Monday, July 30, 2012

ပြုပြင်ပြောင်းလဲလိုက်ရုံ နဲ့ ပြီးပြီလား

ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ ပြီးပြီလား….

ရန်ကုန်မြို့…. ဗိုလ်ချုပ်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်ရှိ ruby mart မှ တပ်ဆင်ထားသော …. ပန်းဆိုးတန်းခုံးတံတားပေါ်မှ… LED ကြော်ငြာ ဆိုင်းဘုတ်ကြီး တင်ထားသည်မှာ … တစ်နှစ်ကျော်သာ ရှိဦးမည် ထင်ပါသည်…. ရေကျော်တွင်ရှိသော ကျွန်တော့ မိဘများ အိမ်ကို ပြန်တိုင်း .. ထိုဆိုင်းဘုတ်ကြီးကို သတိပြုမိသည်…… ကျွန်တော် သဘောင်္မှ ဒီတစ်ခေါက်ပြန်လာပြီးနောက်… မြန်မာပြည်တွင် အထူးသဖြင်...့ရန်ကုန်တွင်.. LED ဆိုင်းဘုတ်များ ခေတ်စားလာသည်… နေရာတကာတွင်… တွေ့နိုင်သည်… အကြီးဆုံးဘုတ်ကြီးများကိုတော့… မြေနီကုန်း… ရှစ်မိုင်… ပြည်လမ်း…. ဗိုလ်ချုပ်လမ်းစသည်တို့ တွင် တွေ့နိုင်သည်…. ဒါတွေက ကျွန်တော် မှတ်သားမိသလောက်ဖြစ်မည်…. ဒီထက်တောင်ပိုနိုင်သေးသည်.. ထို LEDဆိုင်းဘုတ်များ ကို ကျွန်တော် အတော်သဘောကျပါသည်…. နိုင်ငံရပ်ခြားမှာတော့ ဒါမျိုးတွေ ပေါ်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း မြန်မာပြည်မှာတော့ ယခုမှတွင်တွင်ကျယ်ကျယ်သုံးလာနိုင်သည်… ဒါကို ကြည့်ခြင်းဖြင့် မြန်မာပြည်လည်း နိုင်ငံတကာတန်းတဖြည်းဖြည်း ၀င်ဖို့ နီးကပ်လာပြီဟု ဆိုနိုင်ပါသည်…..အတော် သဘောကျဖို့ကောင်းသော ကိစ္စရပ်ဖြစ်သည်….. ဒါဟာ ပြုပြင်ပြောင်းလဲလာတာပေါ့ ဟု ဆိုလည်း လည်း ပြောလို့ရပါသည်…. ကြော်ငြာဆိုင်းဘုတ်များ တစ်ခေတ်ဆန်းလာတယ်ဟု ပဲပြောရမည်…..

ကဲ.. စောစောကပြောသည်… ruby mart မှ LED ဘုတ်ကြီးဆီပြန်သွားကြပါစို့…. ထိုဆိုင်းဘုတ်ကြီးတင်ထားသည်မှာ…. တစ်နှစ်ကျော်လောက်ပဲရှိဦးမည်…. ကြော်ငြာများ ကိုရီးယား သီချင်းများ … အစစ အစုံစုံ ကို ပြသတတ်သည်…ဂုံးတံတားပေါ်မှာ ဆင်ထားတာမို့ လှလည်း အတော်လှပါသည်….

ဒါနှင့်.. ပြီးခဲ့သည် ..တစ်လလောက်က … အမေတို့ အိမ်ပြန်တော့ ထို ဆိုင်းဘုတ်ကြီးအား ကြည့်ဖြစ်ပြန်ပါသည်…. ဆိုင်းဘုတ်ကြီးမှာ အရင်လို မဟုတ်တော့ … မီးလုံးများ လည်း ကျွမ်းနေပေပြီ… ဘုတ်၏ညာဘက်ထောင့်တွင် အမဲရောင်အကွက်လိုက်ကြီး အတော်ကြီးကြီးကို ထနေသည်…. ဒါမီးလုံးတွေ ကျွမ်းနေတာပေါ့… သူတို့ မပြင်ကြဘူးလား … အတော်အရုပ်ဆိုးလိုက်တာ ဟု တွေးမိသည်…. ဒါပေမင့်… အခုမှဖြစ်တာ မို့ ထင်ပါတယ်…. ပြင်မှာပါလေ… ဒီတိုင်းကြီးတော့ ဘယ်ထားလို့ ကောင်းမလဲ…. ချက်ချင်းကြီးပြင်လို့ အဆင်မပြေလို့ ပဲဖြစ်မည်ဟု တဖက်က လှည့်ပြီးပြန်တွေးမိပြီး ဒီလိုပဲ မသိလိုက်မသိဖာသာ ပဲနေမိလိုက်ပါသည်…..

ယမန်နေ့ ညနေက အမေ့အိမ်ကို ကျွန်တော် သွားဖြစ်ပြန်သည်…. ထိုဆိုင်းဘုတ်ကြီး အောက်မှပဲဖြတ်ရပြန်သည်….. ဆိုင်းဘုတ်က အရင်အတိုင်းမဟုတ်… အရင်ထက်တောင် ပိုပို ဆိုးလာသည်… အမဲကွက်က အရင်ကထက်နည်းနည်း ပိုကြီးလာသည်….. တစ်လတောင်ရှိနေပြီ… သူတို့ ဘာကြောင့်မပြင်သနည်း….. ခေတ်မီသော … နိုင်ငံတကာ အဆင့်မှီ LEDဘုတ်ကြီးကို တော့ သူတို့ တတ်လိုက်ကြသည်….. သို့ သော်…. နိုင်ငံတကာကို ခဏပဲ အဆင့်မှီခွင့်ရလိုက်သည်….. တစ်နှစ်ပဲဖြစ်သည်.. မပြုပြင်မထိန်းသိမ်းတော့ …. နိုင်ငံတကာ အဆင့်မှီဆိုင်းဘုတ်ကြီး မဖြစ်နိုင်တော့ ….. မီးကျွမ်းဘုတ်အစုတ်သာဖြစ်နေပေလိမ့်မည်…..ပစ္စည်း င်္သခါရ.. လူင်္သခါရဆိုတာတော့ သဘောပေါက်ပါသည်.. သို့သော် တစ်နှစ်လောက်မှာ င်္သခါရလျှင်… င်္သခါရသည် အရာကို ပြုပြင်လျှင်ပြုပြင်.. မပြု့ပင်လျှင် အသစ်လဲရမည်… ဒါကို maintenance ဟုခေါ်ပါသည်….

ကျွန်တော်တို့ မြန်မာ နိုင်ငံသည်.. ယခုမှ စတင်ပြုပြင်ပြောင်းလဲနေခဲ့သည်မဟုတ်…. စစ်အစိုးရလက်ထက်ကတည်းက ပြုပြင်ပြောင်းလဲဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်… နိုင်ငံရေးကို ခဏဘေးဖယ်ပြီး….. အခြားကိတ်စများ ကို ကြည့်စေချင်သည်…. ဘတ်စ်ကားများကို အရင်ကြည့်ပါ…

ကျွန်တောတို့ ငယ်စဉ်ကျောင်းတက်နေစဉ်အခါက .. အဲကွန်းဘတ်စ်ဟု ပေါ်လိုက်ပါသေးသည်… နှစ်ဆယ်ပေးစီးရသည့် ခေတ်ဖြစ်သည်… အဲကွန်းဘတ်စ် စတင်ပြေးဆွဲစဉ်က အတော် သဘောကျပါသည်… အေးကလည်း အေး…. လူကျပ်ပေမယ့် … သက်တောင့်သက်သာကလည်းရှိမို့ ခရီးသည်များ အတော်စီးခဲ့ကြသည်.. ပိုက်ဆံနှစ်ဆယ်ကို မနှမြော… အဲကွန်းဘတ်စ်ပဲ စောင့်စီးကြသည်… သို့ သော် တစ်နှစ်တောင် မခံပါ.. အဲကွန်းဘတ်စ်ကနေ.. အဲယားမွန်း ဘတ်စ်တွေဖြစ်ကုန်သည်… ဆီကုန်မှာစိုးလို့ အဲကွန်းကို မဖွင့်…. ဆီကျန်အောင်မောင်းကြသည်…… ဘတ်စ်ကားက ရှား.. လူက ကျပ်.. အဲကွန်းဘတ်စ်မို့ … တံခါးတွေက အကုန်အလုံပိတ်… အိုး ဘာပြောကောင်းမလဲ….. ချွေးထုတ်ခန်းရောက်တာ က မှတော်ဦးမည် ဟု ပြောရမည်…. ဒီလို နှင့် အဲကွန်းဘတ်စ စနစ်ကြီးတစ်ခုလုံး ပျက်စီးပြီး ဘတ်စ်ကား တံခါးပြန်ဖွင့် မောင်းသည့် စနစ်ကို ပဲပြန်ရောက်သွားခဲ့သည်….. ဒါဟာကောင်းသော စနစ်တစ်ခုကို ပြောင်းလဲပြီး ဆက်လက် မထိန်းသိမ်းနိုင်ရွှေ့ ဖြစ်သည်……. ပြု့ပင်ပြောင်းလဲမှုပဲလုပ်ပြီး… .ပြုပြင်ထိန်းသိမ်းမှုညံ့လို့ ဟု ပြောနိုင်သည်….

သိပ်မကြာသေးတဲ့ နှစ် အနည်းငယ် အတွင်းက ပဲ…ထိုင်ခုံတွင် ထိုင်စီးနိုင်သော …. ထိုင်စီးသီးသန့် အထူးကားများ ပေါ်လာပြန်သေးသည်….. သို့ သော် ဘာကြာလိုက်သနည်း…… ထိုင်စီးရောမတ်တပ်ပါတင်သည့် စနစ်ကို ပဲပြန်ဆိုက်ရောက်သွားသည်…. ပြောင်းတာတော့ ပြောင်းလဲလိုက်သည်… မထိန်းသိမ်းနိုင်ရွှေ့ဖြစ်သည်…….

လူအတော်များများ ပြောနေကျ စကားရှိပါသည်…
.( ငါတို့ မြန်မာတွေက အဲလို အကောင်းစားတွေနဲ့ တန်ကို မတန်ဘူး) ဟူရွေ့ ဖြစ်သည်…
အင်မတန်ရယ်စရာကောင်းသော စကားဟုပင်ပြောပါရစေ …ဘယ်သူနဲ့ ဘယ်ပစ္စည်းမတန်ဘူးဆိုတာမရှိပါ….. .မှန်ပါသည်… မြန်မာတွေ စည်းကမ်းမရှိတာလူတိုင်းအသိဖြစ်သည်.. တိုင်းပြည်က ဆင်းရဲ .. ကုန်ဈေးနှုန်းကကြီး လူတန်းစားကွာဟမှုက များ….. ပညာမဲ့လူတွေပေါများနေတာ မို့ မြန်မာပြည်သူခိုးပေါပါသည်….ဖျက်ဆီးသူတွေပေါကြသည်.. ဒါဆို သူခိုးပေါတာနဲ့ပဲ…. စည်းကမ်းမဲ့သူတွေပေါတာနဲ့ပဲ…..ပစ္စည်းကောင်းစနစ်ကောင်းတွေ ကျွန်တော်တို့ မသုံးရတော့ ဘူးတဲ့လား .. မကျင့်သုံးရတော့ ဘူးတဲ့လား….စည်းကမ်းမဲ့တာကို စည်းကမ်းရှိလာအောင်လုပ်ဖို့ လိုသည်…..

၁၉၄၀ ကျော်က စကာင်္ပူ နိုင်ငံအခြေအနေသည်… မြန်မာပြည်ထက်ပိုမိုဆိုးရွားပါသည်… ဆင်းရဲလိုက်သည့်ဖြစ်ချင်း….. သို့ သော်သမ္မတကြီး လီကွမ်ယု၏ပြုပြင်ပြောင်းလဲရေးမူဝါဒက … စင်္ကာပူကို တစ်ခေတ်ဆန်းစေခဲ့သည်….. ထိုပြင် ထို မူဝါဒကြီး မပျက်ဆီးသွားအောင် ထိန်းသိမ်းနိုင်စွမ်းလည်း ရှိခဲ့သည်….. တိုင်းသူပြည်သားတွေ စည်းကမ်းရှိအောင် ဥပဒေတွေထုတ်ပြီး ထိန်းသိမ်းစေခဲ့သည်… ယခုစင်္ကာပူနိုင်ငံသည်…. နှစ်ပေါင်းငါးဆယ်အတွင်းတွင်… နတ်ရေကန်ထဲမှပြန်ထွက်လာသလိုဖြစ်နေပြီဖြစ်ဖြစ်သည်….ဒါဟာ ပြုပြင်ပြောင်းလဲရေးလုပ်ပြိးလျှင်…. ထိန်းသိမ်းရေးလုပ်ငန်းအရေးကြီးမှု၏အဓိက ပြယုဂ်ပဲဖြစ်သည်….

ကျွန်တော်တို့ ၏စည်းကမ်းမရှိသောမြန်မာများကို စည်းကမ်းရှိလာအောင် ဥပဒေဖြင့်ထိန်းသိမ်းရမည်…. ဥပဒေ၏အထက်တွင်လည်း မည်သူမျှမရှိစေရ….. မရှိအောင်လည်း … လုပ်ရမည်….ဒါကလည်း နိုင်ငံ့ဝန်ထမ်းများ ၏အခြေခံလစာနှင့် အများကြီးသက်ဆိုင်သည်ဟုယူဆပါသည်….. လစာကောင်းကောင်းရနေလျှင်ဘယ်သူမှ အပင်ပန်းခံပြီး လာဘ်စားနေမည်မဟုတ်… လာဘ်စားတာကို လည်း တင်းတင်းကျပ်ကျပ်အရေးယူနိုင်မည်ဖြစ်သည်……..

စောစောက ဘတ်စ်ကားကိတ်စကို ပြန်ကြည့်လျှင်… အဲကွန်းဘတ်စ်များ အဲကွန်းဖွင့်မမောင်းလျှင် အရေးယူရမည်…. ယာဉ်လိုင်းကို ဒဏ်ရိုက်ရမည်…. ဒရိုင်ဘာကို ဒဏ်ရိုက်ရမည်…… လမ်းမှာ တားစစ်လိုက်လို့ အဲကွန်းမအေးဘူးဆိုတာနှင့် ဒဏ်ငွေငါးသောင်းရိုက်မည် ဟု အမိန့်ထုတ်ကြည့်ပါ….. ဘယ်သူမှ ဆီခိုးရောင်းဖို့ မစဉ်းစားတော့…..အဲကွန်းဖွင့်ပြီးမောင်းကို မောင်းပါမည်… ဒါဆို .. စောင့်ဖမ်းသူနဲ့ဒရိုင်ဘာညှိလိုက်ရင်ကော .. လို့ မေးစရာရှိပါသည်…. ဥပမာ ..ဖမ်းမိတယ်… ငါးသောင်းဒဏ်ငွေမဆောင်ဘူး…. တစ်သောင်းနဲ့ ကိစ္စဖြတ်လိုက်တာ မျိုးပေါ့….. ဒါမျိုးအတွက်ကလည်း…. ထို….ဖမ်းသည့်ရဲ၏လစာသည်…. ပိုက်ဆံတစ်သောင်းဆိုတာကို မမက်လောက်သည့်လစာဖြစ်ရမည်…. နောက်ပြီး ခရိုင်ယာဉ်ထိန်းရဲများမှလည်း…တစ်လကို တစ်ခါလောက်ဆင်းဖမ်းရမည်…. ဖမ်းလို့မိပြီဆိုတာနှင့်…. ယာဉ်လိုင်းကို အရေးယူသလို…… တာဝန်ကျ ရဲကိုလည်း အရေးယူရမည်…..ထို့အပြင် လာဘ်စားမူပပျောက်ရေးကော်မတီတစ်ခုကို အစိုးရကလစာကောင်းကောင်းပေးကာ ဖွဲ့ထားပေးပြီး…. ပြည်သူမှ တိုက်ရိုက် တိုင်စာများ ပို့နိုင်အောင်လုပ်ပေးထားသင့်သည်….. ပို့ သည့် စာများကို လည်း အရေးတယူဖြေရှင်းကြရမည်…… ဒီလို အဆင့်အဆင့် ထိန်းကွပ်ထားလျှင်…. အဲကွန်းအေးသော … ကားများကို ကျွန်တော်တို့ သက်သောင့်သက်သာ အရှည်သဖြင့် စီးသွားနိုင်မည်ဟုထင်ပါသည်…ယာဉ်လိုင်းများ မှလည်း ဒရိုင်ဘာများ စပါယ်ယာများ ကိုကော်မရှင်နှင့်မဟုတ်ပဲ….လစာဖြင့်သာ ထားလိုက်လျှင်.. အတော်အဆင်ပြေသွားမည်ဟု ယူဆပါသည်…….ထိုသို့ ပြုပြင်ပြောင်းလဲပြီးသော စနစ်ကို ပြုပြင်ထိန်းသိမ်းမှသာ…… စနစ်က အရှည်တည်မည်ဖြစ်သည်…..ဒါက ဘတ်စ်ကား အဲကွန်း ကိစ္စလေး တစ်ခုကိုသာ ဥပမာပေးခြင်းဖြစ်ပါသည်….

ဒိလိုမပြုပြင် မထိန်းသိမ်းပဲထားလို့ …. ပျက်ဆီးသွားသည့် စနစ်တွေ… ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးဖြစ်သည်…. ကျွန်တော်တို့ကြားနေကြစကားရှိပါမည်… (ဟေ့.. ဟိုကိစ္စကိုတော့ နိုင်ငံတကာအဆင့်မှီအောင် ဟိုလိုပြောင်းလဲလိုက်ပြီဟေ့) ဆိုလျှင် (စောင့်ကြည့်စမ်းပါဥိးကွာ… တစ်နှစ်တောင်ခံပါ့မလား မသိဘူး) ဟူရွေ့ဖြစ်ပါသည်….. ထိုစကားပပျောက်သွားဖို့ လိုပါသည်….မှန်ပေသည်.. မြန်မာပြည်မှာ အတော်များများ က တစ်နှစ်ထက်ကျော်ပြီး ကောင်းတယ်ဆိုတာမရှိ…… ဒါဟာ ပြုပြင်ထိန်းသိမ်းရေးကို အမှန်တကယ်မလုပ်လို့ပဲဖြစ်သည်….. ကျွန်တော် ပြောသည့် ထဲတွင် အကုန်အကုန်ပါသည်… အုပ်ချုပ်ရေးမူဝါဒမှ အစ… ဟိုး အမှိုက်သိမ်းသည့် စနစ်အထိပါသည်….မြန်မာနိုင်ငံသည် .. ပြုပြင်ပြောင်းလဲရေးကို လိုအပ်သလို… ပြုပြင်ထိန်းသိမ်းရေးတွေလည်း များစွာလိုအပ်ပါသည်….

သို့ သော်…. ပညာနှင့် ယှဉ်သော ပြုပြင်ထိန်းသိမ်းရေးတော့ ဖြစ်ရမည်…. ဟိုးလွန်ခဲ့တဲ့ နှစ်က ပုဂံဘုရားများ သွားဖူးတော့ … အတော် ၀မ်းနည်းစရာအဖြစ်ကို တွေ့ရသည်….. ဘုရားများ အား ပြုပြင်ထိန်းသိမ်းသည့် အနေဖြင့် ထုံးသင်္ကန်းကပ်မည်တဲ့ .. အလှူငွေကောက်ခံနေသည်….. အစိုးရကလုပ်တာတော့ မဟုတ်… ဆရာတော်တစ်ပါးမှ ဥိးဆောင်ခြင်းဖြစ်သည်.. ဆရာတော် ဘုရား၏ စေတနာကို နားလည် သော်လည်း…. ရှိသမျှ နံရံဆေးရေးတွေ…. ကိုတော့ အတော်နှမြောမိပါသည်….. လူကောင်းသော်လည်း လူမတော်သည့် အတွက်… ပုံဂံမှ အဖိုးတန်နံရံဆေးရေးများ စွာပျက်ဆီးရတော့ မည်……. ပြုပြင်ထိန်းသိမ်းတာတော့ ဟုတ်ပါသည်… သို့ သော်…. ဘာကို ဘယ်လိုပြုပြင်ရမည်ကို မသိဖြစ်ခြင်းက.. ဆုံးရှုံးမှုတွေ အတော်များ များ ဖြစ်ပေါ်စေသည်……

ကျွန်တော် အီတလီ နီုင်ငံ ရေပေါ်တွင်တည်ထားသည့် ဗင်းနစ်စ်မြို့ကို ရောက်ခဲ့ဖူးပါသည်…… ဗင်းနစ်စ်မြို့သည် နှစ်ပေါင်း အတော်ကြာပြီးဖြစ်သော ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် အားလျှော်စွာ.. ပျက်စိးယိုယွင်းမှု အတော်များများ ကြုံရပါသည်…. သို့သော်….. သူတို့ဆီမှ ပညာရှင်များက .. ရှေးပုံစံအတိုင်း …. လုံးဝ လက်ရာအယွင်းမခံပဲ ပြန်ပြင်သည်.. ဆေးက အစ .. အသစ်ကြီးလို သုတ်မပစ်လိုက်ပဲ…. အဟောင်းမှာမှ အကောင်းဖြစ်နေသည့်  ခပ်မှိန်မှိန်ကလေး သာ အပေါ်coating အဖြစ် သုတ်သည်…. အားလုံး ပြင်ဆင်ပြီး သော အဆောက်အအုံသည်… ယခင်က အတိုင်းလေး ပဲဖြစ်နေသည်… ဘာမှ ပြောင်းလဲမသွား…. ကျွန်တော်တို့ မြန်မာနိုင်ငံယဉ်ကျေးမှုဝန်ကြီးဋ္ဌာနမှ သုံးသုံးနေသည့် ….ရှေးမူလက်ရာမပျက်ဆိုတာ … ဒါပါလားဆိုတာ..ကျွန်တော် အီတလီနိုင်ငံ ကျမှပဲသိခွင့်ရတော့ သည်…..

ဒီတော့ ထိန်းသိမ်းရေးမှာ… လူမှန်နေရာမှန်ဖြစ်ဖို့လိုပါသည်….. ပြုပြင်ထိန်းသိမ်းရေးလုပ်သည့်  ပညာရှင်များကို ကွပ်ကဲသူသည်… ထိုပညာရှင်များ ထက်ကို ပိုတော်သူဖြစ်ရမည်….. ဘာမသိ ညာမသိ… လိုအပ်သည်များ မှာစားပြီး ပြန်သွားသူများ မဖြစ်စေရ…… ဒါမှသာ ထိရောက်သော ပြုပြင်ထိန်းသိမ်းရေးကို ကျွန်တော်တို့ လုပ်ဆောင်နိုင်မည်ဖြစ်သည်…… ပုံဂံမှ ဘုရားများမှ နံရံဆေးရေးများကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်… အဲကွန်းဘစ်များ လည်းအေးမည်ဖြစ်သည်…. ထိုင်ခုံကားများ လည်း ထိုင်ခုံနှင့် ဇိမ်ကျကျ စီးရမည်ဖြစ်သည်… လမ်းဘေးအိမ်သာများ လည်း သန့်သန့်ရှင်းရှင်ရှိမည်ဖြစ်သည်……..ကျွန်တော်တို့ ၏အုပ်ချုပ်ရေးကြီးလည်း တရားမျှတလာမည်ဖြစ်သည်……ဟု မြင်ပါသည်….ဒါကြောင့်လူမှန်နေရာမှန်ဖြစ်ဖို့လည်း အင်မတန်အရေးကြီးပါသည်….

ကဲ… ကျွန်တော်တို့ ယခုပြုပြင်ပြောင်းလဲနေသော ဒီမိုကရေစီလမ်းကြောင်းကိုရော….. မထိန်းသိမ်းပဲထားလျှင်….အစဉ်တည်မြဲနေမည် ဟု သင်ယူဆပါသလား….. ကျွန်တော်တို့ မြန်မာတွေ မေ့နေသေးသော စကားမှာ ထို MAINTANENCE ဆိုသော စကားလေးဖြစ်သည်…… မြန်မာတွေ အကျင့်က ပျက်မှသာပြင်လိုက်မည်.. ရသလောက်တော့ မှေးသုံးဦးမည် ဟုရှိတတ်ပါသည်… မြန်မာများ အားလုံးကို မဆိုလိုပါ… သို့သော် အတော်များများ ဖြစ်သည်… ဒီအကျင့်လေးကို ပြင်ကြစေချင်သည်….. မပျက်ခင်ကတည်းက ပြင်ကြရမည်….. မပျက်အောင်ထိန်းသိမ်းမူတွေလုပ်ပေးရမည်….. ဒါမှပျက်ဆီးသွားသည်ဟူသော အခြေ အနေအထိ မဆိုးရွားသွားမှာဖြစ်သည်…..

ကျွန်တော်တို့မျှော်မှန်းထားသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကိုတော့ အထက်ကပြောခဲ့သည်… LCD ဆိုင်းဘုတ်ကြိတွေလို …အဲကွန်းဘတ်စ်တွေလို……တစ်နှစ်ကောင်းအဖြစ်မခံနိုင်ပါ……ရည်ရှည်တည်တံ့စေချင်ပါသည်… ဒါဟာ အစိုးရမှာတာဝန်ရှိသလို .. ကျွန်တော်တို့လို ပြည်သူတွေမှာလည်း တာဝန်အပြည့်အ၀ရှိပါသည်….

တရားဥပဒေစိုးမိုးရေးကို အစိုးရကအမှန်တကယ် လုပ်လျှင်.. ပြည်သူတွေကလည်း ဥပဒေကို တလေးတစားလိုက်နာကြရမည်…အစိုးရက လာဘ်စားတာကို အမှန်တကယ် တိုက်ဖျက်လျှင်… ပြည်သူတွေကလည်း လာဘ်ပေးတာကို အသိစိတ်ကလေးနှင့် ရှောင်ကြဉ်ကြရမည်…… ငါအရင် ရဖို့ … ငါ့ကိစ္စကို ဖြတ်လမ်းကနေပြီးဖို့ ဆိုတာမျိုးတွေ ရှောင်ကြရမည်…..ဒီလို အသိစိတ်ကလေးလည်း ရှိ… အစိုးရကလည်း အမှန်တကယ် တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေလုပ်ဆောင်… လူမှန်နေရာမှန်လည်း ဖြစ်ပြီဆိုလျှင်… ကျွန်တော်တို့ မျှော်မှန်းထားသည့် နိုင်ငံတကာ အဆင့်မှီ……..ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ်ပြောင်းလဲပြိး…. ပြုပြင်ထိန်းသိမ်းမှုများ အစဉ်လုပ်ဆောင်နေတာကြောင့်…… အရှည်သဖြင့် ကျွန်တော်တို့အပါအ၀င် နောင်လာနောက်သား မျိုးဆက်များ အားလုံး …. ဒီမိုကရေစီ၏ စစ်မှန်သော အသီး အပွင့်၏ အရသာကို ခံစားနိုင်မည်ဟု ကျွန်တော်ယူဆပါသည်…………..ကျွန်တော့ စကားတွင် အမှန်တကယ်ဆိုတာလေးတွေ ပါတာတော့ သတိပြုစေချင်ပါသည်……

By: လင်းလွန်းညို
06/27/2012 (10:18 AM)
See More

No comments:

Post a Comment