Tuesday, July 31, 2012

ဒေါသလည်း မထွက်အားတော့ ပါဘူး .. သတိပေးချင်ရုံသက်သက်ပါ


ဒေါသလည်း မထွက်အားတော့ ပါဘူးဗျာ .သူ့အကောင့် ကို မြင်ရင်သာ သတိထားဖို့ သတိပေးချင်တာပါ...... သူ့ အကောင့် အမည်က ... အလ္လာဟ်အရှင်တော်မြတ်နှင့်ကျွန်ုပ်ဆုံစည်းခဲ့သော ထိုခဏ ဆိုတဲ့ အမည်နဲ့ ဖြစ်ပါတယ်...... အမျိုးသမီးပါ....


ကျွန်တော့ ကို သူ friend request ပို့ တော့ ... ကျွန်တော်သူ့ အမည်ကြောင့်ချက်ချင်းပြန်လက်မခံရဲ ပါဘူး ..... မနေ့တစ်နေ့ ကတင် ကျွန်တောာ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့်ကို ၀ိုင်းတိုက်ခိုက်ခံထားရတာ မဟုတ်လား ..... အကောင့်လည်း လုံးဝပျက်စီး ...သွားခဲ့ပါတယ်...... ဒီတော့ ကျွန်တော်သူ့ကို Message ပို့ ပြိးမေးပါတယ်....

ဖြေပုံဖြေနည်းလေးက သဘောကျစရာပါ........ကျွန်တော်ကတော့ အေးဆေးစွာပဲ သူ့ကို ဘလော့ဂ်လိုက်ပါတယ်... မိတ်ဆွေသူငယ်ချင်းများ လည်း .... သူ့ကို လက်ခံထားမိရင်... ဘယ်လိုအကျိုးဆက်ဖြစ်လာနိုင်မလဲဆိုတာ .... သူ့ စကားလုံးလေးတွေကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်....


Ozzy Win

*

လက်မခံတာ ကို စိတ်မဆိုးပါနဲ့ ကျွန်တော့ ကို ဘာလို့ အက်တယ်ဆိုတာ သိချင်ပါတယ်.. ကျွန်တော်ဟာ ဘာသာရေး အစွန်းရောက်မုန်းတီးသူမဟုတ်သလို ... ကိုယ်ဘာသာကို ထိခိုင်လာာတာမျိုးကိုလည်း လက်ခံမှာမဟုတ်ပါဘူး ... ဒါကြောင့် ကျွန်တော့ ကို ဘာလို့ အက်လိုက်သလဲ သိပါရစေ ... ကျေးဇူးတင်ပါတယ်...

အလ္လာဟ်အရှင်တော်မြတ်နှင့် ကျွန်ုပ်ဆုံစည်းခဲ့ရသောထိုခ

ဆန်လာမာလီကွမ်း
ျမ အစ်ကိုတို့ တွေနဲ့ ဆွေးနွေးချင်လိုပါ။

Ozzy Win
ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်.....
ဒါပေမယ့် အခုလို ပြသနာများနေချိန်မှာ ..ခင်ဗျားလို nick မျိုးနဲ့ လူတစ်ယောက်ကို လက်ခံဖို့ ကျွန်တော်အတော်စဉ်းစားရပါတယ်.... အကြောင်းရင်းမပြနိုင်ရင်လက်မခံပါဘူး .....

အလ္လာဟ်အရှင်တော်မြတ်နှင့် ကျွန်ုပ်ဆုံစည်းခဲ့ရသောထိုခ

ရှင်တော်တော် သွေးကြောင်တာပဲ
တကယ်မထင်မိဘူး
ရှင်က ဘာကိုးကွယ်တာလဲး
ဂေါတမသားတွေ ကအလကားလေကျယ်နေတယ်။
ပုံကြည့်တာနဲ့ တုံးမှန်း သိပါတယ်။

Ozzy Win
ဟားဟား တွေ့ ပါပြီဗျာ .. ဂေါတမသားတွေလို့ ခင်ဗျား ပြောလာပါတယ်.... မှန်ပါတယ် သွေးကြောင်ပါတယ်... ကျွန်တော့ သူငယ်ချင်းအကောင့်ပေါင်းများ စွာ အဟက်ခံထားရပါတယ်..
ကျွန်တော့ အကောင့်ထဲမှာ ကျွန်တော့ personal နဲ့ ပါတ်သတ်တာတွေ အများကြီးရှိနေတာ မို့ ပါ..... မှန်ပါတယ်လေ ကျွန်တော်တုံးကောင်းတုံးနိုင်ပါတယ်...... ခပ်တုံးတုံးဖြစ်နေတာ ပဲကောင်းပါတယ်....ဒါပေမယ်. ကျွန်တော်လိုငတုံးကတော့ အလာဘ်အရှင်မြတ်ရဲ့ သားသမီးတွေ လေကျယ်တယ်လို့ တစ်ခါမှ မစွပ်စွဲခဲ့ဘူးပါဘူး ... ဘယ်တော့ မှလည်း စွ့ပ်စွဲမှာ မဟုတ်ပါဘူး .....ဘာလို့ လဲဆိုတော့ ကျွန်တော် က ၀ါးလုံးရှည်နဲ့ ချီးသုတ်ရမ်းရတာ ၀ါသနာမပါလို့ ပါပဲ ... လူဆိုတာ လူပါပဲ ... ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဒါဟာ သူ့ယုံကြည်မှုသာဖြစ်တယ်... အပြစ်ပြောစရာ မရှိပါဘူး ..... မကောင်းတာလုပ့်ရင် ...ဒီလူဟာလူဆိုးပေါ့ .. ကောင်းတာလုပ်ရင်တော့ လူကောင်းပေါ့လေ.. ဒီလိုသာမှတ်ယူထားပါတယ်.. ဒါကြောင့်လည်း .... မူဆလင်ဘာသာဝင်များ ကို အသားလွတ်ဆဲနေရင်တောင် .. ၀င်ကာကွယ်ပေးဖူးပါတယ်.. ကျွန်တော်ဗုဒ္ဒဘာသာ မြန်မာလူမျိုးစစ်ပါခင်ဗျာ ... ခင်ဗျား ထင်ချင်သလို ထင်နိုင်ပါတယ်... အခုထိကို ခင်ဗျား ကျွန်တော့ ကို လက်ခံနိုင်စရာ အကြောင်းရင်း မပြောရသေးးပါဘူး ....... ကျွန်တော့ အကောင့်ကိုလည်း အသက်လွတ်ဟက်ခ်လိုက်မှာကို ကျွန်တော်မလိုလားပါဘူး ... ဒါကို သူရဲဘောကြောင်တယ်လို့မမြင်ပါဘူး .... ကိုယ် privacyကို ကိုယ်ကာကွယ်တယ်ပဲမြင်ပါတယ်.... ခင်ဗျား ရဲ့ အကြောင်းပြချက်များ အဆင်ပြေရင်... ကျွန်တော်ခင်ဗျားကို လေးစားစွာ လက်ခံ ပါ့မယ်. .ခင်ဗျာ.. ...

ခင်မင်စွာဖြင့် ....
လင်းလွန်းညို

အလ္လာဟ်အရှင်တော်မြတ်နှင့် ကျွန်ုပ်ဆုံစည်းခဲ့ရသောထိုခ

ငတုံး

Ozzy Win
ကျေးဇူးတင်ပါတယ်...

အလ္လာဟ်အရှင်တော်မြတ်နှင့် ကျွန်ုပ်ဆုံစည်းခဲ့ရသောထိုခ
ကျမ ဒီနေ့ ဟာလာလုပ်၇အုံးမယ်လေ။
ဘာပဲဖြစ်ဖြစ် ကုသိုလ်တော့၇ပါတယ်။

Ozzy Win
ဆက်တုံးမြဲတုံးပါ့မယ်ခင်ဗျာ ...:) [:)]
လုပ်ပါဗျာ .. ဒါခင်ဗျား တို့ ဘာသာဝင်တွေ ကိစ္စပါ.. လူတစ်ယောက်ရဲ့ သက်ဝင်ယုံကြည်မှုကို ဘာနဲ့ မှ မတိုက်ခိုက်တတ်ပါဘူး ... :) [:)]

အလ္လာဟ်အရှင်တော်မြတ်နှင့် ကျွန်ုပ်ဆုံစည်းခဲ့ရသောထိုခ
မကြာခင်မှာ နင်တို့ ဘာသာရောလူမျိုးေ၇ာ ပျောက်တော့မှာပါ။
မူစလင်ထဲဝင်ပါလား။

Ozzy Win
ကျေးဇူးတင်ပါတယ်.. ခုလို ခင်ဗျား ရဲ့ စိတ်ရင်း အမှန်ကို သိရတဲ့ အတွက် ကျွန်တော်မေးလိုက်မိတာ မှန်သွားပြီဆိုတာ သိလိုက်ရပါတယ်.... ခင်ဗျား ကို ခင်မင်စွာနဲ့ ပဲ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ ..... :) [:)]

ကဲမြင်တော်မူကြတဲ့ အတိုင်းပါပဲ ...... ကျွန်တော်ကတော့ ဘလောဂ်လိုက်ပါပြီ...... ကျွန်တော်တို့ နဲ့ ကောင်းမွန်စွာဆွေးနွေးချင်တဲ့ မူဆလင်ဘာသာဝင်တစ်ယောက်ဟာဒီလို မလာဘူးဆိုတာ သိသာပါတယ်... ဒီတော့ .... ဆဲမယ်ဆိုလည်း ဒီလို အကောင့်လေးတွေရွေးပြီး ဆဲ ရွေးပြီးဘလောဂ့်သင့်ပါတယ်........ ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ်ပါ.... ဒါပေမယ့် ဘယ်ဘာသာကိုမှ မပုတ်ခတ်ဖူးပါဘူး ..
မူဆလင်ကိုလည် မမုန်းပါဘူး .. ဒါပေမယ့် ဒါမျိုးပြောလာရင်တော့ .... အဆင်ပြေမှာမဟုတ်ပါဘူး .... အတော်ကလေး စိတ်ပျက်မိပါတယ်......


နောက်တစ်ချက် ဒီအကောင့် ကိုယ့်ဆီဝင်လာခဲ့လို့ ရှိလျှင်လည်း သတိထားနိုင်အောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်......

လေးစားစွာဖြင့်
by: လင်းလွန်းညို ...

သူ့အကောင့်လင့်ခ်ကိုတော့ မယူဖြစ်လိုက်ပါဘူး ..... သူဟာကိုရိးယားမှာနေတယ်ဆိုတာပဲသိလိုက်ပါတယ်.....


No comments:

Post a Comment