Monday, July 30, 2012

သင့်ကိုယ်သင် မှန်ထဲကြည့် ပြီး ဒီမေးခွန်းလေးမေးဖူးပါသလား


ကျွန်တော်လွန်ခဲ့ တဲ့ သုံးလေးရက်လောက်ကပေါ့လေ... ညဘက် ထမင်းကြော်ဆိုင်လေး တစ်ခု မှာ သွားထိုင်ဖြစ်ပါတယ်.... အဲဒီ ထမင်းကြော်ဆိုင်လေးက .. ၁၂၄ ဘတ်စ် ကားများ ကားသိမ်းရာနေရာမို့ .... ကားသမားများ.... စပါယ်ယာများ.. စက်ပြင်များ ဖြင့် အတော်ကလေး စည်ကားတဲ့ဆိုင်လေးပါ..... ကျွန်တော်ထမင်းစားနေရင်း... ဘေးဝိုင်းမှာ ထိုင်နေတဲ့ စပါယ်ယာနဲ့... ဒရိုင်ဘာတို့ စကားပြောသံကို ကြားနေရပါတယ်.... သူတို့ ပြောတာက သိပ်မဆန်းပါဘူး... န...ိုင်ငံခြားသားတစ်ယောက် ဘတ်စ်ကားတက်စီးကြတဲ့ ကြောင်းလေးကို ပြောနေတာပါ... ဒါပေမယ့် ထူးတာ က သူတို့ စကားတစ်ခွန်းဗျ... ပြောကြတာကဒီလို... စပါယ်ယာ.. ( ညနေက ဗျာ... နိုင်ငံခြားသားတစ်ယောက်တက်လာတာ ကျွန်တော့ ကို ဘယ်လောက်ပေးရမလဲလို့ မေးတယ်ဗျ.... ဒါနဲ့ကျွန်တော်လည်း လက်နှစ်ချောင်းထောင်ပြီး... တူးဟန်ဒရက်လို့ ပြောလိုက်တယ်... အဆင်ပြေသဗျ.. ဟဲဟဲု) ဒါကို ဒရိုင်ဘာလုပ်သူ က ဟောက်ပါလေရောဗျ... (မင်းအတော်အသုံးမကျတဲ့ကောင်ပဲ တူးသောင်ဇင်လို့ ပြောလိုက်ပါလား.... မင်းလောက် အသုံးမကျတဲ့ကောင်တော့ရှိမှာမဟုတ်တော့ဘူး ) တဲ့ဗျာ..... ဒီ စကားပြောခန်းဟာ သာမာန်ကြည့်လိုက်တော့ လည်း သာမာန်ပြီးသွားမှာပေါ့လေ.... တွေးပူတတ်သူ ကျွန်တော့ ခင်မျာတော့ သိပ်အဆင်မပြေလှဘူးဗျာ....

ဒီလိုလေ.... ခု အချိန်ဟာ ..ဒီမိုကရေစီကို တစ်စီတည်းစီနေကြချိန်ပါ..... အချို့လူတွေက ဒီမိုကရေစီရလိုက်ရင်ပဲ ငွေပဒေသာကြီးထပေါက်လာသလိုပြောတတ်ကြတယ်... တစ်ချို့ ကျတော့ လည်း... ဒီမိုကရေစီရရင်.. ကြိုက်တာလုပ် မိုက်ရာလုပ်ခေတ်ကိုရောက်ပြီး လွတ်လပ်ပြီလို့ ထင်တယ်.... တစ်ချို့ကျတော့လည်း... ဒီမိုကရေစီရတာနဲ့ အလုပ်တွေ အလိုလိုရ..... ကားတွေဝယ်စီး.... နိုင်ငံခြားလိုဖြစ်မယ်လို့ ထင်ကြတယ်.... ဒါတွေ ဟာ တကယ်ဖြစ်နိုင်ပါမလား ဆိုတော့ .... ဖြစ်လာနိုင်ပါတယ်.. ဒါပေမယ့် ချက်ချင်းတော့ မဟုတ်ပါဘူး.... ဖြေးဖြေးချင်းပြင်ဆင်ရပါမယ်.... လုပ်ယူရပါမယ်...

ဘယ်က စပြင်ရမလဲ... ကျုပ်တို့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေက စပြီးပြင်ရပါလိမ့်မယ်.... စောစော က ဒရိုင်ဘာလို့ အချောင်လိုချင်သူ စိတ်ဓာတ်တွေ ပြင်ဆင်ကြရပါမယ်... ဒီမို ကရေစီလို့ အော်နေပြီး... ဒီလို စိတ်ဓာတ်တွေနဲ့ကတော့..... ဦးသိန်းစိန်အုပ်ချုပ်အုပ်ချုပ်.. အမေစုပဲ အုပ်ချုပ်အုပ်ချုပ် ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကျွန်တော်တို့ နိုင်ငံ ငမွဲဘ၀မတက်ပါဘူး...... ဂျပန်နိုင်ငံကိုဥပမာယူကြပါစို့...

.ပြီးခဲ့ တဲ့ ဆူနာမီဖြစ်တုန်းက .... ဂျပန်မှာလုရက်မှုမရှိခဲ့ ဘူး..... ခိုးဆိုတိုက်တာမရှိခဲ့ ဘူး.. လူတွေ အားလုံး စည်းကမ်းတကျ... ကယ်ဆယ်ရေးစခန်းမှာ တန်းစီပြီး....အေးဆေးတည်ငြိမ်ဂုဏ်ယူဖွယ်ရာပဲ.... သဘာဝဘေးအန်ဒရယ်တစ်ခုကို ကျော်ဖြတ်သွားကြပါတယ်.... ဒါဟာနီုင်ငံချမ်းသာလို့ ပေါ့လို့ ပြောစရာရှိပါတယ်.....

ဒါဆို ကျွန်တော်တို့ စစ်ပြီးစ ဂျပန်နီုင်ငံကို ပြန်ကြည့်ကြပါစို့..... ဂျပန်ဟာ စစ်ပြီးချိန်မှာ စစ်ရှုံးပါပြီးလို့ ကြေငြာခဲ့ တဲ့ ပြာပုံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်... စစ်ကြီးပြီးတဲ့ အခါ... ဂျပန်နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ အင်ပါယာနဲ့အတူ နိုင်ငံ အကြီးအကဲတွေက တိုင်ပင်ပါတယ်.... ကျွန်တော် အလွယ်ပဲပြောပါမယ်... တစ်ချို့ ကတော့ ဒို့ ဆီမှာ.... ပင်လယ်ကြီးရှိနေတာ ပဲ.... စီးပွားရေးလုပ်မယ်.. ငါးလုပ်ငန်းနဲ့ နိုင်ငံကို တည်ထောင်နိုင်တယ်လို့ ဆိုပါတယ်..... အမတ်တစ်ချို့ ကတော့..... တို့ ဟာ ရေပတ်လည် ၀န်းရံနေတဲ့ ကျွန်းနိုင်ငံမို့ ပင်လယ်ကုး ပြီး ကုန်အတင်အချလုပ်တဲ့ ပင်လယ်ဆိပ်ကမ်းမြို့တွေ အများကြီးဆောက်ပြီး..... စီးပွားရေးကို လည်ပတ်ဖို့ .... တင်ပြကြပြန်တယ်... အဲဒီ ထဲ က မှ အမတ်အနည်းငယ်က တော့.. ဒီလို တင်ပြပါတယ်.... ဒိုဘယ်စီးပွားရေးပဲလုပ်လုပ် နည်းပညာဆိုတာလိုတယ်... အမေရိကန်ဟာ ငါတို့ ကို နည်းပညာအသာနဲ့ အနိုင်ရသွားတယ်....

ဒါအပြင် ပျက်စီးနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံကြိးမှာ ပြည်သူတွေငတ်ပြတ်နေကြတယ်.... မထင်ထားတဲ့ အချိန်အတွင်းမှာ.... လုယက်မှုတွေ.... ခိုးဆိုးတိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်..... ခိုးဆိုးမှုတွေ မဖြစ်ချင်ရင်တော့.... လူတွေရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်မှဖြစ်မယ်... ခိုးတာကိုရှက်တတ်အောင်သင်ရမယ်... ဒီနည်းပညာတွေ... နီတိတွေ အားလုံးရဲ့ အခြေခံဟာ ပညာရေးသာဖြစ်တယ်...

ဒါကြောင့်တို့ တွေ စည်းပွားရေး အစား ပညာရေးကို ဦးစားပေးသင့်တယ်လို့ တင်ပြခဲ့တယ်.. ဒီအဆိုကို အမတ်တွေနဲ့ အင်ပါယာက ပါထောက်ခံခဲ့တယ်.... အဲ အစိုးရအဖွဲ့ ချည်းပဲလားဆိုတော့ မဟုတ်ဘူးဗျ... ပြည်သူကလည်း လေးစားစရာကောင်းပြန်တယ်..... ဒီအစီအစဉ်ကို ပြည်သူတွေကို တင်ပြတော့ တညီတညွတ်တည်းလက်ခံတယ်... ဂျပန်တိုးတက်ဖို့ ဆိုသူတို့ ဘာမဆိုပေးဆပ်ဖို့ အဆင်သင့်ပဲလို့ ဆိုတယ.်... နယ်တစ်နယ်မှာ လူတွေဖျားနာကြတယ်... (မင်းတို့ နယ် ဆေးရုံယူမလား ကျောင်းယူမလားလို့ မေးရင်.... သေရင် သေသွားပါစေ... တို့ ကိုကျောင်းပဲ ဆောက်ပေးပါ)လို့ တောင်းဆိုခဲ့ကြတယ်....

ဒါနဲ့ ဂျပန်ဟာ.... ပညာရေးနဲ့ အစဉ်တဆိုက်... တကယ့် အကောင်းဆုံး တက်ကသိုလ်တွေဆီက နေ နည်းနာတွေ ယူပြီး သင်ကြားလာလိုက်တာ.... ၂၀၀၀ခုနှစ် အစော ပိုင်းမှာ..... ဂျပန်ဟာ (ငါတို့ မှာ အတုယူစရာပညာရေးစနစ် မရှိတော့ ပါဘူး.... ) လို့ ဒီလိုကြေငြာနိုင်ခဲ့ တဲ့အထိ ပြိုင်ဘက်မရှိဖြစ်လာခဲ့ ပါတယ်.... အခု အချိန်အထိ ပညာရေးစနစ်တွေမှာ ဂျပန်ရဲ့ ပညာရေးဟာ အမြင့်ဆုံးလို့ ဆိုထားပါတယ်...

. ဒါဟာ ဘာကို ပြသပါသလဲ...... နိုင်ငံတော်တိုးတက်ရေးကို လျှောက်လှမ်းနေကြတဲ့အချိန်မှာ.... အစိုးရကပဲ လုပ်နေလို့ မရဘူး..... ပြည်သူကလည်း.... အားတက်သရောလုပ်ဆောင်သင့်တယ်ဆိုတာ ပြသတာပါပဲ....အမေစုပြောခဲ့ သလို ပြည်သူမပါပဲ ဘယ်အရာမှ မဖြစ်နိုင်ပါဘူး......ခုအချိန်အထိကို ပဲ အမေစု ဘာလုပ်နေသလဲ လို့ မေးနေသူတွေ ရှိပါတယ်.... ကျွန်တော့ကို လာမေးရင်တော့ တစ်ခွန်းပဲ ဖြေပါမယ်.. ခင်ဗျားရောဘာလုပ်နေသလဲ.. ခင်ဗျား မြန်မာနိုင်ငံသားဖြစ်ပြီး ဘာတွေလုပ်နေသလဲလို့ ... အမေးနဲ့ ဖြေလိုက်ရုံပါပဲ..... အမေစု က သူ့ အလုပ်သူလုပ်ပါလိမ့်မယ်.... ကျွန်တော်တို့ အလုပ်က အမေစု ဘာလုပ်သလဲ စပ်စုဖို့ မဟုတ်ပါဘူး... ကိုယ်တိုင်ကိုယ်ကျ အကျိုးရှိရာတစ်ခုကို ... လုပ်ဆောင်နေဖို့ ပါပဲ.....

ဒီတော့..... ပြည်သူကိုယ်တိုင်ပါမှ...နိုင်ငံတော်တိုးတက်မယ်ဆိုတာကို လက်ခံကြမယ်လို့ ထင်ပါတယ်... ဒါဆို ပါဝင်မယ့် ပြည်သူတွေမှာ ဒီလို စိတ်ဓာတ်စောစောက ဘတ်စ်ကားဒရိုင်ဘာလို စိတ်ဓာတ်တွေနဲ့... ဘယ်လို ပါဝင်ကြမလဲ..... ဘယ်လို ဘယ်ထောင့်ကနေ အချောင်နှိုက်မယ်လို့ စိတ်ကုးထားပါသလဲ......

ကျွန်တော်တို့ မြန်မာပါ.... ဂုဏ်ယူပါ... အချောင်သမားလူမျိုးမဟုတ်ပါဘူး... လွန်ခဲ့ တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ဒီမြေဒီရေမှာ.... ထီးနန်းစိုက်လို့ နေခဲ့တာပါ..... တိုင်းရင်းသား မြန်မာအမျိုးသားများ အားလုံးစည်းလုံးနေခဲ့ လို့ သာ... ဒီအသိုက်အမြုံမပျက်စီးတာပါ.... နှစ်ထောင်ချီတဲ့ လူမျိုးစုထဲမှာ ဒီလို အချောင်သမားလုပ်မယ့်လူတွေ များနေရင်တော့.... အနာဂါတ်နိုင်ငံကြီးဟာ.... အချောင်နိုင်ငံတော်ကြီး ဖြစ်သွားမှာပေါ့.... လက်ရှိ ထက်ကို ပိုဆိုးတဲ့ အခြေအနေဖြစ်သွားမှာပေါ့.

..ဒီတော့.... မိတ်ဆွေ... သင်ဘေးကို ကြည့်ပါ... ဒီလိုလူစားမျိုးများ တွေခဲ့ရင် တတ်နိုင်ရင်ဖျောင်းဖျပါ.... မတတ်နိုင်ရင် ဒီလိုလူနဲ့ လူငယ်တွေ ကို မပေါင်းသင်းဖို့ တားပါ..... ဒါမှ တားလို့ မရဘူးဆိုရင်... ကိုယ်က မပေါင်းသင်းမိအောင် ကိုယ့်ကိုယ်ကို ပါတားပါ....

ကျွန်တော်တို့ အားလုံး ၂၀၀၇ မှာပေးထားခဲ့တဲ့ အသက်တွေနဲ့ တည်ဆောက်ခဲ့ ရတဲ့ ဒီ ဒီမိုကရေစီ စနစ်ကြီး ဒီထက်ကောင်းမွန်ဖို့ ပဲ လိုလားပါတယ်.... နိုင်ငံကို ရေတိမ်မနှစ်နိုင်ပါ.... ပြည်သူဖျက်လို့ နိုင်ငံ အပျက်မခံနိုင်ပါ..... စိတ်ဓာတ်တွေမြှင့်တင်ပါ....

ဒါထက်ကို ပထမဦးဆုံးလုပ်ရမှာက ... မိမိကိုယ်ကို မှန်ထဲ တစ်ခေါက်လောက်ထကြည့်လိုက်ပါ...... မိတ်ဆွေ သင်တကယ် စိတ်ဓာတ်မြင့်ပါရဲ့လား.....

No comments:

Post a Comment