ကလေးဒေါသထွက်လာသည်ကျွန်တော့ ကောင်မလေးက လက်ကုတ်သည်.. မျက်စကို
အိမ်ပေါ်ထပ်သို့ ပစ်ပြသည်အပေါ်မော့ကြည့်တော့ ယောက်ခမလောင်းက.. ၀ရန်တာမှ ထွက်ကြည့်နေသည်..


(လာပါမောင်ရယ်.. ယူခဲ့လိုက်ပါသွာ့းရအောင်.. ဟိုမှာ အမေလည်းကြည့်နေတယ်)

No comments:

Post a Comment